< ကမ္ဘာ​ဦး 43 >

1 ခါနာန်ပြည်၌ အလွန်အစာခေါင်းပါးသည် ဖြစ်၍၊
And the famine [is] severe in the land;
2 အဲဂုတ္တုပြည်မှ ဆောင်ခဲ့သောစပါးကို စားကုန် ပြီးမှ၊ အဘက၊ တဖန်သွား၍ ငါတို့စားစရာအနည်းငယ်ကို ဝယ်ကြပါဦးဟုဆို၏။
and it comes to pass, when they have finished eating the grain which they brought from Egypt, that their father says to them, “Return, buy for us a little food.”
3 ယုဒကလည်း၊ ထိုသူသည် ကျွန်ုပ်တို့ကို ကျပ်ကျပ် ခြိမ်းချောက်လျက်၊ သင်တို့ညီမပါလျှင် ငါ့မျက်နှာကို မမြင်ရဟု ပြောထားပြီ။
And Judah speaks to him, saying, “The man protesting protested to us, saying, You do not see my face without your brother [being] with you;
4 ကျွန်ုပ်တို့ညီကို ထည့်လျှင်သွား၍ အဘစားဘို့ ရာ ဝယ်ပါမည်။
if you are sending our brother with us, we go down, and buy for you food,
5 ညီကို မထည့်လျှင် မသွားပါ၊ အကြောင်းမူကား၊ ထိုသူက သင်တို့ညီမပါလျှင် ငါ့မျက်နှာ ကို မမြင်ရဟု ပြောထားပြီဟု အဘအား ပြန်ဆိုလေ၏။
and if you are not sending—we do not go down, for the man said to us, You do not see my face without your brother [being] with you.”
6 ဣသရေလကလည်း၊ သင်တို့၌ ညီရှိမှန်းကို ထိုသူအားပြော၍ အဘယ်ကြောင့် ငါ့ကို ညှဉ်းဆဲကြ သနည်းဟုဆိုသော်၊
And Israel says, “Why did you do evil to me, by declaring to the man that you had yet a brother?”
7 သူတို့က၊ ထိုသူသည် ကျွန်ုပ်တို့၏အကြောင်းအရာ အမျိုးအနွယ်တို့ကို ကျပ်ကျပ်မေးလျက်၊ သင်တို့အဘ အသက်ရှင်သေးသလော၊ ညီရှိသေးသလောဟု မေးသော အခါ၊ ကျွန်ုပ်တို့သည် သူ၏စကားသဘောသို့ လိုက်၍ ပြန်ပြောရပါ၏။ သင်တို့ညီကို ဆောင်ခဲ့ကြဟု သူပြောမည် ကို ကျွန်ုပ်တို့သည် အမှန်သိနိုင်ပါသလောဟု ဆိုကြ၏။
And they say, “The man asked diligently concerning us, and concerning our family, saying, Is your father yet alive? Have you a brother? And we declare to him according to the tenor of these things; do we certainly know that he will say, Bring down your brother?”
8 ယုဒကလည်း၊ သူငယ်ကို ကျွန်ုပ်နှင့်အတူ လွှတ် ပါ။ သို့ပြုလျှင် အဘမှစ၍ ကျွန်ုပ်တို့နှင့် သူငယ်များတို့ သည် မသေ၊ အသက်ရှင်မည်အကြောင်း၊ ကျွန်ုပ်တို့ ထ၍ သွားကြပါမည်။
And Judah says to his father Israel, “Send the youth with me, and we arise, and go, and live, and do not die, both we, and you, and our infants.
9 ကျွန်ုပ်သည် သူ၏အာမခံဖြစ်ပါမည်။ ကျွန်ုပ် တွင် သူ့ကို တောင်းပါ။သူ့ကိုပြန်၍မဆောင် အဘရှေ့မှာ မထားလျှင်၊ အစဉ်မပြတ် အပြစ်ကို ခံပါစေ။
I am guarantor [for] him, from my hand you require him; if I have not brought him to you, and set him before you—then I have sinned against you all the days;
10 ၁၀ ဤမျှလောက်မဖင့်နွှဲ့လျှင်၊ အကယ်၍ ဒုတိယ အကြိမ်တွင် ပြန်ရောက်ပါပြီဟု အဘဣသရေလအား ဆို၏။
for if we had not lingered, surely now we had returned these two times.”
11 ၁၁ အဘဣသရေလကလည်း၊ သို့ဖြစ်လျှင် ဤသို့ပြုကြ လော့။ ထိုသူအား ဆက်စရာဘို့ သင်တို့အိတ်ဝတို့တွင် ခါနာန်ပြည်၏ အသီးမျိုးအကောင်းဆုံးတည်းဟူသော ဗလစံစေး အနည်းငယ်၊ ပျားရည်အနည်းငယ်၊ နံ့သာမျိုး၊ မုရန်စေး၊ သစ်အယ်သီး၊ ဗာတံသီးတို့ကို ယူကြလော့။
And their father Israel says to them, “If so, now, do this: take of the praised thing of the land in your vessels, and take down to the man a present, a little balm, and a little honey, spices and myrrh, nuts and almonds;
12 ၁၂ သင်တို့လက်၌ ငွေနှစ်ဆကိုလည်း ယူကြလော့။အိတ်ဝတွင် ဆောင်ခဲ့သောငွေကို တဖန်လက်၌ ဆောင် သွားကြဦးလော့။ ထိုအမှုသည် သတိလစ်သောအမှု ဖြစ်ဟန်ရှိ၏။
and double money take in your hand, even the money which is brought back in the mouth of your bags, you take back in your hand, it may be it [is] an oversight.
13 ၁၃ သင်တို့ညီကိုလည်းယူ၍ တဖန် ထိုသူထံသို့ ထသွားကြလော့။
And take your brother, and rise, return to the man;
14 ၁၄ ထိုသူသည် သင်တို့ အစ်ကိုတယောက်နှင့် ဗင်္ယာမိန်ကို လွှတ်လိုက်မည်အကြောင်း၊ သင်တို့သည် သူ့စိတ်နှင့်တွေ့ရသောအခွင့်ကို အနန္တတန်ခိုးရှင် ဘုရား သခင်ပေးတော်မူပါစေသော။ သို့ရာတွင် ငါသည် သားဆုံးခြင်းကိုခံရလျှင် ခံရတော့မည်ဟု သားတို့အား ဆိုသည်အတိုင်း၊
and God Almighty give to you mercies before the man, so that he has sent to you your other brother and Benjamin; and I, when I am bereaved—I am bereaved.”
15 ၁၅ သူတို့သည် ထိုလက်ဆောင်ကို၎င်း၊ မိမိလက်၌ ငွေနှစ်ဆကို၎င်း၊ ဗင်္ယာမိန်ကို၎င်း၊ ယူ၍ထပြီးလျှင်၊ အဲဂုတ္တုပြည်သို့သွား၍ ယောသပ်ရှေ့မှာ ရပ်နေကြ၏။
And the men take this present, double money also they have taken in their hand, and Benjamin; and they rise, and go down to Egypt, and stand before Joseph;
16 ၁၆ သူတို့နှင့်အတူ ဗင်္ယာမိန်ပါလာသည်ကို ယောသပ်မြင်လျှင်၊ ဝန်စာရေးကိုခေါ်၍၊ ဤသူတို့ကို အိမ်သို့ခေါ်သွားလော့။ အကောင်များကို သတ်၍ စားစရာကို ပြင်ဆင်လော့။ သူတို့သည် ငါနှင့်အတူ မွန်းတည့်စာကို စားရကြလိမ့်မည်ဟု မှာထားသည် အတိုင်း၊
and Joseph sees Benjamin with them and says to him who [is] over his house, “Bring the men into the house, and slaughter an animal, and make ready, for the men eat with me at noon.”
17 ၁၇ ဝန်စာရေးပြု၍၊ သူတို့ကို ယောသပ်အိမ်သို့ ခေါ် သွား၏။
And the man does as Joseph has said, and the man brings in the men into the house of Joseph,
18 ၁၈ ယောသပ်အိမ်သို့ ခေါ်သွားသောအခါ၊ သူတို့ သည် ငါတို့အိတ်၌ ယမန်ပြန်ပေးသောငွေကြောင့် ခေါ် သွင်းပြီ။ သူသည်အမှုရှာလိမ့်မည်။ ငါတို့ကို အပြစ်ပြု သဖြင့် ကျွန်ခံစေ၍၊ မြည်းတို့ကို သိမ်းလိမ့်မည်ဟု ဆိုကြပြီးလျှင်၊
and the men are afraid because they have been brought into the house of Joseph, and they say, “For the matter of the money which was put back in our bags at the commencement are we brought in—to roll himself on us, and to throw himself on us, and to take us for servants—our donkeys also.”
19 ၁၉ ယောသပ်၏ ဝန်စာရေးအနီးသို့ ချဉ်းကပ်၍ အိမ်တံခါးနားမှာ နှုတ်ဆက်လျက်၊
And they come near to the man who [is] over the house of Joseph, and speak to him at the opening of the house,
20 ၂၀ သခင်၊ ယမန်က အကျွန်ုပ်တို့သည် အစာကို ဝယ်ခြင်းငှါ အမှန်လာပါ၏။
and say, “O my lord, we really come down at the commencement to buy food;
21 ၂၁ စားခန်းသို့ရောက်၍ အိတ်များကိုဖွင့်သောအခါ၊ လူတိုင်းဆိုင်သောငွေသည် အလျှင်းမလျော့ဘဲ အိတ်ဝ တွင် ရှိပါ၏။ ထိုငွေကို တဖန် ဆောင်ခဲ့ကြပါပြီ။
and it comes to pass, when we have come to the lodging-place, and open our bags, that behold, each one’s money [is] in the mouth of his bag, our money in its weight, and we bring it back in our hand;
22 ၂၂ ယခုလည်းအစာကို ဝယ်ခြင်းငှါအခြားသော ငွေကို ကိုယ်၌ဆောင်ခဲ့ကြပါ၏။ ထိုငွေကို အကျွန်ုပ်တို့ အိတ်များ၌ အဘယ်သူထားသည်ကို မသိနိုင်ပါဟု ဆိုကြ သော်၊
and other money have we brought down in our hand to buy food; we have not known who put our money in our bags.”
23 ၂၃ ဝန်စာရေးက၊ ချမ်းသာပါစေ၊ မစိုးရိမ်ကြနှင့်။ သင်တို့ဘုရားသခင်၊ သင်တို့၏အဘ ဘုရားသခင်သည် သင်တို့အိတ်များ၌ ဘဏ္ဍာကိုသနားတော်မူပြီ။ သင်တို့ ငွေကို ငါခံရပြီဟုဆိုသဖြင့်၊ ရှိမောင်ကိုထုတ်၍ အပ်လိုက် လေ၏။
And he says, “Peace to you, do not fear: your God and the God of your father has given to you hidden treasure in your bags, your money came to me”; and he brings out Simeon to them.
24 ၂၄ ယောသပ်အိမ်သို့သွင်းပြီးမှ၊ ဝန်စာရေးသည် ရေကို ပေး၍ ခြေဆေးစေ၏။ မြည်းတို့ကိုလည်း ကျွေး လေ၏။
And the man brings in the men into Joseph’s house, and gives water, and they wash their feet; and he gives provender for their donkeys,
25 ၂၅ မွန်းတည့်ချိန်၌ ယောသပ်လာလိမ့်မည်ဟု သူတို့သည် မြော်လင့်၍ လက်ဆောင်ကိုပြင်နှင့်ကြ၏။ ထိုအိမ်၌ သူတို့သည် အစာကိုစားရလိမ့်မည်ဟု သူတို့ သည် ကြားလေသတည်း။
and they prepare the present until the coming of Joseph at noon, for they have heard that there they eat bread.
26 ၂၆ ယောသပ်သည် အိမ်သို့ရောက်သောအခါ၊ သူတို့သည် ကိုယ်၌ပါသော လက်ဆောင်ကို အိမ်ထဲ ယော သပ်ထံသို့သွင်း၍ သူ့ရှေ့မှာဦးညွှတ်ချလျက် နေကြ၏။
And Joseph comes into the house, and they bring to him the present which [is] in their hand, into the house, and bow themselves to him, to the earth;
27 ၂၇ ယောသပ်သည် နှုတ်ဆက်ပြီးလျှင်၊ သင်တို့အဘ တည်းဟူသော သင်တို့အရင်ပြောသော အသက်ကြီးသူ သည် ကျန်းမာပါ၏လော။ အသက်ရှင်သေး၏လောဟု မေးလျှင်၊
and he asks of them of peace and says, “Is your father well? The aged man of whom you have spoken, is he yet alive?”
28 ၂၈ သူတို့က၊ ကိုယ်တော်ကျွန်၊ ကျွန်တော်တို့အဘ သည် ကျန်းမာပါ၏၊ အသက်ရှင်ပါသေး၏ဟု လျှောက် လျက်၊ ဦးညွှတ်ချ၍ ရှိခိုးလျက်နေကြ ၏။
And they say, “Your servant our father [is] well, he is yet alive”; and they bow, and pay respect.
29 ၂၉ ထိုအခါ ယောသပ်သည် မြော်ကြည့်၍ မိမိအမိ ၏သား၊ မိမိညီရင်းဗင်္ယာမိန်ကိုမြင်လျှင်၊ ဤသူကား သင်တို့အရင်ပြောသော သင်တို့ညီဖြစ်သလောဟု မေးလျက်၊ သင့်ကို ဘုရားသခင် ကယ်မသနားတော်မူပါ စေသော ငါ့သားဟု ဆိုပြီးမှ၊
And he lifts up his eyes and sees his brother Benjamin, his mother’s son, and says, “Is this your young brother, of whom you have spoken to me?” And he says, “God favor you, my son.”
30 ၃၀ ညီရင်းကိုမြင်ရ၍ ကြင်နာသော စိတ်ရှိသော ကြောင့် အလျင်အမြန်ထသွားလေ၏။ ငိုရာအရပ်ကို ရှာသဖြင့်၊ အိပ်ခန်းထဲသို့ဝင်၍ ငိုလေ၏။
And Joseph hurries, for his bowels have been moved for his brother, and he seeks to weep, and enters the inner chamber, and weeps there;
31 ၃၁ တဖန် မျက်နှာကိုသစ်၍ ဣန္ဒြေချုပ်တည်းလျက် ပြင်သို့ထွက်ပြီးလျှင်၊ စားပွဲကို ပြင်ကြဟု အမိန့်ရှိ၏။
and he washes his face, and goes out, and refrains himself, and says, “Place bread.”
32 ၃၂ ယောသပ်ဘို့တပွဲ၊ အစ်ကိုတို့ဘို့တပွဲ၊ ယောသပ် နှင့်စားသော အဲဂုတ္တုလူတို့ ဘို့တပွဲ အသီးအသီးတို့ကို ပြင်ကြ၏။ အဲဂုတ္တုလူတို့သည် ဟေဗြဲလူတို့နှင့်အတူ မစားရ၊ ထိုအမှုကို အဲဂုတ္တုလူတို့သည် ရွံ့တတ်ကြ၏။
And they place for him by himself, and for them by themselves, and for the Egyptians who are eating with him by themselves: for the Egyptians are unable to eat bread with the Hebrews, for it [is] an abomination to the Egyptians.
33 ၃၃ ညီအစ်ကိုတို့သည် အကြီးမှစ၍ အငယ်တိုင်အောင် အရွယ်အလိုက် ယောသပ်ရှေ့မှာ ထိုင်နေကြ၏။ သူတို့သည် အချင်းချင်းကြည့်ရှု၍ အံ့ဩခြင်းရှိကြ၏။
And they sit before him, the firstborn according to his birthright, and the young one according to his youth, and the men wonder one at another;
34 ၃၄ ယောသပ်သည်လည်း သူတို့စားရန်အဘို့ အသီး အသီးတို့ကို မိမိထံမှပေးလိုက်၏။ ဗင်္ယာန်မိန်ရသော အဘို့သည် အစ်ကိုတို့ရသောအဘို့ထက် ငါးဆများသတည်း။သူတို့သည်သောက်၍ ပျော်မွေ့ခြင်းသို့ ရောက်ကြ၏။
and he lifts up gifts from before him to them, and the gift of Benjamin is five hands more than the gifts of all of them; and they drink, indeed, they drink abundantly with him.

< ကမ္ဘာ​ဦး 43 >