< ဟေဗြဲ 13 >

1 ညီအစ်ကိုချင်းချစ်ခြင်းမေတ္တာ၌တည်ကြလော့။ ဧည့်သည် ဝတ်ပြုခြင်းအမှုကို မမေ့မလျော့ကြနှင့်။
ညီအစ်ကို ချင်းချစ်ခြင်းမေတ္တာ၌တည် ကြလော့။ ဧည့်သည် ဝတ်ပြုခြင်းအမှုကို မ မေ့ မလျော့ကြနှင့်
2 အချို့သောသူတို့သည် ဧည့်သည်ဝတ်ကို ပြုသည်တွင်၊ ကောင်းကင်တမန်တို့ကို အမှတ်တမဲ့ ဧည့်ခံကြပြီ။
အချို့ သောသူတို့သည် ဧည့်သည်ဝတ်ကို ပြုသည်တွင်၊ ကောင်းကင်တမန် တို့ကို အမှတ်တမဲ့ ဧည့်ခံ ကြပြီ
3 အကျဉ်းခံရသော သူတို့နှင့်အတူ ကိုယ်ခံရသကဲ့သို့မှတ်၍၊ သူတို့ကို အောက်မေ့ကြလော့။ သင်တို့သည် ကိုယ်ခန္ဓာနှင့်မကင်းလွတ်သောသူဖြစ်၍၊ ညှဉ်းဆဲခံရသောသူတို့ကို အောက်မေ့ကြလော့။
အကျဉ်း ခံရသော သူ တို့နှင့်အတူကိုယ်ခံရသကဲ့သို့ မှတ် ၍၊ သူတို့ကို အောက်မေ့ကြလော့။ သင်တို့သည် ကိုယ်ခန္ဓာ နှင့် မကင်းလွတ်သောသူဖြစ် ၍၊ ညှဉ်းဆဲ ခံရသောသူ တို့ကို အောက်မေ့ကြလော့
4 ခပ်သိမ်းသော သူတို့၌ မင်္ဂလာဆောင်ခြင်းအမှုနှင့် သစ္စာသံဝါသပြုခြင်းအမှုသည် အသေရေ ရှိစေလော့။ မတရားသော မေထုန်ကိုပြုသောသူနှင့်သူ့မယားကို ပြစ်မှားသောသူကို ဘုရားသခင်စစ်ကြော စီရင်တော်မူလိမ့်မည်။
ခပ်သိမ်း သော သူတို့၌ မင်္ဂလာဆောင် ခြင်းအမှုနှင့် သစ္စာ သံဝါသပြုခြင်းအမှုသည် အသရေ ရှိစေလော့။ မတရား သော မေထုန်ကိုပြုသောသူနှင့်သူ့ မယားကို ပြစ်မှားသောသူကို ဘုရားသခင် စစ်ကြော စီရင်တော်မူလိမ့်မည်
5 သင်တို့၏ကျင့်ကြံပြုမူခြင်းသည် ငွေကိုတပ်မက်ခြင်းနှင့် ကင်းလွတ်၍၊ ကိုယ်၌ရှိသောဥစ္စာနှင့် ရောင့်ရဲ ခြင်းရှိကြလော့။ အကြောင်းမူကား၊ ငါသည် သင့်ကိုမစွန့်၊ သင့်ကိုအလျှင်းပစ်၍မထားဟု ဂတိတော်ရှိ၏။
သင်တို့၏ကျင့်ကြံ ပြုမူခြင်းသည် ငွေ ကိုတပ်မက်ခြင်းနှင့် ကင်းလွတ်၍၊ ကိုယ်၌ရှိ သောဥစ္စာနှင့် ရောင့်ရဲ ခြင်းရှိကြလော့။ အကြောင်းမူကား ၊ ငါသည် သင့် ကိုမ စွန့် ၊ သင့် ကိုအလျှင်း ပစ် ၍မ ထားဟု ဂတိတော်ရှိ ၏
6 ထိုကြောင့် ထာဝရဘုရားသည် ငါ့ကိုမစတော်မူသည်ဖြစ်၍၊ လူသည် ငါ၌ပြုနိုင်သမျှကိုငါမကြောက်ဟု၊ ငါတို့သည် ရဲရင့်သောစိတ်နှင့် ပြောဆိုရသောအခွင့် ရှိကြ၏။
ထိုကြောင့် ထာဝရ ဘုရားသည် ငါ့ ကိုမစ တော်မူသည်ဖြစ်၍၊ လူ သည် ငါ ၌ပြု နိုင်သမျှ ကိုငါမ ကြောက် ဟု၊ ငါ တို့သည် ရဲရင့် သောစိတ်နှင့် ပြောဆို ရသောအခွင့် ရှိကြ၏
7 ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို သင်တို့အား ဟောပြော၍၊ သင်တို့ကိုအုပ်သောသူတို့ကို အောက်မေ့ကြလော့။ သူတို့သည် အဘယ်သို့ကျင့်ကြံပြုမူ၍ စုတေ့သည်ကို စေ့စေ့ဆင်ခြင်လျက်၊ သူတို့၏ယုံကြည်ခြင်းကို မှီအောင်လိုက်ကြလော့။
ဘုရားသခင် ၏နှုတ်ကပတ် တရားတော်ကို သင် တို့အား ဟောပြော ၍၊ သင် တို့ကိုအုပ် သောသူ တို့ကို အောက်မေ့ ကြလော့။ သူ တို့သည် အဘယ်သို့ကျင့်ကြံ ပြုမူ ၍ စုတေ့သည်ကို စေ့စေ့ဆင်ခြင် လျက်၊ သူ တို့၏ယုံကြည် ခြင်းကို မှီအောင် လိုက်ကြလော့
8 ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲ မပြောင်းမလဲနေတော်မူ၏။ (aiōn g165)
ယေရှု ခရစ် သည် မနေ့ ၊ ယနေ့ ၊ နောင်ကာလ အစဉ်အမြဲ မပြောင်းမလဲနေတော်မူ၏ (aiōn g165)
9 အထူးထူးအပြားပြားသော အယူဝါဒသစ်ကို လိုက်၍ မဖေါက်ပြန်ကြနှင့်။ အစာများအားဖြင့် စိတ်ခိုင်ခံ့ မြဲမြံခြင်းမရှိဘဲ၊ ကျေးဇူးတော်အားဖြင့် ခိုင်ခံ့မြဲမြံလျှင် အကျိုးရှိ၏။ အစာများကို အမှုထားသော သူတို့သည် အကျိုးကိုရကြပြီမဟုတ်။
အထူးထူး အပြားပြားသော အယူဝါဒ သစ် ကို လိုက်၍ မ ဖောက်ပြန် ကြနှင့်။ အစာ များအားဖြင့်စိတ် ခိုင်ခံ့မြဲမြံခြင်းမ ရှိဘဲ၊ ကျေးဇူး တော်အားဖြင့်ခိုင်ခံ့ မြဲမြံလျှင် အကျိုး ရှိ၏။ အစာ များကို အမှု ထားသော သူ တို့သည် အကျိုး ကိုရကြပြီမ ဟုတ်
10 ၁၀ တဲတော်၌ ဝပ်ပြုသောသူတို့စားရသောအခွင့် မရှိသောယဇ်ပလ္လင်သည် ငါတို့၌ရှိ၏။
၁၀တဲ တော်၌ ဝတ်ပြု သောသူ တို့စား ရသောအခွင့် မ ရှိ သောယဇ်ပလ္လင် သည် ငါတို့၌ရှိ ၏
11 ၁၁ အကြောင်းမူကား၊ ယဇ်ပုရောဟိတ်မင်းသည် အပြစ်ဖြေသော ယဇ်ကောင်၏အသွေးကို သန့်ရှင်းရာ ဌာနထဲသို့ သွင်းပြီးမှ၊ ယဇ်အသေကောင်တို့ကို တပ်ပြင်၌ မီးရှို့ရ၏။
၁၁အကြောင်းမူကား ၊ ယဇ်ပုရောဟိတ် မင်းသည် အပြစ် ဖြေသောယဇ်ကောင် ၏ အသွေး ကို သန့်ရှင်း ရာ ဌာနထဲသို့ သွင်း ပြီးမှ၊ ယဇ်အသေ ကောင်တို့ကို တပ် ပြင် ၌ မီးရှို့ ရ၏
12 ၁၂ ထိုသို့နှင့်အညီ၊ ယေရှုသည်မိမိအသွေးအားဖြင့် လူများကို စင်ကြယ်စေခြင်းငှါ၊ မြို့တံခါးအပြင်၌ အသေခံတော်မူ၏။
၁၂ထိုသို့ နှင့်အညီ၊ ယေရှု သည်မိမိ အသွေး အားဖြင့် လူ များကို စင်ကြယ် စေခြင်းငှာ ၊ မြို့တံခါး အပြင် ၌ အသေခံ တော်မူ၏
13 ၁၃ သို့ဖြစ်၍၊ ငါတို့သည် ထိုသခင်နှင့်အတူ ကဲ့ရဲ့ခြင်းကိုခံ၍၊ တပ်ပြင်၊ အထံတော်သို့ ထွက်သွားကြ ကုန်အံ့။
၁၃သို့ဖြစ်၍ ၊ ငါတို့သည် ထိုသခင် နှင့်အတူကဲ့ရဲ့ ခြင်းကိုခံ ၍၊ တပ် ပြင် ၊ အထံ တော်သို့ ထွက်သွား ကြ ကုန်အံ့
14 ၁၄ အကြောင်းမူကား၊ ငါတို့သည် ဤဘဝ၌ အမြဲတည်သော မြို့မရှိ၊ နောက်ဖြစ်လတံ့သော မြို့ကိုရှာကြ၏။
၁၄အကြောင်းမူကား ၊ ငါ တို့သည် ဤ ဘဝ၌ အမြဲ တည်သော မြို့ မ ရှိ၊ နောက်ဖြစ် လတံ့သော မြို့ကိုရှာ ကြ၏
15 ၁၅ ထိုကြောင့်၊ ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ဝန်ခံလျက်၊ နှုတ်ခမ်းအသီးတည်းဟူသော ချီးမွမ်းခြင်းယဇ်ကို သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ အစဉ်ပူဇော်ကြကုန်အံ့။
၁၅ထိုကြောင့် ၊ ငါတို့သည် ဘုရားသခင် ၏ ကျေးဇူး တော်ကို ဝန်ခံ လျက်၊ နှုတ်ခမ်း အသီး တည်းဟူသောချီးမွမ်း ခြင်းယဇ် ကို သခင် ယေရှုခရစ်အားဖြင့် ဘုရားသခင့် ရှေ့တော်၌ အစဉ် ပူဇော် ကြကုန်အံ့
16 ၁၆ ကျေးဇူးပြုခြင်း၊ ဥစ္စာဝေမျှခြင်းအမှုတို့ကို မမေ့မလျော့ကြနှင့်။ ထိုသို့သောယဇ်ကို ဘုရားသခင်သည် အားရနှစ်သက်တော်မူ၏။
၁၆ကျေးဇူး ပြုခြင်း၊ ဥစ္စာဝေမျှ ခြင်းအမှုတို့ကို မ မေ့ မလျော့ကြနှင့်။ ထိုသို့သော ယဇ် ကို ဘုရားသခင် သည် အားရ နှစ်သက်တော်မူ၏
17 ၁၇ သင်တို့ကို အုပ်သောသူတို့၏ စကားကို နားထောင်၍ နှိမ့်ချလျက်နေကြလော့၊ သူတို့သည် ကိုယ်တိုင် စစ်ကြောခြင်းကိုခံရသောသူကဲ့သို့၊ သင်တို့ စိတ်ဝိညာဉ်၏ အကျိုးအလိုငှါစောင့်နေကြကုန်၏။ သင်တို့ အကျိုးကို မဖြစ်စေတတ်သော ဝမ်းနည်းခြင်းမရှိ၊ ဝမ်းမြောက်ခြင်း ရှိ၍၊ သူတို့သည်စစ်ကြောခြင်းကို ခံရမည်အကြောင်း သတိပြုလျက်နေကြလော့။
၁၇သင် တို့ကို အုပ် သောသူ တို့၏ စကားကို နားထောင် ၍ နှိမ့်ချ လျက်နေကြလော့၊ သူတို့သည် ကိုယ်တိုင်စစ်ကြောခြင်းကိုခံရသောသူကဲ့သို့၊ သင် တို့ စိတ် ဝိညာဉ်၏ အကျိုး အလိုငှာစောင့် နေကြကုန်၏။ သင် တို့ အကျိုး ကို မဖြစ်စေတတ်သော ဝမ်းနည်း ခြင်းမ ရှိ၊ ဝမ်းမြောက် ခြင်း ရှိ၍၊ သူတို့သည်စစ်ကြောခြင်းကို ခံရမည်အကြောင်း သတိပြုလျက်နေကြလော့
18 ၁၈ ငါတို့အဘို့ဆုတောင်းကြလော့။ ငါတို့သည် ကိုယ်ကိုကိုယ် သိသောစိတ်ကြည်လင်လျက်၊ အရာရာတို့၌ ကောင်းမွန်စွာကျင့်နေခြင်းငှါ အလိုရှိသောသူဖြစ်သည်ဟု စိတ်စွဲလမ်းခြင်းရှိကြ၏။
၁၈ငါ တို့အဘို့ ဆုတောင်း ကြလော့။ ငါတို့သည် ကိုယ်ကိုကိုယ် သိသောစိတ်ကြည်လင် လျက်၊ အရာရာ တို့၌ ကောင်းမွန် စွာကျင့် နေခြင်းငှာအလိုရှိ သောသူဖြစ်သည်ဟု စိတ်စွဲလမ်း ခြင်းရှိကြ၏
19 ၁၉ ငါသည် သင်တို့ရှိရာသို့ အလျင်အမြန်ပြန်ရသောအခွင့်ရှိစေခြင်းငှါ၊ ငါတို့အဘို့ ဆုတောင်းမည် အကြောင်း ငါသည်သာ၍နှိုးဆော်တောင်းပန်၏။
၁၉ငါသည် သင် တို့ရှိရာသို့ အလျင်အမြန် ပြန် ရသောအခွင့်ရှိစေခြင်းငှာ ၊ ငါတို့အဘို့ ဆုတောင်းမည် အကြောင်း ငါသည်သာ၍ နှိုးဆော် တောင်းပန်၏
20 ၂၀ ထာဝရပဋိညာဉ်တရား၏ အသွေးတော်အားဖြင့်၊ သိုးများကိုထိန်းသော သိုးထိန်းကြီးဖြစ်သော ငါတို့သခင်ယေရှုကိုသေခြင်းမှ နှုတ်ဆောင်တော်မူသော၊ ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည်၊ (aiōnios g166)
၂၀ထာဝရ ပဋိညာဉ် တရား၏ အသွေး တော်အားဖြင့် ၊ သိုး များကိုထိန်းသော သိုးထိန်း ကြီး ဖြစ်သော ငါ တို့သခင် ယေရှု ကိုသေ ခြင်းမှ နှုတ်ဆောင် တော်မူသော၊ ငြိမ်သက် ခြင်း၏အရှင်ဘုရားသခင် သည်၊ (aiōnios g166)
21 ၂၁ မိမိနှစ်သက်တော်မူသော အမှုအရာကို ယေရှုခရစ်အားဖြင့် သင်တို့၌ပြုတော်မူ၍၊ သင်တို့သည် အလိုတော်သို့ လိုက်မည်အကြောင်း၊ ကောင်းသောအကျင့်အမျိုးမျိုး၌ သင်တို့ကိုပြုပြင်တော်မူပါစေသော။ ထိုသခင် ယေရှုခရစ်သည် ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။ (aiōn g165)
၂၁မိမိ နှစ်သက် တော်မူသော အမှုအရာ ကို ယေရှု ခရစ် အားဖြင့် သင် တို့၌ ပြု တော်မူ၍၊ သင်တို့သည် အလို တော်သို့ လိုက် မည်အကြောင်း ၊ ကောင်း သောအကျင့်အမျိုးမျိုး ၌ သင် တို့ကိုပြုပြင် တော်မူပါစေသော။ ထို သခင် ယေရှုခရစ်သည် ကမ္ဘာ အဆက်ဆက်ဘုန်းကြီး တော်မူစေသတည်း။ အာမင် (aiōn g165)
22 ၂၂ ညီအစ်ကိုတို့၊ ငါသည် အကျဉ်းအားဖြင့် ရေးထား၍ ကြားလိုက်သော ဤဆုံးမခြင်းဩဝါဒစကား ကို သည်းခံမည်အကြောင်း၊ ငါသည် သင်တို့ကို နှိုးဆော်တောင်းပန်၏။
၂၂ညီအစ်ကို တို့၊ ငါသည် အကျဉ်း အားဖြင့် ရေးထား၍ ကြား လိုက်သော ဤဆုံးမခြင်းဩဝါဒစကား ကို သည်းခံ မည်အကြောင်း၊ ငါသည် သင် တို့ကို နှိုးဆော် တောင်းပန်၏
23 ၂၃ ငါတို့ညီတိမောသေကို အခြားသို့ လွှတ်လိုက်သည်အရာကို သိမှတ်ကြလော့။ သူသည် မကြာမမြင့်မှီ ရောက်လျှင်၊ ငါသည်သူနှင့်အတူ လာ၍ သင်တို့ကို တွေ့မြင်လိမ့်မည်။
၂၃ငါ တို့ညီ တိမောသေ ကို အခြားသို့ လွှတ် လိုက်သည်အရာကို သိမှတ် ကြလော့။ သူသည် မ ကြာမမြင့်မှီ ရောက် လျှင် ၊ ငါသည်သူ နှင့်အတူ လာ၍ သင် တို့ကို တွေ့မြင် လိမ့်မည်
24 ၂၄ သင်တို့ကို အုပ်သောသူအပေါင်းတို့ကို၎င်း၊ သန့်ရှင်းသူအပေါင်းတို့ကို၎င်း၊ နှုတ်ဆက်ကြလော့။ ဣတလိပြည်သူပြည်သားတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။
၂၄သင် တို့ကို အုပ် သောသူ အပေါင်း တို့ကို၎င်း ၊ သန့်ရှင်း သူအပေါင်း တို့ကို၎င်း၊ နှုတ်ဆက် ကြလော့။ ဣတလိ ပြည်သူပြည်သားတို့သည် သင် တို့ကို နှုတ်ဆက် ကြ၏
25 ၂၅ သင်တို့အပေါင်း၌ ကျေးဇူးတော်ရှိစေသတည်း။ အာမင်။
၂၅သင် တို့အပေါင်း ၌ ကျေးဇူး တော်ရှိစေသတည်း။ အာမင်။

< ဟေဗြဲ 13 >