< ကမ္ဘာဦး 26 >
1 ၁ အာဗြဟံလက်ထက် ထိုပြည်၌ဖြစ်ဘူးသော အစာခေါင်းပါးခြင်းမှတပါး၊ နောက်တဖန် အစာခေါင်း ပါးခြင်း ရှိပြန်သည်ဖြစ်၍၊ ဣဇာက်သည် ဖိလိတ္တိမင်းကြီး အဘိမလက်နေရာဂေရာမြို့သို့ သွားလေ၏။
Али наста глад у земљи сврх прве глади која беше за времена Аврамовог; и Исак отиде к Авимелеху цару филистејском у Герар.
2 ၂ ထာဝရဘုရားသည်လည်း သူ့အားထင်ရှား၍၊ သင်သည် အဲဂုတ္တုပြည်သို့မသွားနှင့်၊ ငါပြောလတံ့သော ပြည်၌နေလော့။
И јави му се Господ и рече: Немој ићи у Мисир, него седи у земљи коју ћу ти казати.
3 ၃ ယခုဤပြည်၌ တည်းခို၍နေလော့။ သင့်ဘက် မှာ ငါနေ၍ ကောင်းကြီးပေးမည်။ အကြောင်းမူကား၊ သင်နှင့်သင်၏အမျိုးအနွယ်အား ဤပြည်ရှိသမျှတို့ကို ငါပေးမည်။ သင်၏အဘအာဗြဟံအား ငါကျိန်ဆိုသော စကားရှိသည်အတိုင်းငါပြုမည်။
Седи у тој земљи, и ја ћу бити с тобом, и благословићу те; јер ћу теби и семену твом дати све ове земље, и потврдићу заклетву, којом сам се заклео Авраму оцу твом.
4 ၄ သင်၏အမျိုးအနွယ်ကို ကောင်းကင်ကြယ်ကဲ့သို့ များပြားစေမည်။ သင်၏အမျိုးအနွယ်အားလည်း၊ ဤပြည် ရှိသမျှတို့ကို ငါပေးမည်။ သင်၏အမျိုးအနွယ် အားဖြင့်လည်း၊ လူမျိုးအပေါင်းတို့သည် ကောင်းကြီး မင်္ဂလာကို ခံရကြလိမ့်မည်။
И умножићу семе твоје да га буде као звезда на небу, и даћу семену твом све ове земље; и у семену твом благословиће се сви народи на земљи,
5 ၅ အကြောင်းမူကား၊ အာဗြဟံသည် ငါ့စကားကို နားထောင်၍၊ ငါစီရင်မှာထားသော ပညတ်တရား အမျိုးမျိုးတို့ကို စောင့်ရှောက်သတည်း ဟုမိန့်တော်မူ၏။
Зато што је Аврам слушао глас мој и чувао наредбу моју, заповести моје и правила моја и законе моје.
6 ၆ ဣသရေလဇာက်သည် ဂေရာမြို့၌ နေစဉ်တွင်၊-မြို့သားတို့သည် သူ၏မယားအကြောင်းကို မေးသော အခါ၊ ရေဗက္ကသည် လှသောအဆင်းအရောင် ရှိသောကြောင့်၊
И оста Исак у Герару.
7 ၇ ဤပြည်သား ယောက်ျားတို့သည် သူ့အကြောင်းကြောင့် ငါ့ကို သတ်မည်ဟုစိုးရိမ်၍၊ သူ သည် ငါ့မယားဖြစ်သည်ဟု မပြောမဆိုဝံ့၊ ငါ့နှမဖြစ်သည် ဟု ပြောဆို၏။
А људи у месту оном питаху за жену његову, а он говораше: Сестра ми је. Јер се бојаше казати: Жена ми је; да ме, вели, не убију ови људи ради Ревеке, јер је лепа.
8 ၈ ထိုမြို့၌ ကာလအင်တန်ကြာနေပြီးမှ၊ တနေ့သ၌၊ ဣဇာက်သည် မိမိမယားရေဗက္ကနှင့် ကစားသည်။ ဖိလိတ္တိမင်းကြီးအဘိမလက်သည် ပြတင်းပေါက်ဝက ကြည့်မြင်လျှင်၊
И кад проведе много времена онде, догоди се, те погледа Авимелех цар филистејски с прозора, и виде Исака где се шали с Ревеком женом својом.
9 ၉ ဣဇာက်ကိုခေါ်၍၊ ထိုမိန်းမသည်၊ အကယ်စင် စစ် သင်၏မယားဖြစ်၏။ သို့ရာတွင်၊ သူသည် ငါ့နှမဖြစ်၏ဟု အဘယ်ကြောင့် သင်ပြောရ သနည်းဟုမေးသော်၊ ဣဇာက်က၊ သူ့အတွက်ကြောင့် ကျွန်ုပ်သေမည်ကို စိုးရိမ်ပါသည်ဟု လျှောက်ဆို၏။
И дозва Авимелех Исака и рече: Та то ти је жена; како си казао: Сестра ми је? А Исак му одговори: Рекох: да не погинем с ње.
10 ၁၀ အဘိမလက်မင်းကလည်း၊ ငါတို့၌ သင်ပြုသော အမှုကား အဘယ်သို့နည်း။ တစုံတယောက်သော သူသည်၊ သင်၏မယားနှင့် အမှတ်တမဲ့သင့်နေလျှင်၊ ငါတို့ ခေါင်းပေါ်မှာ သင်သည် အပြစ်ရောက်စေလိမ့်မည် တကားဟု ဆိုပြီးမှ၊
А Авимелех рече: Шта си нам учинио? Лако је могао ко од народа овог лећи с твојом женом, те би нас ти увалио у грех.
11 ၁၁ ဤလင်မယားကို ပြစ်မှားသောသူသည် ဆက်ဆက်အသေခံရမည်ဟု မိမိလူအပေါင်းတို့ကို မှာထားသနည်း။
И заповеди Авимелех свему народу свом говорећи: Ко се дотакне овог човека или жене његове, погинуће.
12 ၁၂ ထိုပြည်၌ ဣဇာက်သည် မျိုးစေ့ကိုကြဲ၍၊ တနှစ် ခြင်းတွင် အဆတရာသော အသီးအနှံကို ရလေ၏။ ထာဝရဘုရားသည်လည်း၊ ကောင်းကြီးပေးတော်မူသဖြင့်၊
И Исак стаде сејати у оној земљи, и доби оне године по сто, тако га благослови Господ.
13 ၁၃ သူသည်ကြီးပွါး၍၊ အလွန်စည်းစိမ်းကြီးသည် တိုင်အောင် တိုးတက်လျက်၊ စီးပွါးဥစ္စာများပြားစွာ ဖြစ်လေ၏။
И обогати се човек, и напредоваше све већма, те поста силан.
14 ၁၄ သိုးစု၊ နွားစုများ၊ ကျွန်များနှင့်ပြည့်စုံ ကြွယ်ဝ၏။ ထိုကြောင့်၊ ဖိလိတ္တိလူတို့သည် သူ့ကိုငြူစူကြ၏။
И имаше оваца и говеда и много слуга; а Филистеји му завиђаху,
15 ၁၅ အဘအာဗြဟံလက်ထက်၌၊ အဘ၏ကျွန်တို့ တူးသော ရေတွင်းရှိသမျှတို့ကို မြေနှင့်ဖို့ပိတ်ကြ၏။
Па све студенце које беху ископале слуге оца његовог за времена Аврама оца његовог заронише Филистеји, и засуше их земљом.
16 ၁၆ အဘိမလက်မင်းကလည်း၊ သင်သည် ငါ့တို့ထက် တန်ခိုးကြီး၏။ ငါတို့ထံမှထွက်သွားလော့ဟု၊ ဣဇာက်ကို အမိန့်ရှိသောကြောင့်၊
И Авимелех рече Исаку: Иди од нас, јер си постао силнији од нас.
17 ၁၇ ဣဇာက်သည် ထိုမြို့မှ ထွက်သွားပြီးလျှင်၊ ဂေရာချိုင့်၌တဲကို ဆောက်၍နေလေ၏။
И Исак отиде оданде, и разапе шаторе у долини герарској, и настани се онде.
18 ၁၈ ထိုအခါ ဣဇာက်သည်၊ အဘအာဗြဟံ ကျွန်တို့ တူး၍၊ အဘသေသောနောက်၊ ဖိလိတ္တိလူတို့ဖို့သော ရေတွင်းတို့ကို တူးဘော်ပြန်၍၊ အထက်က အဘသမုတ် သော အမည်ဖြင့် သမုတ်လေ၏။
И стаде Исак откопавати студенце, који беху ископани за времена Аврама оца његовог, и које заронише Филистеји по смрти Аврамовој; и прозва их именима која им беше надео отац његов.
19 ၁၉ ဣဇာက်ကျွန်တို့လည်း၊ ချိုင့်ထဲ၌တူး၍ စမ်း ရေတွင်းကို တွေ့ကြ၏။
И копајући слуге Исакове у оном долу нађоше студенац живе воде.
20 ၂၀ ဂေရာအမျိုးသား နွားကျောင်းတို့ကလည်း၊ ဤရေသည် ငါတို့ရေဖြစ်၏ဟု၊ ဣဇာက်၏နွားကျောင်းတို့ နှင့် လုယက်ပြောဆိုကြ၏။ ထိုသို့အချင်းချင်းလုယက် ကြသောကြောင့်၊ ထိုရေတွင်းကို ဧသက်အမည်ဖြင့်မှည့် လေ၏။
Али се свађаше пастири герарски с пастирима Исаковим говорећи: Наша је вода. И надеде име оном студенцу Есек, јер се свадише с њим.
21 ၂၁ နောက်တဖန် အခြားသောရေတွင်းကို တူးပြန် ကြ၏။ ထိုရေတွင်းကိုလည်း တဖန်လုကြသောကြောင့်၊ သိတနအမည်ဖြင့် မှည့်လေ၏။
После ископаше други студенац, па се и око њега свађаше, зато га назва Ситна.
22 ၂၂ ထိုအရပ်မှ နေရာပြောင်း၍၊ အခြားသော ရေတွင်းကို တူးကြ၏။ ထိုရေတွင်းကို အဘယ်သူမျှ မလုယက်သောကြောင့်၊ ငါတို့ နေစရာအခွင့်ကို ယခု ထာဝရဘုရားပေးတော်မူပြီ ဖြစ်၍၊ ဤပြည်၌ ငါတို့သည် စီးပွါးများကြလိမ့်မည်ဟုဆိုလျက်၊ ထိုရေတွင်းကို ရဟော ဘုတ်အမည်ဖြင့် မှည့်သတည်း။
Тада се подиже оданде, и ископа други студенац, и око њега не би свађе; зато га назва Реховот, говорећи: Сад нам даде Господ простора да растемо у овој земљи.
23 ၂၃ တဖန် ထိုအရပ်မှ ဗေရရှေဘအရပ်သို့ ပြောင်း လေ၏။
И отиде оданде горе у Вирсавеју.
24 ၂၄ ထိုနေ့ညမှာ ထာဝရဘုရားသည် ထင်ရှား၍၊ ငါသည် သင်၏အဘ အာဗြဟံ၏ ဘုရားဖြစ်၏။ မစိုးရိမ် နျင့်။ ငါသည်သင့်ဘက်မှာရှိ၏။ ငါသည်ကောင်းကြီးပေး မည်။ ငါ၏ကျွန်အာဗြဟံအတွက်၊ သင်၏အမျိုးအနွယ်ကို ငါများပြားစေမည်ဟု မိန့်တော်မူ၏။
И исту ноћ јави му се Господ, и рече: Ја сам Бог Аврама оца твог. Не бој се, јер сам ја с тобом, и благословићу те и умножићу семе твоје Аврама ради слуге свог.
25 ၂၅ ထိုအရပ်၌ ယဇ်ပုလ္လင်ကို တည်၍၊ ထာဝရ ဘုရား၏ နာမတော်ကို မဌာနာပြု၏။ တဲကိုလည်း တည်ဆောက်၍၊ ကျွန်တို့သည် ရေတွင်းကို တူးကြ၏။
И начини онде жртвеник, и призва име Господње; и онде разапе шатор свој; и слуге Исакове ископаше онде студенац.
26 ၂၆ ထိုအခါ အဘိမလက်မင်းသည်၊ အဆွေတော် အဟုဇာတ်နှင့် ဗိုလ်ချုပ်မင်းဖိကောလတို့ကို ခေါ်၍၊ ဂေရာမြို့မှ ဣဇာက်ရှိရာသို့သွား၏။
И дође к њему Авимелех из Герара с Охозатом пријатељем својим и с Фихолом војводом својим.
27 ၂၇ ဣဇာက်ကလည်း၊ သင်တို့သည် ငါ့ကို မြင်ပျင်း၍ နှင်ထုတ်ပြီးမှ၊ အဘယ်ကြောင့် လာကြသနည်းဟု မေးလျှင်၊
А Исак им рече: Што сте дошли к мени, кад мрзите на ме и отерасте ме од себе?
28 ၂၈ ထိုသူတို့က၊ ထာဝရဘုရားသည် သင့်ဘက်မှာ ရှိတော်မူကြောင်းကို၊ ငါတို့အမှန် သိမြင်သည်ဖြစ်၍၊
А они рекоше: Видесмо заиста да је Господ с тобом, па рекосмо: Нека буде заклетва између нас, између нас и тебе; хајде да ухватимо веру с тобом;
29 ၂၉ ငါတို့သည် သင့်ကိုမထိမခိုက်၊ ကျေးဇူးကိုသာပြု၍၊ ငြိမ်ဝပ်စွာလွှတ် လိုက်သည်နည်းတူ၊ သင်သည်ငါတို့ကို အပြစ်မပြုရဟု၊ ငါတို့တဘက်၊ သင့်တဘက်၊ နှစ်ဘက်သား တို့သည်၊ သစ္စာဂတိထား၍ မိဿဟာယဖွဲ့ကြစို့။ သင် သည် ထာဝရဘုရားကောင်းကြီးပေးတော်မူသောသူ ဖြစ်ပါ၏ဟု ဆိုကြလေသော်၊
Да нам не чиниш зла, као што се ми тебе не дотакосмо и као што ми теби само добро чинисмо, и пустисмо те да идеш на миру, и ето си благословен од Господа.
30 ၃၀ ဣဇာက်သည်၊ သူတို့အဘို့ စားသောက်ပွဲကို လုပ်၍၊ အတူစားသောက်ကြ၏။
Тада их он угости; те једоше и пише.
31 ၃၁ နံနက်စောစောထ၍၊ အချင်းချင်းတဦးနှင့် တဦး သစ္စာပြုလိုက်ပြီးမှ၊ ဣဇက်သည်။ ဣဇာက်သည် သူ့တို့ကို လွှတ်လိုက်၍၊ သူတို့သည် ငြိမ်ဝပ်စွာသွားရကြ၏။
А сутрадан уставши рано, заклеше се један другом, и отпусти их Исак и отидоше од њега с миром.
32 ၃၂ ထိုနေ့၌ပင် ဣဇာက်ကျွန်တို့သည် လာ၍၊ မိမိတို့ တူးသောတွင်း၌ ရေတွေ့ကြောင်းကို ပြောဆိုကြလျှင်၊
Исти дан дошавши слуге Исакове казаше му за студенац који ископаше, и рекоше му: Нађосмо воду.
33 ၃၃ ထိုရေတွင်းကို ရေဘအမည်ဖြင့် မှည့်လေ၏။ ထိုကြောင့် ထိုအရပ်၌ တည်သောမြို့ကို ဗေရရှေဘမြို့ဟု ယနေ့တိုင်အောင်တွင်လေသတည်း။
И назва га Савеја; отуда се зове град онај Вирсавеја до данашњег дана.
34 ၃၄ ဧသောသည် အသက်လေးဆယ်ရှိသောအခါ၊ ဟိတ္တိအမျိုးသား ဗေရိ၏သမီးယုဒိတ်၊ ဟိတ္တိအမျိုးသား ဧလုန်၏သမီး ဗာရှမတ်တို့နှင့် အိမ်ထောင်လေ၏။
А кад би Исаву четрдесет година, узе за жену Јудиту, кћер Веоха Хетејина, и Васемату кћер Елона Хетејина.
35 ၃၅ ထိုမိန်းမတို့သည် ဣဇာက်နှင့်ရေဗက္က၌ စိတ် နှလုံးပူပန်စရာအကြောင်းဖြစ်သတည်း။
И оне задаваху много јада Исаку и Ревеци.