< ကမ္ဘာဦး 32 >
1 ၁ ယာကုပ်သည် ခရီးသွားပြန်၍၊ ဘုရားသခင်၏ ကောင်းကင်တမန်တို့သည် ကြိုဆိုခြင်းငှါ လာကြသည်ကို၊
E foi tambem Jacob o seu caminho, e encontraram-o os anjos de Deus.
2 ၂ ယာကုပ်မြင်လျှင် ဘုရားသခင်၏ တပ်တော်ဖြစ် သည်ဟု ဆို၍၊ ထိုအရပ်ကို မဟာနိမ်အမည်ဖြင့် မှည့်လေ ၏။
E Jacob disse, quando os viu: Este é o exercito de Deus. E chamou o nome d'aquelle logar Mahanaim.
3 ၃ ထိုအခါ ယာကုပ်သည်၊ အစ်ကိုဧသောနေရာ ဧဒုံပြည်တည်းဟူသော စိရပြည်သို့၊ တမန်တို့ကို မိမိရှေ့မှာ စေလွှတ်၍ မှာလိုက်သည်ကား၊
E enviou Jacob mensageiros diante da sua face a Esaú seu irmão, á terra de Seir, territorio de Edom.
4 ၄ ကိုယ်တော်၏ကျွန်ယာကုပ်က၊ ကျွန်တော်သည် လာဗန်ထံမှာ တည်းခို၍၊ ယခုတိုင်အောင် နေပါပြီ။
E ordenou-lhes, dizendo: Assim direis a meu senhor Esaú: Assim diz Jacob, teu servo: Como peregrino morei com Labão, e me detive lá até agora;
5 ၅ ကျွန်တော်၌ နွား၊ မြည်း၊ သိုး၊ ဆိတ်၊ ကျွန် ယောက်ျား မိန်းမများ ရှိကြပါ၏။ ကျွန်တော်သည် သခင်၏ စိတ်တော်နှင့် တွေ့စေခြင်းငှါ၊ လျှောက်ကြားလိုက်ပါ သည်ဟု၊ ငါ့သခင်ဧသောကို လျှောက်ကြဟု မှာလိုက် လေ၏။
E tenho bois e jumentos, ovelhas, e servos e servas; e enviei para o annunciar a meu senhor, para que ache graça em teus olhos.
6 ၆ တမန်တို့လည်း ယာကုပ်ထံသို့ ပြန်လာ၍၊ ကျွန်တော်တို့သည်၊ ကိုယ်တော်၏အစ်ကို ဧသောထံသို့ ရောက်ခဲ့ပါပြီ။ သူသည်ကိုယ်တော်ကို တွေ့ခြင်းငှါ၊ လူ လေးရာနှင့် ချီလာပါသည်ဟု လျှောက်ကြ၏။
E os mensageiros tornaram a Jacob, dizendo: Viemos a teu irmão Esaú; e tambem elle vem a encontrar-te, e quatrocentos varões com elle.
7 ၇ ထိုအခါ ယာကုပ်သည်၊ အလွန်ကြောက်၍ စိတ်ပူပန်လျှင်၊ မိမိတွင်ပါသော လူစု၊ သိုးဆိတ်စု၊ နွားစု၊ ကုလားအုပ်များတို့ကို နှစ်စုခွဲ၍ ထားလေ၏။
Então Jacob temeu muito, e angustiou-se; e repartiu o povo que com elle estava, e as ovelhas, e as vaccas, e os camelos, em dois bandos.
8 ၈ အကြောင်းမူကား၊ တစုကို ဧသောတွေ့၍ လုပ်ကြံလျှင်၊ ကြွင်းသော တစုလွတ်လိမ့်မည်ဟု ဆို၏။
Porque dizia: Se Esaú vier a um bando, e o ferir, o outro bando escapará.
9 ၉ တဖန် ယာကုပ်က၊ အကျွန်ုပ်အဘ အာဗြဟံ၏ ဘုရားသခင်၊ အကျွန်ုပ်အဘ ဣဇာက်၏ဘုရားသခင်၊ ထာဝရဘုရား ကိုယ်တော်က၊ သင်၏ပြည် သင်၏ အမျိုးသားချင်းတို့ ထံသို့ ပြန်လော့။ ငါသည် သင်၌ကျေးဇူးပြုမည် ဟု မိန့်တော်မူပါပြီ။
Disse mais Jacob: Deus de meu pae Abrahão, e Deus de meu pae Isaac, o Senhor, que me disseste: Torna-te á tua terra, e á tua parentela, e far-te-hei bem;
10 ၁၀ ကိုယ်တော်ကျွန်၌ ပြတော်မူသော ကရုဏာ သစ္စာတော်အငယ်ဆုံးကိုမျှ အကျွန်ုပ်မခံထိုက်ပါ။ အကျွန်ုပ်သည် အထက်က၊ ဤယော်ဒန်မြစ်ကို လက်စွဲ တောင်ဝေးနှင့်သာ ကူးပါ၏။ ယခုမူကား၊ အပေါင်း အသင်းနှစ်စုဖြစ်ပါ၏။
Menor sou eu que todas as beneficencias, e que toda a fidelidade que fizeste ao teu servo; porque com meu cajado passei este Jordão, e agora me tornei em dois bandos;
11 ၁၁ သို့ဖြစ်၍၊ အကျွန်ုပ်ကို အစ်ကိုဧသောလက်မှ ကယ်လွှတ်တော်မူမည်အကြောင်း ဆုတောင်းပါ၏။ သူသည် လာ၍ အကျွန်ုပ်ကို၎င်း၊ သားမယားတို့ကို၎င်း သတ်မည်ဟု အလွန်စိုးရိမ်ပါ၏။
Livra-me, peço-te, da mão de meu irmão, da mão de Esaú: porque o temo, que porventura não venha, e me fira, e a mãe com os filhos
12 ၁၂ ကိုယ်တော်က၊ ငါသည်သင်၌ အမှတ်ကျေးဇူး ပြု၍၊ မရေတွက်နိုင်အောင် များပြားသော သမုဒ္ဒရာသဲလုံး နှင့်အမျှ သင်၏အမျိုးအနွယ်ကို ငါဖြစ်စေမည်ဟု မိန့်တော်မူပါပြီဟု တောင်းလျောက်လေ၏။
E tu o disseste: Certamente te farei bem, e farei a tua semente como a areia do mar, que pela multidão não se pode contar.
13 ၁၃ ထိုအရပ်၌ တညဉ့်ပတ်လုံးနေပြီးမှ၊ မိမိလက်ရှိ ဥစ္စာစုထဲက အစ်ကိုဧသောအား လက်ဆောင်ဆက်စရာ ဘို့၊
E passou ali aquella noite; e tomou do que lhe veiu á sua mão, um presente para seu irmão Esaú:
14 ၁၄ ဆိတ်မနှစ်ရာ၊ ဆိတ်ထီးနှစ်ဆယ်၊ သိုးမနှစ်ရာ၊ သိုးထီးနှစ်ဆယ်၊
Duzentas cabras, e vinte bodes; duzentas ovelhas, e vinte carneiros;
15 ၁၅ နို့စို့သားငယ်နှင့်တကွ၊ နို့ညှစ်ကုလားအုပ်မ သုံးဆယ်၊ နွားမလေးဆယ်၊ နွားထီးတဆယ်၊ မြည်းမ နှစ်ဆယ်နှင့် မြည်းကလေး တဆယ်တို့ကို ယူ၍၊
Trinta camelas de leite com suas crias, quarenta vaccas, e dez novilhos; vinte jumentas, e dez jumentinhos;
16 ၁၆ အသီးအသီးတစုတခြားစီ ခွဲသန့်လျက်၊ ကျွန်တို့ လက်သို့ အပ်ပြီးလျှင်၊ သင်တို့သည် ငါ့ရှေ့မှာကူးသွား၍၊ တစုနှင့်တစုကို ခရီးကွာစေလော့ဟု၊ ကျွန်တို့အား မှာထားလေ၏။
E deu-o na mão dos seus servos, cada rebanho á parte, e disse a seus servos: Passae adiante da minha face, e ponde espaço entre rebanho e rebanho.
17 ၁၇ ရှေ့ဦးစွာသွားသောသူကိုလည်း၊ ငါ့အစ်ကို ဧသောသည် သင့်ကိုတွေ့၍၊ သင်ကား၊ အဘယ်သူ၏ လူဖြစ်သည်နည်း၊ အဘယ်အရပ်သို့ သွားသနည်း။ သင့်ရှေ့မှာရှိသော တရိစ္ဆာန်များကား အဘယ်သူ၏ ဥစ္စာ ဖြစ်သနည်းဟု မေးလျှင်၊
E ordenou ao primeiro, dizendo: Quando Esaú, meu irmão, te encontrar, e te perguntar, dizendo: De quem és, e para onde vaes, e cujos são estes diante da tua face,
18 ၁၈ ကိုယ်တော်ကျွန်ယာကုပ်၏ဥစ္စာဖြစ်ပါ၏။ သခင် ဧသောအား ဆက်သလိုက်သော လက်ဆောင်ဖြစ်ပါ၏။ သူသည်လည်း နောက်မှာ ရှိပါ၏ဟု၊ လျှောက်ရမည်ဟု မှာထားလေ၏။
Então dirás: São de teu servo Jacob, presente que envia a meu senhor, a Esaú; e eis que elle mesmo vem tambem atraz de nós
19 ၁၉ ထိုနည်းတူ၊ ဒုတိယသူ၊ တတိယသူမှစ၍၊ အစုစု တို့နှင့် လိုက်သောသူအပေါင်းကိုလည်း၊ သင်တို့သည် ဧသောနှင့်တွေ့လျှင်၊ ဤသို့ လျှောက်ရမည်ဟူ၍၎င်း၊
E ordenou tambem ao segundo, e ao terceiro, e a todos os que vinham atraz dos rebanhos, dizendo: Conforme a esta mesma palavra, fallareis a Esaú, quando o achardes.
20 ၂၀ ကိုယ်တော်ကျွန်ယာကုပ်သည်လည်း နောက်မှာ ရှိပါ၏ဟု၊ ကြားလျှောက်ရမည်ဟူ၍၎င်း မှာထားလေ၏။ ယာကုပ်က၊ ယခု ငါ့ရှေ့တွင် ထွက်သွားသော လက် ဆောင်ဖြင့်၊ သူ၏စိတ်ကို ငါဖြေမည်။ နောက်မှ မျက်နှာ ချင်းဆိုင်တွေ့သောအခါ၊ ငါ့ကိုလက်ခံကောင်း လက်ခံ လိမ့်မည်ဟု အကြံရှိသတည်း။
E direis tambem: Eis que o teu servo Jacob vem atraz de nós. Porque dizia: Eu o aplacarei com o presente, que vae diante de mim, e depois verei a sua face; porventura acceitará a minha face.
21 ၂၁ ထိုသို့ယာကုပ်ရှေ့မှာ လက်ဆောင်သည် အရင် ကူးသွား၍၊ သူကိုယ်တိုင် ထိုညဉ့်၌ လူအစုအဝေးနှင့်အတူ အိပ်၍ နေ၏။
Assim passou o presente diante da sua face; elle porém passou aquella noite no arraial.
22 ၂၂ ညဉ့်မကုန်မှီထ၍ မယားနှစ်ယောက်၊ ကျွန်မ နှစ်ယောက်၊ သားတဆယ်နှင့် တယောက်တို့ကို ဆောင်ယူ ၍၊ ယဗ္ဗုတ်ချောင်းရေတိမ်ရာ အရပ်ကိုကူးလေ၏။
E levantou-se aquella mesma noite, e tomou as suas duas mulheres, e as suas duas servas, e os seus onze filhos, e passou o váo de Jabbok.
23 ၂၃ ထိုသို့ သူတို့ကိုယူ၍ မိမိဥစ္စာရှိသမျှနှင့်တကွ ချောင်းတဘက်သို့ ကူးစေပြီးမှ၊
E tomou-os, e fel-os passar o ribeiro; e fez passar tudo o que tinha.
24 ၂၄ ယာကုပ်သည် တယောက်တည်းနေရစ်၍၊ လူတဦးသည် မိုဃ်းလင်းသည်တိုင်အောင် သူနှင့်လုံးထွေး လေ၏။
Jacob porém ficou só; e luctou com elle um varão, até que a alva subia.
25 ၂၅ ထိုသူသည် မိမိမနိုင်မှန်းကိုသိလျှင်၊ ယာကုပ် ပေါင်ချန်ကို ထိုး၍၊ လုံးထွေးစဉ်တွင် ပေါင်ဆစ်ပြုတ်လေ ၏။
E vendo que não prevalecia contra elle, tocou a juntura de sua côxa, e se deslocou a juntura da côxa de Jacob, luctando com elle.
26 ၂၆ ထိုသူကလည်း၊ ငါ့ကိုလွှတ်ပါ၊ မိုဃ်းလင်းဆဲရှိပြီ ဟုဆိုလျှင်၊ ယာကုပ်က၊ ကိုယ်တော်သည် အကျွန်ုပ်ကို ကောင်းကြီးမပေးလျှင်၊ မသွားရဟုဆို၏။
E disse: Deixa-me ir, porque já a alva subiu. Porém elle disse: Não te deixarei ir, se me não abençoares.
27 ၂၇ ထိုသူကလည်း၊ သင်၏အမည်ကား အဘယ်သို့ နည်းဟု မေးလျှင်၊ ယာကုပ်ဖြစ်ပါသည်ဟု ပြန်ဆို၏။
E disse-lhe: Qual é o teu nome? E elle disse: Jacob.
28 ၂၈ နောင်၌ သင်၏အမည်ကို ယာကုပ်ဟူ၍ မခေါ်ရ၊ ဣသရေလဟူ၍ခေါ်ရမည်။ အကြောင်းမူကား၊ သင်သည် ဘုရားသခင်နှင့်၎င်း၊ လူနှင့်၎င်း၊ မင်းကဲ့သို့ ပြိုင်၍ နိုင်လေပြီဟု မိန့်တော်မူ၏။
Então disse: Não se chamará mais o teu nome Jacob, mas Israel: pois como principe luctaste com Deus, e com os homens, e prevaleceste.
29 ၂၉ ယာကုပ်ကလည်း၊ နာမတော်ကား အဘယ်သို့ နည်း။ အကျွန်ုပ်အား ဘော်ပြတော်မူပါဟု မေးလျှောက် လျှင်၊ ငါ့နာမကို အဘယ်ကြောင့် မေးသနည်းဟု ဆို၍၊ ထိုအရပ်၌ ကောင်းကြီးပေးတော်မူ၏။
E Jacob lhe perguntou, e disse: Dá-me, peço-te, a saber o teu nome. E disse: Porque perguntas pelo meu nome? E abençoou-o ali.
30 ၃၀ ထိုအရပ်ကို ပေညေလဟူ၍၊ ယာကုပ်သည် သမုတ်လေ၏။ အကြောင်းမူကား၊ ငါသည် ဘုရားသခင် ကို မျက်နှာချင်းဆိုင်၍ ဖူးမြင်ရသော်လည်း၊ အသက် ချမ်းသာပြီဟု ဆိုသတည်း။
E chamou Jacob o nome d'aquelle logar Peniel, porque dizia: Tenho visto a Deus face a face, e a minha alma foi salva.
31 ၃၁ ဧမနွေလအရပ်ကို ယာကုပ်လွန်သွားသောအခါ၊ နေထွက်ချိန်ရှိ၍၊ သူသည် ထော့နဲ့သွားလေ၏။
E saiu-lhe o sol, quando passou a Penuel; e manquejava da sua côxa.
32 ၃၂ ထိုသို့ ယာကုပ်၏ပေါင်ချန်အကြောကြီးကို ထိုးတော်မူသောကြောင့်၊ ဣသရေလအမျိုးသားတို့သည်၊ ပေါင်ချန်၌ရှိသော အကြောကြီးကို ယနေ့တိုင်အောင် မစားရှောင်လေ့ရှိကြ၏။
Por isso os filhos de Israel não comem o nervo encolhido, que está sobre a juntura da côxa, até o dia de hoje; porquanto tocara a juntura da côxa de Jacob no nervo encolhido.