< ဟေဗြဲ 6 >
1 ၁ ခရစ်တော်၏ဘာသာ၌ အစအဦးဖြစ် သော အကြောင်းအရာတို့ကိုထား၍၊ စုံလင်သောအဖြစ် သို့ တက်ကြကုန်အံ့၊ ထိုကြောင့်၊ သေခြင်းနှင့်စပ်ဆိုင်သော အကျင့်ကို နောင်တရခြင်း၊ ဘုရားသခင်ကို ယုံကြည်ခြင်း၊
Na, kati tatou te korero i nga timatanga o ta te Karaiti ako, hoake tatou ki te tino tikanga; kaua e tuaruatia te whakatakoto i te turanga, ara i te ripeneta ki nga mahi mate, i te whakapono hoki ki te Atua,
2 ၂ ဗတ္တိဇံ တရားကိုသွန်သင်ခြင်း၊ လက်ကိုတင်ခြင်း၊ သေလွန်သော သူတို့၏ထမြောက်ခြင်း၊ ထာဝရစီရင် ဆုံးဖြတ်ခြင်းတည်းဟူသော မူလအမြစ်ကို ငါတို့သည် ပြန်၍ မတည်ဘဲ။ (aiōnios )
I te whakaako ki nga iriiri, ki te whakapanga o nga ringaringa, ki te aranga o nga tangata mate, ki te whakawakanga mutungakore. (aiōnios )
3 ၃ ဘုရားသခင်အခွင့်ပေးတော်မူလျှင်၊ ငါတို့သည် ထိုသို့ပြုကြမည်။
A ka meatia ano tenei e tatou ki te tukua e te Atua.
4 ၄ အလင်းသို့တခါရောက်၍ ကောင်းကင်ဆုကျေးဇူးကို မြည်းစမ်းခြင်း၊ သန့်ရှင်းသော ဝိညာဉ်တော် ကိုခံယူခြင်း၊
Ko te hunga hoki kua oti te whakamarama, kua pa ki te mea i homai i runga i te rangi, kua whiwhi ki te Wairua Tapu,
5 ၅ ဘုရားသခင်၏ ကောင်းမြတ်သော တရားစကားကို၎င်း၊ နောင်ကပ်ကာလ၏ တန်ခိုးများကို၎င်း၊ မြည်းစမ်းခြင်းရှိပြီးမှ၊ (aiōn )
Kua kitea ano te pai o ta te Atua kupu, me nga mea kaha o te ao meake nei puta; (aiōn )
6 ၆ ရွေ့လျော့ဖေါက်ပြန်သောသူတို့သည်၊ မိမိတို့တွင် ဘုရားသခင်၏သားတော်ကို လက်ဝါးကပ်တိုင်မှာ ကွပ်မျက်၍ အသရေတော်ကို ရှုတ်ချသောသူဖြစ်သောကြောင့်၊ နောက်တဖန်နောင်တရအံ့သောငှါ အသစ် ပြုပြင်ခြင်းသို့ မရောက်နိုင်ကြ။
Ki te taka atu ratou, e kore ratou e taea te whakahou ake ki te ripeneta; ka ripekatia houtia hoki te Tama a te Atua e ratou nei ano, ka meinga hoki kia tawaia nuitia.
7 ၇ ဥပမာကား၊ အကြင်မြေသည် မိမိအပေါ်သို့အဖန်ဖန်ကျသော မိုဃ်းရေကိုသောက်၍၊ လုပ်သော သူသုံးဘို့ ဟင်းသီးဟင်းရွက်ကို ဖြစ်စေတတ်၏။ ထိုမြေသည် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာကို ခံတတ်၏။
Ko te whenua hoki e inu nei i te ua honohono te heke ki runga ki a ia, a e mea ana i te otaota pai kia tupu ake ma te hunga i mahia ai, ka whiwhi ki ta te Atua manaaki:
8 ၈ အကြင်မြေသည် ဆူးပင်အမျိုးမျိုးကိုဖြစ်စေတတ်၏။ ထိုမြေသည် ပြုစုခြင်းကိုမခံထိုက်။ ကျိန်ခြင်းကို ခံရသော အချိန်နီးသည် ဖြစ်၍၊ နောက်ဆုံး၌ မီးရှို့ခြင်းသို့ ရောက်တတ်၏။
Ki te tupuria ia e te tataramoa, e te tumatakuru, ka whakakinoa, ka tata ki te kanga: ko tona whakamutunga ka tahuna.
9 ၉ ထိုသို့ပြောသော်လည်း၊ ချစ်သူတို့၊ သင်တို့သည် ကယ်တင်ခြင်းနှင့် ယှဉ်သောအရာ၊ သာ၍ကောင်းသောအရာတို့နှင့် ဆိုင်သည်ကို၊ ငါတို့သည် သဘောကျလျက်ရှိကြ၏။
Otiia ahakoa penei noa ta matou korero, e u ana ano to matou whakaaro, e oku hoa aroha, ki nga mea pai ke atu kei a koutou, he mea hoki mo te whakaoranga.
10 ၁၀ အကြောင်းမူကား၊ သင်တို့သည် သန့်ရှင်းသူတို့ကို အထက်က လုပ်ကျွေးသည်သာမက၊ ယခုပင် လုပ် ကျွေးခြင်းအမှုကို၎င်း၊ ထိုသို့ပြုသောအားဖြင့် နာမတော်ကိုထောက်၍ ပြသောမေတ္တာကို၎င်း၊ ဘုရားသခင်သည် မေ့လျော့သည်တိုင်အောင် အဓမ္မအမှုကို ပြုတော်မူသည်မဟုတ်။
E kore hoki te Atua e he, e wareware ki ta koutou mahi, ki te uaua o to koutou aroha, i whakakitea mai e koutou ki tona ingoa, i a koutou i atawhai i te hunga tapu, a ka atawhai nei ano.
11 ၁၁ သင်တို့ရှိသမျှသည် ပျင်းရိခြင်းနှင့် ကင်းလွတ်၍၊ ယုံကြည်ခြင်းနှင့် သည်းခံခြင်းအားဖြင့် ဂတိတော် တို့ကို အမွေခံရသောသူတို့ နည်းတူကျင့်နိုင်မည်အကြောင်း၊
Otiia e hiahia ana matou kia whakakitea taua uaua na ano e tenei, e tenei o koutou, kia taea rawatia te pumautanga o te whakaaro i tumanako ai koutou a te Mutunga ra ano:
12 ၁၂ ထိုသို့သော လုံ့လဝိရိယကို ထုတ်၍၊ အဆုံးတိုင်အောင် ယုံမှားခြင်းနှင့်ကင်းသော မြော်လင့်ခြင်းနှင့် ပြည့်စုံစေခြင်းငှါ ငါတို့သည် အလိုရှိကြ၏။
Kia kaua e puhoi, engari kia rite ki ta te hunga i whakapono, i whakamanawanui, a riro mai ana i a ratou nga mei i whakaaria mai.
13 ၁၃ ဘုရားသခင်သည် အာဗြဟံ၌ ဂတိထားတော်မူသောအခါ၊ ကိုယ်တော်ထက်သာ၍ ကြီးမြတ်သောသူကို တိုင်တည်၍ ကျိန်ဆိုရန် မရှိသောကြောင့်၊ ကိုယ်တော်ကို တိုင်တည်၍၊
I ta te Atua whakaaringa mea ki a Aperahama, i te mea kahore tetahi i nui ake hei oatitanga, ka oatitia e ia a ia ake ano,
14 ၁၄ ငါသည်သင့်အား အစဉ်အမြဲကောင်းကြီးပေးမည်။ သင့်ကို အစဉ်အမြဲပွါးများစေမည်ဟု ကျိန်ဆို တော်မူ၏။
Ka mea, Ina, ka manaakitia rawatia koe e ahau, ka whakanuia rawatia ano hoki koe.
15 ၁၅ ထိုသို့နှင့်အညီအာဗြဟံသည် သည်းခံလျက် စောင့်နေပြီးမှ၊ ဂတိတော်ကိုဝင်စားလေ၏။
Heoi whakamanawanui ana ia, a riro ana i a ia te kupu whakaari.
16 ၁၆ လူတို့သည် မိမိထက်ကြီးမြတ်သောသူကို တိုင်တည်၍ ကျိန်ဆိုလေ့ရှိကြ၏။ မြဲမြံစေတတ်သော အကျိန်သည် ငြင်းခုံခြင်းရှိသမျှကို ဖြေတတ်၏။
Ko te mea nui ake hoki ta nga tangata e waiho ai hei oati: a ki a ratou hei mutunga mo nga whakahokihoki kupu katoa te oati whakau.
17 ၁၇ ထိုကြောင့်၊ ဂတိတော်ကို အမွေခံရသောသူတို့သည်၊ ဘုရားသခင်၏ အကြံအစည်တော်မဖေါက်ပြန်နိုင် ကြောင်းကို အတပ်သိစေခြင်းငှါ၊ ဘုရားသခင်သည် အကျိန်အားဖြင့် အာမခံတော်မူ၏။
No reira, i te mahara o te Atua kia tino whakakitea ki te hunga mo ratou nei te kupu whakaari te pumau o tona whakaaro, ka whakaurua mai e ia he oati,
18 ၁၈ အကြောင်းမူကား၊ ဘုရားသခင်သည် မုသာမသုံးနိုင်သော အရာတည်းဟူသော မဖောက်ပြန် မပြောင်းလဲနိုင်သော အရာနှစ်ပါးကို အမှီပြု၍၊ ကိုယ်ရှေ့၌ထားသော မြော်လင့်ရာကို ခိုလှုံခြင်းငှါ ပြေးသော ငါတို့သည် သက်သာအားကြီးကြမည်အကြောင်းတည်း။
Kia rua ai nga mea pumau, he mea e kore ai e ahei kia teka te Atua, ma reira ka kaha ai he whakamarie mo tatou, mo te hunga kua rere ki te pupuri i te mea e takoto mai nei i te aroaro, e tumanakohia atu nei:
19 ၁၉ ထိုမြော်လင့်ခြင်းမူကား၊ ကုလားကာအတွင်း၌ချ၍ မြဲမြံခိုင်ခံ့သော စိတ်နှလုံး၏ကျောက်ဆူးကဲ့သို့ ငါတို့၌ရှိသတည်း။
Hei punga ano tenei ma tatou mo te wairua, he tumanako mau tonu, u tonu, tae tonu atu ano hoki ki te mea i roto i te arai;
20 ၂၀ မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်မင်း ဖြစ်သော ယေရှုသည်၊ ငါတို့အတွက်၊ ထိုအတွင်း အရပ်ထဲသို့ ရှေ့ဆောင်၍ ဝင်သောသူဖြစ်တော်မူ၏။ (aiōn )
Ki te wahi kua tapoko atu nei a ihu ki reira, hei matamua mo tatou, i a ia i meinga hei tohunga nui mo a mua tonu atu, i runga i te ritenga o Merekihereke. (aiōn )