< ကမ္ဘာဦး 5 >
1 ၁ အာဒံ၏သားစဉ်မြေးစက် စာရင်းဟုမူကား၊ လူကို ဖန်ဆင်းတော်မူသော ကာလ၌၊ မိမိပုံသဏ္ဍာန်နှင့် အညီ၊ ဘုရားသခင် ဖန်ဆင်းတော်မူ၏။
hic est liber generationis Adam in die qua creavit Deus hominem ad similitudinem Dei fecit illum
2 ၂ လူယောက်ျားလူမိန်းမကို ဖန်ဆင်း၍၊ ကောင်းကြီးပေးတော်မူ၏။ ဖန်ဆင်းသောနေ့၌လည်း သူတို့ကို အာဒံအမည်ဖြင့် မှည့်တော်မူ၏။
masculum et feminam creavit eos et benedixit illis et vocavit nomen eorum Adam in die qua creati sunt
3 ၃ အာဒံသည် အသက်တရာ့သုံးဆယ်ရှိသော်၊ မိမိ ပုံသဏ္ဍာန်နှင့်အညီ သဏ္ဍာန်တည်းသားကိုမြင်ရ၍ ရှေသ အမည်ဖြင့် မှည့်လေ၏။
vixit autem Adam centum triginta annis et genuit ad similitudinem et imaginem suam vocavitque nomen eius Seth
4 ၄ ရှေသကို ဘွားမြင်သောနောက် အာဒံသည် အနှစ်ရှစ်ရာ အသက်ရှင်၍၊ သားသမီးများကိုမြင်လေ၏။
et facti sunt dies Adam postquam genuit Seth octingenti anni genuitque filios et filias
5 ၅ အာဒံသည် အသက်နှစ်ပေါင်း ကိုးရာသုံးဆယ် စေ့သော် သေလေ၏။
et factum est omne tempus quod vixit Adam anni nongenti triginta et mortuus est
6 ၆ ရှေသသည် အသက်တရာငါးနှစ်ရှိသော်၊ သားဧနုတ်ကို မြင်လေ၏။
vixit quoque Seth centum quinque annos et genuit Enos
7 ၇ ဧနုတ်ဘွားမြင်သောနောက်၊ ရှေသသည် အနှစ် ရှစ်ရာခုနှစ်နှစ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ ၏။
vixitque Seth postquam genuit Enos octingentis septem annis genuitque filios et filias
8 ၈ ရှေလသည် အသက်နှစ်ပေါင်းကိုးရာ တဆယ်နှစ်နှစ်စေ့သော် သေလေ၏။
et facti sunt omnes dies Seth nongentorum duodecim annorum et mortuus est
9 ၉ ဧနုတ်သည် အသက်ကိုးဆယ်ရှိသော်၊ သား ကာဣနန်ကို မြင်လေ၏။
vixit vero Enos nonaginta annis et genuit Cainan
10 ၁၀ ကာဣနန်ဘွားမြင်သောနောက်၊ ဧနုတ်သည် အနှစ်ရှစ်ရာတဆယ်ငါးနှစ်အသက်ရှင်၍ သားသမီးများ ကို မြင်လေ၏။
post cuius ortum vixit octingentis quindecim annis et genuit filios et filias
11 ၁၁ ဧနုတ်သည် အသက်နှစ်ပေါင်းကိုးရာငါးနှစ် စေ့သော်သေလေ၏။
factique sunt omnes dies Enos nongentorum quinque annorum et mortuus est
12 ၁၂ ကာဣနန်သည် အသက်ခုနစ်ဆယ်ရှိသော်၊ သားမဟာလေလကို မြင်လေ၏။
vixit quoque Cainan septuaginta annis et genuit Malalehel
13 ၁၃ မဟာလေလဘွားမြင်သောနောက်၊ ကာဣနန်သည် အနှစ်ရှစ်ရာလေးဆယ်အသက်ရှင်၍၊ သားသမီး များကို မြင်လေ၏။
et vixit Cainan postquam genuit Malalehel octingentos quadraginta annos genuitque filios et filias
14 ၁၄ ကာဣနန်သည် အသက်နှစ်ပေါင်းကိုးရာ တဆယ့်စေ့သော် သေလေ၏။
et facti sunt omnes dies Cainan nongenti decem anni et mortuus est
15 ၁၅ မဟာလေလသည် အသက်ခြောက်ဆယ့်ငါးနှစ် ရှိသော်၊ သားယာရက်ကို မြင်လေ၏။
vixit autem Malalehel sexaginta quinque annos et genuit Iared
16 ၁၆ ယာရက်ဘွားမြင်သောနောက် မဟာလေလသည် အနှစ်ရှစ်ရာသုံးဆယ်အသက်ရှင်၍ သားသမီးများကို မြင်လေ၏။
et vixit Malalehel postquam genuit Iared octingentis triginta annis et genuit filios et filias
17 ၁၇ မဟာလေလသည် အသက်နှစ်ပေါင်းရှစ်ရာ ကိုးဆယ့်ငါးနှစ်စေ့သော် သေလေ၏၊
et facti sunt omnes dies Malalehel octingenti nonaginta quinque anni et mortuus est
18 ၁၈ ယာရက်သည် အသက်တရာခြောက်ဆယ်နှစ်နှစ် ရှိသော် သားနောက်ကိုမြင်လေ၏။
vixitque Iared centum sexaginta duobus annis et genuit Enoch
19 ၁၉ ဧနောက်ဘွားမြင်သောနောက် ယာရက်သည် အနှစ်ရှစ်ရာ အသက်ရှင်၍၊ သားသမီးများကိုမြင်လေ၏။
et vixit Iared postquam genuit Enoch octingentos annos et genuit filios et filias
20 ၂၀ ယာရက်သည် အသက်နှစ်ပေါင်းကိုးရာ ခြောက်ဆယ်နှစ်နှစ်စေ့သော် သေလေ၏။
et facti sunt omnes dies Iared nongenti sexaginta duo anni et mortuus est
21 ၂၁ ဧနောက်သည် အသက်ခြောက်ဆယ်ငါးနှစ် ရှိသော် သားမသုရှလကို မြင်လေ၏။
porro Enoch vixit sexaginta quinque annis et genuit Mathusalam
22 ၂၂ မသုရှလဘွားမြင်သောနောက် ဧနောက်သည် အနှစ်သုံးရာပတ်လုံး ဘုရားသခင်နှင့်အတူသွားလာ၍ သားသမီးများကို မြင်လေ၏။
et ambulavit Enoch cum Deo postquam genuit Mathusalam trecentis annis et genuit filios et filias
23 ၂၃ ဧနောက်အသက်နှစ်ပေါင်းသုံးရာ ခြောက်ဆယ် ငါးနှစ်တည်း၊
et facti sunt omnes dies Enoch trecenti sexaginta quinque anni
24 ၂၄ ဧနောက်သည် ဘုရားသခင်နှင့်အတူ သွားလာ၏။ နောက်တဖန် သူသည်မရှိ အကြောင်းမူကား၊ ဘုရား သခင် သိမ်းယူတော်မူသောကြောင့်တည်း။
ambulavitque cum Deo et non apparuit quia tulit eum Deus
25 ၂၅ မသုရှလသည် အသက်တရာ့ရှစ်ဆယ်ခုနစ်နှစ် ရှိသော်၊ သား လာမက်ကို မြင်လေ၏။
vixit quoque Mathusalam centum octoginta septem annos et genuit Lamech
26 ၂၆ လာမက်ဘွားမြင်သောနောက်၊ မသုရှလသည် အနှစ်ခုနှစ်ရာ ရှစ်ဆယ်နှစ်နှစ်အသက်ရှင်၍ သားသမီး များကို မြင်လေ၏။
et vixit Mathusalam postquam genuit Lamech septingentos octoginta duos annos et genuit filios et filias
27 ၂၇ မသုရှလသည် အသက်နှစ်ပေါင်းကိုးရာ ခြောက် ဆယ်ကိုးနှစ်စေ့သော် သေလေ၏။
et facti sunt omnes dies Mathusalae nongenti sexaginta novem anni et mortuus est
28 ၂၈ လာမက်သည် အသက်တရားရှစ်ဆယ်နှစ်နှစ် ရှိသော် သားကို မြင်၍၊
vixit autem Lamech centum octoginta duobus annis et genuit filium
29 ၂၉ ဤသူသည်ကား၊ ထာဝရဘုရားကျိန်တော်မူသော မြေ၌လုပ်၍ ပင်ပန်းစွာ ခံရသောငါတို့အား သက်သာစေသောသူဖြစ်လိမ့်မည်ဟူ၍ သူ့ကိုနောဧ ဟူသော အမည်ဖြင့် မှည့်လေ၏။
vocavitque nomen eius Noe dicens iste consolabitur nos ab operibus et laboribus manuum nostrarum in terra cui maledixit Dominus
30 ၃၀ နောဧဘွားမြင်သောနောက်၊ လာမက်သည် အနှစ်ငါးရာကိုးဆယ်ငါးနှစ်အသက်ရှင်၍ သားသမီးများ ကို မြင်လေ၏။
vixitque Lamech postquam genuit Noe quingentos nonaginta quinque annos et genuit filios et filias
31 ၃၁ လာမက်သည် အသက်နှစ်ပေါင်း ခုနှစ်ရာ ခုနစ်ဆယ် ခုနစ်နှစ် စေ့သော်သေလေ၏။
et facti sunt omnes dies Lamech septingenti septuaginta septem anni et mortuus est
32 ၃၂ နောဧသည် အသက်ငါးရာရှိ၏။ နောဧ သားကား ၊ ရှေးမ၊ ဟာမ၊ ယာဖက်တည်း။
Noe vero cum quingentorum esset annorum genuit Sem et Ham et Iafeth