< ကမ္ဘာဦး 43 >
1 ၁ ခါနာန်ပြည်၌ အလွန်အစာခေါင်းပါးသည် ဖြစ်၍၊
那地的饥荒甚大。
2 ၂ အဲဂုတ္တုပြည်မှ ဆောင်ခဲ့သောစပါးကို စားကုန် ပြီးမှ၊ အဘက၊ တဖန်သွား၍ ငါတို့စားစရာအနည်းငယ်ကို ဝယ်ကြပါဦးဟုဆို၏။
他们从埃及带来的粮食吃尽了,他们的父亲就对他们说:“你们再去给我籴些粮来。”
3 ၃ ယုဒကလည်း၊ ထိုသူသည် ကျွန်ုပ်တို့ကို ကျပ်ကျပ် ခြိမ်းချောက်လျက်၊ သင်တို့ညီမပါလျှင် ငါ့မျက်နှာကို မမြင်ရဟု ပြောထားပြီ။
犹大对他说:“那人谆谆地告诫我们说:‘你们的兄弟若不与你们同来,你们就不得见我的面。’
4 ၄ ကျွန်ုပ်တို့ညီကို ထည့်လျှင်သွား၍ အဘစားဘို့ ရာ ဝယ်ပါမည်။
你若打发我们的兄弟与我们同去,我们就下去给你籴粮;
5 ၅ ညီကို မထည့်လျှင် မသွားပါ၊ အကြောင်းမူကား၊ ထိုသူက သင်တို့ညီမပါလျှင် ငါ့မျက်နှာ ကို မမြင်ရဟု ပြောထားပြီဟု အဘအား ပြန်ဆိုလေ၏။
你若不打发他去,我们就不下去,因为那人对我们说:‘你们的兄弟若不与你们同来,你们就不得见我的面。’”
6 ၆ ဣသရေလကလည်း၊ သင်တို့၌ ညီရှိမှန်းကို ထိုသူအားပြော၍ အဘယ်ကြောင့် ငါ့ကို ညှဉ်းဆဲကြ သနည်းဟုဆိုသော်၊
以色列说:“你们为什么这样害我,告诉那人你们还有兄弟呢?”
7 ၇ သူတို့က၊ ထိုသူသည် ကျွန်ုပ်တို့၏အကြောင်းအရာ အမျိုးအနွယ်တို့ကို ကျပ်ကျပ်မေးလျက်၊ သင်တို့အဘ အသက်ရှင်သေးသလော၊ ညီရှိသေးသလောဟု မေးသော အခါ၊ ကျွန်ုပ်တို့သည် သူ၏စကားသဘောသို့ လိုက်၍ ပြန်ပြောရပါ၏။ သင်တို့ညီကို ဆောင်ခဲ့ကြဟု သူပြောမည် ကို ကျွန်ုပ်တို့သည် အမှန်သိနိုင်ပါသလောဟု ဆိုကြ၏။
他们回答说:“那人详细问到我们和我们的亲属,说:‘你们的父亲还在吗?你们还有兄弟吗?’我们就按着他所问的告诉他,焉能知道他要说‘必须把你们的兄弟带下来’呢?”
8 ၈ ယုဒကလည်း၊ သူငယ်ကို ကျွန်ုပ်နှင့်အတူ လွှတ် ပါ။ သို့ပြုလျှင် အဘမှစ၍ ကျွန်ုပ်တို့နှင့် သူငယ်များတို့ သည် မသေ၊ အသက်ရှင်မည်အကြောင်း၊ ကျွန်ုပ်တို့ ထ၍ သွားကြပါမည်။
犹大又对他父亲以色列说:“你打发童子与我同去,我们就起身下去,好叫我们和你,并我们的妇人孩子,都得存活,不至于死。
9 ၉ ကျွန်ုပ်သည် သူ၏အာမခံဖြစ်ပါမည်။ ကျွန်ုပ် တွင် သူ့ကို တောင်းပါ။သူ့ကိုပြန်၍မဆောင် အဘရှေ့မှာ မထားလျှင်၊ အစဉ်မပြတ် အပြစ်ကို ခံပါစေ။
我为他作保;你可以从我手中追讨,我若不带他回来交在你面前,我情愿永远担罪。
10 ၁၀ ဤမျှလောက်မဖင့်နွှဲ့လျှင်၊ အကယ်၍ ဒုတိယ အကြိမ်တွင် ပြန်ရောက်ပါပြီဟု အဘဣသရေလအား ဆို၏။
我们若没有耽搁,如今第二次都回来了。”
11 ၁၁ အဘဣသရေလကလည်း၊ သို့ဖြစ်လျှင် ဤသို့ပြုကြ လော့။ ထိုသူအား ဆက်စရာဘို့ သင်တို့အိတ်ဝတို့တွင် ခါနာန်ပြည်၏ အသီးမျိုးအကောင်းဆုံးတည်းဟူသော ဗလစံစေး အနည်းငယ်၊ ပျားရည်အနည်းငယ်၊ နံ့သာမျိုး၊ မုရန်စေး၊ သစ်အယ်သီး၊ ဗာတံသီးတို့ကို ယူကြလော့။
他们的父亲以色列说:“若必须如此,你们就当这样行:可以将这地土产中最好的乳香、蜂蜜、香料、没药、榧子、杏仁都取一点,收在器具里,带下去送给那人作礼物,
12 ၁၂ သင်တို့လက်၌ ငွေနှစ်ဆကိုလည်း ယူကြလော့။အိတ်ဝတွင် ဆောင်ခဲ့သောငွေကို တဖန်လက်၌ ဆောင် သွားကြဦးလော့။ ထိုအမှုသည် သတိလစ်သောအမှု ဖြစ်ဟန်ရှိ၏။
又要手里加倍地带银子,并将归还在你们口袋内的银子仍带在手里;那或者是错了。
13 ၁၃ သင်တို့ညီကိုလည်းယူ၍ တဖန် ထိုသူထံသို့ ထသွားကြလော့။
也带着你们的兄弟,起身去见那人。
14 ၁၄ ထိုသူသည် သင်တို့ အစ်ကိုတယောက်နှင့် ဗင်္ယာမိန်ကို လွှတ်လိုက်မည်အကြောင်း၊ သင်တို့သည် သူ့စိတ်နှင့်တွေ့ရသောအခွင့်ကို အနန္တတန်ခိုးရှင် ဘုရား သခင်ပေးတော်မူပါစေသော။ သို့ရာတွင် ငါသည် သားဆုံးခြင်းကိုခံရလျှင် ခံရတော့မည်ဟု သားတို့အား ဆိုသည်အတိုင်း၊
但愿全能的 神使你们在那人面前蒙怜悯,释放你们的那弟兄和便雅悯回来。我若丧了儿子,就丧了吧!”
15 ၁၅ သူတို့သည် ထိုလက်ဆောင်ကို၎င်း၊ မိမိလက်၌ ငွေနှစ်ဆကို၎င်း၊ ဗင်္ယာမိန်ကို၎င်း၊ ယူ၍ထပြီးလျှင်၊ အဲဂုတ္တုပြည်သို့သွား၍ ယောသပ်ရှေ့မှာ ရပ်နေကြ၏။
于是,他们拿着那礼物,又手里加倍地带银子,并且带着便雅悯,起身下到埃及,站在约瑟面前。
16 ၁၆ သူတို့နှင့်အတူ ဗင်္ယာမိန်ပါလာသည်ကို ယောသပ်မြင်လျှင်၊ ဝန်စာရေးကိုခေါ်၍၊ ဤသူတို့ကို အိမ်သို့ခေါ်သွားလော့။ အကောင်များကို သတ်၍ စားစရာကို ပြင်ဆင်လော့။ သူတို့သည် ငါနှင့်အတူ မွန်းတည့်စာကို စားရကြလိမ့်မည်ဟု မှာထားသည် အတိုင်း၊
约瑟见便雅悯和他们同来,就对家宰说:“将这些人领到屋里。要宰杀牲畜,预备筵席,因为晌午这些人同我吃饭。”
17 ၁၇ ဝန်စာရေးပြု၍၊ သူတို့ကို ယောသပ်အိမ်သို့ ခေါ် သွား၏။
家宰就遵着约瑟的命去行,领他们进约瑟的屋里。
18 ၁၈ ယောသပ်အိမ်သို့ ခေါ်သွားသောအခါ၊ သူတို့ သည် ငါတို့အိတ်၌ ယမန်ပြန်ပေးသောငွေကြောင့် ခေါ် သွင်းပြီ။ သူသည်အမှုရှာလိမ့်မည်။ ငါတို့ကို အပြစ်ပြု သဖြင့် ကျွန်ခံစေ၍၊ မြည်းတို့ကို သိမ်းလိမ့်မည်ဟု ဆိုကြပြီးလျှင်၊
他们因为被领到约瑟的屋里,就害怕,说:“领我们到这里来,必是因为头次归还在我们口袋里的银子,找我们的错缝,下手害我们,强取我们为奴仆,抢夺我们的驴。”
19 ၁၉ ယောသပ်၏ ဝန်စာရေးအနီးသို့ ချဉ်းကပ်၍ အိမ်တံခါးနားမှာ နှုတ်ဆက်လျက်၊
他们就挨近约瑟的家宰,在屋门口和他说话,
20 ၂၀ သခင်၊ ယမန်က အကျွန်ုပ်တို့သည် အစာကို ဝယ်ခြင်းငှါ အမှန်လာပါ၏။
说:“我主啊,我们头次下来实在是要籴粮。
21 ၂၁ စားခန်းသို့ရောက်၍ အိတ်များကိုဖွင့်သောအခါ၊ လူတိုင်းဆိုင်သောငွေသည် အလျှင်းမလျော့ဘဲ အိတ်ဝ တွင် ရှိပါ၏။ ထိုငွေကို တဖန် ဆောင်ခဲ့ကြပါပြီ။
后来到了住宿的地方,我们打开口袋,不料,各人的银子,分量足数,仍在各人的口袋内,现在我们手里又带回来了。
22 ၂၂ ယခုလည်းအစာကို ဝယ်ခြင်းငှါအခြားသော ငွေကို ကိုယ်၌ဆောင်ခဲ့ကြပါ၏။ ထိုငွေကို အကျွန်ုပ်တို့ အိတ်များ၌ အဘယ်သူထားသည်ကို မသိနိုင်ပါဟု ဆိုကြ သော်၊
另外又带下银子来籴粮。不知道先前谁把银子放在我们的口袋里。”
23 ၂၃ ဝန်စာရေးက၊ ချမ်းသာပါစေ၊ မစိုးရိမ်ကြနှင့်။ သင်တို့ဘုရားသခင်၊ သင်တို့၏အဘ ဘုရားသခင်သည် သင်တို့အိတ်များ၌ ဘဏ္ဍာကိုသနားတော်မူပြီ။ သင်တို့ ငွေကို ငါခံရပြီဟုဆိုသဖြင့်၊ ရှိမောင်ကိုထုတ်၍ အပ်လိုက် လေ၏။
家宰说:“你们可以放心,不要害怕,是你们的 神和你们父亲的 神赐给你们财宝在你们的口袋里;你们的银子,我早已收了。”他就把西缅带出来,交给他们。
24 ၂၄ ယောသပ်အိမ်သို့သွင်းပြီးမှ၊ ဝန်စာရေးသည် ရေကို ပေး၍ ခြေဆေးစေ၏။ မြည်းတို့ကိုလည်း ကျွေး လေ၏။
家宰就领他们进约瑟的屋里,给他们水洗脚,又给他们草料喂驴。
25 ၂၅ မွန်းတည့်ချိန်၌ ယောသပ်လာလိမ့်မည်ဟု သူတို့သည် မြော်လင့်၍ လက်ဆောင်ကိုပြင်နှင့်ကြ၏။ ထိုအိမ်၌ သူတို့သည် အစာကိုစားရလိမ့်မည်ဟု သူတို့ သည် ကြားလေသတည်း။
他们就预备那礼物,等候约瑟晌午来,因为他们听见要在那里吃饭。
26 ၂၆ ယောသပ်သည် အိမ်သို့ရောက်သောအခါ၊ သူတို့သည် ကိုယ်၌ပါသော လက်ဆောင်ကို အိမ်ထဲ ယော သပ်ထံသို့သွင်း၍ သူ့ရှေ့မှာဦးညွှတ်ချလျက် နေကြ၏။
约瑟来到家里,他们就把手中的礼物拿进屋去给他,又俯伏在地,向他下拜。
27 ၂၇ ယောသပ်သည် နှုတ်ဆက်ပြီးလျှင်၊ သင်တို့အဘ တည်းဟူသော သင်တို့အရင်ပြောသော အသက်ကြီးသူ သည် ကျန်းမာပါ၏လော။ အသက်ရှင်သေး၏လောဟု မေးလျှင်၊
约瑟问他们好,又问:“你们的父亲—就是你们所说的那老人家平安吗?他还在吗?”
28 ၂၈ သူတို့က၊ ကိုယ်တော်ကျွန်၊ ကျွန်တော်တို့အဘ သည် ကျန်းမာပါ၏၊ အသက်ရှင်ပါသေး၏ဟု လျှောက် လျက်၊ ဦးညွှတ်ချ၍ ရှိခိုးလျက်နေကြ ၏။
他们回答说:“你仆人—我们的父亲平安;他还在。”于是他们低头下拜。
29 ၂၉ ထိုအခါ ယောသပ်သည် မြော်ကြည့်၍ မိမိအမိ ၏သား၊ မိမိညီရင်းဗင်္ယာမိန်ကိုမြင်လျှင်၊ ဤသူကား သင်တို့အရင်ပြောသော သင်တို့ညီဖြစ်သလောဟု မေးလျက်၊ သင့်ကို ဘုရားသခင် ကယ်မသနားတော်မူပါ စေသော ငါ့သားဟု ဆိုပြီးမှ၊
约瑟举目看见他同母的兄弟便雅悯,就说:“你们向我所说那顶小的兄弟就是这位吗?”又说:“小儿啊,愿 神赐恩给你!”
30 ၃၀ ညီရင်းကိုမြင်ရ၍ ကြင်နာသော စိတ်ရှိသော ကြောင့် အလျင်အမြန်ထသွားလေ၏။ ငိုရာအရပ်ကို ရှာသဖြင့်၊ အိပ်ခန်းထဲသို့ဝင်၍ ငိုလေ၏။
约瑟爱弟之情发动,就急忙寻找可哭之地,进入自己的屋里,哭了一场。
31 ၃၁ တဖန် မျက်နှာကိုသစ်၍ ဣန္ဒြေချုပ်တည်းလျက် ပြင်သို့ထွက်ပြီးလျှင်၊ စားပွဲကို ပြင်ကြဟု အမိန့်ရှိ၏။
他洗了脸出来,勉强隐忍,吩咐人摆饭。
32 ၃၂ ယောသပ်ဘို့တပွဲ၊ အစ်ကိုတို့ဘို့တပွဲ၊ ယောသပ် နှင့်စားသော အဲဂုတ္တုလူတို့ ဘို့တပွဲ အသီးအသီးတို့ကို ပြင်ကြ၏။ အဲဂုတ္တုလူတို့သည် ဟေဗြဲလူတို့နှင့်အတူ မစားရ၊ ထိုအမှုကို အဲဂုတ္တုလူတို့သည် ရွံ့တတ်ကြ၏။
他们就为约瑟单摆了一席,为那些人又摆了一席,也为和约瑟同吃饭的埃及人另摆了一席,因为埃及人不可和希伯来人一同吃饭;那原是埃及人所厌恶的。
33 ၃၃ ညီအစ်ကိုတို့သည် အကြီးမှစ၍ အငယ်တိုင်အောင် အရွယ်အလိုက် ယောသပ်ရှေ့မှာ ထိုင်နေကြ၏။ သူတို့သည် အချင်းချင်းကြည့်ရှု၍ အံ့ဩခြင်းရှိကြ၏။
约瑟使众弟兄在他面前排列坐席,都按着长幼的次序,众弟兄就彼此诧异。
34 ၃၄ ယောသပ်သည်လည်း သူတို့စားရန်အဘို့ အသီး အသီးတို့ကို မိမိထံမှပေးလိုက်၏။ ဗင်္ယာန်မိန်ရသော အဘို့သည် အစ်ကိုတို့ရသောအဘို့ထက် ငါးဆများသတည်း။သူတို့သည်သောက်၍ ပျော်မွေ့ခြင်းသို့ ရောက်ကြ၏။
约瑟把他面前的食物分出来,送给他们;但便雅悯所得的比别人多五倍。他们就饮酒,和约瑟一同宴乐。