< ကမ္ဘာဦး 6 >
1 ၁ မြေကြီးမျက်နှာပေါ်မှာလူတို့သည် များပြား၍ သမီးများကိုလည်း ရကြသောအခါ၊
Кынд ау ынчепут оамений сэ се ынмулцяскэ пе фаца пэмынтулуй ши ли с-ау нэскут фете,
2 ၂ ဘုရားသခင်၏သားတို့သည် လူသမီးတို့ လှကြောင်းကိုမြင်၍၊ ကိုယ်စိတ်ရှိသည်အတိုင်း စုံဘက်ကြ၏။
фиий луй Думнезеу ау вэзут кэ фетеле оаменилор ерау фрумоасе ши дин тоате шь-ау луат де невесте пе ачеля пе каре ши ле-ау алес.
3 ၃ ထာဝရဘုရားကလည်း ငါ့ဝိညာဉ်သည် လူတို့တွင် အစဉ်မဆုံးမရ။ အကြောင်းမူကား လူတို့သည် အသားဖြစ်၏။ သူ၏အသက်တန်းသည်လည်း၊ အနှစ်တရာနှစ်ဆယ်ဖြစ်စေဟု မိန့်တော်မူ၏။
Атунч, Домнул а зис: „Духул Меу ну ва рэмыне пуруря ын ом, кэч омул ну есте декыт карне пэкэтоасэ; тотушь, зилеле луй вор фи де о сутэ доуэзечь де ань.”
4 ၄ ထိုကာလ၌၊ မြေကြီးပေါ်မှာ ကိုယ်ကြီးမားသော သူအချို့ရှိကြ၏။ ထိုနောက်၌လည်း၊ ဘုရားသခင်၏ သားတို့သည်၊ လူသမီးတို့နှင့် ဆက်ဆံ၍ ရသောသားတို့သည်၊ အားကြီးသောသူ၊ ရှေးကာလမှစ၍၊ ကျော်စောသောသူ ဖြစ်ကြ၏။
Уриаший ерау пе пэмынт ын времуриле ачеля ши кяр ши дупэ че с-ау ымпреунат фиий луй Думнезеу ку фетеле оаменилор ши ле-ау нэскут еле копий; ачештя ерау витежий каре ау фост ын векиме, оамень ку нуме.
5 ၅ မြေကြီးပေါ်မှာ လူအပြစ်ကြီး၍၊ သူ၏ စိတ်နှလုံးအကြံအစည်ရှိသမျှတို့သည် အစဉ်မပြတ် ဆိုးညစ် ခြင်းသက်သက်ရှိကြောင်းကို၊ ဘုရားသခင် သိမြင်တော်မူလျှင်၊
Домнул а вэзут кэ рэутатя омулуй ера маре пе пэмынт ши кэ тоате ынтокмириле гындурилор дин инима луй ерау ындрептате ын фиекаре зи нумай спре рэу.
6 ၆ မြေကြီးပေါ်မှာ လူကို ဖန်ဆင်းတော်မူသည်ကို နောက်တရ၍၊ နှလုံးတော်ပူပန်လျက် ရှိတော်မူ၏။
Й-а пэрут рэу Домнулуй кэ а фэкут пе ом пе пэмынт ши С-а мыхнит ын инима Луй.
7 ၇ ထာဝရဘုရားကလည်း၊ ငါဖန်ဆင်းသော လူကို၎င်း၊ လူမှစ၍ သားများ၊ တွားတတ်သော တိရစ္ဆာန်များ၊ မိုဃ်းကောင်းကင်ငှက်များတို့ကို၎င်း မြေကြီးမျက်နှာမှာ ငါသုတ်သင်ပယ်ရှင်းမည်။ သူတို့ကို ဖန်ဆင်းသော ကြောင့် ငါနောင်တရသည်ဟု မိန့်တော်မူ၏။
Ши Домнул а зис: „Ам сэ штерг де пе фаца пэмынтулуй пе омул пе каре л-ам фэкут, де ла ом пынэ ла вите, пынэ ла тырытоаре ши пынэ ла пэсэриле черулуй, кэч Ымь паре рэу кэ й-ам фэкут.”
8 ၈ နောဧမူကား၊ ထာဝရဘုရားစိတ်တော်နှင့် တွေ့သောသူဖြစ်သတည်း။
Дар Ное а кэпэтат милэ ынаинтя Домнулуй.
9 ၉ နောဧအတ္ထုပ္ပတ္တိဟူမူကား၊ နောဧသည် ဖြောင့်မတ်သောသူ၊ မိမိအမျိုး၌ စုံလင်သောသူဖြစ်၏။ ဘုရားသခင်နှင့်အတူသွားလာ၏။
Ятэ каре сунт урмаший луй Ное. Ное ера ун ом неприхэнит ши фэрэ патэ ынтре чей дин время луй: Ное умбла ку Думнезеу.
10 ၁၀ နောဧသည် ရှေမ၊ ဟာမ၊ ယာဖက်တည်းဟူသော သားသုံးယောက်ကို မြင်လေ၏။
Ное а нэскут трей фий: Сем, Хам ши Иафет.
11 ၁၁ ထိုအခါ မြေကြီးသည် ဘုရားသခင့်ရှေ့မှာ ပုပ်စပ်လျက်ရှိ၏။ မြေကြီးသည် အဓမ္မအမှုနှင့် ပြည့်စုံလေ၏။
Пэмынтул ера стрикат ынаинтя луй Думнезеу; пэмынтул ера плин де силничие.
12 ၁၂ ဘုရားသခင်သည် မြေကြီးကိုကြည့်ရှုသောခါ၊ ပုပ်စပ်လျက်ရှိသည်ကို မြင်တော်မူ၏။ အကြောင်းမူကား မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ဖေါက်ပြန်ခြင်းသို့ ရောက်ကြပြီ။
Думнезеу С-а уйтат спре пэмынт ши ятэ кэ пэмынтул ера стрикат, кэч орьче фэптурэ ышь стрикасе каля пе пэмынт.
13 ၁၃ ထိုအခါ ဘုရားသခင်သည်၊ နောဧအား မိန့်တော်မူသည်ကား၊ သတ္တဝါအပေါင်းတို့၏ အဆုံးသည် ငါ့မျက်မှောက်တွင် ပေါ်လာပြီ။ သူတို့ကြောင့် မြေကြီးသည် အဓမ္မမှုနှင့်ပြည့်စုံလေ၏။ အကယ်စင်စစ် မြေကြီးနှင့် တကွ သူတို့ကို ငါဖျက်ဆီးမည်။
Атунч, Думнезеу а зис луй Ное: „Сфыршитул орькэрей фэптурь есте хотэрыт ынаинтя Мя, фииндкэ ау умплут пэмынтул де силничие; ятэ, ам сэ-й нимическ ымпреунэ ку пэмынтул.
14 ၁၄ ဂေါဖရသစ်သားဖြင့် သင်္ဘောကို ကိုယ်ဘို့ တည်လုပ်လော့။ အထဲ၌လည်း အခန်းများကို လုပ်လော့။ အတွင်း၊ ပြင်၊ ပတ်လည်ကို ထင်းရူးစေးနှင့်သုတ်လော့။
Фэ-ць о корабие дин лемн де гофер (кипарос); корабия ачаста с-о ымпарць ын кэмэруце ши с-о тенкуешть ку смоалэ пе динэунтру ши пе динафарэ.
15 ၁၅ လုပ်ရမည်ပုံ ဟူမူကား၊ သင်္ဘောအလျားအတောင်သုံးရာ၊ အနံအတောင်ငါးဆယ်၊ အမြင့် အတောင်သုံးဆယ်ရှိစေရမည်။
Ятэ кум с-о фачь: корабия сэ айбэ трей суте де коць ын лунӂиме, чинчзечь де коць ын лэциме ши трейзечь де коць ын ынэлциме.
16 ၁၆ အပေါ်၌သည်အမိုးကိုလုပ်ရမည်။ ထိုအမိုး အပေါ်အလယ်ချက်၌၊ ထိပ်အုပ်အနံတတောင်အကျယ် ရှိစေရမည်။ သင်္ဘောနံတဘက်၌လည်း တံခါးကို လုပ်ရမည်။ အောက်ဆင့်၊ အလယ်ဆင့်၊ အပေါ်ဆင့်ဟူ၍၊ သုံးဆင့်ကိုလည်း ရှိစေရမည်။
Сэ фачь корабией о ферястрэ, сус, латэ де ун кот; уша с-о пуй ын латура корабией ши сэ фачь ун рынд де кэмэрь жос, алтул ла мижлок ши алтул сус.
17 ၁၇ အသက်ရှင်သော သတ္တဝါ အပေါင်းတို့ကို၊ ကောင်းကင်အောက်မှ ငါ့ကိုယ်တိုင် ပယ်ရှင်ခြင်းငှါ၊ မြေကြီးကို ရေလွှမ်းမိုးစေသဖြင့်၊ မြေပေါ်မှာ ရှိသမျှတို့သည် သေကြရမည်။
Ши ятэ кэ Еу ам сэ фак сэ винэ ун потоп де апе пе пэмынт, ка сэ нимичяскэ орьче фэптурэ де суб чер каре аре суфларе де вяцэ; тот че есте пе пэмынт ва пери.
18 ၁၈ သင်၌မူကား၊ ငါ့ပဋိညာဉ်ကို ငါတည်စေမည်။ သင်သည် သား၊ မယား၊ ချွေးမများနှင့်တကွ၊ သင်္ဘော ထဲသို့ ဝင်ရမည်။
Дар ку тине фак ун легэмынт: сэ интри ын корабие, ту ши фиий тэй, невастэ-та ши невестеле фиилор тэй ымпреунэ ку тине.
19 ၁၉ အသက်ရှင်သော တိရစ္ဆာန်အမျိုးမျိုးထဲက၊ အထီးအမ၊ အစုံတို့ကိုယူ၍၊ သင်နှင့်အတူ အသက် ချမ်းသာစေခြင်းငှါ၊ သင်္ဘောထဲသို့ သွင်းရမည်။
Дин тот че трэеште, дин орьче фэптурэ, сэ ей ын корабие кыте доуэ дин фиекаре сой, ка сэ ле ций вий ку тине: сэ фие о парте бэрбэтяскэ ши о парте фемеяскэ.
20 ၂၀ ငှက်လည်းအမျိုးအလိုက်၊ သားလည်း အမျိုးအလိုက်၊ တွားတက်သော တိရစ္ဆာန်အပေါင်းလည်း အမျိုးအလိုက်၊ အထီးအမ၊ အစုံတို့သည် အသက်ချမ်းသာ စေခြင်းငှါ၊ သင့်ထံသို့ လာကြလိမ့်မည်။
Дин пэсэрь дупэ союл лор, дин вите дупэ союл лор ши дин тоате тырытоареле де пе пэмынт дупэ союл лор, сэ винэ ла тине ынэунтру кыте доуэ дин фиекаре сой, ка сэ ле ций ку вяцэ.
21 ၂၁ ကိုယ်စားစရာအဘို့၊ တိရစ္ဆာန်တို့စားစရာအဘို့၊ စားအပ်သော အစာအမျိုးမျိုးကို ယူ၍ သိုထားရမည်ဟု၊ ဘုရားသခင် မှာထားတော်မူ၏။
Ши ту я-ць дин тоате букателе каре се мэнынкэ ши фэ-ць меринде дин еле, ка сэ-ць служяскэ де хранэ цие ши лор.”
22 ၂၂ မှာထားတော်မူသည်အတိုင်းလည်း နောဧ ပြုလေ၏။
Аша а ши фэкут Ное: а фэкут тот че-й порунчисе Думнезеу.