< ဟဗက္ကုတ် 2 >

1 ငါသည် ငါ့လင့်စင်ပေါ်မှာ ရပ်လျက်၊ ရဲတိုက်၌ အမြဲနေလျက်၊ ငါ့အား အဘယ်သို့ မိန့်တော်မူမည်ကို၎င်း၊ အပြစ်တင်လျှင် အဘယ်သို့ ပြန်လျှောက်ရမည်ကို၎င်း ငါစောင့်၍ နေစဉ်တွင်၊
Ka tu ahau ki taku mahi tiaki, ka whakanoho i ahau ki te taumaihi, ka tutei atu, ka titiro atu, ko te aha e kiia mai e ia ki ahau, a ko te aha e whakahokia e ahau ina riria taku.
2 ထာဝရဘုရားကလည်း၊ ဘတ်သော သူသည် ပြေးလျက် ဘတ်နိုင်အောင်၊ ဗျာဒိတ် ရူပါရုံကို သင်ပုန်း ပေါ်မှာ အက္ခရာတင်၍ ရေးမှတ်လော့။
Na ka utua mai taku e Ihowa; i ki mai ia, Tuhituhia te kite, kia marama rawa ki nga papa, kia tere ai te kaikorero.
3 ထိုရူပါရုံသည် ချိန်းချက်သော အချိန်နှင့်ဆိုင်၍ အမှုကုန်ရသော ကာလကို ဆိုလို၏။ မုသာနှင့် ကင်းလွတ် ၏။ ဆိုင်းသော်လည်း မြော်လင့်လော့။ နောက်မကျဘဲ ဧကန်အမှန် ရောက်လိမ့်မည်။
Mo tona wa ano hoki i whakaritea ai te kite, a e whawhai ana ia ki te mutunga, a e kore e teka; ahakoa roa ia, tatari atu ki a ia; no te mea he pono rawa ka puta mai; e kore e whakaroa.
4 စိတ်မြင့်သော သူသည် သဘောမဖြောင့်။ ဖြောင့်မတ်သော သူမူကား၊ မိမိယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။
Nana, kei te whakakake tona ngakau, kahore e tika i roto i a ia: ma tona whakapono ia ki ora ai te tangata tika.
5 ထိုမှတပါး၊ စပျစ်ရည်နှင့်ပျော်မွေ့သော သူသည် သစ္စာပျက်တတ်၏။ မာနထောင်လွှားသောသူသည် ကိုယ် နေရာ၌မနေနိုင်ဘဲ၊ မိမိလောဘကို မရဏာနိုင်ငံကဲ့သို့ ကျယ်စေလျက်၊ သေမင်းကဲ့သို့ မပြေနိုင်သော စိတ်ရှိ လျက်၊ တိုင်းသူနိုင်ငံသား အမျိုးမျိုးအပေါင်းတို့ကို မိမိထံ သို့ ဆွဲငင်၍ စုဝေးစေ၏။ (Sheol h7585)
Ae ra hoki, he mea nanakia te waina, he tangata whakakake, kahore e ata noho i te kainga; ko tona hiahia whakanuia ake e ia ano ko te reinga; kei te mate tona rite, e kore ano e ngata, e tawhiua ana hoki e ia nga iwi katoa ki a ia, e tuapuatia an a nga tangata katoa ki a ia: (Sheol h7585)
6 ထိုသူအပေါင်းတို့သည် သူတဘက်၌ ပုံစကားနှင့် ကဲ့ရဲ့သော နိမိတ်စကားကို သုံးဆောင်လျက်၊ ကိုယ်မပိုင် သော ဥစ္စာကို ဆည်းဖူးသောသူသည် အမင်္ဂလာရှိ၏။ အဘယ်မျှကာလပတ်လုံးကိုယ်အပေါ်မှာ ကြွေးများကို တင်စေပါလိမ့်မည်နည်းဟု မြွက်ဆိုကြမည်မဟုတ်လော။
E kore ianei e whakahuatia e enei katoa he kupu whakatauki mona, he whakapeka taunu ano mona, a ka mea, Aue, te mate mo te tangata e ami ana i te mea ehara nei i a ia! he pehea ra te roa? mo te tangata ano e haupu ake ana i te taunaha ki runga ki a ia!
7 သင့်ကို ကိုက်သော သူတို့သည် ချက်ခြင်း ထကြ မည်မဟုတ်လော။ နှောင့်ရှက်သော သူတို့သည် နိုးကြမည် မဟုတ်လော။ သင်သည် သူတို့လုယူရာဖြစ်လိမ့်မည်။
E kore ianei e maranga ohorere ake nga kaingau mou? e kore ianei e ara nga kaiwhakatoi i a koe, a ka waiho koe hei taonga parau ma ratou?
8 သင်သည် များစွာသောလူမျိုးတို့ကို လုယူသော ကြောင့်၊ ကျန်ကြွင်းသော လူမျိုးအပေါင်းတို့သည် သင့်ကို လုယူကြလိမ့်မည်။ လူအသက်ကို သတ်သောအပြစ်၊ ပြည် သူမြို့သားအပေါင်းတို့ကို ညှဉ်းဆဲသောအပြစ်ကြောင့် ပြု ကြလိမ့်မည်။
No te mea he maha nga iwi i pahuatia e koe, na ka pahuatia koe e nga toenga katoa o nga iwi; he mea hoki mo te toto o nga tangata, mo te mahi nanakia ki te whenua, ki te pa, a ki nga tangata katoa ano i reira.
9 မိမိအသိုက်ကို မြင့်သော အရပ်၌တင်၍ ဘေး ဒဏ်လက်မှ မိမိလွတ်စေခြင်းငှါ၊ မကောင်းသော အဓမ္မ စီးပွားကို မိမိအမျိုးအဘို့ ရှာသောသူသည် အမင်္ဂလာ ရှိ၏။
Aue, te mate mo te tangata, he kino nei te apo i apo taonga ai ia mo tona whare, he mea kia tiketike ake ai tona kohanga, kia ora ai ia i te kaha o te kino!
10 ၁၀ သင်သည် လူများတို့ကို လုပ်ကြံသောအားဖြင့် ကိုယ်အမျိုးကို အရှက်ကွဲစေခြင်းငှါ ကြံစည်၍၊ ကိုယ် အသက်ကို ပြစ်မှားပြီ။
Kua takoto i a koe he whakama mo tou whare i tau hatepenga atu i nga iwi maha; kua hara ano ki tou wairua ake.
11 ၁၁ အကယ်စင်စစ် ကျောက်တလုံးသည် ကျောက် ထရံထဲက ဟစ်ခေါ်၍၊ ထုပ်တချောင်းသည် သစ်သားစုထဲ က ထူးလေ၏။
Ka karanga hoki te kohatu i roto i te pakitara, ka whakahoki kupu ano te kurupae i roto i nga rakau.
12 ၁၂ လူအသက်ကို သတ်သောအပြစ်နှင့် ရွာကို တည်သောသူ၊ အဓမ္မအမှုနှင့် မြို့ကို ခိုင်ခံ့စေသော သူ သည် အမင်္ဂလာရှိ၏။
Aue, te mate mo te tangata e hanga ana i te pa ki te toto, e whakau ana hoki i te pa ki te he!
13 ၁၃ လူများတို့သည် မီးထဲမှာ လုပ်ဆောင်၍၊ အမျိုး မျိုးတို့သည် အချည်းနှီးသော အမှု၌ ပင်ပန်းစေခြင်းငှါ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားစီရင်တော်မူပြီ။
He teka ianei na Ihowa o nga mano i mauiui ai nga tangata i roto i te ahi, i ruha ai nga iwi i te kahore noa iho?
14 ၁၄ အကြောင်းမူကား၊ ပင်လယ်ရေသည် မိမိနေရာ ကို လွှမ်းမိုးသကဲ့သို့၊ မြေကြီးသည် ထာဝရဘုရား၏ ဘုန်း တော်ကို သိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်။
Ka kapi hoki te whenua i te matauranga ki te kororia o Ihowa, ano ko nga wai e taupoki ana i te moana.
15 ၁၅ မိမိအိမ်နီးချင်း၌ အဝတ်အချည်းစည်းရှိခြင်းကို မြင်လို၍၊ သူ့ကို ယစ်မူးစေခြင်းငှါ သေရည်သေရက်ကို လောင်း၍ သောက်စေသော သူသည် အမင်္ဂလာရှိ၏။
Aue, te mate mo te tangata e mea ana i tona hoa kia inu, e apiti atu ana i te mea nanakia ki tera, e whakahaurangi ana hoki i a ia, kia titiro ai koe ki a ratou e takoto tahanga ana!
16 ၁၆ သင်သည် အသရေပျက်၍ အရှက်ကွဲခြင်းနှင့် ဝလိမ့်မည်။ ကိုယ်တိုင်သောက်၍ အဝတ်ချွတ်ခြင်းကို ခံရ လိမ့်မည်။ ထာဝရဘုရား၏ လက်ျာလက်တော်၌ရှိသော ဖလားသည် သင့်ဆီသို့ ရောက်၍၊ ရွံရှာဘွယ်သော အော့ အန်ခြင်းသည် သင့်အသရေကို လွှမ်းမိုးလိမ့်မည်။
E ki ana koe i te whakama, kahore i te kororia: e inu hoki koe, kia waiho ai koe, ano he mea kokotikore: ka anga mai ki a koe te kapu a to Ihowa ringa matau, a he whakama whakarihariha ka tau ki runga ki tou kororia.
17 ၁၇ လေဗနုန်တောင်ကို အနိုင်အထက်ပြုသော အပြစ်၊ တိရစ္ဆာန်များကို ကြောက်မက်ဘွယ်သော အခြင်း အရာနှင့် ဖျက်ဆီးသော အပြစ်သည် သင့်ကို လွှမ်းမိုးလိမ့် မည်။ လူအသက်ကို သတ်သောအပြစ်၊ ပြည်သူမြို့သား အပေါင်းတို့ကို ညှဉ်းဆဲသော အပြစ်ရှိ၏။
Ko te mahi nanakia hoki ki Repanona hei taupoki mou, me te whakangaromanga o nga kararehe i wehingia ra e ratou; mo te toto hoki o nga tangata, mo te mahi nanakia ki te whenua, ki te pa, ki nga tangata ano o reira.
18 ၁၈ ထုလုပ်သော ရုပ်တုသည် အဘယ်အကျိုးကို ပေး၍၊ လက်သမားသည် ထုလုပ်ရသနည်း။ သွန်းသော ရုပ်တုနှင့်မိစ္ဆာဆရာသည် အဘယ်အကျိုးကို ပေး၍၊ လုပ် သောသူသည် မိမိအလုပ်ကို မှီခိုလျက်၊ စကားအသော ရုပ်တုတို့ကို လုပ်ရသနည်း။
He aha te pai o te whakapakoko i whaoa ai e tona kaihanga; o te whakapakoko whakarewa ano, o te kaiwhakaako ki te teka, i whakawhirinaki ai tona kaihanga ki tana mahi, ka mahi i nga whakapakoko wahangu?
19 ၁၉ သစ်သားအား၊ နိုးတော်မူပါဟူ၍၎င်း၊ စကား အသောကျောက်အား၊ ထတော်မူပါဟူ၍၎င်း ဆိုသော သူသည် အမင်္ဂလာရှိ၏။ ထိုအရာသည် သွန်သင်လိမ့် မည်လော။ ရွှေငွေနှင့် မွမ်းမံလျက် ရှိ၏။ အတွင်း၌ အသက်အလျှင်းမရှိပါတကား။
Aue, te mate mo te tangata e mea ana ki te rakau, Maranga; ki te kohatu reokore, E ara! ma tenei koia e whakaako? Nana, kua oti te koura, te hiriwa, te whakapiri ki a ia, a kahore rawa he wairua i roto.
20 ၂၀ ထာဝရဘုရားမူကား၊ သန့်ရှင်းသော ဗိမာန် တော်၌ရှိတော်မူ၏။ မြေကြီးသားအပေါင်းတို့၊ ရှေ့တော်၌ ငြိမ်ဝပ်စွာ နေကြလော့။
Kei tona temepara tapu ia a Ihowa. Whakarongoa, e te whenua katoa, i tona aroaro.

< ဟဗက္ကုတ် 2 >