< ဟဂ္ဂဲ 1 >
1 ၁ ဒါရိမင်းကြီးနန်းစံနှစ်နှစ်၊ ဆဌမလတရက်နေ့ တွင်၊ ပရောဖက်ဟဂ္ဂဲအားဖြင့် ယုဒမြို့ဝန်၊ ရှာလသေလ သား ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်မင်း ယောဇဒက် သား ယောရှုဆီသို့ ထာဝရဘုရား၏နှုတ်ကပတ်တော် ရောက်လာ၍၊
၁ဒါရိ မင်းကြီး နန်းစံနှစ် နှစ် ၊ ဆဌမ လ တ ရက် နေ့ တွင် ၊ ပရောဖက် ဟဂ္ဂဲ အားဖြင့် ယုဒ မြို့ဝန် ၊ ရှာလသေလ သား ဇေရုဗဗေလ နှင့် ယဇ်ပုရောဟိတ် မင်း ယောဇဒက် သား ယောရှု ဆီသို့ ထာဝရဘုရား ၏နှုတ်ကပတ် တော် ရောက် လာ၍၊
2 ၂ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့် တော်မူသည်ကား၊ အချိန်မရောက်သေး၊ ထာဝရဘုရား၏ အိမ်တော်ကို တည်ဆောက်ရသော အချိန်မရောက်သေး ဟု၊ ဤလူများ ပြောဆိုကြသည်မှာ၊
၂ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ အချိန် မ ရောက် သေး၊ ထာဝရဘုရား ၏ အိမ် တော်ကို တည်ဆောက် ရသောအချိန် မရောက်သေး ဟု၊ ဤ လူ များ ပြောဆို ကြသည်မှာ၊
3 ၃ ပရောဖက် ဟဂ္ဂဲအားဖြင့် ထာဝရဘုရား၏ နှုတ် ကပတ်တော်ရောက်လာသည်ကား၊
၃ပရောဖက် ဟဂ္ဂဲ အားဖြင့် ထာဝရဘုရား ၏ နှုတ်ကပတ် တော်ရောက် လာသည်ကား၊
4 ၄ အချင်းလူတို့၊ သင်တို့သည် အမိုးနှစ်ထပ်နှင့် ပြည့်စုံသော အိမ်၌ နေချိန်ရှိလျက်ပင်၊ အိမ်တော်ပျက် လျက် နေရမည်လော။
၄အချင်းလူတို့၊ သင် တို့သည် အမိုးနှစ်ထပ်နှင့် ပြည့်စုံ သော အိမ် ၌ နေ ချိန် ရှိလျက်ပင်၊ အိမ် တော်ပျက် လျက် နေရမည်လော။
5 ၅ ယခုမှာ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ ကိုယ်ကျင့်သော အကျင့်တို့ ကို ဆင်ခြင်ကြလော့။
၅ယခု မှာ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ကိုယ်ကျင့်သောအကျင့် တို့ ကို ဆင်ခြင် ကြလော့။
6 ၆ သင်တို့သည် များစွာသော မျိုးစေ့ကို ကြဲသော် လည်း အသီးအနှံနည်းပါးရ၏။ စားရသော်လည်း ဝစွာ မစားရကြ။ သောက်သော်လည်း ဝစွာ မသောက်ရကြ။ အဝတ်ကို ဝတ်ရသော်လည်း နွေးစွာ မဝတ်ရကြ။ အလုပ် လုပ်၍ အခကို ခံရသော်လည်း မလုံသော အိတ်ထဲမှာ သိုထားရကြ၏။
၆သင်တို့သည် များစွာ သော မျိုးစေ့ ကို ကြဲသော်လည်း အသီးအနှံနည်းပါး ရ ၏။ စား ရသော်လည်း ဝ စွာ မ စားရကြ။ သောက် ရသော်လည်း ဝစွာ မ သောက် ရကြ။ အဝတ်ကို ဝတ် ရသော်လည်း နွေး စွာ မ ဝတ်ရကြ။ အလုပ် လုပ်၍ အခ ကို ခံရသော်လည်းမ လုံသော အိတ် ထဲမှာ သိုထားရကြ၏။
7 ၇ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့် တော်မူသည်ကား၊ ကိုယ်အကျင့်တို့ကို ဆင်ခြင်ကြလော့။
၇ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ကိုယ် အကျင့် တို့ကို ဆင်ခြင် ကြလော့။
8 ၈ တောင်ပေါ်သို့ တက်သွား၍ သစ်သားကို ဆောင်ခဲ့ပြီးလျှင် အိမ်တော်ကို ဆောက်ကြလော့။ ငါသည် လည်း အားရ၍ ငါ၏ဘုန်းသည် ထင်ရှားလိမ့်မည်ဟု၊ ထာဝရဘုရား မိန့်တော်မူ၏။
၈တောင် ပေါ်သို့ တက် သွား၍ သစ်သား ကို ဆောင် ခဲ့ပြီးလျှင် အိမ် တော်ကို ဆောက် ကြလော့။ ငါသည် လည်း အားရ ၍ ငါ၏ဘုန်း သည် ထင်ရှားလိမ့်မည်ဟု၊ ထာဝရဘုရား မိန့် တော်မူ၏။
9 ၉ သင်တို့သည် များစွာရမည်ဟု မြော်လင့်သော် လည်း ရသောဥစ္စာခေါင်းပါးရ၏။ အိမ်သို့ ရောက်သော အခါ ငါမှုတ်လိုက်၏။ အဘယ်ကြောင့်နည်းဟု၊ ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မေးတော်မူ၏။ ငါ့အိမ် သည် ပျက်လျက်ရှိသောကြောင့်၎င်း၊ သင်တို့သည် အသီး အသီး မိမိတို့အိမ်သို့ ပြေးသောကြောင့်၎င်း ဖြစ်သတည်း။
၉သင်တို့သည် များစွာ ရမည်ဟု မြော်လင့် သော်လည်း ရသောဥစ္စာခေါင်းပါး ရ၏။ အိမ် သို့ ရောက် သောအခါ ငါမှုတ် လိုက်၏။ အဘယ်ကြောင့် နည်းဟု၊ ကောင်းကင် ဗိုလ်ခြေ အရှင် ထာဝရဘုရား မေး တော်မူ၏။ ငါ့ အိမ် သည် ပျက် လျက်ရှိသောကြောင့် ၎င်း ၊ သင် တို့သည် အသီးအသီး မိမိ တို့အိမ် သို့ ပြေး သောကြောင့်၎င်း ဖြစ်သတည်း။
10 ၁၀ ထိုကြောင့် သင်တို့အပေါ်မှာ မိုဃ်းခေါင်သဖြင့် နှင်းမကျရ။ မြေသည်လည်း အသီးအနှံကို မပေးရ။
၁၀ထိုကြောင့် သင် တို့အပေါ် မှာ မိုဃ်း ခေါင် သဖြင့် နှင်း မကျရ။ မြေ သည်လည်း အသီးအနှံ ကို မ ပေးရ။
11 ၁၁ မြေပေါ်၌၎င်း၊ တောင်ပေါ်၌၎င်း၊ ဆန်စပါး၊ ချိုသောစပျစ်ရည်၊ ဆီအပေါ်၌၎င်း၊ မြေထဲကထွက်သမျှ အပေါ်၌၎င်း၊ လူသတ္တဝါတိရစ္ဆာန်အပေါ်၌၎င်း၊ လုပ် ဆောင်သမျှအပေါ်၌၎င်း၊ သွေ့ခြောက်ခြင်းဘေးကို ငါမှာ လိုက်လေပြီဟု မိန့်တော်မူ၏။
၁၁မြေ ပေါ် ၌၎င်း ၊ တောင် ပေါ် ၌၎င်း ၊ ဆန် စပါး၊ ချိုသောစပျစ်ရည် ၊ ဆီ အပေါ် ၌၎င်း ၊ မြေ ထဲကထွက် သမျှ အပေါ် ၌၎င်း ၊ လူ သတ္တဝါတိရစ္ဆာန် အပေါ် ၌၎င်း ၊ လုပ်ဆောင် သမျှ အပေါ် ၌၎င်း ၊ သွေ့ခြောက် ခြင်းဘေးကို ငါမှာ လိုက်လေပြီဟု မိန့်တော်မူ၏။
12 ၁၂ ထိုအခါ ရှာလသေလသား ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်မင်း ယောဇဒက်သား ယောရှုမှစ၍ ကျန် ကြွင်းသော သူအပေါင်းတို့သည် မိမိတို့ဘုရားသခင် ထာဝရဘုရား၏အမိန့်တော်ကို၎င်း၊ မိမိတို့ ဘုရားသခင် ထာဝရဘုရားစေခိုင်းတော်မူသောပရောဖက်ဟဂ္ဂဲစကားကို ၎င်း နားထောင်သဖြင့်၊ ထာဝရဘုရားရှေ့တော်၌ ကြောက်ရွံ့ကြ၏။
၁၂ထိုအခါ ရှာလသေလ သား ဇေရုဗဗေလ နှင့် ယဇ်ပုရောဟိတ် မင်း ယောဇဒက် သား ယောရှု မှစ၍ ကျန် ကြွင်းသော သူ အပေါင်း တို့သည် မိမိ တို့ဘုရား သခင်ထာဝရဘုရား ၏အမိန့် တော်ကို၎င်း ၊ မိမိ တို့ ဘုရား သခင်ထာဝရဘုရား စေခိုင်း တော်မူသောပရောဖက် ဟဂ္ဂဲ စကား ကို၎င်း နားထောင် သဖြင့် ၊ ထာဝရဘုရား ရှေ့ တော်၌ ကြောက်ရွံ့ ကြ၏။
13 ၁၃ ထိုအခါ ထာဝရဘုရားမှာထားတော်မူသည် အတိုင်း ထာဝရဘုရား၏ တမန်ဟဂ္ဂဲက၊ ငါသည် သင်တို့ နှင့်အတူရှိ၏ဟု၊ ထာဝရဘုရား မိန့်တော်မူကြောင်းကို လူများတို့အား ဆင့်ဆိုလေ၏။
၁၃ထိုအခါ ထာဝရဘုရား မှာ ထားတော်မူသည် အတိုင်း ထာဝရဘုရား ၏ တမန် ဟဂ္ဂဲ က၊ ငါ သည် သင် တို့နှင့်အတူ ရှိ၏ဟု၊ ထာဝရဘုရား မိန့် တော်မူကြောင်းကို လူ များတို့အား ဆင့်ဆို လေ၏။
14 ၁၄ ထာဝရဘုရားသည်လည်း၊ ယုဒမြို့ဝန်၊ ရှာလ သေလသား ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်မင်း ယော ဇဒက်သား ယောရှုမှစ၍ ကျန်ကြွင်းသော သူအပေါင်းတို့ ကို နှိုးဆော်တော်မူသောအားဖြင့်၊
၁၄ထာဝရဘုရား သည်လည်း၊ ယုဒ မြို့ဝန် ၊ ရှာလသေလ သား ဇေရုဗဗေလ နှင့် ယဇ်ပုရောဟိတ် မင်း ယောဇဒက် သား ယောရှု မှစ၍ကျန် ကြွင်းသော သူ အပေါင်း တို့ ကို နှိုးဆော် တော်မူသောအားဖြင့် ၊
15 ၁၅ ဒါရိမင်းကြီး နန်းစံနှစ်နှစ်၊ ဆဌမလနှစ်ဆယ် လေးရက်နေ့တွင်၊ သူတို့သည် လာ၍ မိမိတို့ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏အိမ်တော်၌ အလုပ်လုပ်ကြ၏။
၁၅ဒါရိ မင်းကြီး နန်းစံနှစ် နှစ် ၊ ဆဌမ လ နှစ်ဆယ် လေး ရက်နေ့ တွင် ၊ သူတို့သည် လာ ၍ မိမိ တို့ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏အိမ် တော်၌ အလုပ် လုပ် ကြ၏။