< ကမ္ဘာ​ဦး 34 >

1 ယာကုပ်၏မယား၊ လေအာ ဘွားမြင်သောသမီး ဒိနသည်၊ ထိုပြည်၏ အမျိုးသမီးတို့ကို အကြည့်အရှု သွားရာတွင်၊
တစ်​နေ့​သ​၌​ယာ​ကုပ်​နှင့်​လေ​အာ​တို့​၏​သ​မီး ဒိ​န​သည် ခါ​နာန်​အ​မျိုး​သ​မီး​တို့​ထံ​အ​လည် အ​ပတ်​သွား​၏။-
2 ထိုပြည်ကို အစိုးရသောဟိဝိအမျိုး၊ ဟာမော်မင်း ၏သား ရှေခင်သည် ဒိနကိုမြင်လျှင်၊ ယူသွား၍ အိပ် ဘော်ပြုလျက်၊ သုအသရေကို ရှုတ်ချလေ၏။
ထို​ဒေ​သ​ကို​အ​စိုး​ရ​သော​ဟိ​ဝိ​အ​မျိုး​သား ဟာ​မော်​မင်း​၏​သား​ရှေ​ခင်​သည် ဒိ​န​ကို​မြင် လျှင်​အ​ဋ္ဌမ္မ​သိမ်း​ပိုက်​၍​မ​တ​ရား​ပြု​ကျင့် လေ​၏။-
3 နောက်မှ သူ့ကိုချစ်သော စိတ်မကုန်၊ အမြဲ ချစ်၍၊ မေတ္တာစကားနှင့်ဖြားယောင်းလျက် နေ၏။
သို့​ရာ​တွင်​သူ​သည်​ဒိ​န​၏​ရုပ်​ရည်​ကို​စွဲ​မက် သ​ဖြင့် မေတ္တာ​သက်​ဝင်​လာ​သော​ကြောင့်​သူ့​အား မေတ္တာ​တုံ့​ပြန်​ရန်​ဖျောင်း​ဖျ​လေ​သည်။-
4 ခမည်းတော်ဟာမော်ထံသို့လည်း ဝင်၍၊ ဤ မိန်းမကို အကျွန်ုပ်ကြင်ဘက်ဖြစ်စေခြင်းငှါ၊ တောင်း၍ ပေးတော်မူပါဟု လျှောက်ဆို၏။
ထို့​ကြောင့်​ရှေ​ခင်​သည်​သူ​၏​ဖ​ခင်​အား ဒိ​န​ကို လက်​ထပ်​ယူ​နိုင်​ရန်​ကြောင်း​လမ်း​ပေး​ပါ​ဟု တောင်း​ပန်​လေ​၏။
5 ယာကုပ်သည် မိမိသမီးဒိနကို၊ ရှေခင်မင်းသား ရှုတ်ချကြောင်းကို ကြားသိသော်လည်း၊ မိမိသားတို့သည် တောအရပ်မှာ တိရစ္ဆာန်တို့နှင့်အတူရှိသည်ဖြစ်၍၊ သူတို့ ကို ငံ့လင့်လျက် တိတ်ဆိတ်စွာနေလေ၏။
ယာ​ကုပ်​သည်​သူ​၏​သ​မီး​ဒိ​န​မ​တ​ရား​ပြု ကျင့်​ခံ​ရ​ကြောင်း​ကို​ကြား​သိ​ရ​သော်​လည်း သူ ၏​သား​တို့​သည်​တိရစ္ဆာန်​များ​ကို​စား​ကျက်​၌ ထိန်း​ကျောင်း​ရာ​မှ​ပြန်​မ​ရောက်​ကြ​သေး​သ​ဖြင့် မည်​သို့​မျှ​မ​ပြော​ဘဲ​ဆိတ်​ဆိတ်​နေ​လေ​၏။-
6 ထိုနောက်၊ ရှေခင်အဘ ဟာမော်မင်းသည် ယာကုပ်နှင့်နှုတ်ဆက်ခြင်းငှါ လာ၍၊
ယာ​ကုပ်​၏​သား​များ​စား​ကျက်​ထဲ​မှ​ပြန်​လာ နေ​ခိုက်၊-
7 ယာကုပ်၏သားတို့လည်း သိတင်းကြားသော အခါ၊ တောအရပ်မှပြန်ရောက်ကြ၏။ ထိုမင်းသားသည် ယာကုပ်၏သမီးနှင့် အိပ်မိ၍၊ ဣသရေလအမျိုး၌ မိုက် သောအမှု၊ မပြုအပ်သော အရာကို ပြုမိသောကြောင့်၊ သူတို့သည် စိတ်နာ၍ အလွန်အမျက်ထွက်ကြ၏။
ရှေ​ခင်​၏​ဖ​ခင်​ဟာ​မော်​သည်​ကြောင်း​လမ်း​ရန် ကိစ္စ​နှင့်​ယာ​ကုပ်​ထံ​သို့​ရောက်​ရှိ​လာ​၏။ ယာ​ကုပ် ၏​သား​တို့​သည်​မိ​မိ​တို့​၏​နှ​မ​အား​ရှေ​ခင် က​မ​တ​ရား​ပြု​ကျင့်​ခြင်း​ဖြင့် ဣ​သ​ရေ​လ တစ်​မျိုး​လုံး​ကို​စော်​ကား​ကြောင်း​ကြား​ရ​သော အ​ခါ မ​ပြု​အပ်​သော​ယုတ်​မာ​မှု​ကို​ပြု​သော ကြောင့်​စိတ်​နာ​၍​အ​လွန်​ဒေါ​သ​အ​မျက်​ထွက် ကြ​လေ​သည်။-
8 ဟာမော်မင်းလည်း သူတို့နှင့်နှုတ်ဆက်လျက်၊ ငါ့သားရှေခင်သည်၊ သင်တို့သမီးကို အလွန် ချစ်အားကြီး ပါ၏။ ထိမ်းမြားပေးစားကြပါလော့။
ဟာ​မော်​က​သူ​တို့​အား``ငါ့​သား​ရှေ​ခင်​သည် သင်​တို့​၏​သ​မီး​ကို​ချစ်​ကြိုက်​နေ​ပါ​ပြီ။ သင်​တို့​၏​သ​မီး​နှင့်​ထိမ်း​မြား​လက်​ထပ် ခွင့်​ပေး​ကြ​ပါ။-
9 သင်တို့သည် ငါတို့နှင့်အချင်းချင်း ထိမ်းမြားခြင်း ကို ပြုလျက်၊ သင်တို့သမီးကို ပေးစားကြလော့။ ငါတို့သမီး နှင့်လည်း စုံဘက်ကြလော့။
ငါ​တို့​လူ​မျိုး​နှင့်​သင်​တို့​လူ​မျိုး​ထိမ်း​မြား နိုင်​ရန်​သ​ဘော​တူ​ကြ​ပါ​စို့။-
10 ၁၀ သင်တို့သည် ငါတို့နှင့်အတူနေ၍၊ ဤပြည်၌ အဆီးအတားမရှိ၊ နေရာချလျက်၊ ဖေါက်ကားရောင်းဝယ် ခြင်းကို ပြု၍၊ အပိုင်ယူကြလော့ဟု ဆိုလေ၏။
၁၀သင်​တို့​ဤ​ပြည်​၌​ငါ​တို့​နှင့်​အ​တူ​နေ​ထိုင်​ကြ ပါ။ ကြိုက်​နှစ်​သက်​ရာ​အ​ရပ်​ကို​ရွေး​၍​နေ​ကြ ပါ။ လွတ်​လပ်​စွာ​ရောင်း​ဝယ်​ဖောက်​ကား​ကြ​ပါ။ ပစ္စည်း​ဥစ္စာ​ကို​လည်း​ပိုင်​ဆိုင်​ကြ​ပါ'' ဟု​ဆို လေ​၏။
11 ၁၁ ရှေခင်ကလည်း၊ သင်တို့စိတ်နှင့်တွေ့ကြပါစေ။တောင်းသမျှကို ပေးပါမည်။
၁၁ထို​နောက်​ရှေ​ခင်​က​ဒိ​န​၏​ဖ​ခင်​နှင့်​အစ်​ကို တို့​အား``သင်​တို့​ထံ​မှ​မျက်​နှာ​သာ​ရ​မည်​ဆို လျှင်​သင်​တို့​တောင်း​သ​မျှ​ကို​ပေး​ပါ​မည်။-
12 ၁၂ ကန်တော့ဥစ္စာဖြစ်စေ၊ လက်ဆောင်ပဏ္ဏာဖြစ် စေ၊ နည်းများမဆို၊ တောင်းသည့်အတိုင် ပေးပါမည်။ဤမိန်းမကိုသာ ငါ့အား ထိမ်းမြားပေးစားကြပါဟု၊ မိန်းမ ၏အဘနှင့်မောင်တို့အား ဆိုလေ၏။
၁၂သင်​တို့​အ​လို​ရှိ​သ​မျှ​မင်္ဂ​လာ​ကြေး​နှင့် လက်​ဖွဲ့​ပစ္စည်း​ကို​အ​မြင့်​ဆုံး​သတ်​မှတ်​တောင်း ဆို​ကြ​ပါ။ ဒိ​န​ကို​လက်​ထပ်​ခွင့်​ပေး​မည်​ဆို လျှင်​သင်​တို့​တောင်း​ဆို​သ​မျှ​ကို​ပေး​ပါ​မည်'' ဟု​ပြော​လေ​၏။
13 ၁၃ ယာကုပ်၏ သားတို့သည်၊ နှမဒိနကို ရှေခင် မင်းသား ရှုတ်ချသောအကြောင်းကို ဆင်ခြင်၍၊ မင်းသား နှင့်အဘဟာမော်ကို ပရိယာယ်ဖြင့် ပြန်ပြောသည်မှာ၊
၁၃ယာ​ကုပ်​၏​သား​တို့​သည်​မိ​မိ​တို့​၏​နှ​မ​ဒိ​န အား ရှေ​ခင်​က​အ​သ​ရေ​ပျက်​အောင်​ပြု​ကျင့်​ခဲ့ သ​ဖြင့် ရှေ​ခင်​နှင့်​သူ​၏​ဖ​ခင်​ကို​ပ​ရိ​ယာယ်​သုံး ၍​ဖြေ​ကြား​လေ​၏။-
14 ၁၄ ကျွန်ုပ်တို့နှမကို အရေဖျားလှီးမင်္ဂလာကို မခံ သောသူအား မပေးစားနိုင်ပါ။ ပေးစားလျှင်၊ ကဲ့ရဲ့ဘွယ် သောအကြောင်း ဖြစ်ပါ၏။
၁၄သူ​တို့​က``ကျွန်ုပ်​တို့​၏​နှ​မ​ကို​အ​ရေ​ဖျား​လှီး ခြင်း​မင်္ဂ​လာ​မ​ခံ​ရ​သူ​နှင့်​ထိမ်း​မြား​ပေး​ခွင့် မ​ရှိ​ပါ။ ထို​သို့​ပြု​လျှင်​ကျွန်ုပ်​တို့​အ​တွက် ရှက်​ဖွယ်​ဖြစ်​ပါ​သည်။-
15 ၁၅ သင်တို့သည် ကျွန်ုပ်တို့ ဘာသာအတိုင်းပြု၍၊ ယောက်ျားတိုင်း အရေဖျားလှီးမင်္ဂလာကို ခံလျှင်၊ ကျွန်ုပ် တို့သည် ဝန်ခံကြပါမည်။
၁၅ကျွန်ုပ်​တို့​သ​ဘော​တူ​လက်​ခံ​နိုင်​မည့်​အ​ချက် တစ်​ချက်​တည်း​သာ​ရှိ​ပါ​သည်။ ထို​အ​ချက်​မှာ သင်​တို့​တွင်​ရှိ​သော​ယောကျာ်း​အား​လုံး​ကျွန်ုပ် တို့​ကဲ့​သို့​အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​ကို ခံ​ရ​မည်​ဖြစ်​သည်။-
16 ၁၆ သို့ပြုလျှင်၊ ကျွန်ုပ်တို့သမီးကို သင်တို့အား ပေးစား၍၊ သင်တို့၏သမီးနှင့်လည်း စုံဘက်ကြသဖြင့်၊ သင်တို့နှင့်အတူနေထိုင်၍၊ တမျိုးတည်းဖြစ် ကြလိမ့်မည်။
၁၆ထို​သို့​ပြု​လျှင်​ကျွန်ုပ်​တို့​သ​မီး​များ​ကို​သင် တို့​နှင့်​ထိမ်း​မြား​၍ သင်​တို့​သ​မီး​များ​ကို​ကျွန်ုပ် တို့​ထိမ်း​မြား​မည်။ သင်​တို့​ထံ​တွင်​နေ​ထိုင်​ကာ လူ​တစ်​မျိုး​တည်း​ဖြစ်​ရန်​သ​ဘော​တူ​ပါ​မည်။-
17 ၁၇ သို့မဟုတ်ကျွန်ုပ်တို့စကားကို နားမထောင်၊ အရေဖျားလှီးမင်္ဂလာကိုမခံလျှင်၊ ကျွန်ုပ်တို့ သမီးကိုယူ၍ သွားမည်ဟုဆိုကြ၏။
၁၇သို့​ရာ​တွင်​သင်​တို့​က​ကျွန်ုပ်​တို့​၏​တောင်း​ဆို ချက်​ကို​ပယ်​၍ အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ ကို​မ​ခံ​ကြ​ပါ​မူ​ကျွန်ုပ်​တို့​သည် နှ​မ​ကို​ပြန် သိမ်း​၍​သင်​တို့​ထံ​မှ​ထွက်​ခွာ​သွား​ပါ​မည်'' ဟု​ပြော​ကြ​လေ​၏။
18 ၁၈ ထိုစကားကို ဟာမော်မင်းနှင့် သားတော်ရှေခင် သည် နှစ်သက်၍၊၊
၁၈ဟာ​မော်​နှင့်​သူ​၏​သား​ရှေ​ခင်​တို့​အ​တွက်​ထို တောင်း​ဆို​ချက်​ကို​လက်​ခံ​နိုင်​ဖွယ်​ရှိ​၏။ ရှေ​ခင် သည်​ယာ​ကုပ်​၏​သမီး​ကို​အ​လွန်​စွဲ​မက်​နေ သ​ဖြင့်၊-
19 ၁၉ ထိုမင်းသားသည်၊ ယာကုပ်၏သမီးကို ချစ်အား ကြီးသောကြောင့်၎င်း၊ အဘ၏ အမျိုးသားချင်းအပေါင်း တို့ထက် အသရေရှိသောကြောင့်၎င်း၊ ချက်ခြင်းဝန်ခံလေ ၏။
၁၉ယာ​ကုပ်​၏​သား​များ​ပေး​သော​အ​ကြံ​ကို ချက်​ချင်း​လက်​ခံ​လိုက်​လေ​သည်။ ရှေ​ခင်​သည် ကား​မိ​မိ​၏​အ​မျိုး​သား​ချင်း​တို့​တွင်​အ​ရေး ပါ​အ​ရာ​ရောက်​ဆုံး​သော​ပ္ဂိုလ်​ဖြစ်​၏။
20 ၂၀ ထိုအခါ၊ ဟာမော်မင်းနှင့် သားတော် ရှေခင် သည်၊ မိမိမြို့တံခါးသို့ သွား၍၊ မြို့သားတို့နှင့် နှုတ်ဆက် လျက်၊
၂၀ဟာ​မော်​နှင့်​သူ​၏​သား​ရှေ​ခင်​တို့​သည် မြို့ တံ​ခါး​ဝ​ရှိ​စည်း​ဝေး​ရာ​နေ​ရာ​သို့​သွား​၍ မြို့​သား​တို့​အား၊-
21 ၂၁ အချင်းတို့၊ ဤသူတို့သည် ငါတို့နှင့် သင့်တင့် ကြပြီ။ ငါတို့ပြည်၌နေ၍ ဖေါက်ကားရောင်းဝယ်မှုကို ပြုကြပါစေ။ ငါတို့ပြည်သည် သူတို့နေသာအောင် ကျယ်ပေ၏။ သူတို့သမီးများနှင့် အိမ်ထောင်ဘက် ပြုကြ စို့။ငါတို့သမီးများကိုလည်း သူတို့အား ထိမ်းမြားပေးစား ကြစို့။
၂၁``ဤ​သူ​တို့​သည်​ငါ​တို့​ကို​ဖော်​ရွေ​ကြ​ပါ​၏။ သူ​တို့​အား​ငါ​တို့​ပြည်​၌​နေ​၍​လွတ်​လပ်​စွာ သွား​လာ​ခွင့်​ရှိ​ကြ​ပါ​စေ။ ငါ​တို့​ပြည်​သည် သူ​တို့​နေ​သာ​အောင်​ကျယ်​ဝန်း​ပါ​သည်။ ငါ တို့​သည်​သူ​တို့​၏​သ​မီး​များ​ကို​ထိမ်း​မြား ၍​သူ​တို့​က​လည်း​ငါ​တို့​၏​သ​မီး​များ​ကို ထိမ်း​မြား​ပါ​စေ။-
22 ၂၂ သို့ရာတွင် သူတို့သည် အရေဖျားလှီးမင်္ဂလာ ကိုခံသကဲ့သို့၊ ငါတို့တွင် ယောက်ျားတိုင်း အရေဖျားလှီး မင်္ဂလာကို ခံမှသာ၊ထိုလူတို့သည် ငါတို့တွင်နေ၍ တမျိုး တည်း ဖြစ်စေခြင်းငှါ ဝန်ခံကြလိမ့်မည်။
၂၂သို့​ရာ​တွင်​ငါ​တို့​ယောကျာ်း​အား​လုံး​က​သူ တို့​နည်း​တူ အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​ကို ခံ​ကြ​ပါ​မှ သူ​တို့​သည်​ငါ​တို့​နှင့်​အ​တူ​နေ ထိုင်​၍ ငါ​တို့​နှင့်​လူ​တစ်​မျိုး​တည်း​ဖြစ်​နိုင်​မည် ဟု​ဆို​ပါ​သည်။-
23 ၂၃ သူတို့၏သိုးနွားမှစ၍ တိရစ္ဆာန်များ၊ ဥစ္စာများတို့ သည် ငါတို့ဥစ္စာ ဖြစ်ကြလိမ့်မည် မဟုတ်လော။ သူတို့ အလိုသို့လိုက်ကြစို့။ သို့ပြုလျှင် သူတို့သည် ငါတို့တွင် နေကြလိမ့်မည်ဟု၊
၂၃သူ​တို့​အား​ငါ​တို့​နှင့်​အ​တူ​နေ​ထိုင်​စေ​ရန်​သ ဘော​တူ​ကြ​မည်​ဆို​လျှင် သူ​တို့​၏​သိုး၊ ဆိတ်​မှ စ​၍​တိ​ရစ္ဆာန်​များ​နှင့်​ဥစ္စာ​ပစ္စည်း​များ​ကို​လည်း ငါ​တို့​ပိုင်​ဆိုင်​လာ​မည်​မ​ဟုတ်​ပါ​လော'' ဟု ပြော​လေ​၏။-
24 ၂၄ ဟာမော်မင်းနှင့် သားတော်ရှေခင်ပြောသော စကားကို၊ မြို့တံခါးမှ ထွက်သောသူအပေါင်းတို့သည် နားထောင်၍ ယောက်ျားရှိသမျှတို့သည် အရေဖျားလှီး မင်္ဂလာကိုခံကြ၏။
၂၄မြို့​သား​တို့​သည်​လည်း​ဟာ​မော်​နှင့်​သူ​၏​သား ရှေ​ခင်​တို့​၏​အ​ကြံ​ပေး​ချက်​ကို​သ​ဘော​တူ လက်​ခံ​၍ ယောကျာ်း​မှန်​သ​မျှ​အ​ရေ​ဖျား​လှီး ခြင်း​မင်္ဂ​လာ​ကို​ခံ​ကြ​၏။
25 ၂၅ ထိုသို့ခံ၍ သုံးရက်မြောက်သော နေ့၌၊ အလွန် နာကြသောအခါ၊ ယာကုပ်သား၊ ဒိန၏မောင် ရှိမောင်နှင့် လေဝိညီနောင် နှစ်ယောက်တို့သည်၊ ထားလက်နက် တယောက်တစင်းစီ စွဲကိုင်လျက်၊ သတိမရှိသော ထိုမြို့ကို တိုက်၍၊ ယောက်ျားအပေါင်းတို့ကို သတ်လေ၏။
၂၅ထို​နောက်​သုံး​ရက်​မြောက်​သော​နေ့​၌​မြို့​သား တို့​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကြောင့်​ဝေ​ဒ​နာ ခံ​နေ​ရ​စဉ် ယာ​ကုပ်​၏​သား​များ​ဖြစ်​ကြ​သော ဒိ​န​၏​အစ်​ကို​ရှိ​မောင်​နှင့်​လေ​ဝိ​တို့​သည်​ဋ္ဌား ကို​စွဲ​ကိုင်​လျက် မြို့​တွင်း​သို့​အ​မှတ်​မ​ထင်​ဝင် ရောက်​ပြီး​လျှင်​ယောကျာ်း​ရှိ​သ​မျှ​တို့​ကို​သတ် လေ​၏။-
26 ၂၆ ဟာမော်မင်းနှင့် သားတော်ရှေခင်ကိုလည်း ထားလက်နက်ဖြင့် သတ်ပြီးလျှင်၊ ဒိနကို ရှေခင်အိမ်မှ နှုတ်ယူ၍ ပြန်သွားကြ၏။
၂၆သူ​တို့​သည်​ဟာ​မော်​နှင့်​သူ​၏​သား​ရှေ​ခင်​ကို လည်း​ခုတ်​သတ်​၍ ရှေ​ခင်​၏​အိမ်​မှ​ဒိ​န​ကို​ကယ် ယူ​ခဲ့​ပြီး​လျှင်​အိမ်​သို့​ပြန်​လာ​ခဲ့​ကြ​လေ​၏။-
27 ၂၇ မိမိတို့နှမ ရှုတ်ချခြင်းကို ခံရသောကြောင့်၊ တဖန်ယာကုပ်သားတို့သည် အသေသတ်ပြီးသော သူတို့ ဆီသို့သွားပြန်၍၊ မြို့ကိုလုယက်ဖျက်ဆီးသဖြင့်၊
၂၇ယာ​ကုပ်​၏​အ​ခြား​သော​သား​တို့​က​လည်း​သူ တို့​၏​နှ​မ​အ​သ​ရေ​ဖျက်​ခံ​ရ​ခြင်း​ကို​လက်​စား ချေ​ရန် မိ​မိ​တို့​သတ်​ခဲ့​သော​သူ​တို့​ထံ​သွား​၍​မြို့ ကို​လု​ယက်​ဖျက်​ဆီး​ကြ​လေ​သည်။-
28 ၂၈ သူတို့ သိုး၊ဆိတ်၊နွား၊မြည်းမှစ၍၊ မြို့၌ရှိသမျှ၊ လယ်၌ရှိသမျှသော ဥစ္စာကို၎င်း၊
၂၈သူ​တို့​သည် သိုး​အုပ်၊ ဆိတ်​အုပ်၊ နွား​အုပ်၊ မြည်း အုပ်​နှင့်​မြို့​တွင်း​မြို့​ပြင်​၌​ရှိ​သ​မျှ​သော ပစ္စည်း​များ​ကို​လု​ယူ​ခဲ့​ကြ​သည်။-
29 ၂၉ သူတို့သားမယား သူငယ်အပေါင်းကို၎င်း သိမ်း ယူ၍၊ အိမ်တို့၌ရှိသမျှကိုလည်း လုယက်ဖျက်ဆီးကြ၏။
၂၉မြို့​သား​တို့​၏​အ​ဖိုး​တန်​ပစ္စည်း​ရှိ​သ​မျှ​နှင့်၊ သား​မ​ယား​နှင့်​က​လေး​သူ​ငယ်​အား​လုံး၊ အိမ်​တွင်း​၌​တွေ့​သ​မျှ​သော​ပစ္စည်း​များ​ကို သိမ်း​ယူ​ခဲ့​ကြ​သည်။
30 ၃၀ ထိုအခါ ယာကုပ်က၊ သင်တို့သည် ငါ့ကို ညှဉ်းဆဲ ကြပြီတကား။ ခါနနိလူ၊ ဖေရဇိလူတည်းဟူသော၊ ဤပြည် သားတို့သည် ငါ့ကိုရွံရှာအောင် ပြုကြပြီတကား။ ငါတို့၌ လူအရေအတွက် အားနည်းသောကြောင့်၊ သူတို့သည် စုဝေး၍ ငါ့ကိုတိုက်သတ်သဖြင့်၊ ငါနှင့် ငါ့အိမ်သူ အိမ်သားတို့ကို ဖျက်ဆီးကြလိမ့်မည်ဟု၊ ရှိမောင်နှင့် လေဝိတို့အား ဆိုလေသော်၊
၃၀ထို​အ​ခါ​ယာ​ကုပ်​က​ရှိ​မောင်​နှင့်​လေ​ဝိ​တို့ အား``သင်​တို့​သည်​ငါ့​ကို​ဒုက္ခ​ရောက်​စေ​ပြီ။ ဤ ပြည်​မှ​ခါ​နာန်​အ​မျိုး​သား​နှင့်​ဖေ​ရ​ဇိ​အ​မျိုး သား​တို့​သည်​ငါ့​ကို​မုန်း​ကြ​လိမ့်​မည်။ ငါ့​ထံ​၌ လူ​အင်​အား​အ​နည်း​ငယ်​သာ​ရှိ​သည်။ အ​ကယ်​၍ သူ​တို့​စည်း​ရုံး​ကြ​ပြီး​လျှင်​ငါ့​ကို​တိုက်​ခိုက် ပါ​က ငါ​တို့​မိ​သား​စု​အား​လုံး​သေ​ကြေ ပျက်​စီး​ရ​ကြ​လိမ့်​မည်'' ဟု​ပြော​လေ​၏။
31 ၃၁ သူတို့က၊ ငါတို့နှမကို ပြည်တန်ဆာကဲ့သို့မှတ်၍ ပြုရမည်လောဟု ပြန်ဆိုလေ၏။
၃၁သူ​တို့​က``ကျွန်​တော်​တို့​၏​နှ​မ​ကို​ပြည့်​တန် ဆာ​အ​ဖြစ်​မ​ခံ​နိုင်​ပါ'' ဟု​ပြန်​ပြော​ကြ​၏။

< ကမ္ဘာ​ဦး 34 >