< ကမ္ဘာဦး 50 >
1 ၁ ထိုအခါ ယောသပ်သည် အဘ၏မျက်နှာပေါ်မှာ ငုံ့၍၊ ငိုလျက် နမ်းလျက်နေ၏။
Which thing Joseph seiy, and felde on `the face of the fader, and wepte, and kiste hym;
2 ၂ အဘ၏အလောင်းကို နံ့သာမျိုးနှင့် ပြင်ဆင်စေခြင်းငှါ၊ မိမိကျွန် ဆေးသမားတို့ကို အမိန့်ရှိ၍၊ သူတို့သည် နံ့သာမျိုးနှင့် ပြင်ဆင်ကြ၏။
and he comaundide hise seruauntis, lechis, that thei schulden anoynte the fadir with swete smellynge spiceries.
3 ၃ နံ့သာမျိုးနှင့်ပြင်ဆင်သော အလောင်းကို၊ ထုံးစံရှိသည်အတိုင်း ထား၍၊ အရက်လေးဆယ်လွန်လျှင်၊ အဲဂုတ္တုလူတို့သည် ယာကုပ်ကြောင့်၊ အရက်ခုနစ်ဆယ် ပတ်လုံး ငိုကြွေးမြည်တမ်းခြင်းကိုပြုကြ၏။
While thei `filliden the comaundementis, fourti daies passiden, for this was the custom of deed bodies anoyntid; and Egipt biwepte hym seuenti daies.
4 ၄ ငိုကြွေးမြည်တမ်းသောနေ့ရက် လွန်သောအခါ၊ ယောသပ်သည် နန်းတော်သား အချို့တို့ကိုခေါ်၍၊ သင် တို့သည် ကျွန်ုပ်ကိုစေတနာစိတ်ရှိလျှင်၊ ဖာရောဘုရင် ထံတော်သို့သွား၍၊
And whanne the tyme of weiling was fillid, Joseph spak to the meyne of Farao, If Y haue founde grace in youre siyt, speke ye in the eeris of Farao; for my fadir chargide me,
5 ၅ ကျွန်တော်အဘက၊ ငါသေတော့မည်။ ခါနာန်ပြည်၌ ကိုယ်ဘို့ငါတူးဘူးသော သင်္ချိုင်းတွင်း၌၊ ငါ့ကို သင်္ဂြိုဟ် ရမည်ဟူ၍ ကျွန်တော်ကို ကျိန်ဆိုစေပါပြီ။ ထိုကြောင့် ကျွန်တော်သွား၍၊ အဘကို သင်္ဂြိုဟ်ပြီးမှ ပြန်လာပါမည် အကြောင်းကို အသနားတော်ခံပါသည်ဟု နားတော် လျှောက်ကြပါလော့ဟုဆို၏။
and seide, Lo! Y die, thou schalt birie me in my sepulcre which Y diggide to me in the lond of Canaan; therfor Y schal stie that Y birie my fadir, and Y schal turne ayen.
6 ၆ ဖာရောမင်းကလည်း၊ သင်၏အဘ ကျိန်ဆိုစေသည်အတိုင်း သွား၍၊ သင်္ဂြိုဟ်လော့ဟု မိန့်တော်မူ၏။
And Farao seide to hym, Stie, and birie thi fader, as thou art chargid.
7 ၇ ယောသပ်သည် အဘကိုသင်္ဂြိုဟ်ခြင်းငှါ ထွက်သွား၍၊ ဖာရောမင်း၏ ကျွန်များတည်းဟူသော နန်းတော် အရာရှိ၊ အဲဂုတ္တုပြည်အရာရှိအပေါင်းတို့နှင့်၊
And whanne `he stiede, alle the elde men of `the hous of Farao yeden with him, and alle the grettere men in birthe of the lond of Egipt; the hous of Joseph with her britheren,
8 ၈ ယောသပ်အိမ်သား၊ အစ်ကိုတို့ အိမ်သား၊ အဘအိမ်သားရှိသမျှ တို့သည်လိုက်ကြ၏။ သူငယ်တို့နှင့် သိုးနွားများကိုသာ၊ ဂေါရှင်ပြည်၌ ကျန်ရစ်စေကြ၏။
without litle children, and flockis, and grete beestis, whiche thei leften in the lond of Gessen, yeden with him.
9 ၉ ထိုသို့လျှင် ရထားများ၊ မြင်းစီးသူရဲများတည်းဟူသော အလွန်များစွာသော အလုံးအရင်းတို့သည် ယောသပ်နှင့်တကွ လိုက်သွားကြ၏။
And he hadde charis, and horsmen, and felouschip, and cumpany was maad not litil.
10 ၁၀ ယော်ဒန်မြစ်နားမှာ အာတဒ်ကောက်နယ် တလင်းသို့ရောက်သောအခါ၊ အလွန်ကြီးစွာသော ငိုကြွေးမြည်တမ်းခြင်းကို ပြုကြပြန်၏။ ယောသပ်သည် မိမိအဘကြောင့် ခုနစ်ရက်ပတ်လုံးငိုကြွေးမြည် တမ်းခြင်း ကိုပြုလေ၏။
And thei camen to the cornfloor of Adad, which is set ouer Jordan, where thei maden the seruice of the deed bodi, with greet weilyng and strong, and fillide seuen daies.
11 ၁၁ ထိုသို့အာတဒ်ကောက်နယ်တလင်း၌ ပြုသော ငိုကြွေးမြည်တမ်းခြင်းကို၊ ထိုပြည်သား ခါနာန်လူတို့သည် မြင်လျှင်၊ အဲဂုတ္တုလူတို့သည် ပြင်းစွာ ငိုကြွေးမြည်တမ်း ပါသည်တကားဟုဆိုကြ၏။ ထိုကြောင့် ယော်ဒန်မြစ်နား မှာရှိသော ထိုအရပ်ကို၊ အဗေလမိဇရိမ်ဟူ၍ သမုတ်ကြသတည်း။
And whanne the dwellers of the lond of Canaan hadden seyn this, thei seiden, This is a greet weiling to Egipcians; and therfor thei clepiden the name of that place the weilyng of Egipt.
12 ၁၂ ယာကုပ်သားတို့သည်၊ အဘမှာထားသည် အတိုင်း ပြုကြ၏။
Therfor the sones of Jacob diden, as he hadde comaundid to hem;
13 ၁၃ ခါနာန်ပြည်သို့ ဆောင်သွား၍၊ အာဗြဟံသည် ကိုယ်ပိုင်သောသင်္ချိုင်းဘို့၊ ဟိတ္တိအမျိုးသား ဧဖရုန်၌ ဝယ်သော မံရေမြို့ရှေ့၊ မပ္ပေလလယ်ပြင်တွင်ရှိသော မြေတွင်း၌ သင်္ဂြိုဟ်ကြ၏။
and thei baren hym in to the lond of Canaan, and thei birieden hym in the double denne, which denne with the feeld Abraham hadde bouyt of Effron Ethei, ayens the face of Mambre, into possessioun of sepulcre.
14 ၁၄ ယောသပ်သည် အဘကိုသင်္ဂြိုဟ်ပြီးလျှင်၊ အစ်ကိုများမှစ၍ မသာလိုက်လာသောသူအပေါင်းတို့နှင့် တကွ၊ အဲဂုတ္တုပြည်သို့ ပြန်လေ၏။
And Joseph turnede ayen in to Egipt with hise britheren and al the felouschipe, whanne the fadir was biried.
15 ၁၅ ယောသပ်အစ်ကိုတို့သည် အဘသေသည်ကို သိမြင်လျှင်၊ ငါတို့ကို ယောသပ်သည် အငြိုးထားကောင်း ထားလိမ့်မည်။ ငါတို့သည် အထက်က သူ့ကို ညှဉ်းဆဲသောကြောင့်၊ ငါတို့အား ဧကန်အမှန်ပြန်၍ ညှဉ်းဆဲ လိမ့်မည်ဟု စိုးရိမ်လျက်၊
And whanne the fadir was deed, the britheren of Joseph dredden, and spaken togidere, lest perauenture he be myndeful of the wrong which he suffride, and yelde to vs al the yuel, that we diden.
16 ၁၆ သူ့ထံသို့တမန်ကိုစေလွှတ်၍၊ ကိုယ်တော် အစ်ကိုတို့သည် မကောင်းသောအမှုကို ကိုယ်တော်အား ပြုမိ၍၊
And thei senten to hym, and seiden, Thi fadir comaundide to vs,
17 ၁၇ ကိုယ်တော်ကို ပြစ်မှားသောအပြစ်ကို လွှတ်တော်မူပါဟု၊ ကိုယ်တော်အား ကြားလျှောက်ရမည် အကြောင်း၊ ခမည်းတော်မသေမှီ ကျွန်တော်တို့ကို မှာထားခဲ့သည်ဖြစ်၍၊ ယခုတွင် ခမည်းတော်၏ ဘုရားသခင်ကျွန်တို့၏ အပြစ်ကိုလွှတ်တော်မူပါဟု လျှောက်ကြ၏။ ထိုသို့ လျှောက်ကြသောအခါ၊ ယောသပ်သည် မျက်ရည်ကျလေ၏။
bifore that he diede, that we schulden seie to thee these thingis bi hise wordis; Y beseche, that thou foryete the wickidnesse of thi britheren, and the synne, and malice which thei hauntiden ayens thee; also we preien, that thou foryyue this wickidnesse to thi fadir, the seruaunt of God. Whanne these thingis weren herd, Joseph wepte.
18 ၁၈ အစ်ကိုတို့သည်လည်းဝင်၍ ယောသပ်ရှေ့မှာ ပြပ်ဝပ်လျက်၊ ကျွန်တော်တို့သည် ကိုယ်တော်၏ကျွန် ဖြစ်ကြပါသည်ဟု လျှောက်ကြ၏။
And hise britheren camen to hym, and worschipiden lowe to erthe, and seiden, We ben thi seruauntis.
19 ၁၉ ယောသပ်ကလည်း၊ မစိုးရိမ်ကြနှင့်။ ကျွန်ုပ်သည် ဘုရားသခင် ကိုယ်စားဖြစ်သလော။
To whiche he answeride, Nyle ye drede; whether we moun ayenstonde Goddis wille?
20 ၂၀ သင်တို့သည် ကျွန်ုပ်ကို ညှဉ်းဆဲမည်ကြံကြသော်လည်း၊ ဘုရားသခင်သည် ယနေ့ဖြစ်သည်အတိုင်း၊ လူများ အသက်ချမ်းသာစေခြင်းငှါ ကျေးဇူးပြုမည် ကြံတော်မူ၏။
Ye thouyten yuel of me, and God turnede it in to good, that he schulde enhaunse me, as ye seen in present tyme, and that he schulde make saaf many puplis;
21 ၂၁ ထိုကြောင့်၊ မစိုးရိမ်ကြနှင့်။ သင်တို့နှင့် သူငယ်များကို ကျွန်ုပ်ကျွေးမွေးမည်ဟုဆိုလျက်၊ သူတို့ကို နှစ်သိမ့် စေ၍ မေတ္တာစကားကို ပြောလေ၏။
nyle ye drede, Y schal fede you and youre litle children. And he coumfortide hem, and spak swetli, and liytly;
22 ၂၂ ထိုသို့ယောသပ်သည် မိမိအဘ၏ အမျိုးသားတို့နှင့် အဲဂုတ္တုပြည်၌နေ၍၊ အသက်တရာတဆယ်ကိုမှီ၏။
and he dwellide in Egipt, with al the hows of his fadir. And he lyuyde an hundrid yeer,
23 ၂၃ ဧဖရိမ်၏မြေးကို မြင်ရ၏။ မနာရှေ၏သား၊ မာဓိရ၏သားသမီးတို့ကိုလည်း မိမိဒူးပေါ်မှာ မွေးစားရ၏။
and he seiy the sones of Effraym til to the thridde generacioun; also the sones of Machir, son of Manasses, weren borun in the knees of Joseph.
24 ၂၄ ယောသပ်ကလည်း၊ ကျွန်ုပ်သေတော့မည်။ အကယ်စင်စစ်ဘုရားသခင်သည် သင်တို့ကို အကြည့် အရှုကြွလာတော်မူမည်။ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ကျိန်ဆိုတော်မူသောပြည်သို့၊ ဤပြည်မှ ဆောင်သွား တော်မူမည်ဟု အစ်ကိုတို့အားဆို၏။
Whanne these thingis weren don, Joseph spak to hise brithren, Aftir my deeth God schal visite you, and he schal make to stie fro this lond to the loond which he swoor to Abraham, Ysaac, and Jacob.
25 ၂၅ တဖန်တုံ၊ အကယ်စင်စစ် ဘုရားသခင်သည် သင်တို့ကို အကြည့်အရှုကြွလာတော်မူမည်။ ကျွန်ုပ်အရိုး တို့ကို ဤအရပ်မှ ယူသွားရမည်ဟူ၍ ဣသရေလအမျိုးသားတို့ကို ကျိန်ဆိုစေ၏။
And whanne he hadde chargid hem, and hadde seid, God schal visite you, bere ye out with you my boonus fro this place,
26 ၂၆ ထိုသို့ယောသပ်သည် အသက်တရာတဆယ်ရှိသော် အနိစ္စရောက်လေ၏။ အလောင်ကိုကား၊ နံ့သာမျိုး နှင့် ပြင်ဆင်ပြီးလျှင် အဲဂုတ္တုပြည်၌ တလားနှင့်ထားကြလေ၏။
he diede, whanne an hundrid and ten yeeris of his lijf weren fillid; and he was anoyntid with swete smellynge spiceries, and was kept in a beere in Egipt.