< ကမ္ဘာ​ဦး 41 >

1 ထိုနောက် နှစ်နှစ်လွန်သောအခါ၊ ဖါရောမင်း သည် အိပ်မက်ကို မြင်မက်သည်ကား၊ မိမိသည် မြစ်နား ၌ ရပ်နေ၏။
Post duos annos vidit Pharao somnium. Putabat se stare super fluvium,
2 အဆင်းလှ၍ဝသော နွားခုနစ်ကောင်တို့သည် မြစ်ထဲကထွက်၍ မြစ်နားမှာပေါက်သော မြက်ပင်ကို စားလျက် နေကြ၏။
de quo ascendebant septem boves, pulchrae et crassae nimis: et pascebantur in locis palustribus.
3 ထိုနွားတို့နောက်မှ အဆင်းမလှ၊ ပိန်သော နွားခုနစ်ကောင်တို့သည် မြစ်ထဲကထွက်၍ အရင်နွားတို့ အနား၌ ကမ်းပေါ်မှာ ရပ်နေကြ၏။
Aliae quoque septem emergebant de flumine, foedae, confectaeque macie: et pascebantur in ipsa amnis ripa in locis virentibus:
4 အဆင်းမလှ ပိန်သောနွားတို့သည်၊ အဆင်း လှ၍ ဝသောနွားခုနစ်ကောင်တို့ကို ကိုက်စားကြ၏။ ဖါရောမင်းလည်း နိုးလေ၏။
devoraveruntque eas, quarum mira species, et habitudo corporum erat. Expergefactus Pharao,
5 တဖန်အိပ်ပြန်၍ အိပ်မက်ကို မြင်မက်ပြန်သည် ကား၊ အလုံးကြီး ၍ကောင်းသော စပါးခုနစ်နှံတို့သည် စပါးတပင်တည်း၌ ဖြစ်ကြ၏။
rursum dormivit, et vidit alterum somnium: Septem spicae pullulabant in culmo uno plenae atque formosae:
6 ထိုနောက်မှ အလုံးသေး၍ အရှေ့လေဖြင့် ပျက်သော စပါးခုနစ်နှံတို့သည် ပေါက်ကြ၏။
aliae quoque totidem spicae tenues, et percussae uredine oriebantur,
7 အလုံးသေးသော စပါးခုနစ်နှံတို့သည် အလုံး ကြီး၍ ကောင်းသော စပါးခုနစ်နှံတို့ကို စားကြ၏။ဖါရော မင်းလည်းနိုး၍ အိပ်မက်ဖြစ်သည်ကို သိလေ၏။
devorantes omnium priorum pulchritudinem. Evigilans Pharao post quietem,
8 နံနက်အချိန် ရောက်သောအခါ၊ ဖါရောမင်း သည် စိတ်ပူပန်၍၊ အဲဂုတ္တုဗေဒင်တတ် ပညာရှိအပေါင်း တို့ကို ခေါ်၍ အိပ်မက်တော်ကို ပြန်ကြားတော်မူ၏။ သို့သော်လည်း ရှေ့တော်၌အနက်ကို ဘတ်နိုင်သောသူ တယောက်မျှမရှိ။
et facto mane, pavore perterritus, misit ad omnes coniectores Aegypti, cunctosque sapientes: et accersitis narravit somnium, nec erat qui interpretaretur.
9 ထိုအခါ ဖလားတော်ဝန်က၊ ကျွန်တော်သည် ကိုယ်အပြစ်ကို ယနေ့အောက်မေ့ပါ၏။
Tunc demum reminiscens pincernarum magister, ait: Confiteor peccatum meum:
10 ၁၀ ဖါရောဘုရင်သည် ကျွန်တော်နှင့်စားတော်ဝန် ကို အမျက်ထွက်၍ ကိုယ်ရံတော်မှူးအိမ်၌ ချုပ်ထားတော် မူသောအခါ၊
Iratus rex servis suis, me et magistrum pistorum retrudi iussit in carcerem principis militum:
11 ၁၁ ကျွန်တော်တို့နှစ်ယောက်သည် အသီးအသီး မိမိတို့ ကိုယ်စီဆိုင်သော အနက်နှင့်ပြည့်စုံသော အိပ်မက် ကို တညဉ့်ခြင်းတွင် မြင်မက်ကြပါ၏။
ubi una nocte uterque vidimus somnium praesagium futurorum.
12 ၁၂ ကျွန်တော်တို့၌ ကိုယ်ရံတော်မှူး၏ကျွန် ဟေဗြဲ လုလင်တယောက်ရှိ၏။ ထိုသူအား ကျွန်တော်တို့သည် ကြားပြော၍ သူသည် အိပ်မက်၏အနက်ကို ဘတ်ပါ၏။ တယောက်စီမြင်မက်သည်အတိုင်း ဘတ်ပါ၏။
Erat ibi puer Hebraeus, eiusdem ducis militum famulus: cui narrantes somnia,
13 ၁၃ ဘတ်သည်အတိုင်းလည်းမှန်ပါ၏။ ကျွန်တော် သည်အရင်အရာကိုရပြန်၍၊ စားတော်ဝန်မူကား၊ ဆွဲထား ခြင်းကို ခံရပါသည်ဟု လျှောက်လေ၏။
audivimus quidquid postea rei probavit eventus. ego enim redditus sum officio meo: et ille suspensus est in cruce.
14 ၁၄ ထိုအခါ ဖါရောမင်းသည် လူကိုစေလွှတ်၍ ယောသပ်ကို ခေါ်တော်မူ၏။ ယောသပ်သည် ထောင်ထဲ က အလျင်အမြန်ထွက်ရ၍၊ မုတ်ဆိတ်ညှပ်ခြင်း၊ အဝတ် လဲခြင်းကို ပြုပြီးမှ အထံတော်သို့ ဝင်ရ၏။
Protinus ad regis imperium eductum de carcere Ioseph totonderunt: ac veste mutata, obtulerunt ei.
15 ၁၅ ဖါရောမင်းကလည်း၊ ငါသည်အိပ်မက်ကို မြင် မက်ပြီ။ အနက်ကို အဘယ်သူမျှမဘတ်နိုင်။ သင်သည် အိပ်မက်ကို နားလည်သော ဥာဏ်နှင့် အနက်ဘတ်နိုင် သည်ကို ငါကြားရပြီဟုဆို၏။
Cui ille ait: Vidi somnia, nec est qui edisserat: quae audivi te sapientissime coniicere.
16 ၁၆ ယောသပ်ကလည်း၊ ကျွန်တော်သည် အလို အလျောက်မတတ်နိုင်ပါ။ ဘုရားသခင်သည် မင်္ဂလာ အဖြေစကားကို ဖါရောဘုရင်အား ပေးတော်မူပါစေသော ဟု လျှောက်လေ၏။
Respondit Ioseph: Absque me Deus respondebit prospera Pharaoni.
17 ၁၇ ဖါရောမင်းကလည်း၊ ငါမြင်မက်သည်မှာ၊ မြစ်နား၌ ငါရပ်နေ၏။
Narravit ergo Pharao quod viderat: Putabam me stare super ripam fluminis,
18 ၁၈ အဆင်းလှ၍ဝသော နွားခုနစ်ကောင်တို့သည် မြစ်ထဲကထွက်၍၊ မြစ်နားမှာပေါက်သော မြက်ပင်ကို စားလျက် နေကြ၏။
et septem boves de amne conscendere, pulchras nimis, et obesis carnibus: quae in pastu paludis virecta carpebant.
19 ၁၉ ထိုနွားတို့နောက်မှ၊ အဆင်းမလှ ပိန်ကြုံသော နွားခုနစ်ကောင်တို့သည် ထွက်လာကြ၏။ ထိုမျှလောက် အရုပ်ဆိုးသော နွားတို့ကို အဲဂုတ္တုပြည်တရှောက်လုံးတွင် တခါမျှမမြင်ရစဖူး။
et ecce, has sequebantur aliae septem boves in tantum deformes et macilentae, ut numquam tales in terra Aegypti viderim:
20 ၂၀ အဆင်းမလှ ပိန်သောနွားတို့သည်၊ ဝသော အရင်နွားခုနစ်ကောင်တို့ကို ကိုက်စားကြ၏။
quae, devoratis et consumptis prioribus,
21 ၂၁ စားပြီးသောနောက်၊ စားမှန်းကို အဘယ်သူမျှ မသိရ။ အရင်ကဲ့သို့ အရုပ်ဆိုးသေး၏။ ငါလည်း နိုး၏။
nullum saturitatis dedere vestigium: sed simili macie et squalore torpebant. Evigilans, rursus sopore depressus,
22 ၂၂ တဖန်ငါမြင်မက် ပြန်သည်ကား၊ အလုံးကြီး၍ ကောင်းသော စပါးခုနစ်နှံတို့သည် စပါးတပင်တည်း၌ ဖြစ်ကြ၏။
vidi somnium: Septem spicae pullulabant in culmo uno plenae atque pulcherrimae.
23 ၂၃ ထိုနောက်မှ ညှိုးနွမ်းလျက် အလုံးသေး၍ အရှေ့ လေဖြင့် ပျက်သော စပါးခုနစ်နှံတို့သည် ပေါက်ကြ၏။
Aliae quoque septem tenues et percussae uredine, oriebantur e stipula:
24 ၂၄ အလုံးသေးသော စပါးနှံတို့သည် ကောင်းသော စပါးခုနစ်နှံတို့ကို စားကြ၏။ ထိုအိမ်မက်ကို ဗေဒင်တတ် တို့အား ငါကြားပြော၍ အနက်ကို အဘယ်သူမျှ မဘတ်နိုင်ဟု ယောသပ်အား ပြောဆိုတော်မူ၏။
quae priorum pulchritudinem devoraverunt. Narravi coniectoribus somnium, et nemo est qui edisserat.
25 ၂၅ ယောသပ်ကလည်း၊ ဖါရောဘုရင် မြင်မက်တော် မူသော အိပ်မက်ကား တပါးတည်းဖြစ်ပါ၏။ ဘုရားသခင် ပြုလတံ့သောအမှုကို ဖါရောဘုရင်အား ပြတော်မူပြီ။
Respondit Ioseph: Somnium regis unum est: quae facturus est Deus, ostendit Pharaoni.
26 ၂၆ ကောင်းသော နွားခုနစ်ကောင်တို့သည် ခုနစ်နှစ်ဖြစ်ပါ၏။ ကောင်းသောစပါးခုနစ်နှံတို့သည်လည်း ခုနစ်နှစ်ဖြစ်ပါ၏။ အိပ်မက်တော်ကား တပါးတည်း ဖြစ်ပါ၏။
Septem boves pulchrae, et septem spicae plenae: septem hubertatis anni sunt: eandemque vim somnii comprehendunt.
27 ၂၇ ထိုနွားတို့နောက် ထွက်လာသောနွား၊ ပိန်၍ အရုပ်ဆိုးသော နွားခုနစ်ကောင်တို့သည် ခုနစ်နှစ်ဖြစ်ပါ ၏။ အရှေ့လေဖြင့်ပျက်သော စပါးဖျင်း ခုနစ်နှံတို့သည် လည်း၊ အစာခေါင်းပါးသော ခုနစ်နှစ်ဖြစ်ပါ၏။
Septem quoque boves tenues atque macilentae, quae ascenderunt post eas, et septem spicae tenues, et vento urente percussae, septem anni venturae sunt famis.
28 ၂၈ ဖါရောဘုရင်အား ကျွန်တော်လျှောက်လိုသော အရာဟူမူကား၊ ဘုရားသခင်ပြုလတံ့သော အမှုကိုဖါရော ဘုရင်အား ပြတော်မူ၏။
Qui hoc ordine complebuntur:
29 ၂၉ အဲဂုတ္တုပြည်တရှောက်လုံးတွင် ဝပြောသောနှစ် ခုနစ်နှစ်ရှိလိမ့်မည်။
Ecce septem anni venient fertilitatis magnae in universa terra Aegypti:
30 ၃၀ ထိုနောက်မှ အစာခေါင်းပါးသောနှစ် ခုနစ်နှစ် ပေါ်လာ၍၊ အဲဂုတ္တုပြည်၌အလုံးစုံသော ဝပြောခြင်းသည် တိမ်မြုပ်လျက် အစာခေါင်းပါးခြင်းအားဖြင့် တပြည်လုံး ပျက် စီးလိမ့်မည်။
quos sequentur septem anni alii tantae sterilitatis, ut oblivioni tradatur cuncta retro abundantia: consumptura est enim fames omnem terram,
31 ၃၁ အစာခေါင်းပါးခြင်းသည် အလွန်အားကြီးသော ကြောင့်၊ အရင်ဝပြောခြင်း၏ လက္ခဏာမထင်ရ။
et ubertatis magnitudinem perditura est inopiae magnitudo.
32 ၃၂ ဖါရောဘုရင်သည် ထပ်၍အိပ်မက်မြင်ရသည် အရာမှာ၊ ထိုအမှုကို ဘုရားသခင် မြဲမြံခိုင်ခံ့စေ၍ အလျင် အမြန် စီရင်တော်မူလိမ့်မည်။
Quod autem vidisti secundo ad eandem rem pertinens somnium: firmitatis indicium est, eo quod fiat sermo Dei, et velocius impleatur.
33 ၃၃ သို့ဖြစ်၍ ဖါရောဘုရင်သည် ဥာဏ်ပညာနှင့် ပြည့်စုံသောသူကို ရွေးချယ်၍ အဲဂုတ္တုပြည်ကို အုပ်စိုး စေတော်မူပါ။
Nunc ergo provideat rex virum sapientem et industrium, et praeficiat eum Terrae Aegypti:
34 ၃၄ ခန့်ထားတော်မူသောသူသည်လည်း တပြည်လုံး ၌ အကြီးအကြပ်တို့ကို ခန့်ထား၍၊ ဝပြောသောနှစ် ခုနစ် နှစ်ပတ်လုံး တပြည်လုံးတွင် ငါးဘို့တဘို့ကောက်ယူကြ ပါစေ။
Qui constituat praepositos per cunctas regiones: et quintam partem fructuum per septem annos fertilitatis,
35 ၃၅ ထိုသူတို့သည်ဖြစ်လတံ့သော မင်္ဂလာနှစ်တို့တွင် ရိက္ခာရှိသမျှကို စုရုံး၍ ဖါရောဘုရင်ထံတော်၌ စပါးများ ကို ဆည်းဘူးကြပါစေ။ မြို့များ၌လည်း ရိက္ခာကို သိုထား ကြပါစေ။
qui iam nunc futuri sunt, congreget in horrea: et omne frumentum sub Pharaonis potestate condatur, serveturque in urbibus.
36 ၃၆ သို့ဖြစ်၍ အဲဂုတ္တုပြည်၌ အစာခေါင်းပါးသောနှစ် ခုနစ်နှစ်ရောက်သောအခါ၊ ပြည်သူပြည်သား စားစရာဘို့ သိုထားလျက်ရှိနှင့်၍ အစာခေါင်းပါးသော ကာလတွင် ပြည်တော်မပျက်ရဟု ဖါရောမင်းအား လျှောက်လေ၏။
Et praeparetur futurae septem annorum fami, quae oppressura est Aegyptum, et non consumetur terra inopia.
37 ၃၇ ထိုသို့ ယောသပ်လျှောက်သောစကားကို ဖါရော မင်းအစရှိသော ကျွန်တော်မျိုးအပေါင်းတို့သည် နှစ်သက် ကြ၍၊
Placuit Pharaoni consilium et cunctis ministris eius:
38 ၃၈ ဖါရောမင်းက၊ ဘုရားသခင်၏ ဝိညာဉ်တော်ကို ရ၍ ဤကဲ့သို့သော သူကို အဘယ်မှာ ရှာ၍ တွေ့မည် နည်းဟု ကျွန်တော်မျိုးတို့အား မိန့်တော်မူ၏။
locutusque est ad eos: Num invenire poterimus talem virum, qui spiritu Dei plenus sit?
39 ၃၉ ယောသပ်အားလည်း၊ ဘုရားသခင်သည် ဤအမှုအလုံးစုံတို့ကို သင့်အား ပြုတော်မူသည်ဖြစ်၍ သင်ကဲ့သို့ ဥာဏ်ပညာနှင့် ပြည့်စုံသောသူ မရှိ။
Dixit ergo ad Ioseph: Quia ostendit tibi Deus omnia quae locutus es, numquid sapientiorem et consimilem tui invenire potero?
40 ၄၀ သင်သည် နန်းတော်အုပ်ဖြစ်ရမည်။ သင်၏ စကားအတိုင်း ငါ၏ပြည်သားအပေါင်းတို့ကို ငါစီရင် စေမည်။ ရာဇပလ္လင်အားဖြင့်သာ ငါသည် သင့်ထက် ကြီးမြတ်မည်ဟု မိန့်တော်မူ၏။
Tu eris super domum meam, et ad tui oris imperium cunctus populus obediet: uno tantum regni solio te praecedam.
41 ၄၁ တဖန်ကြည့်ပါ၊ အဲဂုတ္တုပြည်တပြည်လုံးကို သင်အုပ်စိုးစေခြင်းငှါ ငါခန့်ထားပြီဟု ယောသပ်အား မိန့်တော်မူလျက်၊
Dixitque rursus Pharao ad Ioseph: Ecce, constitui te super universam terram Aegypti.
42 ၄၂ လက်စွပ်တော်ကိုချွတ်၍ ယောသပ်လက်၌ စွပ်စေတော်မူ၏။ ပိတ်ချောအဝတ်ကိုလည်း ဝတ်စေ၍၊ လည်ပင်း၌ ရွှေစလွယ်ကိုဆွဲပြီးလျှင်၊
Tulitque annulum de manu sua, et dedit eum in manu eius: vestivitque eum stola byssina, et collo torquem auream circumposuit.
43 ၄၃ ဒုတိယရထားတော်ကို စီးစေတော်မူ၏။ ပြပ်ဝပ် ၍ နေကြဟု သူ့ရှေ့မှာ ဟစ်ကြ၏။ ထိုသို့လျှင် အဲဂုတ္တု ပြည်တပြည်လုံးကို အုပ်စိုးစေတော်မူ၏။
Fecitque eum ascendere super currum suum secundum, clamante praecone, ut omnes coram eo genu flecterent, et praepositum esse scirent universae Terrae Aegypti.
44 ၄၄ ဖါရောမင်းကလည်း၊ ငါသည် ဖါရောဘုရင် မှန်၏။ သို့ဖြစ်၍ သင်၏အခွင့်မရှိလျှင် အဲဂုတ္တုပြည် တရှောက်လုံးတွင် အဘယ်သူမျှ မိမိလက်ခြေကိုမကြွရဟု မိန့်တော်မူ၏။
Dixit quoque rex Aegypti ad Ioseph: Ego sum Pharao: absque tuo imperio non movebit quisquam manum aut pedem in omni terra Aegypti.
45 ၄၅ ဖါရောမင်းသည်လည်း၊ ဇာဖဏာသဖါဏတည်း ဟူသော ဘွဲ့နာမနှင့်ယောသပ်ကို ချီးမြှောက်၍ ဩနမြို့၏ ယဇ်ပုရောဟိတ်ပေါတိဖေရ၏သမီးအာသနတ်နှင့် စုံဘက်စေတော်မူ၏။ ထိုသို့ယောသပ်သည် အဲဂုတ္တု နိုင်ငံအုပ်အရာနှင့် အထံတော်ကထွက်လေ၏။
Vertitque nomen eius, et vocavit eum lingua Aegyptiaca, Salvatorem mundi. Deditque illi uxorem Aseneth filiam Phutipharis sacerdotis Heliopoleos. Egressus est itaque Ioseph ad terram Aegypti
46 ၄၆ ယောသပ်သည် အဲဂုတ္တုရှင်ဘုရင် ဖါရောမင်း ထံ၌ အခွင့်ရသောအခါ၊ အသက်အနှစ်သုံးဆယ် ရှိသ တည်း။ အထံတော်ကထွက်၍ အဲဂုတ္တုပြည်တရှောက်လုံး သို့ သွားလေ၏။
(Triginta autem annorum erat quando stetit in conspectu regis Pharaonis) et circuivit omnes regiones Aegypti.
47 ၄၇ ဝပြောနှစ် ခုနစ်နှစ်ပတ်လုံး မြေအသီးအနှံတို့ သည် အလွန်များပြားကြ၏။
Venitque fertilitas septem annorum: et in manipulos redactae segetes congregatae sunt in horrea Aegypti.
48 ၄၈ ခုနစ်နှစ်ပတ်လုံး အဲဂုတ္တုပြည်တွင် ရှိသမျှသော ရိက္ခာကိုစုရုံး၍ မြို့တို့၌ သိုထားလေ၏။ မြို့ပတ်ဝန်းကျင် လယ်တို့၌ရသော ရိက္ခာကိုမြို့အသီးအသီးတို့တွင် သိုထား လေ၏။
Omnis etiam frugum abundantia in singulis urbibus condita est.
49 ၄၉ စပါးကိုကား သမုဒ္ဒရာသဲလုံးနှင့်အမျှ အလွန် များစွာစုထား၍ မရေတွက်နိုင်အောင် များသောကြောင့် မရေတွက်ဘဲနေသတည်း။
Tantaque fuit abundantia tritici, ut arenae maris coaequaretur, et copia mensuram excederet.
50 ၅၀ အစာခေါင်းပါးသောနှစ် မရောက်မှီ၊ ယောသပ် သည် ဩနမြို့၏ယဇ်ပုရောဟိတ် ပေါတိဖေရ၏သမီး အာသနတ်တွင် သားနှစ်ယောက်တို့ကို မြင်ရ၏။
Natique sunt Ioseph filii duo antequam veniret fames: quos peperit ei Aseneth filia Phutipharis sacerdotis Heliopoleos.
51 ၅၁ သားဦးကိုကား မနာရှေအမည်ဖြင့် မှည့်လေ၏။ အကြောင်းမူကား၊ ငါခံရသမျှသော ပင်ပန်းခြင်းနှင့် ငါ့အဘ၏ အိမ်သားအပေါင်းတို့ကို ငါမေ့စေခြင်းငှါ ဘုရားသခင်ပြုတော်မူပြီဟု ဆိုသတည်း။
Vocavitque nomen primogeniti, Manasses, dicens: Oblivisci me fecit Deus omnium laborum meorum, et domus patris mei.
52 ၅၂ နောက်ရသောသားကိုကား၊ ဧဖရိမ်အမည်ဖြင့် မှည့်လေ၏။ အကြောင်းမူကား၊ ဘုရားသခင်သည် ငါဆင်းရဲခံရသောပြည်၌ ငါ့ကိုပွါးများ စေတော်မူပြီဟု ဆိုသတည်း။
Nomen quoque secundi appellavit Ephraim, dicens: Crescere me fecit Deus in terra paupertatis meae.
53 ၅၃ ထိုနောက် အဲဂုတ္တုပြည်၌ ဝပြောသောနှစ် ခုနစ် နှစ်ကုန်လေ၏။
Igitur transactis septem hubertatis annis, qui fuerant in Aegypto:
54 ၅၄ ယောသပ်ပြောသည်အတိုင်း အစာခေါင်းပါး သော နှစ်တို့သည် ရောက်စရှိ၏။ ထိုအခါ ခပ်သိမ်းသော ပြည်တို့၌ အစာခေါင်းပါးခြင်းရှိသော်လည်း အဲဂုတ္တုပြည် ၌ ဆန်စပါးရှိသေး၏။
coeperunt venire septem anni inopiae: quos praedixerat Ioseph: et in universo orbe fames praevaluit, in cuncta autem terra Aegypti panis erat.
55 ၅၅ နောက်တဖန် အဲဂုတ္တုပြည်သူ ပြည်သား အပေါင်းတို့သည် မွတ်သိပ်သောအခါ စားစရာကိုရပါ မည်အကြောင်း ဖါရောမင်းထံ၌ ကြွေးကြော်ကြ၏။ဖါရောမင်းကလည်း၊ ယောသပ်ထံသို့သွားကြ၊ သူစီရင် သည်အတိုင်းပြုကြဟု အဲဂုတ္တုပြည်သူပြည်သား အပေါင်းတို့ကို မိန့်တော်မူ၏။
Qua esuriente, clamavit populus ad Pharaonem, alimenta petens. Quibus ille respondit: Ite ad Ioseph: et quidquid ipse vobis dixerit, facite.
56 ၅၆ မြေပြင်တရှောက်လုံး၌ အစာခေါင်းပါးသော အခါ၊ ယောသပ်သည် စပါးကျီရှိသမျှတို့ကို ဖွင့်၍ အဲဂုတ္တု လူတို့အား ရောင်းလေ၏။ ထိုအခါ အဲဂုတ္တုပြည်၌ အစဉ် အတိုင်း အစာခေါင်းပါးသတည်း။
Crescebat autem quotidie fames in omni terra: aperuitque Ioseph universa horrea, et vendebat Aegyptiis: nam et illos oppresserat fames.
57 ၅၇ ခပ်သိမ်းသောပြည်တို့၌လည်း အလွန်အစာ ခေါင်းပါးသောကြောင့်၊ အသီးသီးသောပြည်သားတို့သည် စပါးကိုဝယ်ခြင်းငှါ အဲဂုတ္တုပြည် ယောသပ်ထံသို့ လာ ရောက်ကြ၏။
Omnesque provinciae veniebant in Aegyptum, ut emerent escas, et malum inopiae temperarent.

< ကမ္ဘာ​ဦး 41 >