< ကမ္ဘာဦး 21 >
1 ၁ ထာဝရဘုရားသည်၊ အမိန့်တော်ရှိသည်အတိုင်း၊ စာရာကို အကြည့်အရှုကြွတော်မူ၍၊ ဂတိတော် ရှိသည်နှင့် လျော်စွာ သူ၌ပြုတော်မူသဖြင့်၊
Şi DOMNUL a vizitat-o pe Sara aşa cum a spus; şi DOMNUL a făcut Sarei aşa cum el a vorbit.
2 ၂ စာရာသည် ပဋိသန္ဓေစွဲယူ၍၊ ဘုရားသခင် အမိန့်တော်နှင့် ချိန်းချက်သောအချိန်၌၊ အာဗြဟံအသက် ကြီးသောအခါ၊ သူ့အားသားကို ဘွားလေ၏။
Căci Sara a rămas însărcinată şi a născut un fiu lui Avraam la bătrâneţile lui, la timpul cuvenit despre care Dumnezeu îi vorbise.
3 ၃ အာဗြဟံသည်လည်း၊ မိမိရသောသားတည်း ဟူသော၊ စာရာဘွားသောသားကို ဣဇာက်အမည်ဖြင့် မှည့်လေ၏။
Şi Avraam i-a pus fiului său, care i-a fost născut, pe care Sara i l-a născut, numele Isaac.
4 ၄ ဘုရားသခင်မှာထားတော်မူသည်အတိုင်း၊ အာဗြဟံသည်ရှစ်ရက်မြောက်သောနေ့၌၊ သားဣဇာက် ကို အရေဖျားလှီးမင်္ဂလာပေးလေ၏။
Şi Avraam a circumcis pe fiul său Isaac când pruncul avea opt zile, aşa cum Dumnezeu i-a poruncit.
5 ၅ သားဣဇာက်ကိုမြင်ရသောအခါ အာဗြဟံသည် အသက်တရာ ရှိသတည်း။
Şi Avraam era în vârstă de o sută de ani când i s-a născut fiul său Isaac.
6 ၆ စာရာကလည်း၊ ငါရယ်ရသော အခွင့်ကို ဘုရား သခင်ပေးတော်မူပြီ။ ဤသီတင်းကို ကြားသောသူ အပေါင်းတို့သည်လည်း၊ ငါနှင့်အတူ ရယ်ကြလိမ့်မည်ဟူ၍ ၎င်း၊
Şi Sara a spus: Dumnezeu m-a făcut să râd, aşa că toţi cei ce vor auzi vor râde împreună cu mine.
7 ၇ စာရာသည် သားကိုနို့တိုက်လိမ့်မည်ဟု အာဗြဟံ အား အဘယ်သူပြောနှင့်ရသနည်း။ သူသည် အသက်ကြီး သောအခါ၊ ငါသည် သားကို ဘွားပြီးဟူ၍၎င်း ဆိုလေ၏။
Şi ea a spus: Cine ar fi spus lui Avraam, că Sara ar alăpta copii? Pentru că i-am născut un fiu la bătrâneţile sale.
8 ၈ ထိုသူငယ်ဣဇာတ်သည် ကြီးပွား၍ နို့နှင့် ကွာလေ၏။ နို့ကွာသောနေ့၌ အာဗြံဟံသည် ပွဲကြီး လုပ်လေ၏။
Şi copilul a crescut şi a fost înţărcat şi Avraam a făcut un mare ospăţ în ziua în care Isaac a fost înţărcat.
9 ၉ အဲဂုတ္တအမျိုးသားဟာဂရတွင် အာဗြဟံရသော သားသည် ဆဲရေးသည်ကို စာရာသိမြင်လျှင်၊
Şi Sara a văzut pe fiul lui Hagar, egipteanca, pe care aceasta îl născuse lui Avraam, batjocorind.
10 ၁၀ ဤကျွန်မ၏သားသည် အကျွန်ုပ်၏သာဣဇာက် နှင့်အတူ အမွေမခံရဟု အာဗြံဟံအား ဆိုလေ၏။
De aceea i-a spus lui Avraam: Alungă pe această roabă şi pe fiul ei, pentru că fiul acestei roabe nu va fi moştenitor împreună cu fiul meu, cu Isaac.
11 ၁၁ အာဗြဟံလည်း၊ မိမိသားဖြစ်သောကြောင့်၊ ထိုအမှု အလွန်ခက်သည်ဟု ထင်လေ၏။
Şi lucrul a fost foarte dureros înaintea ochilor lui Avraam, din cauza fiului său.
12 ၁၂ သို့ရာတွင် ဘုရားသခင်က၊ ထိုသူငယ်နှင့် သင်၏ ကျွန်မကြောင့်၊ ဤအမှုခက်သည်ဟု မထင်နှင့်။ စာရာ ပြောလေရာရာ၌ သူ၏စကားကို နားထောင်လော့။ အကြောင်းမူကား၊ ဣဇာက်၌သာ သင်၏ အမျိုးတည်လိမ့်မည်။
Şi Dumnezeu i-a spus lui Avraam: Să nu fie acest lucru dureros înaintea ochilor tăi din cauza băiatului şi din cauza roabei tale; în tot ce Sara ţi-a spus, dă ascultare vocii ei, pentru că în Isaac se va chema sămânţa ta.
13 ၁၃ ကျွန်မ၏သားသည် သင်၏အမျိုးဖြစ်သောကြောင့်၊ သူ့ကိုလည်း လူမျိုးဖြစ်စေမည်ဟု အာဗြံဟံအား မိန့်တော်မူ၏။
Şi de asemenea din fiul roabei voi face o naţiune, pentru că el este sămânţa ta.
14 ၁၄ အာဗြဟံသည် နံနက်စောစောထ၍၊ မုန့်နှင့် ရေဘူးကိုယူသဖြင့်၊ ဟာဂရပခုံး၌တင်ပြီးလျှင်၊ သူငယ်ကို အပ်၍ ကျွန်မကို လွှတ်လိုက်လေ၏။ သူသည်လည်း သွား၍ ဗေရရှေဘ တော၌ လှည့်လည်လျက် နေ၏။
Şi Avraam s-a sculat devreme dimineaţa şi a luat pâine şi un burduf de apă şi copilul şi l-a dat lui Hagar, punându-l pe umărul ei; şi a trimis-o şi ea a plecat şi a rătăcit în pustia Beer-Şeba.
15 ၁၅ ဘူး၌ရေကုန်သောအခါ၊ သူငယ်ကို ချုံဖုတ် အောက်၌ ထား၍၊
Şi apa s-a terminat din burduf şi ea a lepădat copilul sub unul dintre tufişuri.
16 ၁၆ ငါသည်သူငယ်သေသည်ကို မမြင် လိုဟုဆိုလျက်၊ ခပ်ဝေးဝေးလေးတပစ်ခန့်လောက် သွားပြီးလျှင်၊ သူငယ်ရှေ့မှာ ထိုင်၍နေလေ၏။ ထိုသို့တိုင်၍နေစဉ် သူသည်အသံ ကို လွှင့်၍ ငိုကြွေးလေ၏။
Şi a mers şi s-a aşezat jos înaintea lui la depărtare de el, cam cât ar trage un arcaş, pentru că spunea: Să nu văd moartea copilului. Şi s-a aşezat înaintea lui şi şi-a înălţat vocea şi a plâns.
17 ၁၇ ဘုရားသခင်သည် လုလင်၏အသံကို ကြားတော် မူ၍ ဘုရားသခင်၏၊ ကောင်းကင်တမန်က၊ ဟာဂရ၊ သင်၌အဘယ်အမှုရှိသနည်း။ မစိုးရိမ်နှင့်။ လုလင် နေသော အရပ်ထဲက သူ၏အသံကို ဘုရားသခင် ကြား တော်မူပြီ။
Şi Dumnezeu a auzit vocea băiatului; şi îngerul lui Dumnezeu a chemat pe Hagar din cer şi i-a spus: Ce îţi este, Hagar? Nu te teme, pentru că Dumnezeu a auzit vocea băiatului acolo unde este el.
18 ၁၈ ထလော့။ လုလင်ကိုကြွ၍ လက်နှင့်မလော့။ ငါသည်သူ့ကို လူမျိုးကြီးဖြစ်စေမည်ဟု ကောင်းကင်ထဲက ခေါ်၍ ဟာဂရအား မြွက်ဆို၏။
Scoală-te, ridică băiatul şi ţine-l în mână, pentru că îl voi face o mare naţiune.
19 ၁၉ ထိုအခါ ဘုရားသခင်သည် ဟာဂရ၏ မျက်စိကို ဖွင့်တော်မူသဖြင့်၊ သူသည်ရေတွင်းကို မြင်လေသော်၊ သွား၍ဘူးကို ရေဖြည့်ပြီးလျှင်၊ လုလင်အား ရေကို တိုက်လေ၏။
Şi Dumnezeu i-a deschis ochii şi ea a văzut o fântână de apă; şi s-a dus şi a umplut burduful cu apă şi a dat băiatului să bea.
20 ၂၀ ထိုလုလင်ဘက်၌လည်း၊ ဘုရားသခင် ရှိတော် မူ၏။ သူသည် ကြီးပွား၍ တော၌နေသဖြင့်၊ လေးသမား ဖြစ်လေ၏။
Şi Dumnezeu a fost cu băiatul; şi a crescut şi a locuit în pustie şi a devenit arcaş.
21 ၂၁ ပါရန်တော၌ နေသည်ဖြစ်၍ သူ့အမိသည် အဲဂုတ္တုပြည်မှ မိန်းမတယောက်ကိုခေါ်၍ သူနှင့်စုံဘက် စေ၏။
Şi a locuit în pustia Paran şi mama lui i-a luat o soţie din ţara Egiptului.
22 ၂၂ ထိုရောအခါ၊ အဘိမလက်မင်းနှင့် ဗိုလ်ချုပ် မင်းဖိကောလတို့သည် အာဗြဟံကို ခေါ်၍၊ သင်သည် ပြုလေရာရာ၌ သင့်ဘက်မှာ ဘုရားသခင်ရှိတော်မူ၏။
Şi s-a întâmplat în acel timp, că Abimelec şi Picol, căpetenia oştirii sale, i-au vorbit lui Avraam, spunând: Dumnezeu este cu tine în tot ceea ce faci;
23 ၂၃ သို့ဖြစ်၍ သင်သည်ငါ့ကို၎င်း၊ ငါ့သားကို၎င်း၊ ငါ့မြေးကို၎င်း၊ မလှည့်စား၊ ငါသည် သင်၌ကျေးဇူးပြု သကဲ့သို့ ငါ၌၎င်း၊ သင်တည်းနေရာ ငါ့ပြည်၌၎င်း၊ ကျေးဇူးပြုမည်ဟု ဘုရားသခင်ကို တိုင်တည်၍ ငါ့အား ကျိန်ဆိုပါလော့ဟုပြောဆို၏။
De aceea acum jură-mi aici pe Dumnezeu că nu mă vei înșela nici pe mine, nici pe fiul meu, nici pe fiul fiului meu, ci conform bunătăţii pe care ţi-am făcut-o, îmi vei face şi tu mie şi ţării în care ai locuit temporar.
24 ၂၄ အာဗြဟံကလည်း၊ ထိုအတိုင်းငါကျိန်ဆိုပါမည်ဟု ပြန်ပြောလေ၏။
Şi Avraam a spus: Jur.
25 ၂၅ အဘိမလက်မင်း၏ ကျွန်တို့သည် အနိုင်အထက် လုယူသော ရေတွင်းအကြောင်းကြောင့်၊ အာဗြဟံသည် လည်း အဘိမလက်မင်းကို အပြစ်တင်လေ၏။
Şi Avraam a mustrat pe Abimelec din cauza unei fântâni de apă, pe care servitorii lui Abimelec au luat-o cu violenţă.
26 ၂၆ အဘိမလက်မင်းကလည်း၊ ဤအမှုကို အဘယ် သူပြုသည်ကို ငါမသိ။ သင်သည့်ငါ့ကိုမပြော။ ငါလည်း ယနေ့တိုင်အောင် မကြားရဟု ဆို၏။
Şi Abimelec a spus: Nu am ştiut cine a făcut acest lucru, nici tu nu mi-ai spus, nici nu am auzit de aceasta, decât astăzi.
27 ၂၇ အာဗြဟံသည်လည်း သိုး၊ နွားတို့ကို ယူပြီးလျှင်၊ အဘိမလက်အား ပေး၍ထိုနှစ်ပါးတို့သည် ပဋိညာဉ်ပြုကြ ၏။
Şi Avraam a luat oi şi boi şi le-a dat lui Abimelec; şi amândoi au făcut un legământ.
28 ၂၈ အာဗြဟံသည်လည်းသိုးသငယ်မ ခုနစ်ကောင် တို့ကို သိုးစုနှင့်ခွဲထားလေ၏။
Şi Avraam a pus şapte mieluşele din turmă la o parte.
29 ၂၉ အဘိမလက်ကလည်း၊ ခွဲထားသော ဤသိုး သငယ်မခုနစ်ကောင်တို့သည်၊ အဘယ်သို့နည်းဟု မေးသော်၊
Şi Abimelec i-a spus lui Avraam: Ce înseamnă aceste şapte mieluşele pe care le-ai pus la o parte?
30 ၃၀ အာဗြဟံက၊ ဤရေတွင်းကို ငါတူးပြီးဟု ဤသိုး သငယ်မခုနစ်ကောင်တို့သည် ငါ့ဘက်၌ သက်သေဖြစ်မည် အကြောင်းသူတို့ကို သင်သည်ငါ့လက်မှ ခံယူရမည်ဟု ဆိုလေ၏။
Iar el a spus: Aceste şapte mieluşele le vei lua din mâna mea, ca ele să fie o mărturie pentru mine, că am săpat această fântână.
31 ၃၁ သို့ဖြစ်၍ထိုအရပ်၌ ထိုနှစ်ပါးတို့သည် ကျိန်ဆို သောကြောင့်၊ ထိုအရပ်ကို ဗေရရှေဘဟု တွင်ကြ၏။
Pentru aceasta el a numit acel loc Beer-Şeba, pentru că acolo au jurat amândoi.
32 ၃၂ ထိုသို့ဗေရရှေဘအရပ်၌ ပဋိညာဉ်တို့သည်ထ၍ ဖိလိတ္တပြည်သို့ ပြန်ကြ၏။
Astfel au făcut un legământ la Beer-Şeba, apoi Abimelec s-a ridicat şi Picol, căpetenia oştirii sale, şi s-au întors în ţara filistenilor.
33 ၃၃ အာဗြဟံသည် ဗေရရှဘ အရပ်၌ မန်ကျည်း ပင်ကိုစိုက်၍၊ အစဉ်အမြဲတည်တော်မူသော ဘုရားသခင် တည်းဟူသော၊ ထာဝရဘုရား၏ နာမတော်ကို ပဌနာ ပြုလေ၏။
Şi Avraam a sădit un crâng în Beer-Şeba şi a chemat acolo numele DOMNULUI, Dumnezeul cel veşnic.
34 ၃၄ ဖိလိတ္တပြည်မှာ ကာလရှည်ကြာစွာ တည်းနေ သတည်း။
Şi Avraam a locuit temporar în ţara filistenilor multe zile.