< ဟေဗြဲ 9 >
1 ၁ တနည်းကား၊ ပဌမပဋိညာဉ်တရားသည် ဝတ်ပြုရာစီရင်ချက်နှင့်၎င်း၊ လောကီသန့်ရှင်းရာ ဌာနတော်နှင့်၎င်း စပ်ဆိုင်၏။
Sasa hata agano la kwanza lilikuwa na sehemu ya ibada hapa duniani na taratibu za ibada.
2 ၂ အဘယ်သို့နည်းဟူမူကား၊ ဟဂျာဟုခေါ်ဝေါ်သော ပဌမတဲတော်သည်၊ ဆီမီးခုံ၊ စားပွဲ၊ ရှေ့တော်မုန့်နှင့် ပြင်ဆင်လျက်ရှိ၏။
Kwani katika hema kulikuwa na chumba kimeandaliwa, chumba cha nje, paliitwa mahali patakatifu. Katika eneo hili palikuwa na kinara cha taa, meza na mikate ya wonyesho.
3 ၃ ဒုတိယကုလားကာအတွင်း၌၊ ဟဂျာဟဂျုန်ဟု ခေါ်ဝေါ်သော တဲတော်ရှိ၏။
Na nyuma ya pazia la pili kulikuwa na chumba kingine, paliitwa mahali patakatifu zaidi.
4 ၄ ထိုတဲတော်၌ ရွှေလင်ပန်းနှင့် ရွှေဖြင့်မွမ်းမံသော ပဋိညာဉ်တရားသေတ္တာရှိ၏။ ထိုသေတ္တာ၌ မန္နကို ထားသောရွှေအိုး၊ အပွင့်ပွင့်သော အာရုန်၏ လှံတံ၊ ပဋိညာဉ်တရားကို ရေးထားသော ကျောက်ပြားတို့ သည်ရှိကြ၏။
Mlikuwemo madhabahu ya dhahabu kwa kuvukizia uvumba. Pia mlikuwemo sanduku la agano, ambalo lilikuwa limejengwa kwa dhahabu tupu. Ndani yake kulikuwa na bakuli la dhahabu lenye manna, fimbo ya Haruni iliyoota majani, na zile mbao za mawe za agano.
5 ၅ ထိုသေတ္တာပေါ်မှာ ဘုန်းကြီးသော ခေရုဗိမ်တို့သည် အပြစ်ဖြေရာ ပလ္လင်ကို လွှမ်းမိုးလျက်ရှိကြ၏။ ထိုအရာများကို ယခု သေချာစွာ ပြောစရာအကြောင်း မရှိ။
Juu ya sanduku la agano maumbo ya maserafi wa utukufu wafunika mabawa yao mbele ya kiti cha upatanisho, ambacho kwa sasa hatuwezi kuelezea kwa kina.
6 ၆ ထိုသို့ ခပ်သိမ်းသော အရာတို့သည် ပြင်ဆင်လျက် ရှိသောအခါ၊ ယဇ်ပုရောဟိတ်တို့သည် ဝတ်ပြု၍ ပဌမတဲတော်အတွင်းသို့ အစဉ်ဝင်ကြရ၏။
Baada ya vitu hivi kuwa vimekwisha andaliwa, Makuhani kawaida huingia chumba cha nje cha hema kutoa huduma zao.
7 ၇ ဒုတိယတဲတော်အတွင်းသို့ ယဇ်ပုရောဟိတ်မင်းတပါးတည်းသာ မိမိအပြစ်ကြောင့်၎င်း၊ လူများအပြစ် ကြောင့်၎င်း၊ ပူဇော်သောအသွေးကိုဆောင်၍ တနှစ်လျှင် တခါတည်းသာဝင်ရ၏။
Lakini kuhani mkuu huingia kile chumba cha pili pekee mara moja kila mwaka, na pasipo kuacha kutoa dhabihu kwa ajili yake binafsi, na kwa dhambi za watu walizozitenda pasipo kukusudia.
8 ၈ ပဌမတဲတော်မပျက်မှီတိုင်အောင်၊ သန့်ရှင်းရာ ဌာနသို့ သွားသောလမ်းမဖွင့်သေးသော အကြောင်းကို ထိုအမှုအရာအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်သည် အရိပ်ပေးတော်မူ၏။
Roho Mtakatifu anashuhudia kwamba, njia ya mahali patakatifu zaidi bado haijafunuliwa kwa vile ile hema la kwanza bado linasimama.
9 ၉ ထိုတဲတော်ကား၊ ပူဇော်သက္ကာနှင့် ယဇ်များကို ပူဇော်သော ကာလတည်းဟူသော မျက်မှောက်ကာလ ပတ်လုံးပုံပမာဖြစ်၏။ ထိုပူဇော်သက္ကာနှင့် ယဇ်များတို့သည် ကိုယ်ကိုကိုယ် သိသောစိတ်ကိုထောက်လျှင်လည်း၊ ဝတ်ပြုသောသူအား စုံလင်ခြင်းအကျိုးကို မပေးနိုင်သည်ဖြစ်၍၊
Hili ni kielelezo cha muda huu wa sasa. Vyote zawadi na dhabihu ambavyo vinatolewa sasa haviwezi kukamilisha dhamiri ya anayeabudu.
10 ၁၀ စားစရာ၊ သောက်စရာ၊ အမျိုးမျိုးသော နှစ်စရာတည်းဟူသော၊ ကိုယ်ခန္ဓာနှင့်ဆိုင်သော အထုံးအဖွဲ့များ နှင့်တကွ အသစ်ပြုပြင်ခြင်း ကာလတိုင်ရုံမျှသာ တည်ရကြ၏။
Ni vyakula na vinywaji pekee vimeunganishwa katika namna ya taratibu za ibada ya kujiosha. Vyote hivi vilikuwa taratibu za kimwili vilivyokuwa vimeandaliwa hadi ije amri mpya itakayowekwa mahali pake.
11 ၁၁ ယခုမှာ လူလက်ဖြင့်မလုပ်၊ ဤလောကဓာတ်နှင့် မစပ်ဆိုင်၊ သာ၍ကြီးမြတ်စုံလင်သောတဲတော်၌၊ နောက်မင်္ဂလာအကျိုးတို့၏ ယဇ်ပုရောဟိတ်မင်းဖြစ်သော ခရစ်တော်သည်၊
Kristo alikuja kama kuhani mkuu wa mambo mazuri ambayo yamekuja. kupitia ukuu na ukamilifu wa hema kuu ambayo haikufanywa na mikono ya watu, ambayo si wa ulimwengu huu ulioumbwa.
12 ၁၂ ငါတို့အဘို့ထာဝရရွေးနှုတ်ခြင်း ကျေးဇူးကိုခံရ၍ ဆိတ်အသွေး၊ နွားကလေးအသွေးနှင့်မဟုတ်၊ မိမိအသွေးတော်နှင့် သန့်ရှင်းရေးဌာနထဲသို့ တခါတည်း ဝင်တော်မူ၏။ (aiōnios )
Ilikuwa si kwa damu ya mbuzi na ndama, bali kwa damu yake mwenyewe kwamba Kristo aliingia mahali patakatifu zaidi mara moja kwa kila mmoja na kutuhakikishia ukombozi wetu wa milele. (aiōnios )
13 ၁၃ အကြောင်းမူကား၊ အညစ်အကြေးရှိသော သူတို့ အပေါ်၌ ဖြန်းသောနွားအသွေး၊ ဆိတ်အသွေး၊ နွားမ ကလေး၏ပြာသည်၊ သူတို့ ကိုယ်ခန္ဓာ၌ စင်ကြယ်ခြင်းကို ပြုနိုင်သည်မှန်လျှင်၊
Kama kwa damu ya mbuzi na mafahari na kunyunyiziwa kwa majivu ya ndama katika hao wasiosafi walitengwa kwa Mungu na kufanya miili yao safi,
14 ၁၄ ထိုမျှမက၊ အပြစ်ကင်းသော ကိုယ်တော်ကို၊ ထာဝရဝိညာဉ်တော်အားဖြင့်၊ ဘုရားသခင့်ရှေ့၌ တင်လှူ ပူဇော်သော ခရစ်တော်၏ အသွေးသည်၊ သေခြင်းနှင့် စပ်ဆိုင်သောအကျင့်ကို ပယ်ရှင်း၍၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်ကို ဝတ်ပြုမည်အကြောင်း၊ သင်တို့၌ ကိုယ်ကိုကိုယ်သိသော စိတ်ကို စင်ကြယ်စေခြင်းငှါ၊ သာ၍တတ်နိုင်တော်မူသည်မဟုတ်လော။ (aiōnios )
Je si zaidi sana damu ya Kristo ambaye kupitia Roho wa milele alijitoa mwenyewe bila mawaa kwa Mungu, kuosha dhamiri zetu kutoka matendo mafu kumtumikia Mungu aliye hai? (aiōnios )
15 ၁၅ ထိုကြောင့် ပဌမပဋိညာဉ်တရားလက်ထက်၌ ပြစ်မှားသောအပြစ်ကိုလည်း လွတ်စေခြင်းငှါ၊ ခရစ်တော်သည် အသေခံတော်မူသည် ဖြစ်၍၊ ခေါ်တော်မူသော သူတို့သည် ဂတိတော်နှင့်ယှဉ်သော ထာဝရ အမွေကို ခံရမည်အကြောင်း၊ ထိုသခင်သည် ပဋိညာဉ်တရားသစ်၏ အာမခံဖြစ်တော်မူ၏။ (aiōnios )
Kwa sababu hiyo, Kristo ni mjumbe wa agano jipya. Hii ndiyo sababu mauti imewaacha huru wote walio wa agano la kwanza kutoka katika hatia ya dhambi zao, ili kwamba wote walioitwa na Mungu waweze kupokea ahadi ya urithi wao wa milele. (aiōnios )
16 ၁၆ အမွေခံစေခြင်းငှါ အခွင့်ပေး၍ စာချုပ်သည် အမှုမှာလည်း စာချုပ်တည်လျှင် စာချုပ်သောသူသည် ဧကန်သေရမည်မှန်ပြီ။
Kama kuna agano linadumu, ni lazima kuthibitishwa kwa kifo cha mtu yule aliyelifanya.
17 ၁၇ အကယ်၍မသေလျှင်၊ ထိုစာချုပ်သည်မတည်၊ သေမှသာတည်၏။
Kwani agano linakuwa na nguvu mahali kunatokea mauti, kwa sababu hakuna nguvu wakati mwenye kulifanya akiwa anaishi.
18 ၁၈ ထို့ကြောင့်ပဌမပဋိညာဉ်တရားကို စီရင်သောအခါ၊ အသွေးနှင့် ကင်း၍မစီရင်။
Hivyo hata si lile agano la kwanza lilikuwa limewekwa pasipo damu.
19 ၁၉ တရားတော်၌ ပါသမျှသော ပညတ်တို့ကို မောရှေသည် လူအပေါင်းတို့အား ဟောပြောပြီးမှ၊ ရေနှင့်ရောနှောသောနွား၊ ဆိတ်၏အသွေးကိုယူ၍၊ အနီဆိုးသော သိုးမွေးတပ်သောဟုဿုပ်ပင်ညွန့်နှင့်၊ ကျမ်းစာကို၎င်းလူအပေါင်းတို့ကို၎င်း ဖြန်းလျက်၊
Wakati Musa alipokuwa ametoa kila agizo la sheria kwa watu wote, alichukua damu ya ng'ombe na mbuzi, pamoja na maji, kitambaa chekundu, na hisopo, na kuwanyunyizia gombo lenyewe na watu wote.
20 ၂၀ ဤအသွေးကား၊ သင်၌ဘုရားသခင် ဝန်ခံတော်မူသော ပဋိညာဉ်၏ အသွေးဖြစ်သည်ဟု ပြောဆို၏။
Kisha alisema, “Hii ni damu ya agano ambayo Mungu amewapa amri kwenu”.
21 ၂၁ တဲတော်နှင့်ဝတ်ပြုသော တန်ဆာများကိုလည်း ထိုနည်းတူ သွေးနှင့်ဖြန်းရ၏။
Katika hali ileile, aliinyunyiza damu juu ya hema na vyombo vyote vilivyotumiwa kwa huduma ya ukuhani.
22 ၂၂ ပညတ်တရားအတိုင်း ခပ်သိမ်းသောအရာတို့ကို ကုန်မတတ် အသွေးအားဖြင့် စင်ကြယ်စေတတ်၏။ အသွေးမသွန်းလောင်းဘဲ အပြစ်လွတ်ခြင်းမရှိ ။
Na kulingana na sheria, karibu kila kitu kinatakaswa kwa damu. Pasipo kumwaga damu hakuna msamaha.
23 ၂၃ ထို့ကြောင့်ကောင်းကင်ဘုံ၌ရှိသော အရာတို့၌ ပုံများကိုထိုသို့သောယဇ်ပူဇော်ခြင်းအားဖြင့် စင်ကြယ်စေ ရသည်ဖြစ်၍၊ ကောင်းကင် အရာတို့ကိုသာ၍မြတ်သော ယဇ်ပူဇော်ခြင်းအားဖြင့် စင်ကြယ်စေရ၏။
Kwa hiyo ilikuwa lazima kwamba nakala za vitu vya mbinguni sharti visafishwe kwa hii dhabihu ya wanyama. Hata hivyo, vitu vya mbinguni vyenyewe vilipaswa kusafishwa kwa dhabihu iliyo bora zaidi.
24 ၂၄ ထိုသို့နှင့်အညီ၊ မှန်သောသန့်ရေးဌာနတို့၏ ပုံဖြစ်သော၊ လူတို့လက်ဖြင့်လုပ်သော သန့်ရှင်းရာဌာန ထဲသို့ ခရစ်တော်သည်မဝင်ဘဲ၊ ငါတို့ အတွက်ကြောင့် ယခုဘုရားသခင်၏ ရှေ့တော်၌ကိုယ်ကိုပြခြင်းငှါ၊ ကောင်းကင်ကိုယ်ထဲသို့ ဝင်တော်မူပြီ၊
Kwani Kristo hakuingia mahali patakatifu sana palipofanywa na mikono, ambayo ni nakala ya kitu halisi. Badala yake aliingia mbingu yenyewe, mahali ambapo sasa yuko mbele za uso wa Mungu kwa ajili yetu.
25 ၂၅ သို့သော်လည်း၊ ယဇ်ပုရောဟိတ်မင်းသည် သန့်ရှင်းရာဌာနထဲသို့ သူတပါးအသွေးနှင့် နှစ်တိုင်း အစဉ်ဝင်ရသကဲ့သို့ ခရစ်တော်သည် အဖန်များစွာ ကိုယ်ကို ပူဇော်ရသည်မဟုတ်။
Hakuingia kule kwa ajili ya kujitoa sadaka kwa ajili yake mara kwa mara, kama afanyavyo kuhani mkuu, ambaye huingia mahali patakatifu zaidi mwaka baada ya mwaka pamoja na damu ya mwingine,
26 ၂၆ ထိုသို့ပူဇော်ရသည်မှန်လျှင်၊ ကမ္ဘာဦးမှစ၍ အဖန်များစွာ အသေခံတော်မူရ၏။ ယခုမူကား၊ ဤကပ် ကာလအဆုံး၌ တခါတည်း ကိုယ်ကိုပူဇော်သောအားဖြင့် အပြစ်များကို သုတ်သင်ပယ်ရှင်းခြင်းငှါ ပေါ်ထွန်းတော်မူ၏။ (aiōn )
kama hiyo ilikuwa kweli, basi ingekuwa lazima kwake kuteswa mara nyingi zaidi tangu mwanzo wa ulimwengu. Lakini sasa ni mara moja hadi mwisho wa miaka aliyojifunua kuiondoa dhambi kwa dhabihu yake mwenyewe. (aiōn )
27 ၂၇ လူသည် တခါတည်းသေ၍ ထိုနောက်မှ တရား စီရင်တော်မူ ခြင်းကိုခံရသကဲ့သို့၊
Kama ilivyo kwa kila mtu kufa mara moja, na baada ya hiyo huja hukumu,
28 ၂၈ ထိုနည်းတူ၊ ခရစ်တော်သည် လူများအပြစ်တို့ကို ခံခြင်းငှါ တခါတည်းကိုယ်ကိုပူဇော်ပြီးမှ၊ နောက်တဖန် ထိုသခင်ကို မြော်လင့်လျက် နေသောသူတို့ကို ကယ်တင်ခြင်းအလိုငှါ၊ အပြစ်နှင့်မဆိုင်ဘဲ ပေါ်ထွန်းတော်မူလတံ့။
ndivyo hivyo Kristo naye ambaye alitolewa mara moja kuziondoa dhambi za wengi, atatokea mara ya pili, si kwa kusudi la kushughulikia dhambi, bali kwa ukombozi kwa wale wamgojeao kwa saburi.