< ကမ္ဘာဦး 36 >
1 ၁ ဧဒုံအမည်ရှိသော ဧသော အမျိုးအနွယ်၏ အတ္ထုပ္ပတ္တိများဟူမူကား၊
Ceci est la lignée d’Ésaü, le même qu’Édom.
2 ၂ ဧသောသည် ဟိတ္တိအမျိုးဇိဘောင်သား အာန၏ သမီး အဟောလိဗာမတယောက်၊ ခါနာန်အမျိုးသမီး နှစ်ယောက်နှင့်၎င်း၊
Ésaü choisit ses femmes parmi les filles de Canaan: Ada, fille d’Élôn le Héthéen et Oholibama, fille de Ana, fille de Cibôn le Hévéen;
3 ၃ ဣရှမေလသမီးတည်းဟူသော နဗာယုတ်နှမ ဗာရှမတ်တယောက်နှင့်၎င်း အိမ်ထောင်လေ၏။
puis Basemath, fille d’Ismaël, sœur de Nebaïoth.
4 ၄ ဧသောမယား အာဒဘွားသော သားကား၊ ဧလိဖတ်၊ ဗာရှမတ် ဘွားသောသားရွေလတည်း။
Ada enfanta à Ésaü Élifaz; Basemath enfanta Reouel;
5 ၅ အဟောလိဗာမဘွားသော သားကား၊ယုရှ၊ ယာလံ၊ ကောရတည်း။ဤသူတို့ကား၊ ခါနာန်ပြည်၌ ဧသောမြင်သောသားတည်း။
et Oholibama enfanta Yeouch, Yâlam et Korah. Tels sont les fils d’Ésaü, qui lui naquirent au pays de Canaan.
6 ၆ ဧသောသည် မယားသားသမီးနှင့်တကွ၊ အိမ်သူအိမ်သားအပေါင်းတို့ကို၎င်း၊ သိုးနွား စသည်တို့နှင့် တိရစ္ဆာန် ရှိသမျှတို့ကို၎င်း၊ ခါနာန်ပြည်၌ ရတတ်သော ဥစ္စာရှိသမျှတို့ကို၎င်း ယူ၍၊ ညီယာကုပ်ထံမှ ပြောင်းသွား လေ၏။
Ésaü prit ses femmes, ses fils, ses filles et tous les gens de sa maison; ses troupeaux, toutes ses bêtes et tout le bien qu’il avait acquis au pays de Canaan et il émigra vers une autre terre, à cause de son frère Jacob.
7 ၇ အကြောင်းမူကား၊ ထိုသူနှစ်ပါးတို့သည် ဥစ္စာ များလွန်းသောကြောင့် တရပ်တည်းမနေနိုင်ကြ။ သူတို့ နေရာမြေသည်၊ သူတို့တိရစ္ဆာန်များကြောင့် မဆံ့နိုင်ရာ။
Car leurs possessions étaient trop nombreuses pour qu’ils pussent habiter en commun; et le lieu de leur séjour ne pouvait les contenir, à cause de leurs troupeaux.
8 ၈ သို့ဖြစ်၍ ဧဒုံအမည်ရှိသော ဧသောသည် စိရတောင်ပေါ်မှာ နေလေ၏။
Ésaü se fixa donc sur la montagne de Séir. Ésaü, c’est Édom.
9 ၉ စိရတောင်ပေါ်မှာ ဧဒုံအမျိုးသားတို့၏ အဘ ဧသော၏ သားစဉ်မြေးဆက်တို့ကို ဆိုပေအံ့။
Or, voici les générations d’Ésaü, père des Édomites, sur la montagne de Séir.
10 ၁၀ ဧသော၏ သားတို့အမည်ကား၊ မယားအာဒ ဘွားသောသား ဧလိဖတ်၊ မယားဗာရှမတ် ဘွားသော သားရွေလတည်း။
Voici les noms des fils d’Ésaü: Élifaz, fils de Ada, épouse d’Ésaü; Reouél, fils de Basemath, épouse d’Ésaü.
11 ၁၁ ဧလိဖတ် သားကား၊ တေမန်၊ ဩမရ၊ ဇေဖေါ၊ ဂါတံ၊ ကေနတ်တည်း။
Les fils d’Élifaz furent:
12 ၁၂ ဧသောသား ဧလိဖတ်၏မယားငယ်၊ တိမန ဘွားသောသားကား၊ အာမလက်တည်း။ ဤသူတို့သည် ဧသောမယား အာဒ၏အနွှယ်ဖြစ်သတည်း။
Têman, Omar, Cefo, Gàtam et Kenaz. Timna devint concubine d’Élifaz, fils d’Ésaü; elle lui enfanta Amalec. Tels sont les enfants de Ada, épouse d’Ésaü.
13 ၁၃ ရွေလသားကား၊ နာဟတ်၊ ဇေရ၊ ရှမ္မ၊ မိဇ္ဇတည်း။ဤသူတို့သည် ဧသောမယား ဗာရှမတ်၏အနွှယ်ဖြစ် သတည်း။
Et ceux ci furent les fils de Reouél: Nahath, Zérah, Chamma et Mizza. Tels furent les enfants de Basemath, épouse d’Ésaü.
14 ၁၄ ဇိဘောင်သား အာန၏သမီး၊ ဧသောမယား အဟောလိဗာမ ဘွားသောသားကား၊ ယုရှ၊ ယာလံ၊ ကောရတည်း။
Et ceux-ci furent les fils d’Oholibama, fille de Ana, fille de Cibôn, épouse d’Ésaü: elle enfanta à Ésaü Yeouch, Yâlam et Korah.
15 ၁၅ ဧသောသားတို့တွင် ဗိုလ်လုပ်သောသူဟူမူ ကား၊သားဦး ဧလိဖတ်၏သား ဗိုလ်တေမန်၊ ဗိုလ်ဩမရ၊ ဗိုလ်ဇေဖေါ၊ ဗိုလ်ကေနတ်၊
Suivent les chefs de famille des enfants d’Ésaü. Fils d’Élifaz, premier né d’Ésaü: le chef Témàn, le chef Omar, le chef Cefo, le chef Kenaz;
16 ၁၆ ဗိုလ်ဂါတံ၊ ဗိုလ်အာမလက်တည်း။ ဤဗိုလ်တို့ သည် အာဒ၏အနွှယ်၊ ဧဒုံပြည်၌ ဧလိဖတ်ရသော သားဖြစ်သတည်း။
le chef Korah, le chef Gatam, le chef Amalec. Tels sont les chefs issus d’Élifaz, dans le pays d’Édom; ceux là sont les fils de Ada.
17 ၁၇ ဧသောသား ရွေလ၏ သားကား၊ ဗိုလ်နာဟတ်၊ ဗိုလ်ဇေရ၊ ဗိုလ်ရှမ္မ၊ ဗိုလ်မိဇ္ဇတည်း။ ဤဗိုလ်တို့သည် ဧသောမယား ဗာရှမတ်၏အနွှယ်၊ ဧဒုံပြည်၌ ရွေလ ရသောသားဖြစ်သတည်း။
Et ceux-ci sont les fils de Reouél, fils d’Ésaü: le chef Nahath, le chef Zérah, le chef Chamma, le chef Mizza. Tels sont les chefs issus de Reouél, dans le pays d’Édom: ceux là sont les descendants de Basemath épouse d’Ésaü.
18 ၁၈ ဧသောမယား အဟောလိဗာမ၏ သားကား၊ ဗိုလ်ယုရှ၊ ဗိုလ်ယာလံ၊ ဗိုလ်ကောရတည်း။ ဤဗိုလ်တို့သည် အာန၏သမီး၊ ဧသောမယား အဟောလိဗာမသား ဖြစ်သတည်း။
Et ceux-ci sont les fils d’Oholibama, épouse d’Ésaü: le chef Yeouch, le chef Yâlam, le chef Korah. Tels sont les chefs d’Oholibama, fille de Ana, épouse d’Ésaü.
19 ၁၉ ဧဒုံအမည်ရှိသော ဧသော၏ သားမြေးများ၊ သူတို့တွင် ဗိုလ်လုပ်သောသူများ၊ ဤသို့တည်း။
Ce sont là les enfants d Ésaü, ce sont là leurs chefs de famille c’est là Édom.
20 ၂၀ ထိုပြည်၌နေသော ဟောရိအမျိုး၊ စိရ၏သား ကား၊ လောတန်၊ ရှောဗလ၊ ဇိဘောင်၊ အာန၊
Ceux-ci sont les enfants de Séir, les Horéens, premiers habitants du pays: Lotân, Chobal, Cibôn, Ana;
21 ၂၁ ဒိရှုန်၊ ဧဇာ၊ ဒိရှန်တည်း။ ဤသူတို့သည် ဧဒုံပြည် ၌ဟောရိအမျိုး၊ စိရ၏သားတို့တွင် ဗိုလ်လုပ်သောသူ ဖြစ်သတည်း။
Dichôn, Écer et Dichân. Tels sont les chefs des Horéens, fils de Séir, dans le pays d’Édom.
22 ၂၂ လောတန်သားကား၊ ဟောရိနှင့် ဟေမံတည်း။
Les fils de Lotân furent Hori et Hémam; et la sœur de Lotân, Timna.
23 ၂၃ ရှောဗလ သားကား၊ အာလဝန်၊ မနာဟတ်၊ ဧဗလ၊ ရှေဖေါ၊ ဩနံတည်း။
Voici les enfants de Chobal: Alevân, Manahath, Ébal, Chefo et Onam.
24 ၂၄ ဇိဘောင်သားကား၊ အာယနှင့်အာနတည်း။ ထိုအာနကား၊ အဘဇိဘောင်၏ မြည်းတို့ကို ထိန်းသော အခါ၊ တော၌နွေးသော စမ်းရေတွင်းတို့ကို တွေ့သော သူပေတည်း။
Voici les enfants de Cibôn: Veayya et Ana, le même Ana qui trouva les yémîm dans le désert, lorsqu’il menait paître les ânes de Cibôn son père.
25 ၂၅ အာနသားကား၊ ဒိရှုန်နှင့်သမီးအဟောလိဗာမ တည်း။
Voici les enfants de Ana: Dichôn et Oholibama, fille de Ana.
26 ၂၆ ဒိရှုန်သားကား၊ ဟင်္ဒန်၊ ဧရှဗန်၊ ဣသရန်၊ ခေရန်တည်း။
Voici les fils de Dichôn: Hemdân, Échbân, Yithrân et Kerân.
27 ၂၇ ဧဇာသားကား၊ ဗိလဟန်၊ ဇာဝန်၊ အာကန် တည်း။
Voici les fils d’Écre: Bilhân, Zaavân et Akân.
28 ၂၈ ဒိရှန် သားကား၊ ဥဇနှင့်အာရန်တည်း။
Fils de Dichân: Ouç et Arân.
29 ၂၉ ဟောရိ အမျိုးဗိုလ်များကား၊ ဗိုလ်လောတန်၊ ဗိုလ်ရှောဗလ၊ ဗိုလ်ဇိဘောင်၊ ဗိုလ်အာန၊
Suivent les chefs de famille des Hôréens: le chef Lotân, le chef Chobal, le chef Cibôn, le chef Ana;
30 ၃၀ ဗိုလ်ဒိရှုန်၊ ဗိုလ်ဧဇာ၊ ဗိုလ်ဒိရှန်တည်း။ ဤသူတို့ သည် စိရပြည်၌ ဗိုလ်လုပ်သော သူတို့တွင်၊ ဟောရိအမျိုး ဗိုလ်ဖြစ်သတည်း။
le chef Dichôn, le chef Écer, le chef Dichân. Tels étaient les chefs des Horéens, selon leurs familles, dans le pays de Séir.
31 ၃၁ ဣသရေလအမျိုး၌ အစိုးရသောမင်းကြီး မရှိမှီ၊ ဧဒုံပြည်၌ အစိုးရသော မင်းကြီးဟူမူကား၊
Ce sont ici les rois qui régnèrent dans le pays d’Édom, avant qu’un roi régnât sur les enfants d’Israël.
32 ၃၂ ဗောရသား ဗေလာသည် ဧဒုံပြည်၌မင်းပြု၏။ မြို့တော်ကား၊ ဒိန္နာဗာမြို့တည်း။
En Édom régna d’abord Béla, fils de Beor; le nom de sa ville natale: Dinhaba.
33 ၃၃ ဗေလာမင်းသေ၍ သူ၏အရာ၌ ဗောဇရအရပ် သား၊ ဇေရ၏သား ယောဗပ်သည် မင်းပြုလေ၏။
Béla étant mort, à sa place régna Yobab, fils de Zérah, de Boçra.
34 ၃၄ ယောဗပ်မင်းသေ၍၊ သူ၏အရာ၌ တေမနိ အရပ်သား ဟုရှံသည် မင်းပြုလေ၏။
Yobab étant mort, à sa place régna Houcham, du pays des Témanites.
35 ၃၅ ဟုရှံမင်းသေ၍၊ မောဘ လွင်ပြင်၌ မိဒျန်လူ တို့ကို လုပ်ကြံသောသူ၊ ဗေဒဒ်သား ဟာဒဒ်သည်၊ ဟုရှံ အရာ၌ မင်းပြုလေ၏။ မြို့တော်ကား၊ အာဝိတ်မြို့တည်း။
Houcham mort, à sa place régna Hadad, fils de Bedad, qui défit Madian dans la campagne de Moab. Le nom de sa ville: Avith.
36 ၃၆ ဟာဒဒ်မင်းသေ၍၊ သူ၏အရာ၌ မာသရက် အရပ်သား စာမလသည် မင်းပြုလေ၏။
Hadad mort, à sa place régna Samla, de Masréka.
37 ၃၇ စာမလမင်းသေ၍၊ သူ၏အရာ၌ မြစ်နားမှာ နေသော ရဟောဘုတ်အရပ်သား ရှောလသည် မင်းပြု လေ၏။
Samla mort, à sa place régna Chaoul, de Rehoboth sur le Fleuve.
38 ၃၈ ရှောလမင်းသေ၍ သူ၏အရာ၌၊ အာခဗော် သား ဗာလဟာနန်သည် မင်းပြုလေ၏။
Chaoul mort, à sa place régna Baal Hanân, fils d’Akbor.
39 ၃၉ အာခဗော်သား ဗာလဟာနန်မင်းသေ၍ သူ၏ အရာ၌ဟာဒါသည် မင်းပြုလေ၏။ မြို့တော်ကား၊ ပေါမြို့ တည်း။ မျောက်သားတော်ကား၊ မေဇဟပ်သမီး မာတရက်၏သမီး မဟေတဗေလတည်း။
Baal Hanân, fils d’Akbor, étant mort, à sa place régna Hadar, dont la ville avait nom Pâou et dont la femme était Mehétabel, fille de Matred, fille de Mé Zahab.
40 ၄၀ ဧသောမှ ဆင်းသက်၍ မိမိအမျိုးအနွယ်၊ နေရာအရပ်၊ခံရသော ဘွဲ့နာမအလိုက်၊ ဗိုလ်လုပ်သောသူ ဟူမူကား၊ ဗိုလ်တိမနာ၊ ဗိုလ်အာလဝ၊ ဗိုလ်ယေသက်၊
Voici maintenant les noms des chefs d’Ésaü, selon leurs familles, leurs résidences, leur titre: le chef Timna, le chef Aleva, le chef Yethéth;
41 ၄၁ ဗိုလ်အဟောလိဗာမ၊ ဗိုလ်ဧလာ၊ ဗိုလ်ပိနုန်၊
le chef Oholibama, le chef Éla, le chef Pinôn;
42 ၄၂ ဗိုလ်ကေနတ်၊ ဗိုလ်တေမန်၊ ဗိုလ်မိဗဇာ၊
le chef Kenaz, le chef Témân, le chef Mibçar;
43 ၄၃ ဗိုလ်မာဂဒျေလ၊ ဗိုလ်ဣရံတည်း။ ဤသူတို့သည် မိမိနေရာအရပ်၊ မိမိပိုင်သော ပြည်၌၊ ဧဒုံဗိုလ်များ ဖြစ်သတည်း။ ဧသောသည် ဧဒုံအမျိုးသားတို့၏ အဘ ဖြစ်သတည်း။
le chef Magdiel, le chef Iram. Tels sont les chefs d’Édom, selon leurs résidences dans le pays qu’ils occupaient; tel fut Ésaü, le père d’Édom.