< ကမ္ဘာဦး 39 >
1 ၁ ဣရှမေလလူတို့သည် ယောသပ်ကို ဆောင် သွား၍ အဲဂုတ္တုပြည်သို့ရောက်သောအခါ၊ အဲဂုတ္တု အမျိုးသား ဖါရောဘုရင်၏အမတ်ဖြစ်သော ကိုယ်ရံတော်မှူး ပေါတိဖါထံမှာ ရောင်းကြ၏။
A Josifa odvedoše u Misir; i Petefrije dvoranin Faraonov, zapovjednik stražarski, èovjek Misirac, kupi ga od Ismailjaca, koji ga odvedoše onamo.
2 ၂ ထာဝရဘုရားသည် ယောသပ်ဘက်၌ ရှိတော် မူသဖြင့် သူသည် အကြံထမြောက်တတ်၏။ အဲဂုတ္တုအမျိုး သား မိမိသခင်၏အိမ်၌ နေရလေ၏။
I Gospod bješe s Josifom, te bi sreæan, i življaše u kuæi gospodara svojega Misirca.
3 ၃ သူ့ဘက်၌ ထာဝရဘုရားသည် ရှိတော်မူ၍၊ သူပြုလေရာရာ၌ အောင်စေတော်မူကြောင်းကို သခင် လည်း သိမြင်၏။
I gospodar njegov vidje da je Gospod s njim i da sve što radi Gospod vodi u napredak u ruci njegovoj.
4 ၄ ထိုကြောင့် ယောသပ်သည် သခင်ရှေ့၌ မျက်နှာရ၍ခစားလျက် နေရ၏။ သခင်သည်လည်း မိမိ အိမ်တွင် အိမ်အုပ်အရာနှင့် ခန့်ထား၍ ဥစ္စာရှိသမျှကို အပ်လေ၏။
I Josif steèe milost u njega, i dvoraše ga; a najposlije postavi ga nad cijelijem domom svojim, i što god imaše njemu dade u ruke.
5 ၅ ထိုသို့အိမ်နှင့် ဥစ္စာရှိသမျှကို အုပ်စိုးစေသည် ကာလမှစ၍ ထာဝရဘုရားသည် ယောသပ်အတွက် ထိုအဲဂုတ္တုသား၏အိမ်ကို ကောင်းကြီးပေးတော်မူသဖြင့်၊ ပေးတော်မူသောကောင်းကြီးမင်္ဂလာသည် အတွင်း၊ ပြင်၊ ဥစ္စာရှိရှိသမျှအပေါ်မှာလည်း သက်ရောက်လေ၏။
A kad ga postavi nad domom svojim i nad svijem što imaše, od tada Gospod blagoslovi dom toga Misirca radi Josifa; i blagoslov Gospodnji bješe na svemu što imaše u kuæi i u polju.
6 ၆ သခင်သည် မိမိ၌ရှိသမျှကို ယောသပ်လက်သို့ အပ်၍၊ မိမိစားသောအစာမှတပါး အခြားသော ဥစ္စာ ရှိမှန်းကိုမျှ မသိမမှတ်ဘဲနေ၏။ ယောသပ်သည် ပုံပြင် ယဉ်ကျေး၍ အသွေးအဆင်းလည်းလှသောသူဖြစ်၏။
I ostavi u Josifovijem rukama sve što imaše, i ne razbiraše ni za što osim jela koje jeðaše. A Josif bijaše lijepa stasa i lijepa lica.
7 ၇ ထိုနောက်မှ သခင်၏မယားသည် ယောသပ်ကို တပ်သောစိတ်ရှိ၍ ငါနှင့်အတူအိပ်ပါဟုဆို၏။
I dogodi se poslije, te se žena gospodara njegova zagleda u Josifa, i reèe: lezi sa mnom.
8 ၈ ယောသပ်ကလည်း၊ ကျွန်တော်သခင်သည် အိမ်တော်၌ရှိသမျှသော ဥစ္စာတို့ကို ကျွန်တော်လက်သို့ အပ်ပါပြီ။ ကျွန်တော်၌ အဘယ်ဥစ္စာရှိမှန်းကိုမျှ မသိ မမှတ်ပါ။
A on ne htje, nego reèe ženi gospodara svojega: eto gospodar moj ne razbira ni za što što je u kuæi, nego što god ima dade meni u ruke.
9 ၉ ဤအိမ်တွင်လည်း ကျွန်တော်ထက်သာ၍ ကြီးသောသူမရှိပါ။ကိုယ်မယားဖြစ်သော သခင်မမှတပါး အဘယ်အရာကိုမျှ ကျွန်တော်အား မမြစ်တားပါ။ သို့ဖြစ်လျှင် အပြစ်ကြီးသောဤအမှုကို ကျွန်တော်ပြု၍ ဘုရားသခင်ကို အဘယ်သို့ပြစ်မှားနိုင်သနည်းဟု သခင်၏မယားကိုငြင်း၍ ပြန်ဆို၏။
Ni sam nije veæi od mene u ovoj kuæi, i ništa ne krije od mene osim tebe, jer si mu žena; pa kako bih uèinio tako grdno zlo i Bogu zgriješio?
10 ၁၀ ထိုသို့သခင်မသည် နေ့တိုင်းသွေးဆောင်သော် လည်း၊ ယောသပ်သည် သူ၏စကားကို နားမထောင်၊ သူနှင့်အတူအိပ်ခြင်း၊ နေခြင်းအမှုကို ရှောင်လေ၏။
I ona govoraše take rijeèi Josifu svaki dan, ali je ne posluša da legne s njom ni da se bavi kod nje.
11 ၁၁ တနေ့သ၌ ယောသပ်သည် အမှုဆောင်ခြင်းငှါ အိမ်ထဲသို့ဝင်၍ အိမ်သားယောက်ျားတယောက်မျှ မရှိ သောအခါ၊
A jedan dan kad doðe Josif u kuæu da radi svoj posao, a ne bješe nikoga od domašnjih u kuæi,
12 ၁၂ သခင်မက ငါနှင့်အတူ အိပ်ပါဟုဆိုလျက်၊ ယောသပ်အဝတ်ကို ကိုင်ဆွဲလျှင်၊ ယောသပ်သည် မိမိ အဝတ်ကိုစွန့်၍ ပြင်သို့ထွက်ပြေးလေ၏။
Ona ga uhvati za haljinu govoreæi: lezi sa mnom. Ali on ostaviv joj u rukama haljinu svoju pobježe i otide.
13 ၁၃ ထိုသို့သခင်မလက်၌ မိမိအဝတ်ကိုစွန့်၍ ပြင်သို့ ထွက်ပြေးသည်ကို သခင်မသိမြင်သောအခါ၊
A kad ona vidje gdje joj ostavi u rukama haljinu svoju i pobježe,
14 ၁၄ အိမ်သားယောက်ျားတို့ကိုခေါ်၍၊ သင်တို့ ကြည့်ကြ။ ငါတို့၌ မရိုမသေပြုစေခြင်းငှါ ဤဟေဗြဲလူကို သခင်သွင်းထားပြီတကား။ သူသည် ငါနှင့်အတူ အိပ်ခြင်း ငှါ ဝင်လာ၍ ငါသည် ကျယ်သောအသံနှင့် အော်ဟစ်ရ၏။
Viknu èeljad svoju, i reèe im govoreæi: gledajte, doveo nam je èovjeka Jevrejina da nas sramoti; doðe k meni da legne sa mnom, a ja povikah iza glasa;
15 ၁၅ ကျယ်ကျယ်အော်ဟစ်သံကို ကြားလျှင်၊ သူသည် မိမိအဝတ်ကိုစွန့်၍ ပြင်သို့ထွက်ပြေးသည်ဟုဆိုပြီးလျှင်၊
A on kad èu gdje vièem, ostavi haljinu svoju kod mene i pobježe i otide.
16 ၁၆ သခင်ရောက်သည်တိုင်အောင် ထိုအဝတ်ကို မိမိ၌ထားလေ၏။
I ona ostavi haljinu njegovu kod sebe dok mu gospodar doðe kuæi.
17 ၁၇ သခင်ရောက်သောအခါ၊ ကိုယ်တော်သွင်းထား သော ဟေဗြဲကျွန်သည် ကျွန်ုပ်ကိုမရိုမသေပြုခြင်းငှါ ဝင်လာပါ၏။
A tada mu reèe ovako govoreæi: sluga Jevrejin, kojega si nam doveo, doðe k meni da me osramoti;
18 ၁၈ ကျွန်ုပ်သည် ကျယ်သောအသံနှင့် အော်ဟစ် သောအခါ၊ သူသည် မိမိအဝတ်ကို စွန့်၍ ပြင်သို့ ထွက်ပြေးပါသည်ဟူသော စကားဖြင့် ကြားပြောလေ၏။
A ja povikah iza glasa, te on ostaviv haljinu svoju kod mene pobježe.
19 ၁၉ ကိုယ်တော်၏ကျွန်သည် ကျွန်ုပ်၌ ဤသို့ပြုခဲ့ပြီဟု မယားပြောသောစကားကို သခင်ကြားလျှင်၊ ယောသပ်ကို အမျက်ထွက်၍၊
A kad gospodar njegov èu rijeèi žene svoje gdje mu reèe: to mi je uèinio sluga tvoj, razgnjevi se vrlo.
20 ၂၀ ခေါ်ပြီးမှ၊ ရှင်ဘုရင်ချုပ်ထားသော သူတို့နေရာ ထောင်ထဲမှာ လှောင်ထားသဖြင့်၊ ယောသပ်သည် ထောင် ထဲမှာ နေရ၏။
I gospodar Josifov uhvati ga, i baci ga u tamnicu, gdje ležahu sužnji carski; i bi ondje u tamnici.
21 ၂၁ သို့သော်လည်း ထာဝရဘုရားသည် သူ့ဘက်၌ ရှိ၍ ကယ်မသနားတော်မူသဖြင့်၊ ထောင်မှူးထံ မျက်နှာ ရစေတော်မူ၏။
Ali Gospod bješe s Josifom i raširi milost svoju nad njim i uèini te omilje tamnièaru.
22 ၂၂ သို့ဖြစ်၍ထောင်မှူးသည် ထောင်၌ ချုပ်ထား သော သူအပေါင်းတို့ကို ယောသပ်လက်သို့အပ်၍၊ ထောင်ထဲတွင် ပြုသမျှသောအမှုကို ယောသပ်စီရင်ရ၏။
I povjeri tamnièar Josifu sve sužnje u tamnici, i što je god trebalo ondje èiniti on ureðivaše.
23 ၂၃ ထိုနောက် ထောင်မှူးသည် ထောင်အမှုကို ကိုယ်တိုင်ပြန်၍ မကြည့်မရှုရ။ အကြောင်းမူကား၊ ထာဝရဘုရားသည် ယောသပ်ဘက်မှာရှိ၍ သူပြုလေ ရာရာ၌ အောင်စေတော်မူသတည်း။
I tamnièar ne nadgledaše ništa što bješe u Josifovoj ruci, jer Gospod bješe s njim; i što god èinjaše, Gospod voðaše u napredak.