< ကမ္ဘာ​ဦး 23 >

1 စာရာသည် အသက်တရာနှစ်ဆယ်ခုနစ်နှစ်ရှိ ၏။ ထိုမျှလောက် အသက်ကြီးသော်၊
وَكَانَتْ حَيَاةُ سَارَةَ مِئَةً وَسَبْعًا وَعِشْرِينَ سَنَةً، سِنِي حَيَاةِ سَارَةَ.١
2 ခါနာန်ပြည်၊ ဟေဗြုန်မြို့တည်းဟူသော၊ ကိရယ သာဘမြို့၌ သေလေ၏။ အာဗြဟံသည်လည်း စာရာ ကြောင့် ညည်းတွားငိုကြွေးခြင်းငှါ လာ၏။
وَمَاتَتْ سَارَةُ فِي قَرْيَةِ أَرْبَعَ، ٱلَّتِي هِيَ حَبْرُونُ، فِي أَرْضِ كَنْعَانَ. فَأَتَى إِبْرَاهِيمُ لِيَنْدُبَ سَارَةَ وَيَبْكِيَ عَلَيْهَا.٢
3 အာဗြဟံသည် မိမိမယားအသေကောင်ရှေ့က ထ၍၊ ဟေသအမျိုးသားတို့အား၊
وَقَامَ إِبْرَاهِيمُ مِنْ أَمَامِ مَيِّتِهِ وَكَلَّمَ بَنِي حِثَّ قَائِلًا:٣
4 ငါသည် သင်တို့ထံမှာ ဧည့်သည်အာဂန္တုဖြစ်ပါ ၏။ ငါ၏မယားအသေကောင်ကို မျက်ကွယ်မြှုပ်မည် အကြောင်း၊ သင်တို့တွင် သင်္ချိုင်းကို ငါ့အားအခွင့်ပေးပါ လော့ဟု ဆို၏။
«أَنَا غَرِيبٌ وَنَزِيلٌ عِنْدَكُمْ. أَعْطُونِي مُلْكَ قَبْرٍ مَعَكُمْ لِأَدْفِنَ مَيْتِي مِنْ أَمَامِي».٤
5 ဟေသအမျိုးသားတို့က၊ အကျွန်ုပ်တို့သခင်၊ နား ထောင်ပါ။
فَأَجَابَ بَنُو حِثَّ إِبْرَاهِيمَ قَائِلِينَ لَهُ:٥
6 ကိုယ်တော်သည်၊ အကျွန်ုပ်တို့တွင်၊ ဘုရားသခင် နှင့်ဆိုင်သောမင်း ဖြစ်ပါ၏။ အကျွန်ုပ်တို့၏သင်္ချိုင်းများ တွင် ရွေး၍၊ ကိုယ်တော်၏မယား အသေကောင်ကို သင်္ဂြိုဟ်ပါလော့။ ကိုယ်တော်၏မယားအသေကောင်ကို မသင်္ဂြိုဟ်စေခြင်းငှါ၊ အကျွန်ုပ်တို့တွင် အဘယ်သူမျှ မိမိ သင်္ချိုင်းကို မပေးဘဲမနေပါဟု၊ အာဗြဟံအား ပြန်ပြောကြ ၏။
«اِسْمَعْنَا يَا سَيِّدِي. أَنْتَ رَئِيسٌ مِنَ ٱللهِ بَيْنَنَا. فِي أَفْضَلِ قُبُورِنَا ٱدْفِنْ مَيْتَكَ، لَا يَمْنَعُ أَحَدٌ مِنَّا قَبْرَهُ عَنْكَ حَتَّى لَا تَدْفِنَ مَيْتَكَ».٦
7 အာဗြဟံသည် ထ၍၊ ထိုပြည်သားတည်းဟူသော ဟေသအမျိုးသားများရှေ့မှာ ဦးညွှတ်ချလျက်၊
فَقَامَ إِبْرَاهِيمُ وَسَجَدَ لِشَعْبِ ٱلْأَرْضِ، لِبَنِي حِثَّ،٧
8 ငါသည် ငါ၏မယားအသေကောင်ကို မျက်ကွယ် မြှုပ်စေခြင်းငှါ သင်တို့ အလိုရှိလျှင်၊ ငါ့စကားကို နား ထောင်ကြပါလော့။
وَكَلَّمَهُمْ قَائِلًا: «إِنْ كَانَ فِي نُفُوسِكُمْ أَنْ أَدْفِنَ مَيْتِي مِنْ أَمَامِي، فَٱسْمَعُونِي وَٱلْتَمِسُوا لِي مِنْ عِفْرُونَ بْنِ صُوحَرَ٨
9 သင်တို့တွင် ငါပိုင်ထိုက်သောသင်္ချိုင်းရှိစေခြင်းငှါ၊ ဇောဟာသား ဧဖရုန်သည်၊ မိမိလယ်ပြင်အစွန်း၌ ရှိသော မပ္ပေလပြေတွင်းကို၊ အဘိုးထိုက်သမျှ ငွေနှင့်ငါ့အား ရောင်းစေခြင်းငှါ၊ ငါ့အတွက်သူ့ကို တောင်းပန်ကြပါလော့ ဟု နှုတ်ဆက်၍ ပြောဆို၏။
أَنْ يُعْطِيَنِي مَغَارَةَ ٱلْمَكْفِيلَةِ ٱلَّتِي لَهُ، ٱلَّتِي فِي طَرَفِ حَقْلِهِ. بِثَمَنٍ كَامِلٍ يُعْطِينِي إِيَّاهَا فِي وَسَطِكُمْ مُلْكَ قَبْرٍ».٩
10 ၁၀ ထိုအခါ ဧဖရုန်သည်၊ ဟေသအမျိုးသားတို့တွင် ထိုင်လျက်ရှိ၏။ သို့ဖြစ်၍ မြို့တံခါးသို့ ဝင်သော သူ အပေါင်းတည်းဟူသော ဟေသအမျိုးသား ပရိတ်သတ်၌၊ ဟိတ္တိအမျိုးသားဧဖရုန်က၊ ထိုသို့မဟုတ်ပါ။
وَكَانَ عِفْرُونُ جَالِسًا بَيْنَ بَنِي حِثَّ، فَأَجَابَ عِفْرُونُ ٱلْحِثِّيُّ إِبْرَاهِيمَ فِي مَسَامِعِ بَنِي حِثَّ، لَدَى جَمِيعِ ٱلدَّاخِلِينَ بَابَ مَدِينَتِهِ قَائِلًا:١٠
11 ၁၁ အကျွန်ုပ်သခင်၊ အကျွန်ုပ်စကားကို နားထောင် ပါ။ ထိုလယ်ပြင်ကို၎င်း၊ ကိုယ်တော်အား အကျွန်ုပ်ပေး ပါ၏။ အကျွန်ုပ်အမျိုးသားများ ရှေ့၌၊ ကိုယ်တော်အား အကျွန်ုပ်ပေးပါ၏။ ကိုယ်တော်၏ မယားအသေကောင်ကို သင်္ဂြိုဟ်ပါဟု၊ အာဗြဟံအား ပြန်ပြောလေ၏။
«لَا يَا سَيِّدِي، ٱسْمَعْنِي. اَلْحَقْلُ وَهَبْتُكَ إِيَّاهُ، وَٱلْمَغَارَةُ ٱلَّتِي فِيهِ لَكَ وَهَبْتُهَا. لَدَى عُيُونِ بَنِي شَعْبِي وَهَبْتُكَ إِيَّاهَا. ٱدْفِنْ مَيْتَكَ».١١
12 ၁၂ အာဗြဟံသည်လည်း၊ ထိုပြည်သားများ ရှေ့မှာ ဦးညွှတ်ချလျက်၊ အကယ်၍ ငါ့စကားကို နားထောင်ပါ။
فَسَجَدَ إِبْرَاهِيمُ أَمَامَ شَعْبِ ٱلْأَرْضِ،١٢
13 ၁၃ ထိုလယ်ပြင်အဘိုးငွေကို ငါပေးမည်။ ငွေကိုယူပါ၊ သို့ဖြစ်လျှင်၊ ထိုအရပ်၌ ငါ၏မယားအသေကောင်ကို ငါသင်္ဂြိုဟ်ပါမည်ဟု ပြည်သား ပရိသတ်တို့ရှေ့မှာ၊ ဧဖရုန် အား ပြောဆို၏။
وَكَلَمَ عِفْرُونَ فِي مَسَامِعِ شَعْبِ ٱلْأَرْضِ قَائِلًا: «بَلْ إِنْ كُنْتَ أَنْتَ إِيَّاهُ فَلَيْتَكَ تَسْمَعُنِي. أُعْطِيكَ ثَمَنَ ٱلْحَقْلِ. خُذْ مِنِّي فَأَدْفِنَ مَيْتِي هُنَاكَ».١٣
14 ၁၄ ဧဖရုန်ကလည်း၊ အကျွန်ုပ်သခင်၊ နားထောင်ပါ။
فَأَجَابَ عِفْرُونُ إِبْرَاهِيمَ قَائِلًا لَهُ:١٤
15 ၁၅ ထိုမြေသည် ငွေလေးပိဿာအဘိုးထိုက်ပါ၏။ ကိုယ်တော်နှင့် အကျွန်ုပ်၌ အဘယ်အတွက်ရှိသနည်း။ ကိုယ်တော်၏မယား အသေကောင်ကို သင်္ဂြိုဟ်ပါလော့ဟု၊ အာဗြဟံအားပြန်ပြော၏။
«يَا سَيِّدِي، ٱسْمَعْنِي. أَرْضٌ بِأَرْبَعِ مِئَةِ شَاقِلِ فِضَّةٍ، مَا هِيَ بَيْنِي وَبَيْنَكَ؟ فَٱدْفِنْ مَيْتَكَ».١٥
16 ၁၆ အာဗြဟံသည်လည်း၊ ဧဖရုန်စကားကို နားထောင်သည်ဖြစ်၍၊ ကုန်သည်သုံးတတ်သော ငွေမျိုး၊ ဟေသအမျိုးသား ပရိသတ်ရှေ့၊ ဧဖရုန် အဘိုးပြတ်သည် အတိုင်း၊ ငွေလေးပိဿာကို ချိန်၍၊ သူ့အားပေးလေ၏။
فَسَمِعَ إِبْرَاهِيمُ لِعِفْرُونَ، وَوَزَنَ إِبْرَاهِيمُ لِعِفْرُونَ ٱلْفِضَّةَ ٱلَّتِي ذَكَرَهَا فِي مَسَامِعِ بَنِي حِثَّ. أَرْبَعَ مِئَةِ شَاقِلِ فِضَّةٍ جَائِزَةٍ عِنْدَ ٱلتُّجَّارِ.١٦
17 ၁၇ ထိုသို့မံရေမြို့ရှေ့မှာ၊ မပ္ပေလအရပ်၌ရှိသော ဧဖရုန်၏လယ်ပြင်ကို၎င်း၊ လယ်ပြင်၌ ရှိသောမြေတွင်း နှင့်သစ်ပင်များ၊ ပတ်ဝန်းကျင်သစ်ပင်များကို၎င်း၊
فَوَجَبَ حَقْلُ عِفْرُونَ ٱلَّذِي فِي ٱلْمَكْفِيلَةِ ٱلَّتِي أَمَامَ مَمْرَا، ٱلْحَقْلُ وَٱلْمَغَارَةُ ٱلَّتِي فِيهِ، وَجَمِيعُ ٱلشَّجَرِ ٱلَّذِي فِي ٱلْحَقْلِ ٱلَّذِي فِي جَمِيعِ حُدُودِهِ حَوَالَيْهِ،١٧
18 ၁၈ ဟေသအမျိုးသားပရိတ်သတ်၌၊ မြို့တံခါးသို့ ဝင် သောသူအပေါင်းတို့ရှေ့မှာ၊ အာဗြဟံဥစ္စာဘို့ လုံခြုံစွာ အပ်ပေးလေ၏။
لِإِبْرَاهِيمَ مُلْكًا لَدَى عُيُونِ بَنِي حِثَّ، بَيْنَ جَمِيعِ ٱلدَّاخِلِينَ بَابَ مَدِينَتِهِ.١٨
19 ၁၉ ထိုနောက်မှ အာဗြဟံသည်၊ မံရေမြို့ရှေ့မှာ၊ မပ္ပေလလယ်ပြင် မြေတွင်း၌ မယားစာရာကို သင်္ဂြိုဟ်ရလေ ၏။ ထိုအရပ်ကား၊ ခါနာန်ပြည် ဟေဗြုန်အရပ် ဖြစ်သ တည်း။
وَبَعْدَ ذَلِكَ دَفَنَ إِبْرَاهِيمُ سَارَةَ ٱمْرَأَتَهُ فِي مَغَارَةِ حَقْلِ ٱلْمَكْفِيلَةِ أَمَامَ مَمْرَا، ٱلَّتِي هِيَ حَبْرُونُ، فِي أَرْضِ كَنْعَانَ،١٩
20 ၂၀ ထိုလယ်ပြင်နှင့်မြေတွင်းကို၊ အာဗြဟံပိုင်ထိုက် သော သင်္ချိုင်းဖြစ်စေခြင်းငှါ၊ ဟေသအမျိုးသားတို့သည် လုံခြုံစွာ အပ်ပေးကြ၏။
فَوَجَبَ ٱلْحَقْلُ وَٱلْمَغَارَةُ ٱلَّتِي فِيهِ لِإِبْرَاهِيمَ مُلْكَ قَبْرٍ مِنْ عِنْدِ بَنِي حِثَّ.٢٠

< ကမ္ဘာ​ဦး 23 >