< ဟေဗြဲ 8 >
1 ၁ ယခုဆိုခဲ့ပြီးသော အကြောင်းအရာတို့၏ အချုပ်အခြာဟူမူကား၊ ထိုသို့သော ယဇ်ပုရောဟိတ်မင်းသည် ငါတို့၌ရှိ၏။ ကောင်းကင်ဘုံ၌ တန်ခိုးအာနုဘော်တော်၏ ပလ္လင်လက်ျာဘက်မှာ ထိုင်နေတော်မူ၏။
Hovedsaken i det vi vil si, er altså at Jesus er vår øversteprest. Han sitter på Guds høyre side i himmelen og regjerer.
2 ၂ လူမဆောက်ဘဲ ထာဝရဘုရား ဆောက်တော်မူသော တဲတော်စစ်တည်းဟူသော၊ သန့်ရှင်းရာဌာန၌ ဘုရားဝတ်ကိုပြုသောသူ ဖြစ်တော်မူ၏။
Han tjener som prest for Gud i himmelen, i en helligdom som ikke er laget av mennesker, men av Gud selv.
3 ၃ ယဇ်ပုရောဟိတ်မင်းမည်သည်ကား၊ ပူဇော်သက္ကာနှင့် ယဇ်ကိုပူဇော်စေခြင်းငှါ ခန့်ထားလျက်ရှိသည် ဖြစ်၍၊ ငါတို့ ယဇ်ပုရောဟိတ်မင်းသည်လည်း ပူဇော်စရာယဇ်တစုံတခု ရှိရ၏။
Oppgaven for øverstepresten er å bære fram gaver og offer til Gud, og derfor var også Jesus nødt til å bære fram et offer.
4 ၄ ပညတ်တရားအတိုင်း ပူဇော်သက္ကာကို ဆက်ကပ်သော ယဇ်ပုရောဟိတ်များ ရှိကြသည်ဖြစ်၍၊ ထိုသခင်သည် မြေကြီးပေါ်မှာရှိနေလျှင် ယဇ်ပုရောဟိတ်မလုပ်ရ။
Dersom han fortsatt levde her på jorden, ville han likevel ikke vært prest, for her finnes det allerede prester som bærer fram de offer som Moseloven krever.
5 ၅ မောရှေသည် တဲတော်ကို ဆောက်လုပ်အံ့သောအခါ၊ တောင်ပေါ်မှာ သင့်အားပြခဲ့ပြီးသောပုံနှင့် ညီလျော်စွာ အလုံးစုံတို့ကို လုပ်ခြင်းငှါ သတိပြုရမည်ဟု ဗျာဒိတ်တော်ကို ခံရသည်ဖြစ်၍၊ ထိုယဇ်ပုရောဟိတ် တို့သည် ကောင်းကင်အရာတို့၏ ပုံပမာအရိပ်နှင့်သာဆိုင်လျက် ဝတ်ကိုပြုနေကြ၏။
Disse prestene tjener i en jordisk helligdom som bare gir oss et uklart bilde av det som finnes i himmelen. Da Moses skulle reise det teltet som Israels folk brukte til sine gudstjenester i ørkenen, sa Gud til ham:”Pass på at du gjør alt etter det forbilde jeg viste deg på fjellet Sinai.”
6 ၆ ထိုမှတပါး၊ ယေရှုသည် သာ၍မြတ်သော ဂတိတော်တို့၌တည်သော၊ သာ၍မြတ်သော ပဋိညာဉ် တရား၏ အာမခံဖြစ်သည်နှင့်အညီ၊ သာ၍မြတ်သော ဝတ်ပြုခြင်း အခွင့်အရာကို ရတော်မူ၏။
Jesus Kristus derimot er prest for en mye viktigere oppgave, for han er mellommann i en ny og bedre pakt mellom Gud og menneskene, en pakt som hviler på bedre løfter.
7 ၇ ပဌမပဋိညာဉ်တရားသည်၊ အပြစ်တင်ခွင့်မရှိသည် မှန်လျှင်၊ ဒုတိယပဋိညာဉ်တရား တည်ရသော အခွင့်ကို အဘယ်ကြောင့်ရှာရသနည်း။
Dersom den første pakten mellom Gud og hans folk kunne ha hjulpet oss til å følge Guds vilje, da hadde ikke Gud behøvd å erstatte den med en annen.
8 ၈ ပဌမပဋိညာဉ်တရားကို ထာဝရဘုရားသည် အပြစ်တင်၍ မိန့်တော်မူသည်ကား၊
Men Gud anklaget Israels folk for ikke å følge hans vilje, og sa:”Det skal komme en dag da jeg inngår en ny pakt med det folk som bor i Israel og Juda.
9 ၉ ငါသည် ဤလူမျိုး၏ ဘိုးဘေးတို့ကိုလက်ဆွဲ၍ အဲဂုတ္တုပြည်မှ ဆောင်သွားသောအခါ၊ သူတို့၌ ငါပေး သော ပဋိညာဉ်တရားနှင့် ခြားနားသော ပဋိညာဉ်တရားသစ်ကို ဣသရေလအမျိုးသား၊ ယုဒအမျိုးသား တို့၌ ငါပေးသော အချိန်ကာလရောက်လိမ့်မည်။ အရင် ငါပေးဘူးသော ပဋိညာဉ်တရား၌ သူတို့သည် မတည်ကြ၊ ငါသည်လည်း သူတို့ကို မကြည့်ရှုမပြုစုဘဲနေ၏။
Den vil ikke ligne den pakten jeg inngikk med forfedrene deres da jeg tok dem ved hånden og førte dem ut av Egypt. De holdt ikke fast ved min pakt, og derfor brydde jeg meg ikke om dem lenger.
10 ၁၀ နောင်ကာလအခါ ဣသရေလအမျိုးသားတို့၌ ငါပေးအံ့သော ပဋိညာဉ်တရားဟူမူကား၊ ငါထာဝရ ဘုရားသည် ငါ့ပညတ်တို့ကို သူတို့ စိတ်ဝိညာဉ်ထဲသို့ သွင်းမည်။ သူတို့နှလုံးပေါ်မှာ ရေးထားမည်။ ငါသည် သူတို့၏ ဘုရားဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်ကြလိမ့်မည်။
Men dette er den nye pakten jeg en dag vil inngå med Israels folk, sier Herren: Jeg vil la dem forstå min vilje og mine lover, og jeg vil gjøre det slik at de av hele hjertet er lydige mot meg. Jeg vil være deres Gud, og de skal være mitt folk.
11 ၁၁ ထိုသူတို့က၊ ထာဝရဘုရားကို သိလော့ဟု၊ အမျိုးသားချင်း၊ ညီအစ်ကိုအချင်းချင်း တယောက်ကိုတယောက် ဆုံးမဩဝါဒ မပေးရကြ၊ အကြောင်းမူကား၊ အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူတိုင် အောင် ထိုသူအပေါင်းတို့သည် ငါ့ကိုသိကြလိမ့်မည်။
Da skal ingen lenger behøve å undervise hverandre og si:’Pass på at du lærer Herren å kjenne’, for da skal alle kjenne meg, både store og små.
12 ၁၂ ထိုအခါငါသည် သူတို့အပြစ်များကို သည်းခံမည်။ သူတို့ပြစ်မှားခြင်း၊ လွန်ကျူးခြင်းများကို မအောက် မေ့ဘဲနေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
Jeg vil tilgi deres ondskap, og jeg vil aldri mer huske på syndene deres.”
13 ၁၃ ပဋိညာဉ်တရားသစ်ဟူ၍ မိန့်တော်မူသည်တွင် ပဌမပဋိညာဉ်တရားကို ဟောင်းစေတော်မူ၏။ ရွေ့လျော့၍ ဟောင်းသောအရာမည်သည်ကား၊ ကွယ်ပျောက်ခြင်း သို့ရောက်လုနီးသတည်း။
Gud taler altså om en ny pakt, og det betyr at den første pakten er gått ut på dato og snart skal forsvinne.