< ဟဂ္ဂဲ 2 >
1 ၁ သတ္တမလနှစ်ဆယ်တရက်နေ့တွင်၊ ပရောဖက် ဟဂ္ဂဲအားဖြင့် ထာဝရဘုရား၏ နှုတ်ကပတ်တော် ရောက် လာ၍၊
Сьомого місяця, двадцятого й першого дня місяця було слово Господнє через пророка Огія таке:
2 ၂ သင်သည် ယုဒမြို့ဝန်၊ ရှာလသေလသား ဇေရု ဗဗေလနှင့် ယဇ်ပုရောဟိတ်မင်းယောဇဒက်သား ယောရှု မှစ၍ ကျန်ကြွင်းသောသူတို့အား ဆင့်ဆိုရမည်မှာ၊
„Скажи но до Зорова́веля, сина Шалтіїлового, намісника Юдиного, і до Ісуса, сина Єгосадакового, великого священика, та до решти наро́ду, говорячи.
3 ၃ ဤအိမ်တော်သည် ရှေးဘုန်းနှင့် ပြည့်စုံသည်ကို မြင်ဘူး၍ သင်တို့တွင် ကျန်ကြွင်းသော သူကား အဘယ် သူနည်း။ ယခုအဘယ်အရာကို မြင်သနည်း။ နှိုင်းယှဉ် လျှင် သင်တို့မျက်မှောက်၌ အဘယ်မျှမဟုတ်သကဲ့သို့ ဖြစ်သည်မဟုတ်လော။
Хто серед вас позостався, що бачив цей дім у першій його славі? А яким ви бачите його тепер? Чи ж не є він супроти того, як ніщо́ в ваших оча́х?
4 ၄ သို့သော်လည်း၊ အိုဇေရုဗဗေလ၊ အားယူလော့ ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။ အို ယဇ်ပုရောဟိတ်မင်း ယောဇဒက်သားယောရှု၊ အားယူလော့။ အိုပြည်သူပြည် သားအပေါင်းတို့၊ အားယူကြလော့ဟု၊ ထာဝရဘုရား မိန့် တော်မူ၏။
А тепер будь му́жній, Зорова́велю, говорить Госпо́дь, і зміцнися, Ісусе, сину Єгосадаків, священику великий, і зміцнися, ввесь наро́де землі, говорить Госпо́дь, і робіть, бо Я з вами, говорить Господь Савао́т.
5 ၅ အဲဂုတ္တုပြည်မှ ထွက်သောအခါ သင်တို့နှင့် ငါဖွဲ့ သော ပဋိညာဉ်စကားနှင့်အညီ ငါသည် သင်တို့နှင့်အတူ ရှိ၏။ ငါ၏ဝိညာဉ်တော်သည် သင်တို့တွင် နေရာကျ၏။ မစိုးရိမ်ကြနှင့်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားမိန့်တော်မူ၏။
Сло́ва, якими Я склав з вами заповіта, коли ви вихо́дили з Єгипту, а дух Мій пробува́є серед вас, не бійтеся!
6 ၆ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ကာလမကြာမမြင့်မှီကောင်းကင်၊ မြေကြီး၊ ပင်လယ်၊ ကုန်းတို့ကို တဖန် ငါလှုပ်ဦးမည်။
Бо так промовляє Господь Савао́т: Ще раз, — а станеться це незаба́ром, — і Я затрясу́ небо та землю, і море та суході́л!
7 ၇ လူမျိုးအပေါင်းတို့ကိုလည်း ငါလှုပ်ဦးမည်။ လူမျိုး အပေါင်းတို့ နှစ်သက်ဘွယ်သောအရာသည် ရောက်၍၊ ဤအိမ်ကို ဘုန်းနှင့် ငါပြည့်စုံစေမည်ဟု၊ ကောင်းကင်ဗိုလ် ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။
І затрясу́ всіма́ наро́дами, і при́йдуть кошто́вності всіх наро́дів, і напо́вню цей дім славою, говорить Госпо́дь Савао́т.
8 ၈ ရွှေနှင့်ငွေကို ငါပိုင်သည်ဟု၊ ကောင်းကင်ဗိုလ် ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။
Моє срі́бло й Моє золото, говорить Господь Саваот.
9 ၉ နောက်တည်သော ဤအိမ်တော်သည် အရင် အိမ်တော်ထက် ဘုန်းသာ၍ကြီးလိမ့်မည်ဟု၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။ ဤအရပ်၌ လည်း ငြိမ်သက်ခြင်းကို ငါပေးမည်ဟု၊ ကောင်းကင်ဗိုလ် ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
Більша буде слава цього останнього дому від першого, говорить Господь Саваот, і на цьому місці Я дам мир, говорить Госпо́дь Саваот“.
10 ၁၀ ဒါရိမင်းကြီး နန်းစံနှစ်နှစ်၊ နဝမလနှစ်ဆယ် လေးရက်နေ့တွင်၊ ထာဝရဘုရား၏နှုတ်ကပတ်တော် သည် ပရောဖက်ဟဂ္ဂဲအားဖြင့် ရောက်လာလျက်၊
Двадцятого й четвертого дня, дев'ятого місяця, другого року Да́рія було́ слово Господнє через пророка Огі́я таке:
11 ၁၁ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားက၊ သင်သည် တရားအမှုကို ယဇ်ပုရောဟိတ်၌ မေးမြန်းရ မည်မှာ၊
„Так говорить Госпо́дь Савао́т: Запитай но священиків про Зако́на, гово́рячи:
12 ၁၂ လူသည် သန့်ရှင်းသော အမဲသားကို မိမိအဝတ် နှင့် ထုတ်၍ ဆောင်ခဲ့လျက်၊ မုန့်၊ ဟင်း၊ စပျစ်ရည်၊ ဆီ အစရှိသော စားစရာတစုံတခုကို ထိုအဝတ်နှင့်ထိလျှင်၊ ထိုစားစရာသည် သန့်ရှင်းလိမ့်မည်လောဟု မေးမြန်း သော်၊ ယဇ်ပုရောဟိတ်တို့က၊ ထိုစားစရာသည် မသန့်ရှင်း ဟု ပြန်ပြောကြ၏။
Ось несе хтось освячене м'ясо в полі́ своєї оде́жі, і доторкне́ться поло́ю своєю до хліба, чи до потра́ви, чи до вина, чи до оливи, чи до якої пожи́ви, — чи стане те освя́ченим? І священики відповіли́ та й сказали: „Ні!“
13 ၁၃ ဟဂ္ဂဲကလည်း၊ အသေကောင်အားဖြင့် မစင် ကြယ်သောသူသည် ထိုအရာတစုံတခုကိုထိလျှင် ညစ်ညူး ခြင်းရှိလိမ့်မည်လောဟု မေးမြန်းသော်၊ ယဇ်ပုရောဟိတ် တို့က၊ ညစ်ညူးခြင်းရှိလိမ့်မည်ဟု ပြန်ပြောကြ၏။
Тоді Огі́й сказав: Якщо б нечистий через мертвого доторкну́вся до всього цього, чи стане воно нечистим? І відповіли священики та й сказали: „Стане нечистим!“
14 ၁၄ ဟဂ္ဂဲကလည်း၊ ဤလူမျိုး၊ ဤပြည်သားတို့သည် ငါ့မျက်မှောက်၌ ထိုအတူဖြစ်ကြ၏။ သူတို့လုပ်ဆောင် သမျှသည်လည်း ထိုအတူဖြစ်၏။ ငါ့ထံမှာ ပူဇော်သော အရာသည်လည်း ညစ်ညူး၏ဟု၊ ထာဝရဘုရား မိန့်တော် မူ၏။
І відповів Огій та й сказав: „Отакий наро́д цей, і такий цей люд перед Моїм лицем, — говорить Госпо́дь, — і такий усякий чин їхніх рук, і що вони складають там, — нечисте воно!
15 ၁၅ ထာဝရဘုရား၏ဗိမာန်တော်၌ ကျောက်တခု ပေါ်မှာ တခုကို မတင်မှီ၊ ယခုနေ့မှစ၍ အထက်အမှုကို ပြန်ကြည့်ဆင်ခြင်ကြပါလော့။
А тепер зверніть но своє серце на час від цього дня й далі, ще по́ки не був покла́дений камінь до каменя в Господньому храмі.
16 ၁၆ ထိုကာလတွင် ဆန်အတင်းနှစ်ဆယ်ထွက်ရ သော စပါးပုံသို့ လူလာသောအခါ တဆယ်ကိုသာ ရ၏။ စပျစ်ရည်အိုးငါးဆယ်ကို ယူခြင်းငှါ စပျစ်သီးနယ်ရာကျင်း သို့ လာသောအခါ နှစ်ဆယ်ကိုသာ ရ၏။
Відко́ли то було, що прихо́див бувало до копи́ці набирати двадцять мір, а було тільки десять, прихо́див до чави́ла набрати п'ятдесят мір, а було двадцять.
17 ၁၇ သင်တို့ လုပ်ဆောင်သမျှတို့တွင် လေထိ၍ အပင်သေဘေး၊ အရည်ယို၍ သေဘေးဖြင့် ငါသည် ဒဏ် ခတ်ခဲ့ပြီ။ သို့သော်လည်း၊ သင်တို့သည် ငါ့ထံသို့ ပြန်၍ မလာကြဟု ထာဝရဘုရားမိန့်တော်မူ၏။
Бив Я вас посу́хою й зеленя́чкого та гра́дом, усі чи́ни ваших рук, та не кли́кали ви до Мене, говорить Госпо́дь.
18 ၁၈ ထာဝရဘုရား၏ဗိမာန်တော်တိုက်မြစ်ကျ၍၊ နဝမလနှစ်ဆယ်လေးရက်နေ့၊ ယနေ့မှစ၍ ရှေ့သို့ မျှော် ကြည့်ဆင်ခြင်ကြပါလော့။ ဆင်ခြင်ရမည်အကြောင်း အရာဟူမူကား၊
Зверніть ваші серця́ на час від цього дня й далі, від дня двадцятого й четвертого, дев'ятого місяця, від того дня, коли був засно́ваний Господній храм, зверніть ваше серце на це.
19 ၁၉ စပါးကျီ၌ စပါးရှိသလော။ မရှိ။ စပျစ်ပင်၊ သင်္ဘောသဖန်းပင်၊ သလဲပင်၊ သံလွင်ပင်တို့သည် အသီး ကို မသီးကြသေး။ သို့သော်လည်း၊ ယနေ့မှစ၍ သင်တို့ကို ငါကောင်းကြီးပေးမည်ဟု မိန့်တော်မူ၏။
Чи є ще насіння в комо́рі? Бо ще виноград, і фіґове дерево, і дерево грана́тове, і дерево оли́вкове, — ніщо не прино́сило пло́ду. Від цього дня Я поблагословлю́ їх“.
20 ၂၀ ထိုလနှစ်ဆယ်လေးရက်နေ့တွင်၊ ထာဝရဘုရား ၏နှုတ်ကပတ်တော်သည် ဟဂ္ဂဲသို့ တဖန်ရောက်လာ၍၊
I було́ слово Господнє до Огі́я вдруге двадцятого й четвертого дня того ж місяця таке:
21 ၂၁ သင်သည် ယုဒမြို့ဝန်၊ ဇေရုဗဗေလကို ဆင့်ဆို ရမည်မှာ၊ ငါသည် ကောင်းကင်နှင့်မြေကြီးကို လှုပ်မည်။
Скажи Зорова́велю, намісникові Юдиному, говорячи: Я затрясу́ небо та землю,
22 ၂၂ တိုင်းနိုင်ငံတို့၏ ရာဇပလ္လင်များကို မှောက်လှန် ၍၊ အမျိုးမျိုးသော တိုင်းနိုင်ငံတန်ခိုးကို ဖျက်ဆီးမည်။ ရထားနှင့် ရထားစီးသူရဲတို့ ကိုလည်း မှောက်လှန်မည်။ မြင်းနှင့် မြင်းစီးသူရဲ တို့သည် တယောက်ကို တယောက်ခုတ်၍ လဲကြလိမ့်မည်။
і попереверта́ю тро́ни царств, і повигу́блюю силу поганських царств, і попереверта́ю колесни́ці та тих, хто їздить у них, і попа́дають коні та їхні верхівці́, один мечем о́дного.
23 ၂၃ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ အို ရှာလသေလသား၊ ငါ့ကျွန်ဇေရုဗ ဗေလ၊ ထိုအခါ သင့်ကိုငါယူ၍ တံဆိပ်လက်စွပ်ကဲ့သို့ ခန့် ထားမည်ဟု၊ ထာဝရဘုရား မိန့်တော်မူ၏။ သင့်ကို ငါရွေး ချယ်ပြီဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူ၏။
Того дня, — говорить Госпо́дь Савао́т, — візьму́ Я тебе, Зорова́велю, сину Шеалтіїлів, Мій ра́бе, — говорить Господь, — і покладу́ тебе, немов ту печа́тку, бо Я тебе вибрав, говорить Госпо́дь Савао́т“.