< ဟေဗြဲ 13 >
1 ၁ ညီအစ်ကိုချင်းချစ်ခြင်းမေတ္တာ၌တည်ကြလော့။ ဧည့်သည် ဝတ်ပြုခြင်းအမှုကို မမေ့မလျော့ကြနှင့်။
E MAU aku hoi ke aloha hoahanau.
2 ၂ အချို့သောသူတို့သည် ဧည့်သည်ဝတ်ကို ပြုသည်တွင်၊ ကောင်းကင်တမန်တို့ကို အမှတ်တမဲ့ ဧည့်ခံကြပြီ။
Mai hooki i ka hookipa; no ka mea, malaila no kekahi poe i hookipa ai i na anela me ka ike ole aku.
3 ၃ အကျဉ်းခံရသော သူတို့နှင့်အတူ ကိုယ်ခံရသကဲ့သို့မှတ်၍၊ သူတို့ကို အောက်မေ့ကြလော့။ သင်တို့သည် ကိုယ်ခန္ဓာနှင့်မကင်းလွတ်သောသူဖြစ်၍၊ ညှဉ်းဆဲခံရသောသူတို့ကို အောက်မေ့ကြလော့။
E hoomanao i ka poe pio me he mau hoapio pu la oukou; a i ka poe i hoinoia hoi me he mea la iloko o ke kino oukou.
4 ၄ ခပ်သိမ်းသော သူတို့၌ မင်္ဂလာဆောင်ခြင်းအမှုနှင့် သစ္စာသံဝါသပြုခြင်းအမှုသည် အသေရေ ရှိစေလော့။ မတရားသော မေထုန်ကိုပြုသောသူနှင့်သူ့မယားကို ပြစ်မှားသောသူကို ဘုရားသခင်စစ်ကြော စီရင်တော်မူလိမ့်မည်။
E mahaloia ka mare no na mea a pau, a e hoopaumaele ole ia hoi kahi moe: no ka mea, e hoahewa mai ana no ke Akua i ka poe hooipoipo, a me ka poe moe kolohe.
5 ၅ သင်တို့၏ကျင့်ကြံပြုမူခြင်းသည် ငွေကိုတပ်မက်ခြင်းနှင့် ကင်းလွတ်၍၊ ကိုယ်၌ရှိသောဥစ္စာနှင့် ရောင့်ရဲ ခြင်းရှိကြလော့။ အကြောင်းမူကား၊ ငါသည် သင့်ကိုမစွန့်၊ သင့်ကိုအလျှင်းပစ်၍မထားဟု ဂတိတော်ရှိ၏။
E noho oukou me ka punikala ole, oluolu no i na mea i loaa ia oukou; no ka mea, ua olelo mai oia, Aole loa au e hoonele aku ia oe, aole hoi e haalele ia oe;
6 ၆ ထိုကြောင့် ထာဝရဘုရားသည် ငါ့ကိုမစတော်မူသည်ဖြစ်၍၊ လူသည် ငါ၌ပြုနိုင်သမျှကိုငါမကြောက်ဟု၊ ငါတို့သည် ရဲရင့်သောစိတ်နှင့် ပြောဆိုရသောအခွင့် ရှိကြ၏။
E hiki no ia kakou ke olelo wiwo ole aku, O ka Haku ko'u mea nana e kokua mai, aole au e makau i ka kanaka e hana mai ai ia'u.
7 ၇ ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို သင်တို့အား ဟောပြော၍၊ သင်တို့ကိုအုပ်သောသူတို့ကို အောက်မေ့ကြလော့။ သူတို့သည် အဘယ်သို့ကျင့်ကြံပြုမူ၍ စုတေ့သည်ကို စေ့စေ့ဆင်ခြင်လျက်၊ သူတို့၏ယုံကြည်ခြင်းကို မှီအောင်လိုက်ကြလော့။
E hoomanao i ko oukou mau alakai, na mea nana i hai mai i ka olelo a ke Akua ia oukou; e noonoo pono i ka hope o ka lakou hana ana, e hele hoi mamuli o ko lakou manaoio.
8 ၈ ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲ မပြောင်းမလဲနေတော်မူ၏။ (aiōn )
O Iesu Kristo, he oia mau no ia, i nehinei, a i keia la no, a i ka wa pau ole. (aiōn )
9 ၉ အထူးထူးအပြားပြားသော အယူဝါဒသစ်ကို လိုက်၍ မဖေါက်ပြန်ကြနှင့်။ အစာများအားဖြင့် စိတ်ခိုင်ခံ့ မြဲမြံခြင်းမရှိဘဲ၊ ကျေးဇူးတော်အားဖြင့် ခိုင်ခံ့မြဲမြံလျှင် အကျိုးရှိ၏။ အစာများကို အမှုထားသော သူတို့သည် အကျိုးကိုရကြပြီမဟုတ်။
Mai hoohuliia oukou mao a mao e kela olelo a e keia olelo e; no ka mea, he mea pono ke hookupaaia ka naau ma ka pono io; aole ma na ai, na mea i pono ole ai ka poe i malama malaila.
10 ၁၀ တဲတော်၌ ဝပ်ပြုသောသူတို့စားရသောအခွင့် မရှိသောယဇ်ပလ္လင်သည် ငါတို့၌ရှိ၏။
He kuahu, ko kakou, aole e pono ke ai i ko laila, ka poe i malama ma ka halelewa.
11 ၁၁ အကြောင်းမူကား၊ ယဇ်ပုရောဟိတ်မင်းသည် အပြစ်ဖြေသော ယဇ်ကောင်၏အသွေးကို သန့်ရှင်းရာ ဌာနထဲသို့ သွင်းပြီးမှ၊ ယဇ်အသေကောင်တို့ကို တပ်ပြင်၌ မီးရှို့ရ၏။
A o na kino o na holoholona, ke haliia'e ko lakou koko e ke kahuna nui iloko o kahi hoano, i mohai no ka hewa, ua puhiia lakou i ke ahi mawaho o kahi e hoomoana'i.
12 ၁၂ ထိုသို့နှင့်အညီ၊ ယေရှုသည်မိမိအသွေးအားဖြင့် လူများကို စင်ကြယ်စေခြင်းငှါ၊ မြို့တံခါးအပြင်၌ အသေခံတော်မူ၏။
Nolaila, o Iesu hoi, i lilo ia i kalahala no kanaka, ma kona koko iho, ua make ia mawaho o ka ipuka.
13 ၁၃ သို့ဖြစ်၍၊ ငါတို့သည် ထိုသခင်နှင့်အတူ ကဲ့ရဲ့ခြင်းကိုခံ၍၊ တပ်ပြင်၊ အထံတော်သို့ ထွက်သွားကြ ကုန်အံ့။
No ia mea, e hele aku kakou io na la mawaho o kahi e hoomoana'i, e auamo ana i kona hoinoia ana.
14 ၁၄ အကြောင်းမူကား၊ ငါတို့သည် ဤဘဝ၌ အမြဲတည်သော မြို့မရှိ၊ နောက်ဖြစ်လတံ့သော မြို့ကိုရှာကြ၏။
No ka mea, aole o kakou kulanakauhale e mau ana maanei, aka, ke imi nei kakou ia mea ma ia hope aku.
15 ၁၅ ထိုကြောင့်၊ ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ဝန်ခံလျက်၊ နှုတ်ခမ်းအသီးတည်းဟူသော ချီးမွမ်းခြင်းယဇ်ကို သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ အစဉ်ပူဇော်ကြကုန်အံ့။
Ma ona la hoi e kaumaha mau aku ai kakou i ka mohai mahalo i ke Akua, oia ka hua o ko kakou mau lehelehe, e hoolea ana i kona mea.
16 ၁၆ ကျေးဇူးပြုခြင်း၊ ဥစ္စာဝေမျှခြင်းအမှုတို့ကို မမေ့မလျော့ကြနှင့်။ ထိုသို့သောယဇ်ကို ဘုရားသခင်သည် အားရနှစ်သက်တော်မူ၏။
Mai hoopoina hoi i ka hana lokomaikai aku, a me ka manawalea aku; no ka mea, o ka ke Akua mau mohai ia e oluolu nui ai.
17 ၁၇ သင်တို့ကို အုပ်သောသူတို့၏ စကားကို နားထောင်၍ နှိမ့်ချလျက်နေကြလော့၊ သူတို့သည် ကိုယ်တိုင် စစ်ကြောခြင်းကိုခံရသောသူကဲ့သို့၊ သင်တို့ စိတ်ဝိညာဉ်၏ အကျိုးအလိုငှါစောင့်နေကြကုန်၏။ သင်တို့ အကျိုးကို မဖြစ်စေတတ်သော ဝမ်းနည်းခြင်းမရှိ၊ ဝမ်းမြောက်ခြင်း ရှိ၍၊ သူတို့သည်စစ်ကြောခြင်းကို ခံရမည်အကြောင်း သတိပြုလျက်နေကြလော့။
Hoolohe i ka oukou mau kumu, a e noho mamuli o lakou; no ka mea, ua kiai lakou i ko oukou mau uhane, me he poe e hoike ana la, i hoike lakou me ka olioli, aole me ke kaumaha; no ka mea, he pono ole ia ia oukou.
18 ၁၈ ငါတို့အဘို့ဆုတောင်းကြလော့။ ငါတို့သည် ကိုယ်ကိုကိုယ် သိသောစိတ်ကြည်လင်လျက်၊ အရာရာတို့၌ ကောင်းမွန်စွာကျင့်နေခြင်းငှါ အလိုရှိသောသူဖြစ်သည်ဟု စိတ်စွဲလမ်းခြင်းရှိကြ၏။
E pule oukou no makou; no ka mea, ke manao nei makou, he naau hoopono ko makou, me ka makemake e hana pololei aku makou ma na mea a pau.
19 ၁၉ ငါသည် သင်တို့ရှိရာသို့ အလျင်အမြန်ပြန်ရသောအခွင့်ရှိစေခြင်းငှါ၊ ငါတို့အဘို့ ဆုတောင်းမည် အကြောင်း ငါသည်သာ၍နှိုးဆော်တောင်းပန်၏။
Ke noi ikaika aku nei au i keia mea, i hoihoi koke ia aku ai au ia oukou.
20 ၂၀ ထာဝရပဋိညာဉ်တရား၏ အသွေးတော်အားဖြင့်၊ သိုးများကိုထိန်းသော သိုးထိန်းကြီးဖြစ်သော ငါတို့သခင်ယေရှုကိုသေခြင်းမှ နှုတ်ဆောင်တော်မူသော၊ ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည်၊ (aiōnios )
Na ke Akua hoopomaikai, na ka mea i hoala mai i ko kakou Haku ia Iesu mai ka make mai, i ka mea i lilo mai, ma ke koko o ka berita mau loa, i Kahu nui no ka poe hipa. (aiōnios )
21 ၂၁ မိမိနှစ်သက်တော်မူသော အမှုအရာကို ယေရှုခရစ်အားဖြင့် သင်တို့၌ပြုတော်မူ၍၊ သင်တို့သည် အလိုတော်သို့ လိုက်မည်အကြောင်း၊ ကောင်းသောအကျင့်အမျိုးမျိုး၌ သင်တို့ကိုပြုပြင်တော်မူပါစေသော။ ထိုသခင် ယေရှုခရစ်သည် ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။ (aiōn )
E hoomakaukau mai ia oukou no na hana maikai a pau e hana aku i kona makemake, e hana mai ana oia iloko o oukou i ka mea pono imua o kona maka, ma o Iesu Kristo la; nona ka hoonani mau loa ia'ku i ke ao pau ole. Amene. (aiōn )
22 ၂၂ ညီအစ်ကိုတို့၊ ငါသည် အကျဉ်းအားဖြင့် ရေးထား၍ ကြားလိုက်သော ဤဆုံးမခြင်းဩဝါဒစကား ကို သည်းခံမည်အကြောင်း၊ ငါသည် သင်တို့ကို နှိုးဆော်တောင်းပန်၏။
Eia hoi, ke nonoi aku nei au ia oukou, e na hoahanau, o ae oluolu mai i keia olelo hooikaika; no ka mea, ua palapala pokole aku au ia oukou.
23 ၂၃ ငါတို့ညီတိမောသေကို အခြားသို့ လွှတ်လိုက်သည်အရာကို သိမှတ်ကြလော့။ သူသည် မကြာမမြင့်မှီ ရောက်လျှင်၊ ငါသည်သူနှင့်အတူ လာ၍ သင်တို့ကို တွေ့မြင်လိမ့်မည်။
E ike hoi oukou, ua hookuuia'ku nei ka hoahanau o Timoteo; a i hoi koke mai ia, e ike pu maua ia oukou.
24 ၂၄ သင်တို့ကို အုပ်သောသူအပေါင်းတို့ကို၎င်း၊ သန့်ရှင်းသူအပေါင်းတို့ကို၎င်း၊ နှုတ်ဆက်ကြလော့။ ဣတလိပြည်သူပြည်သားတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။
E aloha aku i ko oukou mau alakai, a me ka poe haipule a pau. Ke uwe aku nei ko Italia nei ia oukou.
25 ၂၅ သင်တို့အပေါင်း၌ ကျေးဇူးတော်ရှိစေသတည်း။ အာမင်။
No oukou a pau loa ke aloha. Amene.