< ကမ္ဘာ​ဦး 5 >

1 အာဒံ၏သားစဉ်မြေးစက် စာရင်းဟုမူကား၊ လူကို ဖန်ဆင်းတော်မူသော ကာလ၌၊ မိမိပုံသဏ္ဍာန်နှင့် အညီ၊ ဘုရားသခင် ဖန်ဆင်းတော်မူ၏။
Iyi ndiyo rondedzero yakanyorwa yorudzi rwaAdhamu. Mwari paakasika munhu akamuita nomufananidzo waMwari.
2 လူယောက်ျားလူမိန်းမကို ဖန်ဆင်း၍၊ ကောင်းကြီးပေးတော်မူ၏။ ဖန်ဆင်းသောနေ့၌လည်း သူတို့ကို အာဒံအမည်ဖြင့် မှည့်တော်မူ၏။
Akavasika murume nomukadzi uye akavaropafadza. Uye vakati vasikwa, akavatumidza kuti “munhu.”
3 အာဒံသည် အသက်တရာ့သုံးဆယ်ရှိသော်၊ မိမိ ပုံသဏ္ဍာန်နှင့်အညီ သဏ္ဍာန်တည်းသားကိုမြင်ရ၍ ရှေသ အမည်ဖြင့် မှည့်လေ၏။
Adhamu akati agara makore zana namakumi matatu, akabereka mwanakomana akafanana naye, akanga akamutodza; akamutumidza zita rokuti Seti.
4 ရှေသကို ဘွားမြင်သောနောက် အာဒံသည် အနှစ်ရှစ်ရာ အသက်ရှင်၍၊ သားသမီးများကိုမြင်လေ၏။
Shure kwokuberekwa kwaSeti, Adhamu akararama kwamakore mazana masere uye akaberekazve vamwe vanakomana navanasikana.
5 အာဒံသည် အသက်နှစ်ပေါင်း ကိုးရာသုံးဆယ် စေ့သော် သေလေ၏။
Pamwe chete, Adhamu akararama kwamakore mazana mapfumbamwe namakumi matatu, uye ipapo akafa.
6 ရှေသသည် အသက်တရာငါးနှစ်ရှိသော်၊ သားဧနုတ်ကို မြင်လေ၏။
Seti akati agara makore zana namashanu, akabereka Enoshi.
7 ဧနုတ်ဘွားမြင်သောနောက်၊ ရှေသသည် အနှစ် ရှစ်ရာခုနှစ်နှစ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ ၏။
Uye shure kwokubereka kwake Enoshi, Seti akararama kwamakore mazana masere namanomwe uye akavazve navamwe vanakomana navanasikana.
8 ရှေလသည် အသက်နှစ်ပေါင်းကိုးရာ တဆယ်နှစ်နှစ်စေ့သော် သေလေ၏။
Pamwe chete, Seti akararama kwamakore mazana mapfumbamwe negumi namaviri, uye ipapo akafa.
9 ဧနုတ်သည် အသက်ကိုးဆယ်ရှိသော်၊ သား ကာဣနန်ကို မြင်လေ၏။
Enoshi akati ararama kwamakore makumi mapfumbamwe, akabereka Kenani.
10 ၁၀ ကာဣနန်ဘွားမြင်သောနောက်၊ ဧနုတ်သည် အနှစ်ရှစ်ရာတဆယ်ငါးနှစ်အသက်ရှင်၍ သားသမီးများ ကို မြင်လေ၏။
Uye shure kwokubereka kwake Kenani, Enoshi akararama kwamakore mazana masere ane gumi namashanu uye akavazve navamwe vanakomana navanasikana.
11 ၁၁ ဧနုတ်သည် အသက်နှစ်ပေါင်းကိုးရာငါးနှစ် စေ့သော်သေလေ၏။
Pamwe chete, Enoshi akararama kwamakore mazana mapfumbamwe namashanu, uye ipapo akafa.
12 ၁၂ ကာဣနန်သည် အသက်ခုနစ်ဆယ်ရှိသော်၊ သားမဟာလေလကို မြင်လေ၏။
Kenani akati ararama kwamakore makumi manomwe, akabereka Maharareri.
13 ၁၃ မဟာလေလဘွားမြင်သောနောက်၊ ကာဣနန်သည် အနှစ်ရှစ်ရာလေးဆယ်အသက်ရှင်၍၊ သားသမီး များကို မြင်လေ၏။
Uye mushure mokubereka kwake Maharareri, Kenani akagara kwamakore mazana masere namakumi mana uye akavazve navamwe vanakomana navanasikana.
14 ၁၄ ကာဣနန်သည် အသက်နှစ်ပေါင်းကိုးရာ တဆယ့်စေ့သော် သေလေ၏။
Pamwe chete, Kenani akararama kwamakore mazana mapfumbamwe negumi, uye ipapo akafa.
15 ၁၅ မဟာလေလသည် အသက်ခြောက်ဆယ့်ငါးနှစ် ရှိသော်၊ သားယာရက်ကို မြင်လေ၏။
Maharareri akati agara kwamakore makumi matanhatu namashanu, akabereka Jaredhi.
16 ၁၆ ယာရက်ဘွားမြင်သောနောက် မဟာလေလသည် အနှစ်ရှစ်ရာသုံးဆယ်အသက်ရှင်၍ သားသမီးများကို မြင်လေ၏။
Uye mushure mokubereka kwake Jaredhi, Maharareri akararama kwamakore mazana masere namakumi matatu uye akavazve navamwe vanakomana navanasikana.
17 ၁၇ မဟာလေလသည် အသက်နှစ်ပေါင်းရှစ်ရာ ကိုးဆယ့်ငါးနှစ်စေ့သော် သေလေ၏၊
Pamwe chete, Maharareri akararama kwamakore mazana masere namakumi mapfumbamwe namashanu, uye ipapo akafa.
18 ၁၈ ယာရက်သည် အသက်တရာခြောက်ဆယ်နှစ်နှစ် ရှိသော် သားနောက်ကိုမြင်လေ၏။
Jaredhi akati ararama kwamakore zana namakumi matanhatu namaviri, akabereka Enoki.
19 ၁၉ ဧနောက်ဘွားမြင်သောနောက် ယာရက်သည် အနှစ်ရှစ်ရာ အသက်ရှင်၍၊ သားသမီးများကိုမြင်လေ၏။
Uye mushure mokubereka kwake Enoki, Jaredhi akararama kwamakore mazana masere akavazve navamwe vanakomana navanasikana.
20 ၂၀ ယာရက်သည် အသက်နှစ်ပေါင်းကိုးရာ ခြောက်ဆယ်နှစ်နှစ်စေ့သော် သေလေ၏။
Pamwe chete, Jaredhi akararama kwamakore mazana mapfumbamwe namakumi matanhatu namaviri, uye ipapo akafa.
21 ၂၁ ဧနောက်သည် အသက်ခြောက်ဆယ်ငါးနှစ် ရှိသော် သားမသုရှလကို မြင်လေ၏။
Enoki akati ararama kwamakore makumi matanhatu namashanu, akabereka Metusera.
22 ၂၂ မသုရှလဘွားမြင်သောနောက် ဧနောက်သည် အနှစ်သုံးရာပတ်လုံး ဘုရားသခင်နှင့်အတူသွားလာ၍ သားသမီးများကို မြင်လေ၏။
Uye mushure mokubereka kwake Metusera, Enoki akafamba naMwari kwamakore mazana matatu uye akavazve navamwe vanakomana navanasikana.
23 ၂၃ ဧနောက်အသက်နှစ်ပေါင်းသုံးရာ ခြောက်ဆယ် ငါးနှစ်တည်း၊
Pamwe chete, Enoki akararama kwamakore mazana matatu namakumi matanhatu namashanu.
24 ၂၄ ဧနောက်သည် ဘုရားသခင်နှင့်အတူ သွားလာ၏။ နောက်တဖန် သူသည်မရှိ အကြောင်းမူကား၊ ဘုရား သခင် သိမ်းယူတော်မူသောကြောင့်တည်း။
Enoki akafamba naMwari; ipapo akasazovapo, nokuti Mwari akamutora.
25 ၂၅ မသုရှလသည် အသက်တရာ့ရှစ်ဆယ်ခုနစ်နှစ် ရှိသော်၊ သား လာမက်ကို မြင်လေ၏။
Metusera akati ararama kwamakore zana namakumi masere namanomwe, akabereka Rameki.
26 ၂၆ လာမက်ဘွားမြင်သောနောက်၊ မသုရှလသည် အနှစ်ခုနှစ်ရာ ရှစ်ဆယ်နှစ်နှစ်အသက်ရှင်၍ သားသမီး များကို မြင်လေ၏။
Uye mushure mokubereka kwake Rameki, Metusera akararama kwamakore mazana manomwe namakumi masere namaviri uye akavazve navamwe vanakomana navanasikana.
27 ၂၇ မသုရှလသည် အသက်နှစ်ပေါင်းကိုးရာ ခြောက် ဆယ်ကိုးနှစ်စေ့သော် သေလေ၏။
Pamwe chete, Metusera akararama kwamakore mazana mapfumbamwe namakumi matanhatu namapfumbamwe, uye ipapo akafa.
28 ၂၈ လာမက်သည် အသက်တရားရှစ်ဆယ်နှစ်နှစ် ရှိသော် သားကို မြင်၍၊
Rameki akati ararama kwamakore zana namakumi masere namaviri, akabereka mwanakomana.
29 ၂၉ ဤသူသည်ကား၊ ထာဝရဘုရားကျိန်တော်မူသော မြေ၌လုပ်၍ ပင်ပန်းစွာ ခံရသောငါတို့အား သက်သာစေသောသူဖြစ်လိမ့်မည်ဟူ၍ သူ့ကိုနောဧ ဟူသော အမည်ဖြင့် မှည့်လေ၏။
Akamutumidza zita rokuti Noa uye akati, “Achativaraidza pabasa uye napakurwadziwa kwokubata kwamaoko edu zvinobva pavhu rakatukwa naJehovha.”
30 ၃၀ နောဧဘွားမြင်သောနောက်၊ လာမက်သည် အနှစ်ငါးရာကိုးဆယ်ငါးနှစ်အသက်ရှင်၍ သားသမီးများ ကို မြင်လေ၏။
Mushure mokuberekwa kwaNoa, Rameki akararama kwamakore mazana mashanu namakumi mapfumbamwe namashanu uye akavazve navamwe vanakomana navanasikana.
31 ၃၁ လာမက်သည် အသက်နှစ်ပေါင်း ခုနှစ်ရာ ခုနစ်ဆယ် ခုနစ်နှစ် စေ့သော်သေလေ၏။
Pamwe chete, Rameki akararama kwamakore mazana manomwe namakumi manomwe namanomwe, uye ipapo akafa.
32 ၃၂ နောဧသည် အသက်ငါးရာရှိ၏။ နောဧ သားကား ၊ ရှေးမ၊ ဟာမ၊ ယာဖက်တည်း။
Mushure mokunge Noa ava namakore okuberekwa mazana mashanu, akabereka Shemu, Hamu naJafeti.

< ကမ္ဘာ​ဦး 5 >