< ဟေဗြဲ 5 >
1 ၁ လူတို့တွင်ရွေးကောက်သော ယဇ်ပုရောဟိတ်မင်း မည်သည်ကား၊ ပူဇော်သက္ကာကို၎င်း၊ အပြစ်ဖြေရာ ယဇ်ကို၎င်း ပူဇော်၍၊ လူတို့အတွက် ဘုရားဝတ်ပြုစေခြင်းငှါ ခန့်ထားတော်မူသောသူဖြစ်၏။
For hver yppersteprest tas iblandt mennesker og innsettes for mennesker til tjeneste for Gud, for å frembære både gaver og slaktoffer for synder,
2 ၂ သူသည် ကိုယ်တိုင်နွမ်းရိအားနည်းခြင်းရှိသည်ဖြစ်၍၊ မိုက်သောသူ၊ မှားယွင်းသောသူတို့ကို သည်းခံခြင်းငှါ တတ်နိုင်၏။
som en som kan bære over med de vankundige og villfarende, fordi han også selv er skrøpelighet underlagt,
3 ၃ ထိုအကြောင်းကြောင့်လည်း၊ လူများအပြစ်နှင့် မိမိအပြစ်ကို ဖြေခြင်းငှါ ပူဇော်ရ၏။
og for dens skyld må frembære syndoffer, som for folket, så og for sig selv.
4 ၄ ဘုရားသခင်သည် အာရုန်ကိုခေါ်တော်မူသကဲ့သို့ ခေါ်တော်မူသောသူမှတပါး၊ အဘယ်သူမျှ ထိုအရာမြတ်ကို မသိမ်းမယူရ။
Og ingen tiltar sig selv den ære, men den som kalles av Gud, likesom Aron.
5 ၅ ထိုနည်းတူ၊ ခရစ်တော်သည် ယဇ်ပုရောဟိတ်မင်းအရာ၌ မိမိကို မိမိချီးမြှောက်သည်မဟုတ်။ သင် သည် ငါ့သားဖြစ်၏။ ယနေ့ပင် သင့်ကို ငါဖြစ်ဘွားစေပြီဟု မိန့်တော်မူသောသူသည် ခရစ်တော်ကို ချီးမြှောက် တော်မူ၏။
Således tilla da heller ikke Kristus sig den ære å bli yppersteprest, men han som sa til ham: Du er min Sønn, jeg har født dig idag;
6 ၆ ထိုသို့နှင့်အညီ ကျမ်းစာတချက်လာသည်ကား၊ သင်သည် မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရော ဟိတ်ဖြစ်သည်ဟု လာသတည်း။ (aiōn )
likesom han og på et annet sted sier: Du er prest til evig tid efter Melkisedeks vis. (aiōn )
7 ၇ ထိုခရစ်တော်သည် လူဇာတိအဖြစ်၌ နေစဉ်ကာလ၊ သေခြင်းမှ ကယ်လွှတ်နိုင်တော်မူသောသူကို၊ ကြီးစွာသော ကြွေးကြော်ခြင်း၊ မျက်ရည်ကျခြင်းနှင့် ဆုတောင်းပဌနာပြုသဖြင့်၊ ကြောက်ရွံရာအမှု၌ ချမ်းသာ ရသည်ဖြစ်၍၊
Og han har i sitt kjøds dager med sterkt skrik og tårer frembåret bønner og nødrop til ham som kunde frelse ham fra døden, og han blev bønnhørt for sin gudsfrykt,
8 ၈ ဘုရားသခင်၏ သားတော်မှန်သော်လည်း၊ ဆင်းရဲဒုက္ခကို ခံသောအားဖြင့် နားထောင်ခြင်း အကျိုး အကြောင်းကို သင်တော်မူ၏။
og således lærte han, skjønt han var Sønn, lydighet av det han led,
9 ၉ ထိုသို့စုံလင်ခြင်းသို့ရောက်ပြီးမှ၊ ယုံကြည်နားထောင်သော သူအပေါင်းတို့အား ထာဝရကယ်တင်ခြင်း ကျေးဇူးကို ပြုသောသူဖြစ်တော်မူ၍။ (aiōnios )
og da han var fullendt, blev han ophav til evig frelse for alle dem som lyder ham, (aiōnios )
10 ၁၀ မေလခိဇေဒက်ကဲ့သို့သော ယဇ်ပုရောဟိတ်မင်းဟု ဘုရားသခင်သမုတ်တော်မူခြင်းကို ခံရ၏။
og blev av Gud kalt yppersteprest efter Melkisedeks vis.
11 ၁၁ ထိုမေလခိဇေဒက်၏အကြောင်းကို ငါတို့ ပြောစရာစကားအများရှိ၏။ သို့သော်လည်း၊ သင်တို့သည် ဥာဏ်နုန့်သောကြောင့် အပြောခက်လှ၏။
Om dette har vi meget å si, som også er vanskelig å utlegge, eftersom I er blitt trege til å høre.
12 ၁၂ သင်တို့သည် ကာလကြာသောကြောင့် ဆရာအဖြစ်သို့ ရောက်သင့်သော်လည်း၊ ဘုရားသခင်၏ ဗျာဒိတ်တော်၌ ရှေ့ဦးစွာ သင်ရသောတရားနုတို့ကို သူတပါးထံ၌ တဖန်သင်ရသော အကြောင်းရှိသည် ဖြစ်၍၊ ကြေခဲသောအစာကို မသုံးဆောင်၊ နို့ကိုသာ သုံးဆောင်ရသောသူဖြစ်ကြ၏။
For skjønt I efter tiden burde være lærere, trenger I atter til at en lærer eder hvad som er de første grunner i Guds ord, og I er blitt sådanne som trenger til melk, ikke fast føde.
13 ၁၃ နို့ကိုသာသုံးဆောင်သောသူမည်သည်ကား၊ သူငယ်ဖြစ်သောကြောင့် ဖြောင့်မတ်ခြင်းတရား၌ လေ့လာခြင်းမရှိ။
For hver den som får melk, er ukyndig i rettferds ord, for han er jo et barn;
14 ၁၄ ကောင်းကျိုးမကောင်းကျိုးကို ပိုင်းခြား၍ သိနိုင်သောဥာဏ်ပေးတတ်သော၊ အကြားအမြင်အတွေ့ အစမ်းများသော သူတည်းဟူသော၊ စုံလင်သော အရွယ်ရှိသော သူတို့မူကား၊ ကြေခဲသော အစာအာဟာရကို သုံးဆောင်ရကြ၏။
men fast føde er for voksne, for dem som ved bruken har sine sanser opøvd til å skille mellem godt og ondt.