< ကမ္ဘာဦး 33 >
1 ၁ ထိုအခါ ယာကုပ်သည် မြော်ကြည့်၍၊ အစ်ကို ဧသောသည် လူလေးရာပါလျက် ချီလာသည်ကိုမြင်လျှင်၊ လေအာ၊ ရာခေလ၊ ကျွန်မနှစ်ယောက်တို့တွင် သားများ တို့ကို ဝေပေးလေ၏။
Jacob leva les yeux et regarda. Et voici, Ésaü arrivait, et avec lui quatre cents hommes. Il partagea les enfants entre Léa, Rachel et les deux serviteurs.
2 ၂ ကျွန်မနှစ်ယောက်ကိုကား၊ သူတို့သားများနှင့် ရှေ့ကနေစေ၍၊ လေအာနှင့်သူ၏သားတို့ကို အလယ်၌ ၎င်း၊ ရာခေလနှင့် ယောသပ်ကို နောက်၌၎င်း ထားလေ ၏။
Il plaça les serviteurs et leurs enfants en avant, Léa et ses enfants après, et Rachel et Joseph en arrière.
3 ၃ သူတို့ရှေ့မှာ ကိုယ်တိုင်လွန်သွား၍၊ ခုနစ်ကြိမ် တိုင်အောင် ဦးညွှတ်ပြပ်ဝပ်လျက်၊ အစ်ကိုအနီးသို့ ချဉ်းကပ်လေ၏။
Lui-même passa devant eux, et se prosterna sept fois à terre, jusqu'à ce qu'il s'approche de son frère.
4 ၄ ထိုအခါ ဧသောသည် ကြိုဆိုခြင်းငှါ ပြေးလာ၍၊ လည်ချင်းရှက်လျက်၊ ပိုက်ဘက်နမ်းရှုတ်ခြင်းကိုပြု၍၊ နှစ်ယောက်စလုံးတို့သည် ငိုကြွေးကြ၏။
Ésaü courut à sa rencontre, l'embrassa, se jeta à son cou, le baisa, et ils pleurèrent.
5 ၅ ထိုနောက်၊ မြော်ကြည့်၍၊ မိန်းမများ၊ သူငယ် များကို မြင်လျှင်၊ သင်၌ပါသော ဤသူတို့သည်၊ အဘယ် သူနည်းဟုမေးသော်၊ ကိုယ်တော်၏ ကျွန်အား၊ ဘုရား သခင်ပေးသနားတော်မူသော သူငယ်ဖြစ်ကြပါ၏ဟု ပြန်ပြောပြီးမှ၊
Il leva les yeux, et vit les femmes et les enfants; il dit: « Qui sont ceux-ci avec toi? » Il dit: « Les enfants que Dieu a gracieusement donnés à votre serviteur. »
6 ၆ ကျွန်မတို့သည်၊ မိမိတို့သားများနှင့် ချဉ်းကပ်၍ ဦးညွှတ်ကြ၏။
Alors les serviteurs s'approchèrent avec leurs enfants, et ils se prosternèrent.
7 ၇ ထိုနောက်၊ လေအာသည် သူ၏သားများနှင့် ချဉ်းကပ်၍ ဦးညွှတ်ကြ၏။ ထိုနောက်၊ ယောသပ်နှင့် ရာခေလသည် ချဉ်းကပ်၍ ဦးညွှတ်ခြင်းကို ပြုကြ၏။
Léa et ses enfants s'approchèrent aussi, et se prosternèrent. Après eux, Joseph s'approcha avec Rachel, et ils se prosternèrent.
8 ၈ ဧသောကလည်း၊ ကျွန်ုပ်တွေ့သော တိရစ္ဆာန်စု အပေါင်းတို့သည်၊ အဘယ်သို့သောအရာနည်းဟု မေး လျှင်၊ သခင်၏စိတ်တော်နှင့် တွေ့စေခြင်းငှါ ဖြစ်ပါသည် ဟု ပြန်ပြော၏။
Ésaü dit: « Que veux-tu dire par toute cette compagnie que j'ai rencontrée? » Jacob a dit: « Pour trouver grâce aux yeux de mon seigneur. »
9 ၉ ဧသောကလည်း၊ ငါ့ညီ၊ ငါ၌ လုံလောက်အောင် ရှိ၏။ သင်၏ဥစ္စာတို့ကို ယူထားဦးလော့ဟုဆို၏။
Ésaü dit: « J'ai assez, mon frère; que ce que tu as soit à toi. »
10 ၁၀ ယာကုပ်ကလည်း၊ထိုသို့မဆိုပါနှင့်။ စိတ်တော် နှင့် တွေ့သည်မှန်လျှင်၊ ကျွန်တော်ဆက်သော လက် ဆောင်ကို ခံယူတော်မူပါ။ ဘုရားသခင်၏ မျက်နှာတော် ကို ဖူးမြင်ရသကဲ့သို့၊ ကိုယ်တော်၏ မျက်နှာကို ဖူးမြင် ရပါ၏။ စိတ်တော်သည်လည်းနူးညွတ်ပါ၏။
Jacob dit: « Je t'en prie, non, si j'ai maintenant trouvé grâce à tes yeux, alors reçois mon présent de ma main, car j'ai vu ton visage, comme on voit le visage de Dieu, et tu as été satisfait de moi.
11 ၁၁ ကိုယ်တော်ထံသို့ရောက်သော ကျွန်တော်၏ မင်္ဂလာကိုခံယူတော်မူပါ။ဘုရားသခင်သည်၊ကျွန်တော်၌ များစွာသောကျေးဇူးကို ပြုတော်မူပြီ။ ကျွန်တော်၌ လုံလောက်အောင်ရှိပါ၏ဟူ၍ တိုက်တွန်းသောကြောင့် ခံယူလေ၏။
Je te prie de prendre le présent que je t'ai apporté, parce que Dieu m'a fait grâce, et parce que j'en ai assez. » Il le pressa, et il le prit.
12 ၁၂ ဧသောကလည်း၊ ခရီးသွားကြစို့၊ သင့်ရှေ့မှာ ကျွန်ုပ်သွားမည်ဟုဆိုလျှင်၊
Ésaü dit: « Prenons notre route, partons, et je te précéderai. »
13 ၁၃ ယာကုပ်က၊ သခင်သိသည်အတိုင်း၊ ဤသူငယ် တို့သည် နုငယ်ပါ၏။ သားငယ်ပါသော သိုး၊ ဆိတ်၊ နွားမ တို့သည် ကျွန်တော်၌ပါပါ၏။ တနေ့ ခြင်းတွင် အနှင်လွန် လျှင်၊ ရှိသမျှတို့သည် သေကြပါလိမ့်မည်။
Jacob lui dit: « Mon seigneur sait que les enfants sont tendres, et que les troupeaux qui sont avec moi ont leurs petits, et que s'ils les surmènent un jour, tous les troupeaux mourront.
14 ၁၄ ထိုကြောင့်သခင်သည်၊ ကိုယ်တော်၏ ကျွန်ရှေ့ မှာကြွနှင့်တော်မူပါ။ ကျွန်တော်မူကား၊ ကျွန်တော်ဆောင် ခဲ့သော တိရစ္ဆာန်များ၊သူငယ်များ၊ တတ်နိုင်သမျှအတိုင်း၊ သခင်နေရာ စိရပြည်သို့ ရောက်အောင်၊ တဖြည်းဖြည်း ပို့ဆောင်ပါမည်ဟု လျှောက်လေ၏။
Je vous prie de laisser mon seigneur passer devant son serviteur, et je continuerai doucement, au rythme du bétail qui est devant moi et au rythme des enfants, jusqu'à ce que j'arrive auprès de mon seigneur en Séir. »
15 ၁၅ ဧသောကလည်း၊ သို့ဖြစ်လျှင် အကျွန်ုပ်၌ ပါသော သူအချို့တို့ကို ညီ၌ထားခဲ့ပါရစေဟုဆိုလျှင်၊ ယာကုပ်က၊ အဘယ်အကြောင်း ရှိပါသနည်း။ သခင်၏ စိတ်တော်နှင့်တွေ့ပါစေဟု ပြန်ဆိုသော်၊
Ésaü dit: « Laisse-moi maintenant laisser avec toi quelques-uns des gens qui sont avec moi. » Il a dit: « Pourquoi? Que je trouve grâce aux yeux de mon seigneur. »
16 ၁၆ ဧသောသည် ထိုနေ့ခြင်းတွင် စိရပြည်သို့ ခရီးသွား၍ ပြန်လေ၏။
Ce jour-là, Ésaü s'en retourna en direction de Séir.
17 ၁၇ ယာကုပ်လည်း၊ သုကုတ်အရပ်သို့ ခရီးသွား၍၊ ကိုယ်နေဘို့အိမ်ကို၎င်း၊ တိရစ္ဆာန်များနေဘို့ တင်းကုပ် တို့ကို၎င်း၊ ဆောက်လေ၏။ ထို့ကြောင့် ထိုအရပ်ကို၊ သုကုတ်ဟူ၍ တွင်လေသတည်း။
Jacob se rendit à Succoth, se construisit une maison et fit des abris pour son bétail. C'est pourquoi le nom de ce lieu est appelé Succoth.
18 ၁၈ ထိုနောက်မှ၊ ရှေခင်မြို့သို့ ဘေးမဲ့ရောက်လေ၏။ ပါဒနာရံပြည်မှ ပြန်လာ၍၊ ခါနာန်ပြည်သို့ ရောက်သော လမ်းခရီးတွင်၊ ထိုမြို့ရှိသတည်း။ ထိုမြို့ရှေ့မှာတဲကို ဆောက်လေ၏။
Jacob arriva en paix à la ville de Sichem, qui est dans le pays de Canaan, lorsqu'il vint de Paddan Aram, et il campa devant la ville.
19 ၁၉ တဲဆောက်ရာမြေအကွက်ကို ရှေခင်၏အဘ၊ ဟာမော်၏သားတို့တွင်၊ ငွေတပိဿာ အဘိုးပေး၍ ဝယ်ရသတည်း။
Il acheta la parcelle de terrain où il avait étendu sa tente, de la main des fils de Hamor, père de Sichem, pour cent pièces d'argent.
20 ၂၀ ထိုအရပ်၌လည်း ယဇ်ပလ္လင်ကို တည်ပြီးလျှင်၊ ဧလေလောဣသရေလဟူ၍သမုတ်လေ၏။
Il y dressa un autel, et l'appela El Elohe Israël.