< ဟေဗြဲ 1 >
1 ၁ ရှေးလွန်လေပြီးသောအခါ ပရောဖက်များအားဖြင့် ဘိုးဘေးတို့အား အထပ်ထပ်အနည်းနည်း ဗျာဒိတ်ပေးတော်မူသော ဘုရားသခင်သည်၊
Efter at Gud fordum havde talt mange Gange og paa mange Maader til Fædrene ved Profeterne, har han ved Slutningen af disse Dage talt til os ved sin Søn,
2 ၂ ဤနောက်ဆုံးကာလအခါ မိမိသားတော်အားဖြင့် ငါတို့အား ဗျာဒိတ်ပေးတော်မူပြီ။ ထိုသားတော်ကို အလုံးစုံတို့၏ အမွေခံသခင် အရာ၌ ခန့်ထားတော်မူ၏။ သားတော်အားဖြင့်လည်း လောကဓာတ်တို့ကို တည်တော်မူ၏။ (aiōn )
hvem han har sat til Arving af alle Ting, ved hvem han ogsaa har skabt Verden; (aiōn )
3 ၃ ထိုသားတော်သည် ဘုရားသခင်၏ ဘုန်းတော် ရောင်ခြည်နှင့် ဇာတိအဖြစ်တော်၏ ပုံသဏ္ဌာန်ဖြစ်၍၊ တန်ခိုး နှင့်ပြည့်စုံသော မိမိအမိန့်တော်အားဖြင့် ခပ်သိမ်းသော အရာတို့ကို မစတော်မူသောသူဖြစ်လျက်၊ ငါတို့ အပြစ်များကို ကိုယ်တော်တိုင်အားဖြင့် ခပ်သိမ်းသော အရာတို့ကို မစတော်မူသောသူဖြစ်လျက်၊ ငါတို့ အပြစ် များကို ကိုယ်တော်တိုင်အားဖြင့် သုတ်သင်ပယ်ရှင်းပြီးလျှင်၊ မြင့်သောအရပ်မှာ တန်ခိုးအာနုဘော်တော်၏ လက်ျာဘက်၌ ထိုင်တော်မူ၏။
han, som — efterdi han er hans Herligheds Glans og hans Væsens udtrykte Billede og bærer alle Ting med sin Krafts Ord — efter at have gjort Renselse fra Synderne har sat sig ved Majestætens højre Haand i det høje,
4 ၄ ကောင်းကင်တမန်တို့ရသော ဘွဲ့နာမထက် ထူးမြတ်သော ဘွဲ့နာမတော်ကို ခံရသည်နှင့်အညီ၊ ကောင်းကင်တမန်တို့ထက် ကြီးမြတ်သော သူဖြစ်တော်မူ၏။
idet han er bleven saa meget ypperligere end Englene, som han har arvet et herligere Navn fremfor dem.
5 ၅ အကြောင်းမူကား၊ သင်သည်ငါ့သားဖြစ်၏။ ယနေ့ပင် သင့်ကို ငါဖြစ်ဘွါးစေပြီဟူ၍၎င်း၊ ငါသည်သူ၏ အဘ ဖြစ်မည်၊ သူသည်လည်း ငါ၏သားဖြစ်လိမ့်မည် ဟူ၍၎င်း၊ အဘယ်မည်သော ကောင်းကင်တမန်ကို တခါမျှ မိန့်တော်မူသနည်း။
Thi til hvilken af Englene sagde han nogen Sinde: „Du er min Søn, jeg har født dig i Dag?” og fremdeles: „Jeg skal være ham en Fader, og han skal være mig en Søn?”
6 ၆ တနည်းကား၊ သားဦးကို ဤလောကသို့ သွင်းတော်မူသောအခါ၊ ဘုရားသခင်၏ ကောင်းကင် တမန်အပေါင်းတို့သည် ထိုသူကို ပြတ်ဝပ်ကိုးကွယ်ကြစေဟု လာသတည်း။
Og naar han atter indfører den førstefødte i Verden, hedder det: „Og alle Guds Engle skulle tilbede ham.”
7 ၇ တနည်းကား၊ မိမိတမန်တို့ကို လေကဲ့သို့၎င်း၊ မိမိအစေအပါးတို့ကို မီးလျှံကဲ့သို့၎င်း၊ ဖြစ်စေတော်မူထ သောဟု ကောင်းကင်တမန်တို့ကို ရည်ဆောင်၍ ဆိုသတည်း။
Og om Englene hedder det: „Han gør sine Engle til Vinde og sine Tjenere til Ildslue”;
8 ၈ သားတော်ကိုကား၊ အိုဘုရားသခင်၊ ကိုယ်တော်၏ ပလ္လင်သည် နိစ္စထာဝရပလ္လင် ဖြစ်ပါ၏။ ကိုယ်တော် ၏ နိုင်ငံသည် တရားသဖြင့် စီရင်သော နိုင်ငံဖြစ်ပါ၏။ (aiōn )
men om Sønnen: „Din Trone, o Gud! staar i al Evighed, og Rettens Kongestav er dit Riges Kongestav. (aiōn )
9 ၉ ကိုယ်တော်သည် ဖြောင့်မတ်ခြင်းတရားကို နှစ်သက်၍၊ မတရားသောအမှုကို မုန်းတော်မူ၏။ ထိုကြောင့် အိုဘုရားသခင်၊ ကိုယ်တော်၏ ဘုရားသခင်သည် ကိုယ်တော်၏ အပေါင်းအဘော်တို့ထက် ကိုယ်တော်ကို ချီးမြှောက်၍၊ ဝမ်းမြောက်ခြင်းဆီနှင့် ဘိသိက် ပေးတော်မူပြီဟု လာသတည်း။
Du elskede Retfærdighed og hadede Lovløshed, derfor har Gud, din Gud, salvet dig med Glædens Olie fremfor dine Medbrødre.”
10 ၁၀ တဖန် ကျမ်းစာလာသည်ကား၊ အိုထာဝရ ဘုရား၊ ကိုယ်တော်သည် ရှေးဦးစွာ၌ မြေကြီးကို တည် တော်မူပြီ။ မိုဃ်းကောင်းကင်သည်လည်း လက်တော်နှင့် ဖန်ဆင်းသောအရာ ဖြစ်ပါ၏။
Og: „Du, Herre! har i Begyndelsen grundfæstet Jorden, og Himlene ere dine Hænders Gerninger.
11 ၁၁ ထိုအရာတို့သည် ပျက်စီးခြင်းသို့ ရောက်သော်လည်း ကိုယ်တော်သည် အမြဲတည်တော်မူ၏။ ထိုအရာရှိ သမျှတို့သည် အဝတ်ကဲ့သို့ ဟောင်းနွမ်းခြင်းသို့ရောက်၍၊ ကိုယ်တော်သည် ဝတ်လုံကို လိပ်သကဲ့သို့ လိပ်တော်မူသဖြင့် ပြောင်းလဲခြင်းရှိကြသော်လည်း၊
De skulle forgaa, men du bliver; og de skulle til Hobe ældes som et Klædebon,
12 ၁၂ ကိုယ်တော်သည် ပြောင်းလဲတော်မမူပါ။ အသက်တော်လည်း မကုန်မဆုံးရပါဟု လာသတည်း။
ja, som et Klæde skal du sammenrulle dem, og de skulle omskiftes; men du er den samme, og dine Aar skulle ikke faa Ende.”
13 ၁၃ ထိုမှတပါး၊ သင်၏ရန်သူတို့ကို သင်၏ ခြေတင်ရာ ငါချမထားမှီတိုင်အောင် ငါ့လက်ျာဘက်၌ ထိုင်နေ လော့ဟု၊ အဘယ်မည်သော ကောင်းကင်တမန်ကို တခါမျှ မိန့်တော်မူဘူးသနည်း။
Men til hvilken af Englene sagde han nogen Sinde: „Sæt dig ved min højre Haand, indtil jeg faar lagt dine Fjender som en Skammel for dine Fødder?”
14 ၁၄ ကောင်းကင်တမန်များတို့ကား၊ ကယ်တင်တော်မူခြင်း ကျေးဇူးကို အမွေခံလတံ့သော သူတို့ကို ပြုစု စေခြင်းငှါ၊ စေလွှတ်တော်မူသော အစေခံ နံဝိညာဉ် ဖြစ်ကြသည် မဟုတ်လော။
Ere de ikke alle tjenende Aander, som udsendes til Hjælp for deres Skyld, der skulle arve Frelse?