< ကမ္ဘာ​ဦး 28 >

1 ထိုအခါ ဣဇာက်သည် ယာကုပ်ကို ခေါ်၍၊ သင်သည် ခါနာန်အမျိုးသမီးနှင့် အိမ်ထောင်ဘက်မပြုရ။
Da kaldte Isak Jakob til sig og velsignede ham, idet han bød ham: "Du må ikke tage dig en Hustru blandt Kana'ans Døtre.
2 အမိ၏အဘ ဗေသွေလအမျိုးသားနေရာ ပါဒ နာရံအရပ်သို့ ထ၍ သွားလော့။ သင့်ဦးရီးလာဗန်၏ သမီးတစုံတယောက်နှင့် အိမ်ထောင်ဘက်ပြုလော့။
Drag til Paddan-Aram, til din Morfader Betuels Hus, og tag dig der en af din Morbroder Labans Døtre til Hustru!
3 အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကောင်းကြီး ပေး၍ တိုးပွားစေသဖြင့်၊ သင်သည် အမျိုးကြီးဖြစ်မည် အကြောင်းနှင့် များပြားစေတော်မူစေသတည်း။
Gud den Almægtige velsigne dig og gøre dig frugtbar og give dig et talrigt Afkom, så du bliver til Stammer i Hobetal.
4 အထက်က အာဗြဟံအား ပေးတော်မူ၍၊ သင် ယခု ဧည့်သည်ဖြစ်လျက်နေသော ဤပြည်ကို၊ သင်အမွေ ခံရမည်အကြောင်း၊ သင့်အား၎င်း၊ သင်၏အမျိုးအနွယ် အား၎င်း၊ အာဗြဟံ၏ ကောင်းကြီးမင်္ဂလာကို ပေးတော် မူစေသတည်းဟု ကောင်းကြီးပေးလျက်မှာထား၍ လွှတ် လိုက်လေ၏။
Han give dig og dit Afkom med dig Abrahams Velsignelse, så du får din Udlændigheds Land i Eje, det, Gud skænkede Abraham!"
5 ထိုသို့ ယာကုပ်နှင့် ဧသော၏ အမိ၊ ရေက္ကေ၏ မောင်၊ ရှုရိလူဗေသွေလသား လာဗန်နေရာ ပါဒနာရံပြည် သို့ ယာကုပ်သွားလေ၏။
Så lod Isak Jakob fare, og han drog til Paddan-Aram, til Aramæeren Laban, Betuels Søn, som var Broder til Rebekka, Jakobs og Esaus Moder.
6 ထိုသို့ ဣဇာက်သည် ယာကုပ်ကို ကောင်းကြီး ပေး၍၊ ပါဒနာရံပြည်၌ အိမ်ထောင်ဘက်ပြုစေခြင်းငှါ လွှတ်လိုက်သောအကြောင်းကို၎င်း၊ ခါနာန်အမျိုးသမီးနှင့် အိမ်ထောင်ဘက်မပြုရဟု၊ ကောင်းကြီးပေးသောအခါ မှာထားကြောင်းကို၎င်း၊
Men Esau fik at vide, at Isak havde velsignet Jakob og sendt ham til Paddan-Aram for at tage sig en Hustru der, og at han, da han velsignede ham, havde pålagt ham ikke at tage sig en Hustru blandt Kana'ans Døtre,
7 ယာကုပ်သည် မိဘစကားကို နားထောင်၍၊ ပါဒနာရံပြည်သို့ သွားကြောင်းကို၎င်း၊
og at Jakob havde adlydt sin Fader og Moder og var draget til Paddan-Aram.
8 ခါနာန်အမျိုးသမီးတို့ကို အဘဣဇာက် မနှစ်သက်ကြောင်းကို၎င်း၊ ဧသောသိမြင်လျှင်၊
Da skønnede Esau, at Kana'ans Døtre vakte hans Fader Isaks Mishag,
9 ဣရှမေလထံသို့သွား၍ အထက်မယားတို့မှ တပါး၊ အာဗြဟံသား ဣရှမေလသမီး၊ နဗာယုတ်နှမ၊ မဟာလတ်နှင့် တဖန် အိမ်ထောင်ဘက် ပြုပြန်လေ၏။
og han gik til Ismael og tog Mahalat, en Datter af Abrahams Søn Ismael og Søster til Nebajot, til Hustru ved Siden af sine andre Hustruer.
10 ၁၀ ယာကုပ်သည် ဗေရရှေဘရွာမှ ထွက်၍၊ ခါရန် ပြည်သို့ ခရီးသွားစဉ်တွင်၊
Så drog Jakob bort fra Be'ersjeba og vandrede ad Karan til.
11 ၁၁ တစုံတခုသောအရပ်သို့ရောက်၍၊ မိုဃ်းချုပ် သောကြောင့်၊ ညဉ့်ကို လွန်စေမည်အကြံရှိသည်နှင့်၊ ထိုအရပ်၌ ကျောက်ကိုယူ၍ ခေါင်းအုံးဘို့ ထားပြီးလျှင် အိပ်လေ၏။
På sin Vandring kom han til det hellige Sted og overnattede der, da Solen var gået ned; og han tog en af Stenene på Stedet og brugte den som Hovedgærde og lagde sig til, Hvile der.
12 ၁၂ မြင်ရသော အိပ်မက်ဟူမူကား၊ မြေကြီးပေါ်၌ လှေကားထောင်လျက် အဖျားသည် မိုဃ်းကောင်းကင် တိုင်အောင်မှီ၏။ ဘုရားသခင်၏ ကောင်းကင်တမန်တို့ သည်၊ ထိုလှေကားဖြင့် ဆင်းလျက် တက်လျက်ရှိကြ၏။
Da drømte han, og se, på Jorden stod en Stige, hvis Top nåede til Himmelen, og se, Guds Engle steg op og ned ad den;
13 ၁၃ ထာဝရဘုရားသည် လှေကားထက်၌ ရပ်တော်မူ လျက်၊ ငါသည် သင်၏အဘ အာဗြဟံဘုရား၊ ဣဇာက်၏ ဘုရားတည်းဟူသော ထာဝရဘုရားဖြစ်၏။ သင်အိပ် သော မြေကို သင်နှင့်သင်၏ အမျိုးအနွယ်အား ငါပေး မည်။
og HERREN stod foran ham og sagde: "Jeg er HERREN, din Fader Abrahams og Isaks Gud! Det Land, du hviler på, giver jeg dig og dit Afkom;
14 ၁၄ သင်၏အမျိုးအနွယ်သည် မြေမှုန့်ကဲ့သို့ များပြား လိမ့်မည်။ အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ လေးမျက်နှာ အရပ်တို့သို့နှံ့ပြားကြလိမ့်မည်။ သင်နှင့်သင်၏အမျိုး အနွယ်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းကြီး မင်္ဂလာကို ခံကြရလိမ့်မည်။
dit Afkom skal blive som Jordens Støv, og du skal brede dig mod Vest og Øst, mod Nord og Syd; og i dig og i din Sæd skal alle Jordens Slægter velsignes;
15 ၁၅ ငါသည် သင့်ဘက်မှာရှိ၏။ သင်သွားလေရာ ရာ၌ ငါစောင့်မမည်။ ဤပြည်သို့တဖန် ဆောင်ခဲ့ဦးမည်။ ဂတိထားသည်အတိုင်း မပြည့်စုံမှီ၊ သင့်ကိုငါမစွန့်ဟု မိန့်တော်မူ၏။
se, jeg vil være med dig og vogte dig, hvorhen du end går og føre dig tilbage til dette Land; thi jeg vil ikke forlade dig, men opfylde alt, hvad jeg har lovet dig!"
16 ၁၆ ယာကုပ်သည်အိပ်ပျော်ရာမှ နိုးလျင်၊ အကယ်စင်စစ် ထာဝရဘုရားသည် ဤအရပ်၌ရှိတော်မူ၏။ ရှိတော်မူကြောင်းကို ငါမသိ။
Da Jakob vågnede af sin Søvn, sagde han: "Sandelig, HERREN er på dette Sted, og jeg vidste det ikke!"
17 ၁၇ ဤအရပ်ကား၊ အဘယ်မျှလောက် ကြောက်မက် ဘွယ် ဖြစ်သည်တကား။ ဤအရပ်ကား၊ အခြားမဟုတ်၊ ဘုရားသခင်၏ ဘုံဗိမာန်၊ ကောင်းကင်တံခါးဝ ဖြစ်သည် တကားဟု၊ ကြောက်ရွံ့ခြင်းသို့ ရောက်၍ ဆို၏။
Og han blev angst og sagde: "Hvor forfærdeligt er dog dette Sted! Visselig, her er Guds Hus, her er Himmelens Port!"
18 ၁၈ နံနက်စောစော ယာကုပ်သည်ထ၍၊ ခေါင်းအုံး သော ကျောက်ကို ယူသဖြင့်၊ မှတ်တိုင်ဖြစ်စေလျက် ထူ ထောင်ပြီးလျှင်၊ ကျောက်ထိပ်ဖျားအပေါ်၌ ဆီကို လောင်းလေ၏။
Tidligt næste Morgen tog Jakob den Sten, han havde brugt som Hovedgærde rejste den som en Stenstøtte og gød Olie over den.
19 ၁၉ ထိုအရပ်ကိုလည်း၊ ဗေသလအမည်ဖြင့် မှည့် လေ၏။ ထိုမြို့၏ အမည်ဟောင်းကား၊ ဥလံလုဇဟူ သတည်း။
Og han kaldte dette Sted Betel; før hed Byen Luz.
20 ၂၀ ထိုအခါ ယာကုပ်က၊ ဘုရားသခင်သည် ငါ့ဘက် ၌ ရှိလျက်၊ ငါယခုသွားရာလမ်းမှာ၊ငါ့ကိုစောင့်မ၍ စားစရာအစား၊ ဝတ်စရာအဝတ်ကို ပေးသနားတော်မူ လျှင်၎င်း၊
Derpå gjorde Jakob følgende Løfte: "Hvis Gud er med mig og vogter mig på den Vej, jeg skal vandre, og giver mig Brød at spise og Klæder at iføre mig,
21 ၂၁ ငါသည် တဖန် အဘ၏အိမ်သို့ ငြိမ်ဝပ်စွာ ပြန် ရောက်၍၊ ထာဝရဘုရားသည်ငါ၏ဘုရား ဖြစ်တော်မူ လျှင်၎င်း၊ မှတ်တိုင်ပြု၍ ငါထူထောင်သော ဤကျောက် သည်လည်း၊ဘုရားသခင်၏ ဗိမာန်ဖြစ်ရမည်။
og hvis jeg kommer uskadt tilbage til min Faders Hus, så skal HERREN være min Gud,
22 ၂၂ ပေးသနားတော်မူသမျှတို့ကို ဆယ်ဘို့တဘို့ ပူဇော်ပါမည်ဟူ၍ သစ္စာပြုလေ၏။
og denne Sten, som jeg har rejst som en Støtte, skal være Guds Hus, og af alt, hvad du giver mig, vil jeg give dig Tiende!"

< ကမ္ဘာ​ဦး 28 >