< ကမ္ဘာ​ဦး 8 >

1 ဘုရားသခင်သည်၊ နောဧမှစ၍ အသက်ရှင် သမျှသောသတ္တဝါ၊ နောဧနှင့်အတူ သင်္ဘောထဲ၌ရှိသော တိရစ္ဆာန်အပေါင်းတို့ကို အောက်မေ့၍၊ မြေကြီးပေါ်မှာ လေ့လာစေတော်မူသဖြင့် ရေငြိမ်လေ၏။
Na ka mahara te atua ki a Noa, ki nga mea ora katoa me nga kararehe katoa ano hoki i a ia i roto i te aaka: na ka mea te Atua kia tika atu tetahi hau i runga i te whenua, a ka mariri nga wai.
2 နက်နဲရေပေါက်ရေတွင်းများ မိုဃ်းကောင်းကင် ပြွန်ဝများကို ဆို့ပိတ်၍ မိုဃ်းကို စဲစေတော်မူ၏။
A ka tutakina atu nga matapuna o te rire me nga matapihi o te rangi, ka whakamutua ano hoki te ua o te rangi.
3 ရေသည်လည်း မြေပေါ်မှာ အစဉ်အတိုင်း စီးသွား၍၊ အရက်တရာ့ငါးဆယ်စေ့သောအခါယုတ်လျော့ လေ၏။
Na ka hoki haere nga wai i runga i te whenua: a i te paunga o nga ra kotahi rau e rima tekau kua iti iho nga wai.
4 သတ္တမလ၊ ဆယ်ခုနစ်ရက်နေ့တွင် သင်္ဘောသည် အာရရတ်အမည်ရှိသော တောင်ပေါ်မှာ တင်လေ၏။
A i tau iho te aaka i te whitu o nga marama, i te kotahi tekau ma whitu o nga ra o te marama, ki runga ki nga maunga o Ararata.
5 ဒသမလတိုင်အောင် ရေသည် အစဉ်မပြတ် ယုတ်လျော့၍၊ ထိုလဆန်းတရက်နေ့တွင် တောင်ထိပ် တို့သည် ပေါ်ကြ၏။
Me te heke haere tonu o nga wai, a taea noatia te tekau o nga marama: no te tekau o nga marama, no te ra tuatahi o te marama, ka kitea nga tihi o nga maunga.
6 ထိုအရက်လေးဆယ်ကြာလျှင်၊ နောဧသည် သင်္ဘောထဲ၌ လုပ်ခဲ့သော ပြတင်းပေါကကိုဖွင့်၍၊ ကျီး တကောင်ကို လွှတ်လေ၏။
A, i te mutunga o nga ra e wha tekau, na ka uakina e Noa te matapihi o te aaka i hanga e ia:
7 ထိုကျီးအသည် မြေပေါ်မှာ ရေမခန်းမခြောက် မှီတိုင်အောင်၊ သွားလာလျက် နေလေ၏။
A ka tukua atu e ia he raweni, a, ko tona rerenga atu, ka kopiko atu, ka kopiko mai, a maroke noa nga wai i runga i te whenua.
8 တဖန် မြေမျက်နှာပေါ်မှာ ရေကုန်သည် မကုန်သည်ကို သိခြင်းငှါ၊ ချိုးတကောင်ကို လွှတ်ပြန်လေ၏။
Na ka tukua atu ano e ia he kukupa, kia kitea ai kua iti iho ranei nga wai i runga i te mata o te whenua;
9 မြေတပြင်လုံး၌ ရေရှိသေးသောကြောင့်၊ ချိုးသည် ခြေဖြင့်နင်း၍ အမောဖြေစရာကို မတွေ့သဖြင့်၊ နောဧရှိရာ သင်္ဘောသို့ပြန်လာလေ၏။ နောဧသည်လည်း လက်ကိုဆန့်၍၊ ချိုးကိုကိုင်ယူပြီးလျှင်၊ မိမိနေရာ သင်္ဘော ထဲသို့သွင်းလေ၏။
A kihai i kitea e te kukupa tetahi taunga iho mo te takahanga o tona waewae, a ka hoki mai ki a ia, ki roto ki te aaka: i runga hoki nga wai i te mata o te whenua katoa: na ka totoro atu tona ringa, a hopukia ana ia, tangohia ana mai ki a ia ki r oto ki te aaka.
10 ၁၀ တဖန်ခုနစ်ရက်နေပြီးမှ ထိုချိုးကို သင်္ဘောထဲက လွှတ်ပြန်၏။
Na ka tatari ano ia, e whitu atu nga ra; a ka tukua atu ano e ia te kukupa i roto i te aaka:
11 ၁၁ ညဦးအချိန်၌ ချိုးသည် နောဧထံသို့ ပြန်လာ၍၊ မိမိဆိတ်ယူသော သံလွင်ရွက်ကို မိမိနှုတ်သီးဖြင့် ဆောင်ခဲ့ သောကြောင့်၊
A i te ahiahi ka rere mai te kukupa ki a ia; na i roto i tona waha he rau oriwa, he mea korari mai; a ka mohio a Noa kua iti iho nga wai i runga i te whenua.
12 ၁၂ မြေကြီးပေါ်မှာ ရေကုန်ကြောင်းကို နောဧသိလေ၏။ တဖန် ခုနစ်ရက်နေပြီးမှ ထိုချိုးကို လွှတ်ပြန်၏။ နောက်တဖန် ချိုးသည် မပြန်မလာနေ၏။
A ka tatari ano ia, e whitu atu ano nga ra; a tukua atu ana e ia te kukupa; a kihai tena i hoki mai ano ki a ia i muri iho.
13 ၁၃ အနှစ်ခြောက်ရာတခု ပဌမလဆန်းတရက်နေ့တွင်၊ မြေကြီးပေါ်မှာ ရေခန်းခြောက်သည်ရှိသော်၊ နောဧသည် သင်္ဘောမိုးကို ပယ်ဖျက်၍ ကြည့်ရှုသောအခါ၊ မြေမျက်နှာသွေ့ခြောက်စရှိသည်ကို မြင်၏။
A no te ono rau ma tahi o nga tau, no te marama tuatahi, no te ra tuatahi o te marama, i maroke atu ai nga wai i runga i te whenua: na ka hurahia atu e Noa te hipoki o te aaka, a ka kite, na, kua maroke te mata o te whenua.
14 ၁၄ ဒုတိယလ၊ နှစ်ဆယ်ခုနစ်ရက်နေ့တွင် မြေကြီး သွေ့ခြောက်လေ၏။
A no te rua o nga marama, no te rua tekau ma whitu o nga ra o te marama, i maroke ai te whenua.
15 ၁၅ ဘုရားသခင်ကလည်း သင်သည် သားမယား၊ ချွေးမတို့နှင့်တကွ၊ သင်္ဘောထဲက ထွက်ဆင်းလော့။
Na ka korero te Atua ki a Noa, ka mea,
16 ၁၆
Puta mai koe i te aaka, koutou tahi ko tau wahine, ko au tama, me nga wahine a au tama.
17 ၁၇ သင်ထံမှာ အသက်ရှင်သော တိရစ္ဆာန်၊ ငှက်များ၊ သားများ မြေပေါ်၌ တွားတတ်သောတိရစ္ဆာန်များ တို့သည်၊ မြေပေါ်မှာသားကိုမွေး၍ အလွန် တိုးပွားများပြားမည်အကြောင်း၊ ထိုတိရစ္ဆာန်ရှိသမျှတို့ကို ကိုယ်နှင့်အတူ ထုတ်ဆောင်လော့ဟု၊ နောဧကို မိန့်တော်မူ၏။
Kia puta tahi mai me koe nga mea ora katoa i a koe na, nga kikokiko katoa, nga manu, nga kararehe, me nga mea ngoki katoa e ngokingoki ana i runga i te whenua; a kia whakatuputupu ratou ki runga ki te whenua, kia hua, kia ngahue ki runga ki te w henua.
18 ၁၈ ထိုအခါနောဧမှစ၍ သား၊ မယား၊ ချွေးမတို့သည် ထွက်ဆင်းကြ၏။
Na ka puta a Noa, ratou tahi ko ana tama, ko tana wahine, me nga wahine a ana tama:
19 ၁၉ သားများ၊ တွားတတ်သော တိရစ္ဆာန်များ၊ ငှက်များ၊ မြေပေါ်မှာ လှုပ်ရှားတတ်သမျှသော အမျိုးမျိုး အပေါင်းတို့သည်လည်း၊ သင်္ဘောထဲက ထွက်ဆင်းကြ၏။
Ka puta hoki i roto i te aaka nga kirehe katoa, nga mea ngokingoki katoa, nga manu katoa, me nga mea ngoki katoa i runga i te whenua o ia ahua, o ia ahua.
20 ၂၀ နောဧသည်လည်း၊ ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်ပြီးမှ စင်ကြယ်သောသား၊ စင်ကြယ်သော ငှက်အမျိုးမျိုးထဲကယူ၍၊ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့သော ယဇ်ကို ပူဇော်လေ၏။
Na ka hanga e Noa tetahi aata ma Ihowa, a ka tango ia i etahi o nga kararehe pokekore katoa, o nga manu pokekore katoa hoki, a whakaekea tinanatia ana e ia ki runga ki te aata.
21 ၂၁ ထာဝရဘုရားသည်လည်း မွှေးကြိုင်သော အနံ့ကို ခံယူ၍၊ ငါသည် နောက်တဖန်လူတို့အတွက် မြေကြီးကို မကျိန်။ အကြောင်းမူကား၊ လူတို့သည် ငယ်သောအရွယ်မှ စ၍၊ စိတ်နှလုံးအကြံအစည်ဆိုးကြ၏။ ငါသည် ယခုတခါ ပြုပြီးသကဲ့သို့၊ အသက်ရှင်သောအရာရှိသမျှတို့ကို နောက်တဖန် ဒဏ်မခတ်။
Na ka hongi a Ihowa i roto i tona ngakau, E kore ahau e kanga ano i te oneone a muri ake nei mo nga mahi a te tangata; otiia he kino nga tokonga ake o te ngakau o te tangata, o tona taitamarikitanga ake ano; e kore ano hoki ahau e patu i nga mea ora katoa a muri ake nei, e penei me tenei meatanga aku.
22 ၂၂ မြေကြိးမကုန်မှီတိုင်အောင် မျိုးစေ့ကြဲရသော ကာလ၊ အသီးအနှံကို သိမ်းရသောကာလ၊ ချမ်းသော ကာလ၊ ပူသောကာလ၊ နွေကာလ၊ ဆောင်းကာလ မပြတ်ရဟု အမိန့်တော်ရှိ၏။
E mau ana te whenua, e kore e mutu te po rui me te po kokoti, te maeke me te mahana, te raumati me te hotoke, te ao me te po.

< ကမ္ဘာ​ဦး 8 >

A Dove is Sent Forth from the Ark
A Dove is Sent Forth from the Ark