< ဟဗက္ကုတ် 2 >
1 ၁ ငါသည် ငါ့လင့်စင်ပေါ်မှာ ရပ်လျက်၊ ရဲတိုက်၌ အမြဲနေလျက်၊ ငါ့အား အဘယ်သို့ မိန့်တော်မူမည်ကို၎င်း၊ အပြစ်တင်လျှင် အဘယ်သို့ ပြန်လျှောက်ရမည်ကို၎င်း ငါစောင့်၍ နေစဉ်တွင်၊
Stal bom na svoji straži in se postavil na stolp in stražil bom, da vidim kaj mi bo rekel in kaj bom odgovoril, ko bom pograjan.
2 ၂ ထာဝရဘုရားကလည်း၊ ဘတ်သော သူသည် ပြေးလျက် ဘတ်နိုင်အောင်၊ ဗျာဒိတ် ရူပါရုံကို သင်ပုန်း ပေါ်မှာ အက္ခရာတင်၍ ရေးမှတ်လော့။
Gospod mi je odgovoril in rekel: »Zapiši videnje in ga naredi razločnega na ploščah, da bo lahko tekel, kdor ga bo bral.
3 ၃ ထိုရူပါရုံသည် ချိန်းချက်သော အချိန်နှင့်ဆိုင်၍ အမှုကုန်ရသော ကာလကို ဆိုလို၏။ မုသာနှင့် ကင်းလွတ် ၏။ ဆိုင်းသော်လည်း မြော်လင့်လော့။ နောက်မကျဘဲ ဧကန်အမှန် ရောက်လိမ့်မည်။
Kajti še je videnje za določeni čas, toda ob koncu bo govorilo in ne bo lagalo. Čeprav odlaša, čakaj nanj, kajti zagotovo bo prišlo, ne bo odlašalo.
4 ၄ စိတ်မြင့်သော သူသည် သဘောမဖြောင့်။ ဖြောင့်မတ်သော သူမူကား၊ မိမိယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။
Glej, njegova duša, ki je povzdignjena, ni iskrena v njem, toda pravični bo živel po svoji veri.
5 ၅ ထိုမှတပါး၊ စပျစ်ရည်နှင့်ပျော်မွေ့သော သူသည် သစ္စာပျက်တတ်၏။ မာနထောင်လွှားသောသူသည် ကိုယ် နေရာ၌မနေနိုင်ဘဲ၊ မိမိလောဘကို မရဏာနိုင်ငံကဲ့သို့ ကျယ်စေလျက်၊ သေမင်းကဲ့သို့ မပြေနိုင်သော စိတ်ရှိ လျက်၊ တိုင်းသူနိုင်ငံသား အမျိုးမျိုးအပေါင်းတို့ကို မိမိထံ သို့ ဆွဲငင်၍ စုဝေးစေ၏။ (Sheol )
Da, prav tako, ker greši z vinom, je ponosen človek niti se ne drži doma, ki svojo željo povečuje kakor pekel in je kakor smrt in ne more biti nasičen, temveč k sebi zbira vse narode in k sebi kopiči vsa ljudstva. (Sheol )
6 ၆ ထိုသူအပေါင်းတို့သည် သူတဘက်၌ ပုံစကားနှင့် ကဲ့ရဲ့သော နိမိတ်စကားကို သုံးဆောင်လျက်၊ ကိုယ်မပိုင် သော ဥစ္စာကို ဆည်းဖူးသောသူသည် အမင်္ဂလာရှိ၏။ အဘယ်မျှကာလပတ်လုံးကိုယ်အပေါ်မှာ ကြွေးများကို တင်စေပါလိမ့်မည်နည်းဟု မြွက်ဆိုကြမည်မဟုတ်လော။
Mar ne bodo vsi ti vzdignili prispodobe zoper njega in zbadljiv pregovor zoper njega in rekli: »Gorje tistemu, ki povečuje to, kar ni njegovo!« Doklej? In tistemu, ki se oblaga z zastavljenimi dobrinami!
7 ၇ သင့်ကို ကိုက်သော သူတို့သည် ချက်ခြင်း ထကြ မည်မဟုတ်လော။ နှောင့်ရှက်သော သူတို့သည် နိုးကြမည် မဟုတ်လော။ သင်သည် သူတို့လုယူရာဖြစ်လိမ့်မည်။
Mar se ne bodo nenadoma dvignili tisti, ki te bodo grizli in se prebudili tisti, ki te bodo mučili, ti pa jim boš v plen?
8 ၈ သင်သည် များစွာသောလူမျိုးတို့ကို လုယူသော ကြောင့်၊ ကျန်ကြွင်းသော လူမျိုးအပေါင်းတို့သည် သင့်ကို လုယူကြလိမ့်မည်။ လူအသက်ကို သတ်သောအပြစ်၊ ပြည် သူမြို့သားအပေါင်းတို့ကို ညှဉ်းဆဲသောအပြစ်ကြောင့် ပြု ကြလိမ့်မည်။
Ker si oplenil mnoge narode, bo ves preostanek ljudstva oplenil tebe zaradi človeške krvi in zaradi nasilja deželi, mestu in vsem, ki prebivajo v njem.
9 ၉ မိမိအသိုက်ကို မြင့်သော အရပ်၌တင်၍ ဘေး ဒဏ်လက်မှ မိမိလွတ်စေခြင်းငှါ၊ မကောင်းသော အဓမ္မ စီးပွားကို မိမိအမျိုးအဘို့ ရှာသောသူသည် အမင်္ဂလာ ရှိ၏။
Gorje tistemu, ki hlepi s hudobno pohlepnostjo za svojo hišo, da bi lahko postavil svoje gnezdo na visoko, da bi bil lahko osvobojen pred močjo zla!
10 ၁၀ သင်သည် လူများတို့ကို လုပ်ကြံသောအားဖြင့် ကိုယ်အမျိုးကို အရှက်ကွဲစေခြင်းငှါ ကြံစည်၍၊ ကိုယ် အသက်ကို ပြစ်မှားပြီ။
Svetoval si sramoto svoji hiši, s tem, da si uničil mnoga ljudstva in si grešil zoper svojo dušo.
11 ၁၁ အကယ်စင်စစ် ကျောက်တလုံးသည် ကျောက် ထရံထဲက ဟစ်ခေါ်၍၊ ထုပ်တချောင်းသည် သစ်သားစုထဲ က ထူးလေ၏။
Kajti kamen bo vpil iz zidu in bruno iz lesa mu bo odgovarjalo.
12 ၁၂ လူအသက်ကို သတ်သောအပြစ်နှင့် ရွာကို တည်သောသူ၊ အဓမ္မအမှုနှင့် မြို့ကို ခိုင်ခံ့စေသော သူ သည် အမင်္ဂလာရှိ၏။
Gorje tistemu, ki gradi mesto s krvjo in mesto utrjuje s krivičnostjo!
13 ၁၃ လူများတို့သည် မီးထဲမှာ လုပ်ဆောင်၍၊ အမျိုး မျိုးတို့သည် အချည်းနှီးသော အမှု၌ ပင်ပန်းစေခြင်းငှါ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားစီရင်တော်မူပြီ။
Glej, mar ni to od Gospoda nad bojevniki, da se bo ljudstvo trudilo v samem ognju in se bo ljudstvo izmučilo za samo ničnost?
14 ၁၄ အကြောင်းမူကား၊ ပင်လယ်ရေသည် မိမိနေရာ ကို လွှမ်းမိုးသကဲ့သို့၊ မြေကြီးသည် ထာဝရဘုရား၏ ဘုန်း တော်ကို သိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်။
Kajti zemlja bo napolnjena s spoznanjem Gospodove slave, kakor vode pokrivajo morje.
15 ၁၅ မိမိအိမ်နီးချင်း၌ အဝတ်အချည်းစည်းရှိခြင်းကို မြင်လို၍၊ သူ့ကို ယစ်မူးစေခြင်းငှါ သေရည်သေရက်ကို လောင်း၍ သောက်စေသော သူသည် အမင်္ဂလာရှိ၏။
Gorje mu, ki daje svojemu bližnjemu piti, ki svoje mehove polaga k njemu in ga dela tudi pijanega, da bi lahko gledal na njihovo nagoto!
16 ၁၆ သင်သည် အသရေပျက်၍ အရှက်ကွဲခြင်းနှင့် ဝလိမ့်မည်။ ကိုယ်တိုင်သောက်၍ အဝတ်ချွတ်ခြင်းကို ခံရ လိမ့်မည်။ ထာဝရဘုရား၏ လက်ျာလက်တော်၌ရှိသော ဖလားသည် သင့်ဆီသို့ ရောက်၍၊ ရွံရှာဘွယ်သော အော့ အန်ခြင်းသည် သင့်အသရေကို လွှမ်းမိုးလိမ့်မည်။
Napolnjen si s sramoto namesto s slavo. Pij tudi ti in naj bo tvoja prednja kožica odkrita. Čaša Gospodove desnice bo obrnjena k tebi in sramotno pljuvanje bo na tvoji slavi.
17 ၁၇ လေဗနုန်တောင်ကို အနိုင်အထက်ပြုသော အပြစ်၊ တိရစ္ဆာန်များကို ကြောက်မက်ဘွယ်သော အခြင်း အရာနှင့် ဖျက်ဆီးသော အပြစ်သည် သင့်ကို လွှမ်းမိုးလိမ့် မည်။ လူအသက်ကို သတ်သောအပြစ်၊ ပြည်သူမြို့သား အပေါင်းတို့ကို ညှဉ်းဆဲသော အပြစ်ရှိ၏။
Kajti nasilje Libanona te bo pokrilo in plen živali, ki si jih prestrašil zaradi človeške krvi in zaradi nasilja dežele, mesta in vseh, ki prebivajo v njem.
18 ၁၈ ထုလုပ်သော ရုပ်တုသည် အဘယ်အကျိုးကို ပေး၍၊ လက်သမားသည် ထုလုပ်ရသနည်း။ သွန်းသော ရုပ်တုနှင့်မိစ္ဆာဆရာသည် အဘယ်အကျိုးကို ပေး၍၊ လုပ် သောသူသည် မိမိအလုပ်ကို မှီခိုလျက်၊ စကားအသော ရုပ်တုတို့ကို လုပ်ရသနည်း။
Kaj koristi rezana podoba, ki jo je njen izdelovalec izrezal; ulita podoba in učiteljica laži, da izdelovalec svojega dela zaupa vanjo, da izdeluje neme malike?
19 ၁၉ သစ်သားအား၊ နိုးတော်မူပါဟူ၍၎င်း၊ စကား အသောကျောက်အား၊ ထတော်မူပါဟူ၍၎င်း ဆိုသော သူသည် အမင်္ဂလာရှိ၏။ ထိုအရာသည် သွန်သင်လိမ့် မည်လော။ ရွှေငွေနှင့် မွမ်းမံလျက် ရှိ၏။ အတွင်း၌ အသက်အလျှင်းမရှိပါတကား။
Gorje tistemu, ki govori lesu: »Zbudi se.« Nememu kamnu: »Vstani, ta bo učil!« Glej, ta je prevlečen z zlatom in srebrom in tam, v njegovi sredi, sploh ni nobenega diha.
20 ၂၀ ထာဝရဘုရားမူကား၊ သန့်ရှင်းသော ဗိမာန် တော်၌ရှိတော်မူ၏။ မြေကြီးသားအပေါင်းတို့၊ ရှေ့တော်၌ ငြိမ်ဝပ်စွာ နေကြလော့။
Toda Gospod je v svojem svetem templju. Naj vsa zemlja ohrani molk pred njim.