< ကမ္ဘာဦး 47 >
1 ၁ ထိုစကားအတိုင်း ယောသပ်သည် ဖါရောမင်း ထံသို့သွား၍၊ ကျွန်တော်အဘနှင့်အစ်ကိုတို့သည် သိုးနွား၊ ဥစ္စရှိသမျှကို ဆောင်လျက် ခါနာန်ပြည်ကရောက်လာ၍၊ ဂေါရှင်ပြည်၌ရှိကြပါသည်ဟု လျှောက်သဖြင့်၊
І прийшов Йосип, і розповів фараонові та й сказав: „Мій батько, і брати мої, і їхні отари, і худоба їх, і все їхнє прибули́ з ханаанського Кра́ю. І ось вони в країні Ґошен“.
2 ၂ အစ်ကိုစုထဲက ရွေး၍ ငါးယောက်တို့ကို အထံ တော်သို့သွင်းလေ၏။
І взяв він із своїх братів п'ятеро чоловіка, та й поставив їх перед лицем фараоновим.
3 ၃ ဖာရောမင်းကလည်း၊ သင်တို့သည် အဘယ်သို့ လုပ်ဆောင်လေ့ရှိကြသနည်းဟုမေးလျှင်၊ သူတို့က၊ ကိုယ်တော် ကျွန်တို့သည် ဘိုးဘေးနှင့်တကွ သိုးထိန်း ဖြစ်ကြပါ၏ဟူ၍၎င်း၊
І сказав фараон до братів його: „Яке ваше зайняття?“А вони відказали фараонові: „Пастухи отари раби твої, — і ми, і наші батьки“.
4 ၄ ခါနာန်ပြည်၌ အလွန်အစာခေါင်းပါး၍ သိုးနွား ကျက်စားရာမရှိသောကြောင့်၊ ကိုယ်တော်ကျွန်တို့သည် ပြည်တော်၌ တည်းခိုခြင်းငှါ လာကြပါ၏။ သို့ဖြစ်၍ ကိုယ်တော်ကျွန်တို့သည် ဂေါရှင်ပြည်၌ နေရမည် အကြောင်း အခွင့်ပေးတော်မူပါဟူ၍၎င်း လျှောက်ကြ၏။
І сказали вони фараонові: „Ми прибули́, щоб ме́шкати в кра́ї цім, нема бо паші для отари, що є в рабів твоїх, бо в ханаанському Краї тяжки́й голод. А тепер нехай же осядуть раби твої в країні Ґошен“.
5 ၅ ဖါရောမင်းကလည်း၊ သင်၏အဘနှင့်အစ်ကို တို့သည် သင့်ထံသို့ ရောက်လာကြသည်ဖြစ်၍၊
І промовив фараон до Йосипа, говорячи: „Батько твій та брати твої прибули́ до тебе.
6 ၆ အဲဂုတ္တပြည်သည် သင့်ရှေ့မှာ ရှိ၏။ သင်၏ အဘနှင့် သင်၏အစ်ကိုတို့ကို အကောင်းဆုံးသော အရပ် ဂေါရှင်ပြည်၌ နေရာချလော့။ သူတို့တွင် အစွမ်းသတ္တိ ရှိသောသူအချို့တို့ကို တွေ့လျှင် ငါ၏သိုးနွားအုပ်အရာ၌ ခန့်ထားလော့ဟု ယောသပ်အား မိန့်တော်မူ၏။
Єгипетьський край — він перед лицем твоїм. У найліпшім місці цього краю осади батька свого та братів своїх, — нехай осядуть у країні Ґошен. А коли знаєш, і між ними є здатні люди, то зроби їх зверхниками моєї череди“.
7 ၇ ယောသပ်သည် အဘယာကုပ်ကို သွင်း၍ ဖါရောမင်းရှေ့မှာ ထားသဖြင့်၊ ယာကုပ်သည် ဖါရောမင်း ကို ကောင်းကြီးပေး၏။
І привів Йосип батька свого Якова, та й поставив його перед лицем фараоновим. І Яків поблагословив фараона.
8 ၈ ဖါရောမင်းက၊ သင်သည် အသက်အဘယ်မျှ လောက်ရှိပြီနည်းဟု ယာကုပ်အား မေးလျှင်၊
І промовив фараон до Якова: „Скільки днів ча́су життя твого?“
9 ၉ ကျွန်တော်သည် ဧည့်သည်အာဂန္တုဖြစ်၍ လွန် သော အသက်သည် အနှစ်တရာသုံးဆယ်ရှိပါပြီ။ ကျွန်တော်အသက်ရှင်သော နှစ်ပေါင်းနည်း၍ဆိုးပါ၏။ ဧည့်သည် အာဂန္တုဖြစ်သော ဘိုးဘေးတို့၏ အသက်တန်း ကို မမှီပါဟု လျှောက်ဆိုပြီးလျှင်၊
А Яків сказав до фараона: „Днів ча́су мандрівки моєї — сто й тридцять літ. Короткі та лихі були дні ча́су життя мого, і не досягли вони днів ча́су життя батьків моїх у днях ча́су мандрівки їхньої“.
10 ၁၀ ဖါရောမင်းကို ကောင်းကြီးပေး၍ အထံတော်က ထွက်သွားလေ၏။
І Яків поблагословив фараона, та й вийшов від обличчя фараонового.
11 ၁၁ ဖါရောမင်းအမိန့်တော်ရှိသည့်အတိုင်း၊ ယောသပ် သည် အဘနှင့် အစ်ကိုတို့ကို နေရာချ၍ အဲဂုတ္တုပြည်၌ အကောင်းဆုံးသောအရပ် ရာမသက်မြေကိုအပိုင်ပေး၏။
І осадив Йо́сип батька свого та братів своїх, і дав їм володіння в єгипетській країні, у найкращім місці цієї землі — у країні Рамесес, як наказав був фараон.
12 ၁၂ အဘနှင့် အစ်ကိုများ၊ အဘ၏အိမ်သားရှိသမျှ တို့ကို အနည်းအများအလိုက် ကျွေးမွေး၏။
І постачав Йосип хліб для батька свого й братів своїх, та для всього дому свого батька відповідно до числа дітей.
13 ၁၃ အလွန်အစာခေါင်းပါး၍ တပြည်လုံးစားစရာ မရှိသောကြောင့်၊ အဲဂုတ္တုပြည်နှင့် ခါနာန်ပြည်သည် အားလျော့လေ၏။
А хліба не було в усім тім краї, бо голод став дуже тяжки́й. І ви́снажився єгипетський край та Край ханаанський через той голод.
14 ၁၄ ပြည်သားဝယ်သော စပါးအဘိုး၊ အဲဂုတ္တုပြည်၊ ခါနာန်ပြည်၌ တွေ့သမျှသော ငွေကိုယောသပ်စုသိမ်း၍ နန်းတော်သို့ သွင်းထားလေ၏။
І зібрав Йосип усе срібло, що знаходилося в єгипетськім краї та в Краї ханаанськім, за поживу, що вони купували. І Йосип вніс те срібло до фараонового дому.
15 ၁၅ အဲဂုတ္တုပြည်၊ ခါနာန်ပြည်၌ ငွေကုန်သောအခါ၊ အဲဂုတ္တုလူအပေါင်းတို့သည် ယောသပ်ထံသို့လာ၍ စား စရာဘို့ ပေးသနားတော်မူပါ။ ကျွန်တော်တို့သည် ငွေကုန်သော်လည်း ရှေ့တော်၌ အဘယ်ကြောင့် သေရပါအံ့နည်းဟု လျှောက်ကြသော်၊
І вичерпалося срібло в краї єгипетськім та в Краї ханаанськім. І прибув увесь Єгипет до Йосипа, говорячи: „Дай же нам хліба! Нащо нам умирати перед тобою, тому́ що вичерпалося срібло?“
16 ၁၆ ယောသပ်က၊ ငွေကုန်လျှင် တိရစ္ဆာန်များကို ပေးကြ။ တိရစ္ဆာန်အတွက် စပါးကိုပေးမည်ဟုဆိုသည် အတိုင်း၊
А Йосип сказав: „Дайте свою худобу, а я дам вам за худобу вашу, коли вичерпалося срібло“.
17 ၁၇ သူတို့သည် တိရစ္ဆာန်တို့ကိုယူခဲ့၍၊ ယောသပ် သည် မြင်း၊ သိုး၊ နွား၊ မြည်းတို့အတွက် စပါးကိုပေးသဖြင့် ထိုနှစ်တွင် တိရစ္ဆာန်ရှိသမျှတို့အတွက် ပြည်သားများကို ကျွေးမွေး၏။
І вони припровадили худобу свою до Йосипа. І дав їм Йо́сип хліба за коні, і за отари, і за череди худоби, і за осли. І він того року постачав їм хліб за всю їхню худобу.
18 ၁၈ ထိုနှစ်ကုန်ပြီးမှ ဒုတိယနှစ်တွင်လာကြလျှင်၊ ကျွန်တော်တို့ ငွေကုန်ကြောင်းကို သခင်ရှေ့မှာ မထိမ်ဝှက်ပါ။ ကျွန်တော်တို့ တိရစ္ဆာန်များကိုလည်း သခင် ရပါပြီ။ သခင်ရှေ့မှာ ကျွန်တော်တို့ကိုယ်နှင့် မြေမှတပါး အဘယ်အရာမျှ မကျန်ပါ။
І скінчи́вся той рік, і вони прибули до нього другого року, та й сказали йому: „Не скажемо неправди перед паном своїм, — що вичерпалося срібло, а че́реди здобутку в нашого пана. Нічого не зосталося перед нашим паном, — хібащо наше тіло та наша земля!
19 ၁၉ ရှေ့တော်၌ အဘယ်ကြောင့်သေ၍ ပြည်တော် ပျက်ရပါအံ့နည်း။ အစာကို ပေး၍ကျွန်တော်တို့နှင့် ကျွန်တော်တို့မြေကို ဝယ်ပါ။ ကျွန်တော်တို့သည် မြေနှင့် တကွ ဖါရောဘုရင်၏ ကျွန်ခံပါမည်။ ကျွန်တော်တို့သည် မသေ၊ အသက်ရှင်စေခြင်းငှါ၎င်း၊ ပြည်တော်သည် လူမဆိတ်ညံစေခြင်းငှါ၎င်း၊ မျိုးစေ့ကို ပေးပါဟု လျှောက်ကြ သော်၊
На́що ми маємо вмирати на очах твоїх, і ми, і наша земля? Купи нас та нашу землю за хліб, і бу́демо ми та наша земля рабами фараонові. А ти дай насіння, — і будемо жити, і не помремо́, а земля не опустіє“.
20 ၂၀ ယောသပ်သည် အဲဂုတ္တုမြေရှိသမျှကို ဖါရော မင်းမဘို့ဝယ်လေ၏။ အစာခေါင်းပါး၍ အဲဂုတ္တုလူတို့သည် မတတ်နိုင်သောကြောင့်၊ အသီးအသီးပိုင်သော မြေအကွက်တို့ကို ရောင်းကြသဖြင့် မြေသည် ဘဏ္ဍာတော် ဖြစ်လေ၏။
І Йосип купив усю землю єгипетську для фараона, бо єгиптяни спро́дували кожен поле своє, посилився бо був голод між ними. І стала земля фараоновою.
21 ၂၁ လူတို့ကိုကား၊ အဲဂုတ္တုပြည် တစွန်းမှသည် တစွန်းတိုင်အောင် မြို့တို့သို့ပြောင်းစေ၏။
А народ — він перепроваджував його до міст від кінця границі Єгипту й аж до кінця її.
22 ၂၂ ယဇ်ပုရောဟိတ်တို့ ပိုင်သောမြေကိုကားမဝယ်။ သူတို့သည် ဖါရောမင်းကျွေးမွေးသည်အတိုင်း ကျွေးမွေး သော အစာကိုစားရကြ၏။ ထိုကြောင့် မိမိတို့မြေကို မရောင်းရကြ။
Тільки землі жерців не купив він, бо для жерців була устава жити на прибутки від фараона. І вони їли свій пай, що давав їм фараон, тому не продали́ своєї землі.
23 ၂၃ ယောသပ်ကလည်း၊ သင်တို့နှင့် သင်တို့မြေကို ဖါရောမင်းဘို့ ယနေ့ငါဝယ်ပြီ။ မျိုးစေ့ကို ယူ၍ လယ်လုပ်ကြလော့။
І сказав Йосип до наро́ду: „Оце купив я сьогодні для фараона вас і землю вашу. Ось вам насіння, — і засійте землю.
24 ၂၄ အသီးအနှံကိုရသောအခါ၊ ငါးဘို့တွင်တဘို့ကို ဖါရောမင်းအား ဆက်ရကြမည်။ လေးဘို့ကိုကား သင်တို့ ယူ၍ နောက်တဖန်မျိုးစေ့ကို ကြဲကြလော့။ သင်တို့စား၍ အိမ်သားများ၊ သူငယ်များတို့ကို ကျွေးကြလော့ဟု ပြည်သားတို့အား ဆို၏။
А настануть жнива́, то дасте п'яту частину фараонові, а чотири частині бу́дуть вам на насіння для поля й на їжу вам та тим, хто в домах ваших, та на їжу для ваших дітей“.
25 ၂၅ သူတို့ကလည်း၊ ကိုယ်တော်သည် ကျွန်တော်တို့ အသက်ကို ကယ်ပါပြီ။ သနားသော စိတ်နှင့်ကြည့်ရှုတော် မူပါ။ ကျွန်တော်တို့သည် ဖာရောဘုရင်၏ကျွန်ခံရပါမည် ဟု လျှောက်ကြ၏။
А вони відказали: „Ти нас уде́ржав при житті. Нехай же зна́йдемо милість в очах свого пана, — і станемо рабами фараонові“.
26 ၂၆ ထိုကြောင့် ဖါရောမင်းမပိုင်သော ယဇ်ပုရော ဟိတ်တို့ မြေကိုထား၍၊ ဖါရောမင်းသည် ငါးဘို့တွင် တဘို့ကိုပိုင်တော်မူစေဟု ယနေ့တိုင်အောင် အဲဂုတ္တုပြည်၌တည်သော ဓမ္မသတ်ကို ယောသပ်စီရင်၍ ထား သတည်း။
А Йо́сип поклав це за постанову на єгипетську землю аж до сьогоднішнього дня: на п'яту частину для фараона. Сама тільки земля жерців не стала фараоновою.
27 ၂၇ ဣသရေလ သားတို့သည်၊ အဲဂုတ္တုပြည် ဂေါရှင် အရပ်၌နေသဖြင့်၊ ဥစ္စာရတတ်၍ တိုးပွါးများပြားကြ၏။
І осів Ізраїль в єгипетськім краї в країні Ґошен, і набули в нім володіння. І вони розродилися й сильно розмно́жилися.
28 ၂၈ ယာကုပ်သည် အဲဂုတ္တုပြည်၌ ဆယ်ခုနစ်နှစ် အသက်ရှင်၍ အသက်နှစ်ပေါင်း တရာလေးဆယ်ခုနစ် နှစ်ရှိသတည်း။
І жив Яків в єгипетськім краї сімнадцять літ. І були́ дні Якова, літа життя його, сто літ і сорок і сім літ.
29 ၂၉ ဣသရေလသည် သေရသောအချိန်နီးသော်၊ သားယောသပ်ကို ခေါ်၍ ငါ့ကိုသနားလျှင် သင်၏ လက်ကို ငါ့ပေါင်အောက်၌ ထားပါလော့။ ကရုဏာသစ္စာ နှင့်အညီ ငါ၌ပြုပါ။ အဲဂုတ္တုပြည်၌ ငါ့ကိုမသင်္ဂြိုဟ်ပါနှင့်။
І набли́зилися дні Ізраїля до смерти. І кликнув він до сина свого до Йосипа, та й промовив йому: „Коли знайшов я милість в очах твоїх, поклади руку свою під стегно́ моє, і вчини зо мною милість та правду: Не поховай мене в Єгипті!
30 ၃၀ ငါသည်ဘိုးဘေးနှင့်အတူ အိပ်ချင်ပါ၏။ အဲဂုတ္တု ပြည်မှ ငါ့ကို ဆောင်သွား၍ သူတို့သင်္ချိုင်း၌ သင်္ဂြိုဟ် ရမည်ဟုဆို၏။ ယောသပ်ကလည်း၊ အဘဆိုသည် အတိုင်း အကျွန်ုပ်ပြုပါမည်ဟု ဝန်ခံလေ၏။
І ляжу я з батьками своїми, — і ти винесеш мене з Єгипту, і поховаєш мене в їхньому гробі“. А той відказав: „Я вчиню за словом твоїм“.
31 ၃၁ ငါ့အားကျိန်ဆိုခြင်းကို ပြုပါဟု ဆိုပြန်လျှင်၊ ကျိန်ဆိုခြင်းကို ပြု၏။ ဣသရေလသည်လည်း ခုတင် ခေါင်းရင်းပေါ်မှာ ကိုးကွယ်လေ၏။
А Яків сказав: „Присягни ж мені!“І він присягнув йому. І вклонився Ізраїль на зголов'я постелі.