< ကမ္ဘာဦး 40 >
1 ၁ ထိုနောက်မှ အဲဂုတ္တုရှင်ဘုရင်ထံ ဖလားတော် ဝန်နှင့် စားတော်ဝန်တို့သည် မိမိတို့အရှင် အဲဂုတ္တု ရှင်ဘုရင်ကို ပြစ်မှားကြ၏။
AND it came to pass after these things, that the butler of the king of Egypt and his baker had offended their lord the king of Egypt.
2 ၂ ဖါရောဘုရင်သည် ထိုအမတ်နှစ်ယောက်တည်း ဟူသော ဖလားတော်ဝန်နှင့်စားတော်ဝန်တို့ကို အမျက် ထွက်၍၊
And Pharaoh was wroth against two of his officers, against the chief of the butlers, and against the chief of the bakers.
3 ၃ ယောသပ်အချုပ်ခံရာ ထောင်တည်းဟူသော ကိုယ်ရံတော်မှူး၏အိမ်၌ ချုပ်ထားတော်မူ၏။
And he put them in ward in the house of the captain of the guard, into the prison, the place where Joseph was bound.
4 ၄ ကိုယ်ရံတော်မှူးသည် သူတို့ကို ယောသပ်၌ အပ်၍၊ ယောသပ်သည် ပြုစုရ၏။သူတို့လည်း အင်တန် ကာလ အချုပ်ခံလျက် နေရကြ၏။
And the captain of the guard charged Joseph with them, and he served them: and they continued a season in ward.
5 ၅ ထိုသို့ထောင်ထဲမှာ အချုပ်ခံလျက်နေရသော အဲဂုတ္တုရှင်ဘုရင်၏ ဖလားတော်ဝန်နှင့် စားတော်ဝန် နှစ်ယောက်တို့သည်၊ အသီးအသီး မိမိတို့ ကိုယ်စီဆိုင်သော အနက်နှင့်ပြည့်စုံသော အိပ်မက်ကို တညဉ့်ခြင်းတွင် တယောက်တနည်းစီ မြင်မက်ကြ၏။
And they dreamed a dream both of them, each man his dream in one night, each man according to the interpretation of his dream, the butler and the baker of the king of Egypt, which were bound in the prison.
6 ၆ နံနက်အချိန်ရောက်မှ ယောသပ်သည် သူတို့ ထံသို့ဝင်၍ ကြည့်ရှုသောအခါ၊ သူတို့မျက်နှာညှိုးငယ်လျက် ရှိသည်ကိုမြင်လျှင်၊
And Joseph came in unto them in the morning, and looked upon them, and, behold, they were sad.
7 ၇ သင်တို့သည် ယနေ့အဘယ်ကြောင့် မျက်နှာ ညှိုးငယ်သနည်းဟု မိမိသခင်အိမ်၌ မိမိနှင့်အတူ အချုပ်ခံ နေရသော ဖါရောမင်း၏ အမတ်တို့အား မေး၏။
And he asked Pharaoh’s officers that were with him in the ward of his lord’s house, saying, Wherefore look ye so sadly to day?
8 ၈ သူတို့ကလည်း၊ ငါတို့သည် အိပ်မက်ကိုမြင်ရပြီ။ အနက်ကို ဘတ်နိုင်သောသူ မရှိဟုဆိုကြသော်၊ ယောသပ် က၊ အိပ်မက်အနက်များကို ဘုရားသခင်ဆိုင်တော်မူသည် မဟုတ်လော။ သို့ဖြစ်၍ သင်တို့အိပ်မက်ကို ကျွန်ုပ်အား ကြားပြောကြပါဟုဆို၏။
And they said unto him, We have dreamed a dream, and there is no interpreter of it. And Joseph said unto them, Do not interpretations belong to God? tell me them, I pray you.
9 ၉ ထိုအခါ ဖလားတော်ဝန်သည် မိမိအိပ်မက်ကို ယောသပ်အား ကြားပြောသည်ကား၊ ငါမြင်မက်သော အိပ်မက်တွင်၊ ငါ့ရှေ့မှာ စပျစ်နွယ်ပင် ရှိ၏။
And the chief butler told his dream to Joseph, and said to him, In my dream, behold, a vine was before me;
10 ၁၀ ထိုစပျစ်နွယ်ပင်၌ အလက်သုံးလက်ရှိ၏။ ထိုအလက်တို့၌ ပန်းငုံကဲ့သို့ရှိ၏။ အပွင့်လည်း ပွင့်၏။ အသီးပြွတ်တို့လည်း မှည့်သောစပျစ်သီး ဖြစ်လေ၏။
And in the vine were three branches: and it was as though it budded, and her blossoms shot forth; and the clusters thereof brought forth ripe grapes:
11 ၁၁ ဖါရောမင်း၏ ဖလားတော်ကို ငါကိုင်လျက်၊ ထိုစပျစ်သီးကိုယူ၍ ဖလားတော်၌ညှစ်ပြီးမှ လက်တော် တွင် ဆက်သည်ဟုပြောဆို၏။
And Pharaoh’s cup was in my hand: and I took the grapes, and pressed them into Pharaoh’s cup, and I gave the cup into Pharaoh’s hand.
12 ၁၂ ယောသပ်ကလည်း သင်၏အိပ်မက်အနက် ဟူမူကား၊ စပျစ်နွယ်သုံးလက်တို့သည် သုံးရက်ဖြစ်၏။
And Joseph said unto him, This is the interpretation of it: The three branches are three days:
13 ၁၃ သုံးရက်လွန်မှဖါရောမင်းသည် သင်၏ဦးခေါင်း ကို ချီးမြှောက်၍ သင်၏အရာကိုပြန်ပေးတော်မူသဖြင့်၊ သင်သည်အထက်က ဖလားတော်ဝန်ဖြစ်၍ ပြုဘူးသည် နည်းတူ၊ တဖန်ဖလားတော်ကို ဖါရောမင်း၏လက်တွင် ဆက်မြဲ ဆက်ရလိမ့်မည်။
Yet within three days shall Pharaoh lift up thine head, and restore thee unto thy place: and thou shalt deliver Pharaoh’s cup into his hand, after the former manner when thou wast his butler.
14 ၁၄ သင်သည် ချမ်းသာရသောအခါ ကျွန်ုပ်ကို အောက်မေ့၍ ကျေးဇူးပြုပါလော့။ ဖါရောဘုရင်က တိုလျှောက်၍ ကျွန်ုပ်ကို ဤအိမ်မှနှုတ်ယူပါ။
But think on me when it shall be well with thee, and shew kindness, I pray thee, unto me, and make mention of me unto Pharaoh, and bring me out of this house:
15 ၁၅ အကယ်စင်စစ် ကျွန်ုပ်ကို ဟေဗြဲပြည်မှ ခိုးယူ ခဲ့ကြ၏။ ဤပြည်မှာလည်း ကျွန်ုပ်၌ အပြစ်မရှိဘဲ ထောင်ထဲမှာ လှောင်ထားကြသည်ဟုဆို၏။
For indeed I was stolen away out of the land of the Hebrews: and here also have I done nothing that they should put me into the dungeon.
16 ၁၆ ထိုအိပ်မက်အနက် ကောင်းသည်ကို စားတော် ဝန် သိမြင်လျှင်၊ ငါသည်လည်း ဖြူသောတောင်းသုံးလုံးကို ကိုယ်တိုင်ရွက်နေသည်ကို မြင်မက်၏။
When the chief baker saw that the interpretation was good, he said unto Joseph, I also was in my dream, and, behold, I had three white baskets on my head:
17 ၁၇ အပေါ်တောင်းတွင် ဖါရောမင်းစားတော်ခေါ် ဘို့ ချက်ပြီးသော ခဲဘွယ်စားဘွယ် အမျိုးမျိုးရှိ၍၊ ငှက်တို့သည်လည်း ငါရွက်သော တောင်းထဲကနှုတ်၍ စားကြသည်ဟု ယောသပ်အား ပြောဆို၏။
And in the uppermost basket there was of all manner of bakemeats for Pharaoh; and the birds did eat them out of the basket upon my head.
18 ၁၈ ယောသပ်ကလည်း၊ သင်၏အိပ်မက် အနက်ဟူ မူကား၊ တောင်းသုံးလုံးသည် သုံးရက်ဖြစ်၏။
And Joseph answered and said, This is the interpretation thereof: The three baskets are three days:
19 ၁၉ သုံးရက်လွန်မှ ဖါရောမင်းသည် သင်၏ဦးခေါင်း ကို ကိုယ်နှင့်ခွါ မြှောက်လျှက် သစ်ပင်၌ဆွဲထားတော်မူ၍၊ ငှက်တို့သည် သင်၏အသားကို နှုတ်၍စားကြလိမ့်မည်ဟု ပြန်ပြော၏။
Yet within three days shall Pharaoh lift up thy head from off thee, and shall hang thee on a tree; and the birds shall eat thy flesh from off thee.
20 ၂၀ ထိုနောက် သုံးရက်လွန်သောအခါ၊ ဖါရောမင်း ဘွားသောနေ့ရက်၌ နှစ်စဉ်ပွဲကိုခံ၍ ကျွန်တော်မျိုး အပေါင်းတို့ကို ကျွေးမွေးတော်မူစဉ်တွင်၊ ဖလားတော်ဝန် ၏ဦးခေါင်းနှင့် စားတော်ဝန်၏ဦးခေါင်းကို ကျွန်တော်မျိုး တို့တွင် ဖေါ်တော်မူ၍၊
And it came to pass the third day, which was Pharaoh’s birthday, that he made a feast unto all his servants: and he lifted up the head of the chief butler and of the chief baker among his servants.
21 ၂၁ အိပ်မက်အနက်ကို ယောသပ်ဘတ်သည် အတိုင်း၊ ဖလားတော်ဝန်ကို အထက်အရာ၌ တဖန် ခန့်ထားတော်မူသဖြင့်၊ သူသည်ဖလားတော်ကို ဖါရော မင်း၏လက်တွင် ဆက်မြဲဆက်ရ၏။
And he restored the chief butler unto his butlership again; and he gave the cup into Pharaoh’s hand:
22 ၂၂ စားတော်ဝန်ကိုမူကား၊ ဆွဲထားတော်မူ၏။
But he hanged the chief baker: as Joseph had interpreted to them.
23 ၂၃ သို့သော်လည်း ဖလားတော်ဝန်သည် ယောသပ် ကို မအောက်မေ့ဘဲ မေ့လျော့၍နေလေ၏။
Yet did not the chief butler remember Joseph, but forgat him.