< ကမ္ဘာဦး 7 >
1 ၁ ထိုနောက်၊ ထာဝရဘုရားသခင်သည် နောဧကို တဖန် မိန့်တော်မူပြန်သည်ကား၊ ဤကာလအမျိုးတွင် သင်သည် ငါ့ရှေ့၌ ဖြောင့်မတ်ကြောင်းကို ငါသိမြင်သည် ဖြစ်၍၊ သင်၏အိမ်သူအိမ်သားအပေါင်းတို့နှင့်တကွ၊ သင်္ဘောထဲသို့ ဝင်ကြလော့။
Yahvé dijo a Noé: “Sube con toda tu familia a la nave, porque he visto tu justicia ante mí en esta generación.
2 ၂ မြေကြီးပေါ်မှာ တိရစ္ဆာန်အမျိုးမပျက်ဆက်နွယ် စေခြင်းငှါ၊ စင်ကြယ်သော သားမျိုး၊ တမျိုးတမျိုးတွင် အထီးအမခုနစ်စုံစီ၊ မစင်ကြယ်သော သားမျိုး၊ တမျိုး တမျိုးတွင်လည်း အထီးမနှစ်စုံစီ၊
Llevarás contigo siete parejas de cada animal limpio, el macho y su hembra. De los animales que no están limpios, toma dos, el macho y su hembra.
3 ၃ မိုဃ်းကောင်းကင်ငှက်၊ တမျိုးမျိုးတွင်လည်း အထီးအမခုနစ်စုံစီ၊ အသီးသီးတို့ကို သိမ်းယူရမည်။
También de las aves del cielo, siete y siete, macho y hembra, para mantener viva la semilla en la superficie de toda la tierra.
4 ၄ အကြောင်းမူကား၊ ယနေ့မှစ၍ ခုနစ်ရက်စေ့လျှင်၊ အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်သို့ မိုဃ်း ရွာစေမည်။ ငါဖန်ဆင်းသော သတ္တဝါအပေါင်းတို့ကို၊ မြေကြီးမျက်နှာပေါ်မှ ငါပယ်ရှင်းမည်ဟု၊ ထာဝရဘုရား မှာထားတော်မူ၏။
En siete días haré llover sobre la tierra durante cuarenta días y cuarenta noches. Destruiré todo ser viviente que he hecho de la superficie de la tierra”.
5 ၅ မှာထားတော်မူသည်အတိုင်းလည်း နောဧ ပြုလေ၏။
Noé hizo todo lo que Yahvé le ordenó.
6 ၆ မြေကြီးကို ရေလွှမ်းမိုးသောအခါ နောဧသည် အသက်ခြောက်ရာရှိသတည်း။
Noé tenía seiscientos años cuando el diluvio de aguas llegó a la tierra.
7 ၇ ရေလွှမ်းမိုးခြင်းဘေးကြောင့်၊ နောဧသည် မိမိ သား၊ မယား၊ ချွေးမများနှင့်တကွ၊ သင်္ဘောထဲသို့ ဝင်၍
Noé subió a la nave con sus hijos, su mujer y las mujeres de sus hijos, a causa de las aguas del diluvio.
8 ၈ ဘုရားသခင် မှာထားတော်မူသည့်အတိုင်း စင်ကြယ်သောသား၊ မစင်ကြယ်သောသား၊ ငှက်များနှင့် မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်များအထဲက၊
Los animales limpios, los inmundos, las aves y todo lo que se arrastra por el suelo
9 ၉ အထီးအမအစုံတို့သည်၊ နောဧနှင့်အတူ သင်္ဘောထဲသို့ ဝင်ကြ၏။
entraron por parejas con Noé en la nave, machos y hembras, como Dios le había ordenado a Noé.
10 ၁၀ ခုနစ်ရက်စေ့သောအခါ၊ လွှမ်းမိုးအပ်သော ရေသည် မြေပေါ်၌ ပေါ်လာ၏။
Después de los siete días, las aguas de la inundación llegaron a la tierra.
11 ၁၁ နောဧအသက်ခြောက်ရာစေ့သောနှစ်၊ ဒုတိယလ၊ ဆယ်ခုနစ်ရက်နေ့တွင်၊ ကြီးစွာသော နက်နဲရာ ရေပေါက်ရေတွင်းတို့၏ အဆီးအတားရှိသမျှကို ပယ်ရှင်း၍၊ မိုဃ်းကောင်းကင်ပြွန်ပများကို ဖွင့်သဖြင့်၊
En el año seiscientos de la vida de Noé, en el segundo mes, a los diecisiete días del mes, ese día estallaron todas las fuentes del gran abismo y se abrieron las ventanas del cielo.
12 ၁၂ အရက်လေးဆယ်ပတ်လုံးမြေကြီးပေါ်မှာ မိုဃ်းရွာလေ၏။
Llovió sobre la tierra durante cuarenta días y cuarenta noches.
13 ၁၃ ထိုနေ့ရက်တွင်၊ နောဧနှင် မိမိမယားမှစ၍ ရှေမ၊ ဟာမ၊ ယာဖက်တည်းဟူသော နောဧသားသုံးယောက်၊ ချွေးမသုံးယောက်တို့သည် သင်္ဘောထဲသို့ ဝင်ကြ၏။
En el mismo día Noé, y Sem, Cam y Jafet — los hijos de Noé — y la esposa de Noé y las tres esposas de sus hijos con ellos, entraron en la nave —
14 ၁၄ သားရဲမျိုး၊ သားယဉ်မျိုး၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်မျိုး၊ ပျံတက်သော ကြက်ငှက်မျိုး၊
ellos, y todo animal según su especie, todo el ganado según su especie, todo reptil que se arrastra sobre la tierra según su especie, y toda ave según su especie, toda ave de toda clase.
15 ၁၅ အသက်ရှင်သော တိရစ္ဆာန်အမျိုးအမျိုး အပေါင်းတို့အထဲက၊ အထီးအမအစုံတို့သည်၊ နောဧနှင့် အတူ သင်္ဘောထဲသို့ ဝင်ကြလေ၏။
Las parejas de toda carne con aliento de vida entraron en la nave hacia Noé.
16 ၁၆ ထိုသို့နောဧကို ဘုရားသခင်မှာထားတော်မူသည်အတိုင်းဝင်သောတိရစ္ဆာန်တို့သည်၊ ခပ်သိမ်းသော တိရစ္ဆာန်တို့အထဲက၊ အထီးအမ စုံလျက်ဝင်ကြ၏။ ထာဝရဘုရားသည်လည်း နောဧကို အထဲမှာ ပိတ်ထားတော်မူ၏။
Los que entraron, entraron macho y hembra de toda carne, como Dios le ordenó; entonces Yahvé lo encerró.
17 ၁၇ ရေလွှမ်းမိုးခြင်းသည် အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်မှာ အစဉ်အတိုင်း တိုးတက်၍ သင်္ဘောကို မြေမှခွါလျက် ဆောင်ယူလေ၏။
El diluvio duró cuarenta días sobre la tierra. Las aguas aumentaron, y levantaron la nave, y ésta se elevó sobre la tierra.
18 ၁၈ တဖန်ရေသည်အားကြီး၍ မြေကြီးပေါ်မှာ အလွန်တိုးတက်သဖြင့်၊ သင်္ဘောသည် ရေမျက်နှာပေါ်၌ မျောလျက်နေလေ၏။
Las aguas crecieron y aumentaron mucho sobre la tierra, y el barco flotaba sobre la superficie de las aguas.
19 ၁၉ နောက်တဖန်ရေသည် မြေကြီးပေါ်မှာ အလွန် အားကြီးသဖြင့် မိုဃ်းကောင်းကင်အောက်၌ ရှိသမျှသော တောင်ကြီးအပေါင်းတို့သည် မြုပ်ကြ၏။
Las aguas se elevaron mucho sobre la tierra. Todos los montes altos que había bajo todo el cielo quedaron cubiertos.
20 ၂၀ ရေမြုပ်သောတောင်တို့ အထက်၌ လွှမ်းတတ်သော ရေသည် ဆယ်ငါးတောင်ရှိသတည်း။
Las aguas subieron quince codos más, y las montañas quedaron cubiertas.
21 ၂၁ မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်မျိုးတည်းဟူသော ငှက်၊ သားယဉ်၊ သားရဲ၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်အပေါင်းတို့နှင့် လူအပေါင်းတို့သည် သေကြကုန်၏။
Murió toda la carne que se movía sobre la tierra, incluyendo las aves, el ganado, los animales, todo lo que se arrastra sobre la tierra y todo hombre.
22 ၂၂ အသက်ရှုလျက် ကုန်းပေါ်မှာ ရှိလေသမျှတို့သည် သေကြကုန်၏။
Murió todo lo que estaba en la tierra firme, en cuyas narices había aliento de espíritu de vida.
23 ၂၃ မြေမျက်နှာပေါ်၌ ရှိသောလူဖြစ်စေ၊ သားဖြစ်စေ တွားတတ်သော အရာဖြစ်စေ၊ မိုဃ်းကောင်းကင်ငှက် ဖြစ်စေ၊ အသက်ရှင်သော အရာရှိရှိသမျှတို့ကို မြေကြီးပေါ်က ပယ်ရှင်းတော်မူ၍၊ ပျက်စီးကွယ်ပျောက်ခြင်းသို့ ရောက်ကြကုန်၏။ နောဧမှ စ၍ နောဧနှင့်အတူ သင်္ဘောထဲ၌ရှိသော သူတို့သာကျန်ကြွင်းကြလေ၏။
Fue destruido todo ser viviente que estaba sobre la superficie de la tierra, incluidos el hombre, el ganado, los reptiles y las aves del cielo. Fueron destruidos de la tierra. Sólo quedó Noé y los que estaban con él en la nave.
24 ၂၄ ရေသည်လည်း မြေကြီးပေါ်မှာ ရက်ပေါင်း တရာ့ငါးဆယ်ပတ်လုံး အားကြီးစွာ တည်လေ၏။
Las aguas inundaron la tierra durante ciento cincuenta días.