< ဟေဗြဲ 13 >

1 ညီအစ်ကိုချင်းချစ်ခြင်းမေတ္တာ၌တည်ကြလော့။ ဧည့်သည် ဝတ်ပြုခြင်းအမှုကို မမေ့မလျော့ကြနှင့်။
Let brotherly love continue.
2 အချို့သောသူတို့သည် ဧည့်သည်ဝတ်ကို ပြုသည်တွင်၊ ကောင်းကင်တမန်တို့ကို အမှတ်တမဲ့ ဧည့်ခံကြပြီ။
Do not forget to show hospitality to strangers, for in doing so, some have entertained angels without knowing it.
3 အကျဉ်းခံရသော သူတို့နှင့်အတူ ကိုယ်ခံရသကဲ့သို့မှတ်၍၊ သူတို့ကို အောက်မေ့ကြလော့။ သင်တို့သည် ကိုယ်ခန္ဓာနှင့်မကင်းလွတ်သောသူဖြစ်၍၊ ညှဉ်းဆဲခံရသောသူတို့ကို အောက်မေ့ကြလော့။
Remember those who are in bonds, as bound with them; and those who are ill-treated, since you are also in the body.
4 ခပ်သိမ်းသော သူတို့၌ မင်္ဂလာဆောင်ခြင်းအမှုနှင့် သစ္စာသံဝါသပြုခြင်းအမှုသည် အသေရေ ရှိစေလော့။ မတရားသော မေထုန်ကိုပြုသောသူနှင့်သူ့မယားကို ပြစ်မှားသောသူကို ဘုရားသခင်စစ်ကြော စီရင်တော်မူလိမ့်မည်။
Let marriage be held in honor among all, and let the bed be undefiled: for God will judge the sexually immoral and adulterers.
5 သင်တို့၏ကျင့်ကြံပြုမူခြင်းသည် ငွေကိုတပ်မက်ခြင်းနှင့် ကင်းလွတ်၍၊ ကိုယ်၌ရှိသောဥစ္စာနှင့် ရောင့်ရဲ ခြင်းရှိကြလော့။ အကြောင်းမူကား၊ ငါသည် သင့်ကိုမစွန့်၊ သင့်ကိုအလျှင်းပစ်၍မထားဟု ဂတိတော်ရှိ၏။
Be free from the love of money, content with such things as you have, for he has said, "I will never leave you or forsake you."
6 ထိုကြောင့် ထာဝရဘုရားသည် ငါ့ကိုမစတော်မူသည်ဖြစ်၍၊ လူသည် ငါ၌ပြုနိုင်သမျှကိုငါမကြောက်ဟု၊ ငါတို့သည် ရဲရင့်သောစိတ်နှင့် ပြောဆိုရသောအခွင့် ရှိကြ၏။
So we can confidently say, "The Lord is my helper; I will not fear. What can humans do to me?"
7 ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို သင်တို့အား ဟောပြော၍၊ သင်တို့ကိုအုပ်သောသူတို့ကို အောက်မေ့ကြလော့။ သူတို့သည် အဘယ်သို့ကျင့်ကြံပြုမူ၍ စုတေ့သည်ကို စေ့စေ့ဆင်ခြင်လျက်၊ သူတို့၏ယုံကြည်ခြင်းကို မှီအောင်လိုက်ကြလော့။
Remember your leaders, who spoke to you the word of God, and considering the results of their conduct, imitate their faith.
8 ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲ မပြောင်းမလဲနေတော်မူ၏။ (aiōn g165)
Yeshua the Messiah is the same yesterday, today, and forever. (aiōn g165)
9 အထူးထူးအပြားပြားသော အယူဝါဒသစ်ကို လိုက်၍ မဖေါက်ပြန်ကြနှင့်။ အစာများအားဖြင့် စိတ်ခိုင်ခံ့ မြဲမြံခြင်းမရှိဘဲ၊ ကျေးဇူးတော်အားဖြင့် ခိုင်ခံ့မြဲမြံလျှင် အကျိုးရှိ၏။ အစာများကို အမှုထားသော သူတို့သည် အကျိုးကိုရကြပြီမဟုတ်။
Do not be carried away by all kinds of strange teachings, for it is good that the heart be established by grace, not by food, through which those who were so occupied were not benefited.
10 ၁၀ တဲတော်၌ ဝပ်ပြုသောသူတို့စားရသောအခွင့် မရှိသောယဇ်ပလ္လင်သည် ငါတို့၌ရှိ၏။
We have an altar from which those who serve the holy tabernacle have no right to eat.
11 ၁၁ အကြောင်းမူကား၊ ယဇ်ပုရောဟိတ်မင်းသည် အပြစ်ဖြေသော ယဇ်ကောင်၏အသွေးကို သန့်ရှင်းရာ ဌာနထဲသို့ သွင်းပြီးမှ၊ ယဇ်အသေကောင်တို့ကို တပ်ပြင်၌ မီးရှို့ရ၏။
For the bodies of those animals, whose blood is brought into the holy place by the cohen hagadol as an offering for sin, are burned outside of the camp.
12 ၁၂ ထိုသို့နှင့်အညီ၊ ယေရှုသည်မိမိအသွေးအားဖြင့် လူများကို စင်ကြယ်စေခြင်းငှါ၊ မြို့တံခါးအပြင်၌ အသေခံတော်မူ၏။
Therefore Yeshua also, that he might sanctify the people through his own blood, suffered outside of the gate.
13 ၁၃ သို့ဖြစ်၍၊ ငါတို့သည် ထိုသခင်နှင့်အတူ ကဲ့ရဲ့ခြင်းကိုခံ၍၊ တပ်ပြင်၊ အထံတော်သို့ ထွက်သွားကြ ကုန်အံ့။
Let us therefore go out to him outside of the camp, bearing the abuse he bore.
14 ၁၄ အကြောင်းမူကား၊ ငါတို့သည် ဤဘဝ၌ အမြဲတည်သော မြို့မရှိ၊ နောက်ဖြစ်လတံ့သော မြို့ကိုရှာကြ၏။
For we do not have here an enduring city, but we seek that which is to come.
15 ၁၅ ထိုကြောင့်၊ ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ဝန်ခံလျက်၊ နှုတ်ခမ်းအသီးတည်းဟူသော ချီးမွမ်းခြင်းယဇ်ကို သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ အစဉ်ပူဇော်ကြကုန်အံ့။
Through him, then, let us offer up a sacrifice of praise to God continually, that is, the fruit of lips that confess his name.
16 ၁၆ ကျေးဇူးပြုခြင်း၊ ဥစ္စာဝေမျှခြင်းအမှုတို့ကို မမေ့မလျော့ကြနှင့်။ ထိုသို့သောယဇ်ကို ဘုရားသခင်သည် အားရနှစ်သက်တော်မူ၏။
But do not forget to be doing good and sharing, for with such sacrifices God is well pleased.
17 ၁၇ သင်တို့ကို အုပ်သောသူတို့၏ စကားကို နားထောင်၍ နှိမ့်ချလျက်နေကြလော့၊ သူတို့သည် ကိုယ်တိုင် စစ်ကြောခြင်းကိုခံရသောသူကဲ့သို့၊ သင်တို့ စိတ်ဝိညာဉ်၏ အကျိုးအလိုငှါစောင့်နေကြကုန်၏။ သင်တို့ အကျိုးကို မဖြစ်စေတတ်သော ဝမ်းနည်းခြင်းမရှိ၊ ဝမ်းမြောက်ခြင်း ရှိ၍၊ သူတို့သည်စစ်ကြောခြင်းကို ခံရမည်အကြောင်း သတိပြုလျက်နေကြလော့။
Obey your leaders and submit to them, for they watch on behalf of your souls, as those who will give account, that they may do this with joy, and not with groaning, for that would be unprofitable for you.
18 ၁၈ ငါတို့အဘို့ဆုတောင်းကြလော့။ ငါတို့သည် ကိုယ်ကိုကိုယ် သိသောစိတ်ကြည်လင်လျက်၊ အရာရာတို့၌ ကောင်းမွန်စွာကျင့်နေခြင်းငှါ အလိုရှိသောသူဖြစ်သည်ဟု စိတ်စွဲလမ်းခြင်းရှိကြ၏။
Pray for us, for we are persuaded that we have a good conscience, desiring to live honorably in all things.
19 ၁၉ ငါသည် သင်တို့ရှိရာသို့ အလျင်အမြန်ပြန်ရသောအခွင့်ရှိစေခြင်းငှါ၊ ငါတို့အဘို့ ဆုတောင်းမည် အကြောင်း ငါသည်သာ၍နှိုးဆော်တောင်းပန်၏။
I strongly urge you to do this, that I may be restored to you sooner.
20 ၂၀ ထာဝရပဋိညာဉ်တရား၏ အသွေးတော်အားဖြင့်၊ သိုးများကိုထိန်းသော သိုးထိန်းကြီးဖြစ်သော ငါတို့သခင်ယေရှုကိုသေခြင်းမှ နှုတ်ဆောင်တော်မူသော၊ ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည်၊ (aiōnios g166)
Now may the God of peace, who brought again from the dead the great Shepherd of the sheep with the blood of an everlasting covenant, our Lord Yeshua, (aiōnios g166)
21 ၂၁ မိမိနှစ်သက်တော်မူသော အမှုအရာကို ယေရှုခရစ်အားဖြင့် သင်တို့၌ပြုတော်မူ၍၊ သင်တို့သည် အလိုတော်သို့ လိုက်မည်အကြောင်း၊ ကောင်းသောအကျင့်အမျိုးမျိုး၌ သင်တို့ကိုပြုပြင်တော်မူပါစေသော။ ထိုသခင် ယေရှုခရစ်သည် ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။ (aiōn g165)
make you complete in every good thing to do his will, working in us that which is well pleasing in his sight, through Yeshua the Messiah, to whom be the glory forever. Amen. (aiōn g165)
22 ၂၂ ညီအစ်ကိုတို့၊ ငါသည် အကျဉ်းအားဖြင့် ရေးထား၍ ကြားလိုက်သော ဤဆုံးမခြင်းဩဝါဒစကား ကို သည်းခံမည်အကြောင်း၊ ငါသည် သင်တို့ကို နှိုးဆော်တောင်းပန်၏။
But I exhort you, brothers, endure the word of exhortation, for I have written to you in few words.
23 ၂၃ ငါတို့ညီတိမောသေကို အခြားသို့ လွှတ်လိုက်သည်အရာကို သိမှတ်ကြလော့။ သူသည် မကြာမမြင့်မှီ ရောက်လျှင်၊ ငါသည်သူနှင့်အတူ လာ၍ သင်တို့ကို တွေ့မြင်လိမ့်မည်။
Know that our brother Timothy has been freed, with whom, if he comes shortly, I will see you.
24 ၂၄ သင်တို့ကို အုပ်သောသူအပေါင်းတို့ကို၎င်း၊ သန့်ရှင်းသူအပေါင်းတို့ကို၎င်း၊ နှုတ်ဆက်ကြလော့။ ဣတလိပြည်သူပြည်သားတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။
Greet all of your leaders and all the kadoshim. Those from Italy send you greetings.
25 ၂၅ သင်တို့အပေါင်း၌ ကျေးဇူးတော်ရှိစေသတည်း။ အာမင်။
Grace be with you all.

< ဟေဗြဲ 13 >