< ကမ္ဘာဦး 24 >
1 ၁ အာဗြဟံသည်အို၍၊ အသက်အရွယ်ကြီးရင့်လှပြီ။ ထာဝရဘုရားသည်၊ အရာရာ၌ သူ့ကို ကောင်းကြီး ပေးတော်မူပြီ။
U A elemakule o Aberahama, ua nui no hoi kona mau la, a ua hoopomaikai o Iehova ia Aberahama i na mea a pau.
2 ၂ အာဗြဟံသည်၊ မိမိအိမ်သားတို့တွင် အသက်ကြီး ၍ ဘဏ္ဍာစိုးလုပ်သောသူကိုခေါ်လျက်၊
I aku la o Aberahama i ke kauwa kahiko o kona hale, i ka mea ia ia ka malama i kona mea a pau, E, e kau mai oe i kou lima malalo iho o ko'u uha:
3 ၃ သင်သည်၊ ငါနေသော ခါနာန်အမျိုးသမီးတို့ တွင်၊ ငါ့သားဘို့ မယားကို မရွေးမယူဘဲ၊
A na'u no e haawi aku ia oe e hoohiki ma o Iehova la, ma ke Akua o ka lani, a ke Akua o ka honua; i lawe ole ai oe i wahine na ka'u keiki na Isaaka, no na kaikamahine a ko Kanaana ka poe a'u o noho nei iwaena.
4 ၄ ငါ့ပြည်ငါ့အမျိုးသားချင်းတို့ထံသို့သွား၍၊ ငါ့သား ဣဇာက်အဘို့ မယားကိုယူရမည်ဟု၊ သင်၏လက်ကို ငါ့ ပေါင်အောက်၌ထားပြီးမှ၊ ကောင်းကင်မြေကြီးအရှင် ဘုရားသခင်၊ ထာဝရဘုရားကို တိုင်တည်၍၊ ငါကျိန်ဆိုစေ ပါမည်ဟုဆို၏။
Aka, e hele aku oe i ko'u aina, a i ko'u poe hoahanau, a e lawe mai i wahine na ka'u keiki na Isaaka.
5 ၅ ကျွန်ကလည်း၊ မိန်းမသည်ဤပြည်သို့ ကိုယ်တော် ၏သားကို တဖန်ကျွန်တော်ခေါ်သွားရပါမည်လောဟု မေးလေသော်၊
I mai la ua kauwa nei ia ia, Ina paha aole e makemake ka wahine e hahai mai ia'u a hiki i keia aina: e pono anei ia'u e kai aku i kau keiki i ka aina au i hele mai nei?
6 ၆ အာဗြဟံက၊ ထိုပြည်သို့ ငါ့သားကိုခေါ်၍ မသွား နှင့်။ သတိပြုလော့။
Papa aku la o Aberahama ia ia, E ao oe, mai kai aku oe i ka'u keiki malaila.
7 ၇ ငါ့အဘ၏အိမ်မှ၎င်း၊ ငါ့အမျိုးသားနေရာပြည်မှ ၎င်း ငါ့ကိုခေါ်၍၊ သင်၏အမျိုးအနွယ်အား ဤပြည်ကို ငါပေးမည်ဟု၊ငါ့အား ဗျာဒိတ်တော်ပေး၍ ကျိန်ဆိုတော်မူ သော ကောင်းကင်ဘုံရှင်ဘုရားသခင် ထာဝရဘုရားသည်၊ မိမိကောင်းကင်တမန်ကို သင့်ရှေ့၌ စေလွှတ်တော်မူ သဖြင့်၊ သင်သည်ထိုပြည်မှ ငါ့သားဘို့ မယားကို ယူရလိမ့် မည်။
Na Iehova ke Akua o ka lani, nana au i lawe, mai ka hale mai o ko'u makuakane, a mai ka aina mai o ko'u poe hoahanau, a olelo mai ia'u, a hoohiki mai no hoi ia'u, i ka i ana mai, E haawi auanei au i keia aina no kau poe mamo; nana no e hoouna aku i kona anela mamua ou, a e lawe mai oe i wahine na ka'u keiki mailaila mai.
8 ၈ မိန်းမသည်သင်နှင့်အတူ မလိုက်လိုလျှင်၊ သင် သည်၊ ယခုငါပေးသောကျိန်ဆိုခြင်းနှင့် ကင်းလွတ်စေ။ ငါ့သားကို ထိုပြည်သို့ခေါ်၍ မသွားနှင့်ဟုဆိုပြီးမှ၊
A i makemake ole ka wahine e hahai mai ia oe, alaila e hala ole oe i keia hoohiki ana no'u: aka, mai kai aku oe i ka'u keiki ilaila.
9 ၉ ကျွန်သည် သခင်အာဗြဟံ၏ ပေါင်အောက်၌ လက်ကိုထား၍ ထိုအမှု၌ကျန်ဆိုလေ၏။
A kau iho la ke kauwa i kona lima malalo iho o ka uha o Aberahama kona haku, a hoohiki iho la nona ma ia mea.
10 ၁၀ ထိုကျွန်သည်လည်း၊ မိမိသခင်၏ဥစ္စာရှိသမျှကို စီရင်သောသူဖြစ်၍၊ သခင်၏ကုလားအုပ်စုထဲက၊ ကုလား အုပ်ဆယ်စီးကိုယူ၍ထသွားသဖြင့်၊ မေသောပေါဘာမိ တိုင်း၊ နာခေါ်မြို့သို့ ရောက်လေ၏။
Lalau aku la ua kauwa la i na kamelo o kona haku he umi, no ka mea, ma kona lima ka waiwai a pau o kona haku: ku ae la ia, a hele aku la i Mesopotamia, i ke kulanakauhale o Nahora.
11 ၁၁ မိန်းမများရေခပ်သော ညဦးယံအချိန်၌၊ မြို့ပြင် ရေတွင်းနားမှာ ကုလားအုပ်တို့ကို ဝပ်စေပြီးလျှင်၊
Hookukuli iho la ia i kona mau kamelo mawaho o ke kulanakauhale, ma ka luawai, i ke ahiahi, i ka manawa e hele mai ai na wahine e huki wai.
12 ၁၂ အကျွန်ုပ်၏သခင်၊ အာဗြဟံ၏ ဘုရားသခင် ထာဝရဘုရား ယနေ့ အကျွန်ုပ်အကြံကို ထမြောက်စေ၍၊ အကျွန်ုပ်၏သခင် အာဗြဟံ၌ ကျေးဇူးပြုတော်မူပါဟု၊ အကျွန်ုပ်ဆုတောင်းပါ၏။
I aku la ia, E Iehova ke Akua o kuu haku o Aberahama, ke pule aku nei au ia oe, e hoopomaikai mai oe ia'u i keia la, a e lokomaikai mai oe i kuu haku ia Aberahama,
13 ၁၃ အကျွန်ုပ်သည်၊ ဤရေတွင်းနားမှာ ရပ်နေ၍၊ ထိုမြို့သူသတို့ သမီးတို့သည်၊ ရေခပ်ခြင်းငှါလာကြသည် တွင်၊
Eia au ke ku nei ma ka luawai; a e hele mai ana na kaikamahine a na kanaka o ke kulanakauhale e huki i ka wai:
14 ၁၄ အကြင်သတို့သမီးကို၊ ကျွန်ုပ်သောက်ခြင်းငှါ သင်ရေဘူးကို ချပါဟုဆိုသော်၊ သောက်ပါ၊ သင်၏ကုလား အုပ်တို့ကိုလည်း ရေတိုက်ပါမည်ဟု၊ ပြန်ဆိုသော သမီး သည်၊ ကိုယ်တော်၏ကျွန်ဣဇာက်ဘို့ ခန့်ထားတော် မူသောသူဖြစ်ပါစေသော။ ထိုသို့အားဖြင့်၊ အကျွန်ုပ်၏ သခင်၌ ကျေးဇူးပြုတော်မူကြောင်းကို၊ အကျွန်ုပ်သိရပါ မည်ဟု လျှောက်ဆို၏။
E ae mai oe, o ke kaikamahine a'u e olelo aku ai, Ke noi aku nei au ia oe, e kuu iho oe i kou bakeke, i inu ai au; a e i mai oia, E inu oe, a e hoohainu hoi au i na kamelo: oia no ka mea au i koho ai na kau kauwa na Isaaka: ilaila au e ike ai i kau lokomaikai ana mai i kuu haku.
15 ၁၅ ထိုသို့လျှောက်ဆို၍မပြီးမှ၊ အာဗြဟံအစ်ကိုနား ခေါ်မယား မိလခါသား၊ ဗေသွေလ၏သမီး ရေဗက္ကသည်၊ ရေဘူးကိုထမ်းလျက် ထွက်လာသည်ကိုမြင်၏။
Aole ia i hooki iho i kana olelo ana, Aia hoi, hiki mai la o Rebeka, ka mea i hanau na Betuela, na ke keikikane a Mileka a ka wahine a Nahora, ko Aberahama kaikuaana, me kona bakeke maluna o kona poohiwi.
16 ၁၆ ထိုသတို့သမီးသည်၊ အလွန်အဆင်းလှ၍၊ ယောက်ျားနှင့် မဆက်ဆံသေးသော ကညာဖြစ်၏။ ရေတွင်းသို့ဆင်း၍၊ ရေဘူးကို ရေနှင့်ဖြည့်ပြီးမှ တက်လာ ၏။
Ua maikai ka maka o ua kaikamahine la ke nanaia'ku, he wahine puupaa, aole i ikeia e kekahi kane: iho iho la ia ma ka luawai, hoopiha iho la i kona bakeke, a hoi mai la iluna.
17 ၁၇ ကျွန်သည်လည်း၊ ထိုမိန်းမနှင့်တွေ့ခြင်းငှါပြေး၍၊ သင်၏ရေဘူး၌ ရေအနည်းငယ်ကို သောက်ပါရစေဟု ဆိုလေသော်၊
Holo aku la ua kauwa la e halawai me ia, i aku la, E, ke noi aku nei au ia oe, e ho mai no'u i wahi wai o kou bakeke e inu.
18 ၁၈ မိန်းမက၊ သောက်ပါလောအရှင်ဟုဆိုသဖြင့်၊ မိမိလက်ပေါ်မှာ၊ အလျင်အမြန်ရေဘူးကို ချ၍၊ ရေကို ပေးလေ၏။
I mai la kela, E inu oe, e kuu haku a wikiwiki oia i kuu iho i kona bakeke ma kona lima, a hoohainu mai la ia ia.
19 ၁၉ ရေကိုပေးပြီးလျှင်၊ သင်၏ကုလားအုပ်တို့သည် လည်း၊ ဝစွာ သောက်စရာဘို့ရေခပ်ပါမည်ဟု ဆိုသည် အတိုင်း၊
A pau kana hoohainu ana ia ia, i mai la ia, E huki hoi au i ka wai no kou mau kamelo, a pau ko lakou inu ana.
20 ၂၀ အလျင်အမြန်ဘူး၌ရှိသော ရေကိုရေတိုက်ခွက် ထဲ၌ လောင်းပြီးလျှင်၊ တဖန်ခပ်ခြင်းငှါ ရေတွင်းသို့ပြေး၍၊ ကုလားအုပ်အဘို့ ရေခပ်လေ၏။
Wikiwiki ae la ia, a ninini iho la i ka wai o kona bakeke iloko o ke pa, a holo hou ae la i ka luawai e huki ai, a huki mai la ia no kona poe kamelo a pau.
21 ၂၁ ယောက်ျားသည် ထိုမိန်းမကို အံ့ဩ၍၊ မိမိ ရောက်လာသော အမှုကို ထာဝရဘုရားပြုစုတော်မူသည်၊ မမူသည်ကို သိလို၍၊ တိတ်ဆိတ်စွာ နေလေ၏။
Mahalo iho la ka naau o ua kanaka la ia ia, aole ia i ekemu aku, i mea e ike ai oia, i ka hoopomaikai ana mai paha o Iehova i kona hele ana mai, aole paha.
22 ၂၂ ကုလားအုပ်များကို ရေသောက်စေပြီးသော နောက်၊ ယောက်ျားသည်၊ အချိန်ငါးမူးရှိသော ရွှေနှာဆွဲ၊ အကျပ်တဆယ်အချိန်ရှိသော ရွှေလက်ကောက်တရံကို ထုတ်၍၊
A pau ka inu ana o na kamelo, lawe ae la ua kanaka la i kekahi apo gula no ka ihu, he hapalua o ka sekela ma ke kaupouna ana, me na kupee gula elua no kona mau lima, he umi [na sekela] ma ke kaupouna ana;
23 ၂၃ သင်သည် အဘယ်သူ၏သမီးဖြစ်သနည်း။ ကျွန်ုပ်ကို ပြောပါ။ သင်၏အဘအိမ်၌ ကျွန်ုပ်တို့တည်းခို စရာအရပ်ရှိသလောဟု မေးလေသော်၊
Ninau aku la ia, He kaikamahine oe nawai? ke noi aku nei au ia oe, e hai mai ia'u: a he wahi kaawale no anei iloko o ka hale o kou makuakane e moe ai makou?
24 ၂၄ မိန်းမက၊ ကျွန်ုပ်သည် နာခေါ်၏မယားမိလခါ ဘွားမြင်သော၊ ဗေသွေလ၏သမီးဖြစ်သည်ဟူ၍၎င်း၊
I mai la kela ia ia, Owau no ke kaikamahine a Betuela a ke keiki a Mileka, ana i hanau ai na Nahora.
25 ၂၅ ကျွန်ုပ်တို့၌ မြက်ခြောက်များ၊ စားဘွယ်သောက် ဘွယ်များနှင့် တည်းခိုစရာအရပ်လည်း ရှိသည်ဟူ၍၎င်း ဆိုလေ၏။
I hou mai la hoi kela ia ia, He mauu maloo no a he ai na na holoholona ia makou a nui, a he wahi no hoi e moe ai.
26 ၂၆ ထိုအခါယောက်ျားသည် ဦးညွှတ်ချ၍ ထာဝရ ဘုရားကိုကိုးကွယ်လျက်၊
Kulou iho la ke poo o ua kanaka la, a hoomaikai aku la ia Iehova;
27 ၂၇ ကရုဏာ၊ သစ္စာတော်ကို အကျွန်ုပ်သခင်မှ ရုပ်သိမ်းတော်မမူသော၊ အကျွန်ုပ်သခင်အာဗြဟံ၏ ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေ သတည်း။ လမ်းမှာ သွားလျက်ရှိသော အကျွန်ုပ်ကို ထာဝရဘုရားသည် အကျွန်ုပ်သခင်၏ညီအစ်ကိုတို့အိမ်သို့ ပို့ဆောင်တော်မူပါသည်တကားဟု မြွက်ဆို၏။
I aku la, E hoomaikaiia'ku o Iehova ke Akua o kuu haku o Aberahama, aole ia i hoonele mai i kuu haku i kona aloha a me kona oiaio: ma ke alanui wau, a ua alakai aku o Iehova ia'u ma ka hale o na hoahanau o kuu haku.
28 ၂၈ သတို့သမီးသည်လည်းပြေး၍ အမိ၏အိမ်၌ ဤအရာများကို ကြားပြောလေ၏။
Holo aku la ua kaikamahine la, a hai aku la i ko ka hale o kona makuwahine ia mau mea.
29 ၂၉ ရေဗက္က၌ လာဗန်အမည်ရှိသော မောင် တယောက်ရှိ၏။ လာဗန်သည် ယောက်ျားရှိရာ ရေတွင်း သို့ပြေး၏။
He kaikunane ko Rebeka, o Labana kona inoa; a holo mai la o Labana iwaho i ua kanaka la, ma ka luawai.
30 ၃၀ သူသည်နှာဆွဲကို၎င်း၊ နှမလက်၌ လက်ကောက် ကို၎င်း မြင်၍၊ ထိုယောက်ျားသည်ကျွန်ုပ်ကို ဤသို့ ပြောသည်ဟု၊ နှမရေဗက္ကဆိုသော စကားကို ကြားသော အခါ၊ ရေတွင်း၌ ကုလားအုပ်အနားမှာရပ်နေသော ယောက်ျားထံသို့ ရောက်သောအခါ၊
A ike aku la ia i ke apo no ka ihu, a me na kupee lima ma na lima o kona kaikuwahine, a lohe aku la ia i ka olelo a kona kaikuwahine a Rebeka, i ka i ana mai, Pela i olelo mai ai ke kanaka ia'u; hele mai la ia i ua kanaka nei; aia hoi, ku iho la ia me na kamelo ma ka luawai.
31 ၃၁ ထာဝရဘုရားကောင်းကြီးပေးတော်မူသော သူ၊ ကျွန်ုပ်အိမ်သို့ ဝင်ပါလော့။ ပြင်၌အဘယ်ကြောင့် ရပ်နေ သနည်း။ အိမ်ကို၎င်း၊ ကုလားအုပ် များနေရာအရပ်ကို ၎င်း၊ ကျွန်ုပ်ပြင်ပါပြီဟုဆိုသဖြင့်၊
I mai la ia, E ka mea i alohaia e Iehova, e komo mai oe; heaha kau e ku wale nei iwaho? no ka mea, ua hoomakaukau iho nei au i ka hale, a me ka wahi no na kamelo.
32 ၃၂ ယောက်ျားကိုအိမ်သို့သွင်း၍ ကုလားအုပ်တို့ တန်ဆာကို ချွတ်ပြီးမှ၊ သူတို့အားမြက်ခြောက်နှင့်စားစရာ ကို ပေး၏။ ယောက်ျားခြေ၊ လိုက်သော သူတို့ခြေဆေးဘို့ ရေကိုလည်းပေးလေ၏။
Komo aku la ua kanaka la iloko o ka hale: wehe ae la ia i na kamelo, a haawi aku la i ka mauu maloo a me ka mea ai na na kamelo, a me ka wai e holoi i kona mau wawae, a me na wawae o na kanaka me ia.
33 ၃၃ သူ့ရှေ့မှာ စားစရာကို ထည့်သောအခါ၊ သူက၊ ကျွန်ုပ်သည် ကိုယ်အမှုကိုမပြောမှီမစားလိုပါဟုဆိုလျှင်၊ ပြောပါဟုဆို၏။
A laweia mai ka ai nana: i aku la oia, Aole au e ai, a hai e aku au mamua i ka'u mea i hele mai nei. I mai la kela, E hai mai.
34 ၃၄ ယောက်ျားကလည်း၊ ကျွန်ုပ်ကားအာဗြဟံ၏ ကျွန်ဖြစ်ပါ၏။
I aku la ia, Owau no ke kauwa a Aberahama.
35 ၃၅ ထာဝရဘုရားသည် ကျွန်ုပ်၏သခင်ကို အလွန် ကောင်းကြီးပေးတော်မူသဖြင့်၊ သူသည်ကြီးမြတ်ခြင်းသို့ ရောက်လေပြီ။ သိုးစု၊ နွားစု၊ ရွှေ၊ ငွေ၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ ကုလားအုပ်နှင့်မြည်းများတို့ကို ပေးတော်မူပြီ။
Ua hoopomaikai nui mai o Iehova i kuu haku; a ua lilo ia i mea nui: ua haawi mai ia nana i hipa, a me na bipi, i ke kala a me ke gula, i na kauwakane a me na kauwawahine, i na kamelo a me na hoki.
36 ၃၆ ကျွန်ုပ်သခင်၏မယားစာရာသည်၊ သခင် အသက်အိုသောအခါ၊ သူ့အားသားကို ဘွားမြင်သဖြင့်၊ ထိုသားအားဥစ္စာရှိသမျှကိုသခင်သည် အပ်ပေးပြီ။
A hanau mai la o Sara ka wahine a kuu haku i keikikane nana i kona wa luwahine, a ua haawi aku kela i kona waiwai a pau nona.
37 ၃၇ ကျွန်ုပ်၏သခင်ကလည်း၊ သင်သည်ငါနေသော ခါနာန်အမျိုးသမီးတို့တွင်၊ ငါ့သားဘို့ မယားကို မရွေးဘဲ၊
A ua haawi mai kuu haku ia'u e hoohiki, i ka i ana mai, Mai lawe oe i wahine na kuu keiki no na kaikamahine a ko Kanaana, nona keia wahi a'u e noho nei:
38 ၃၈ ငါ့အဘ၏အိမ်၊ ငါ့အမျိုးသားချင်းတို့ထံသို့ သွား၍၊ ငါ့သားဘို့ မယားကို ယူရမည်ဟု အကျွန်ုပ်ကို ကျိန်ဆိုစေ၏။
Aka, e hele oe i ka ohana a kuu maknakane, a i ko'u poe hoahanau, a e lawe mai oe i wahine na kuu keiki.
39 ၃၉ အကျွန်ုပ်ကလည်း၊ မိန်းမသည်မလိုက်လိုလျှင် အဘယ်သို့နည်းဟု သခင်ကိုမေးလေသော်၊
I aku la au i kuu haku, Ina paha aole e makemake ka wahine e hahai mai ia'u.
40 ၄၀ သခင်က၊ အကြင်ထာဝရဘုရားသခင်ရှေ့တော် ၌ ငါသွားလာ၏၊ ထိုဘုရားသည် မိမိကောင်းကင်တမန် ကို သင်နှင့်အတူစေလွှတ်၍၊ သင်သွားသောအမှုကို ပြုစုတော်မူသဖြင့်၊ ငါ့အမျိုးသားချင်း၊ ငါ့အဘ၏အိမ်ထဲ က ငါ့သားဘို့ မယားကိုယူရမည်။
I mai la kela ia'u, Na Iehova, na ka Mea imua ona ko'u hele ana, nana no e hoouna aku i kona anela me oe, a e hoopomaikai i kou hele ana; a e lawe mai oe i wahine na kuu keiki no ko'u poe hoahanau, a no ka ohana a ko'u makuakane:
41 ၄၁ ငါ့အမျိုးသားချင်းတို့ထံသို့ရောက်သောအခါ၊ သင်သည် ငါပေးသော ကျိန်ဆိုခြင်းနှင့်ကင်းလွတ်စေ။ ထိုသူတို့သည်မိန်းမကိုမပေးသော်လည်း၊ သင်သည် ငါပေးသော ကျိန်ဆိုခြင်းနှင့်ကင်းလွတ်စေမည်ဟု ပြော၏။
Alaila, e hala ole oe i kuu hoohiki ana, ke hiki aku oe i ko'u poe hoahanau, a haawi ole mai lakou ia oe, alaila e hala ole oe i kuu hoohiki ana.
42 ၄၂ ကျွန်ုပ်သည်ယနေ့ရေတွင်းသို့ ရောက်ပြီးလျှင်၊ ကျွန်ုပ်သခင် အာဗြဟံ၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်ရောက်လာသော အမှုကို ယခုပြုစုတော်မူလျှင်၊
A hiki mai la au i keia la i ka luawai, i aku la, E Iehova ke Akua o kuu haku o Aberahama, ina oe e hoopomaikai mai i kuu hele ana e hele nei:
43 ၄၃ အကျွန်ုပ်သည် ရေတွင်းနားမှာရပ်နေ၍၊ ရေခပ် ခြင်းငှါ လာသော အကြင်သမီးကညာကို၊ ကျွန်ုပ်သောက် ဘို့ သင်၏ရေဘူး၌ရေအနည်းငယ်ကို ပေးပါဟုတောင်း သော်၊
Eia wau, ke ku nei ma ka luawai, a i ka manawa e hele mai ai ka wahine puupaa e huki wai ai, a e i aku au ia ia, Ke noi aku nei au ia oe, e haawi mai no'u i wahi wai o kou bakeke e inu;
44 ၄၄ သောက်ပါ။သင်၏ကုလားအုပ်တို့ဘို့လည်း ရေခပ်ပါမည်ဟု ပြန်ဆိုသောသမီးကညာသည်၊ ကိုယ် တော်ကျွန်၏သားဘို့၊ ခန့်ထားတော်မူသော မိန်းမဖြစ်ပါ စေသောဟု လျှောက်ဆို၏။
A e olelo mai oia ia'u, E inu oe, a e huki hoi au no kou mau kamelo; oia ka wahine a Iehova i koho ai na ke keiki a ko'u haku.
45 ၄၅ ထိုသို့စိတ်နှလုံး၌ လျှောက်ဆို၍မပြီးမှီ၊ ရေဗက္ကသည် ရေဘူးကို ထမ်းလျက်ထွက်လာသဖြင့်၊ ရေတွင်းသို့ ဆင်း၍ ရေခပ်သည်ကို ကျွန်ုပ်မြင်လျှင်၊ ရေသောက်ပါရ စေဟု သူ့ကိုတောင်းလေသော်၊
Aole au i hooki iho i ka olelo ana iloko o kuu naau, aia hoi, puka mai la o Rebeka, me kona bakeke maluna o kona poohiwi; iho iho la ia ma ka luawai, a huki mai la: i aku la au ia ia, Ke noi aku nei au ia oe, e haawi mai no'u e inu.
46 ၄၆ သူသည်အလျင်အမြန်ပခုံးပေါ်က ရေဘူးကို ချလျက်၊ သောက်ပါလော့။ သင်၏ ကုလားအုပ်တို့ကို လည်း၊ ရေတိုက်ပါမည်ဟုဆိုသည်အတိုင်း၊ ကျွန်ုပ်သောက် ရ၏။ ကုလားအုပ်တို့ကိုလည်း ရေတိုက်လေ၏။
Wikiwiki iho la ia, a kuu iho la i kona bakeke mailuna iho ona, i mai la, E inu oe, a e hooinu hoi au i kou mau kamelo: inu iho la no au, a hooinu aku la hoi oia i na kamelo.
47 ၄၇ ကျွန်ုပ်ကလည်း၊ သင်သည် အဘယ်သူ၏ သမီးဖြစ်သနည်းဟုမေးသော်၊ သူက၊ ကျွန်ုပ်သည် မိလခါ ဘွားမြင်သော နာခေါ်သားဗေသွေလ ၏သမီးဖြစ်သည် ဟုပြောဆို၏။ ကျွန်ုပ်သည် မိလခါဘွားမြင်သော နာခေါ် သားဗေသွေလ၏သမီးဖြစ်သည်ဟုပြောဆို၏။ ကျွန်ုပ် သည်လည်း၊ သူ၏ မျက်နှာ၌နှာဆွဲကို၎င်း၊ သူ၏လက်၌ လက်ကောက်တို့ကို၎င်းထည့်ပြီးလျှင်၊
Ninau aku la au ia ia, i aku la, He kaikamahine oe nawai? I mai la kela, He kaikamahine na Betuela ke keiki a Nahora, na ka mea a Mileka i hanau ai nana: a lou aku la au i ke apo ma kona ihu, a me na kupee lima ma kona mau lima.
48 ၄၈ ဦးညွှတ်ချ၍၊ ကျွန်ုပ်သခင်အစ်ကို၏ မြေးကို သခင်၏သားဘို့ ယူစေခြင်းငှါ၊ မှန်သောလမ်းဖြင့် ပို့ဆောင်တော်မူသော ကျွန်ုပ်သခင် အာဗြဟံ၏ ဘုရား သခင် ထာဝရဘုရားကို ကောင်းကြီးပေး၍ ကိုးကွယ် လေ၏။
Kulou iho la au i kuu poo, a hoomana aku la ia Iehova, a hoomaikai aku la ia Iehova i ke Akua o kun haku o Aberahama, nana au i alakai ma ke ala pono, i lawe au i ke kaikamahine a ka hoahanau o kuu haku i wahine na kana keiki.
49 ၄၉ ယခုတွင်သင်တို့သည်၊ ကျွန်ုပ်သခင်၌ သစ္စာနှင့် ကျေးဇူးပြုမည်၊ မပြုမည်ကိုပြောပါ။ ကျွန်ုပ်သည်လည်း၊ လက်ျာလမ်းဖြစ်စေ၊ လက်ဝဲလမ်းဖြစ်စေ၊ တလမ်းလမ်းသို့ လိုက်သွားပါမည်ဟု ပြောဆို၏။
Ano la, a i manao lokomaikai io mai oukou i kuu haku, e hai mai ia'u: a i ole, e hai mai hoi; i huli aku ai au i ka akau paha, i ka hema paha.
50 ၅၀ လာဗန်နှင့်ဗေသွေလတို့ကလည်း၊ ဤအမှုသည် ထာဝရဘုရား စီရင်တော်မူသောအမှုဖြစ်၏။ အကျွန်ုပ်တို့ သည်၊ သင့်အား ကောင်းမကောင်းကို မပြောနိုင်ပါ။
Alaila, olelo mai la o Labana laua o Betuela, i mai la, No Iehova mai ia mea; aole e hiki ia maua ke olelo aku ia oe he hewa, aole hoi he pono.
51 ၅၁ ရေဗက္ကသည် သင့်ရှေ့၌ရှိပါ၏။ ယူသွားပါ လော့။ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ သင်၏ သခင်သား၏ မယားဖြစ်စေဟုပြန်ဆို၏။
Aia hoi o Rebeka imua o kou alo, e lawe oe ia ia a e hele aku, i lilo ai ia i wahine na ke keiki a kou haku, e like me ka Iehova i olelo mai ai.
52 ၅၂ ထိုစကားကိုကြားလျှင်၊ အာဗြဟံကျွန်သည် ဦးညွှတ်ချ၍၊ ထာဝရဘုရားကို ကိုးကွယ်ပြီးမှ၊
A lohe ae la ke kanwa a Aberahama i ka laua olelo, hoomana aku la ia ia Iehova, [e kulou ana] i ka honua.
53 ၅၃ ငွေဖလား၊ ရွှေဖလား၊ အဝတ်တန်ဆာများကို ထုတ်၍ ရေဗက္ကအားပေး၏။ သူ၏အမိ၊ မောင်အားလည်း၊ အဘိုးထိုက်သော လက်ဆောင်ကိုပေး၏။
Lawe mai la ua kauwa la i na mea kala a me na mea gula, a me na aahu, a haawi aku la ia mau mea no Rebeka: haawi aku la hoi oia i na mea maikai na kona kaikunane a me kona makuwahine.
54 ၅၄ သူနှင့်သူ၏အဘော်အပေါင်းတို့သည်၊ စား သောက်၍ ညဉ့်ကို လွန်စေပြီးမှ၊ နံနက်ယံ၌ထလျက်၊ ကျွန်ုပ်သည်၊ သခင်ထံသို့ပြန်ပါရစေဟု ဆိုလေသော်၊
Ai iho la lakou a inu hoi, oia a me na kanaka me ia, a moe iho la ia po. Ala ae la lakou i kakahiaka, i aku la ia, E kuu aku oukou ia'u e hele i ko'u haku.
55 ၅၅ မောင်နှင့်အမိက၊ မိန်းမကလေးသည်၊ ကျွန်ုပ်တို့ ထံမှာ၊ ဆယ်ရက်ခန့်လောက်နေပါစေဦး။ နောက်မှ၊ သူ့ကိုသွားပါစေမည်ဟု ဆိုကြ၏။
I mai la kona kaikunane laua o kona makuwahine, E noho no ke kaikamahine me makou i kekahi mau la, i umi paha: a mahope aku e hele no ia.
56 ၅၆ ထိုသူကလည်း၊ ကျွန်ုပ်ကို မဆီးတားပါနှင့်။ ထာဝရဘုရားသည်၊ ကျွန်ုပ်ရောက်လာသောအမှုကို ပြုစုတော်မူပြီ။ ကျွန်ုပ်သည် သခင်ထံသို့ သွားရသော အခွင့်ကို ပေးပါလော့ဟုဆိုလျှင်၊
I aku la kela ia laua, Mai keakea mai olua ia'u, no ka mea, ua hoopomaikai mai o Iehova i kuu hele ana mai; e kuu aku oukou ia'u e hele aku ai i ko'u haku.
57 ၅၇ သူတို့က၊ မိန်းကလေးကိုခေါ်၍၊ သူ့အလိုကို မေးပါဦးမည်ဟု ဆိုသည်နှင့်၊
I mai la laua, E hea aku maua i ke kaikamahine, a e ninau aku ia ia.
58 ၅၈ ရေဗက္ကကိုခေါ်၍ သင်သည်ဤလူနှင့်အတူ ယခုလိုက်မည်လောဟု မေးသောအခါ၊ ကျွန်ုပ်လိုက်ပါမည် ဟုဆို၏။
Hea aku la laua ia Rebeka, ninau aku la ia ia, E aku oe e hele pu me keia kanaka? I mai la kela, E hele wau.
59 ၅၉ သို့ဖြစ်၍၊ မိမိနှမရေဗက္ကနှင့် သူ၏အထိန်းကို၎င်း၊ အာဗြဟံကျွန်နှင့် သူ၏လူတို့ကို၎င်း လွှတ်လိုက် ကြ၏။
Kuu aku la laua ia Rebeka o ko laua kaikuwahine, me kona kahu, a me ke kauwa a Aberahama, a me na kanaka ona.
60 ၆၀ ရေဗက္ကကိုလည်း၊ သင်သည် ကျွန်ုပ်တို့၏နှမ ဖြစ်၏။ အသောင်းအသိန်းတို့၏အမိဖြစ်ပစေသော။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏ တံခါးများကို အစိုးရပါစေသောဟု ကောင်းကြီးပေးကြ၏။
Hoomaikai aku la laua ia Rebeka, i aku la, O oe no ko maua kaikuwahine, e lilo oe i makuwahine o na tausani miliona: e lilo hoi no kau poe mamo, ka pukapa o ka poe inaina aku ia lakou.
61 ၆၁ ရေဗက္ကနှင့်သူ၏မိန်းမငယ်တို့သည်ထ၍၊ ကုလားအုပ်ကိုစီးလျက်၊ ထိုယောက်ျားနှင့်အတူ လိုက်ကြ ၏။ ထိုသို့ အာဗြဟံကျွန်သည် ရေဗက္ကကို ဆောင်သူ သွားလေ၏။
Ku ae la o Rebeka, me kona mau wahine, holo mai la lakou maluna o na kamelo, e hahai ana i ua kanaka la: a lawe ae la ua kauwa la ia Rebeka, a hoi mai la.
62 ၆၂ ထိုအခါ တောင်ပြည်အတွင်း၌ နေသော ဣဇာက်သည်၊ ဗေရလဟဲရောလမ်းဖြင့် ရောက်လာသည် ဖြစ်၍၊
I hele mai la o Isaaka ma ke alanui o ka punawai Lahairoi: no ka mea, i noho no ia ma ka aina kukuluhema.
63 ၆၃ ညဦးအချိန်၌ ဆင်ခြင်လိုသောငှါ၊ တောအရပ် သို့ထွက်သွား၍၊ မြော်ကြည့်လျှင်၊ ကုလားအုပ်များ လာသည်ကို မြင်လေ၏။
Hele aku la o Isaaka ma ke kula e noonoo ai i ka wa ahiahi: alawa ae la kona mau maka iluna, aia hoi na kamelo e hoi mai ana.
64 ၆၄ ရေဗက္ကသည်လည်း၊ မြော်ကြည့်၍ ဣဇာက်ကို မြင်သောအခါ၊ ကုလားအုပ်အပေါ်မှဆင်းပြီးလျှင်၊
Nana mai la o Rebeka, a ike mai la oia ia Isaaka, lele iho la ia mai luna iho o ke kamelo.
65 ၆၅ ကျွန်ုပ်တို့ကို ကြိုဆိုခြင်းငှါ၊ တော၌လာသော ထိုသူကား၊ အဘယ်သူနည်းဟု ကျွန်ကိုမေးလေသော်၊ ကျွန်က၊ ထိုသူသည် ကျွန်ုပ်သခင်ဖြစ်ပါ၏ဟု ပြောဆို သောစကားကိုကြားလျှင်၊ ရေဗက္ကသည် မျက်နှာဖုံးကို ယူ၍ ဖုံးလေ၏။
No ka mea, ua ninau aku ia i ua kauwa la, Owai ia kanaka e hele mai ana i ke kula e halawai me kakou? a ua i mai ke kauwa, O kuu haku no ia: no ia mea, lawe ae la ia i ka pale, a hoouhi iho la ia ia iho.
66 ၆၆ ကျွန်သည်လည်း၊ မိမိပြုလေသမျှတို့ကို ဣဇာက် အား ကြားပြောပြီးမှ၊
A hai mai la ua kauwa la ia Isaaka i na mea a pau ana i hana'i.
67 ၆၇ ဣဇာက်သည် မိမိအမိစာရာ၏ တဲသို့ ရေဗက္က ကို ဆောင်ယူ၍ စုံဘက်လေ၏။ ရေဗက္ကကိုချစ်နှစ်မြို့ သဖြင့်၊ အမိသေသောအမှု၌ သက်သာခြင်းသို့ ရောက် လေ၏။
Alakai aku la o Isaaka ia ia maloko o ka halelewa o kona makuwahine o Sara; lawe aku la oia ia Rebeka, a lilo iho la ia i wahine nana, a aloha ae la oia ia ia. A ua hooluoluia o Isaaka no kona makuwahine.