< ကမ္ဘာ​ဦး 20 >

1 တဖန်အာဗြဟံသည် တောင်ပြည်သို့ ခရီးသွား သဖြင့်၊ ကာဒေရှမြို့နှင့် ရှုရမြို့စပ်ကြားမှာနေ၍၊ ဂေရာမြို့ သို့ တည်းခို၏။
亞巴郎從那裏遷往乃革布地,定居在卡德士和叔爾之間。當他住在革辣爾時,
2 ထိုအခါ မိမိမယားစာရာသည် မိမိနှမဖြစ်သည် ဟု၊ သူတပါးတို့အား အာဗြဟံဆိုသောကြောင့်၊ ဂေရာ မင်းကြီးအဘိမလက်သည် မိမိလူကို စေလွှတ်၍၊ စာရာကို ယူစေ၏။
亞巴郎一論到他的妻子撒辣就說:「她是我的妹妹。」革辣爾王阿彼肋客於是派人來取了撒辣去。
3 ညဉ့်အချိန်တွင် အိပ်မက်အားဖြင့် ဘုရားသခင်သည် အဘိမလက်ဆီသို့ကြွလာ၍၊ သင်သည် လူသေ ဖြစ်၏။ အကြောင်းမူကား၊ သင်ယူသော မိန်းမသည် သူ့မယားဖြစ်၏ဟု မိန့်တော်မူ၏။
但是夜間,天主在夢中來對阿彼默肋客說:「為了你取來的那個女人你該死,因為她原是有夫之婦。」
4 အဘိမလက်သည်၊ ထိုမိန်းမနှင့် မပေါင်းဘော်သေးသည်ဖြစ်၍၊ အိုဘုရားရှင်၊ ဖြောင့်မတ်သော လူမျိုးကို ကွပ်မျက်တော်မူမည်လော။
阿彼默肋客尚未接近她,於是說:「我主,連正義的人你也殺害嗎﹖
5 သူသည် ငါနှမဖြစ်၏ဟု အကျွန်ုပ်အားယောက်ျားဆိုသည် မဟုတ်ပါလော။ အကျွန်ုပ်အား သူသည်ငါ့မောင့်ဖြစ်၏ဟု မိန်းမလည်း ဆိုသည် မဟုတ် ပါလေ။ ဖြောင့်မတ်သော သဘောရှိ၍ သန့်ရှင်းသော လက်နှင့် ဤအမှုကို အကျွန်ုပ်ပြုပါပြီဟု လျှောက်ဆို၏။
那男人不是對我說過「她是我的妹妹嗎﹖」連她自己也說「他是我的哥哥。」我做了這事,是出於心正手潔呀! 」
6 ထိုအိပ်မက်၌ ဘုရားသခင်ကလည်း၊ မှန်ပေ၏။ သင်သည် ဖြောင့်မတ်သောသဘောနှင့် ပြုသည်ကို ငါသိ၏။ သင်သည်ငါ့ကို မပြစ်မှားစေခြင်းငှါ၊ သင့်ကို ငါ ဆီးတားပြီး။ သို့ဖြစ်၍ ထိုမိန်းမနှင့် ပေါင်းဘော်ရသော အခွင့်ကို ငါမပေး။
天主在夢中對他說:「我也知道,你是出於心正做了這事,所以我阻止了你犯罪得罪我,也沒有讓你接觸她。
7 ယခုမှာ သူ၏မယားကို သူ့အားပြန်ပေးလော့။ သူသည် ပရောဖက်ဖြစ်၏။ သင့်အဘို့ ဆုတောင်းလျက်၊ သင်သည် အသက်ချမ်းသာရလိမ့်မည်။ ပြန်၍ မပေးဘဲ နေလျှင် သင်မှစ၍ သင်နှင့်ဆိုင်သော သူအပေါင်းတို့ သည် ဧကန်အမှန်သေမည်ဟု မိန့်တော်မူ၏။
現在你應將女人還給那人,因為他是一位先知,他要為你轉求,你才可生存;倘若你不歸還,你該知道:你以及凡屬於你的,必死無疑。」
8 နံနက်စောစောအဘိမလက်သည် ထ၍၊ မိမိကျွန်အပေါင်းတို့ကိုခေါ်ပြီးမှ အမူအရာအလုံးစုံကို ပြောသဖြင့်၊ ထိုသူတို့သည် အလွန်ကြောက်ကြ၏။
阿彼默肋客很早就起來召集了眾臣僕,將全部實情告訴給他們聽;這些人都很害怕。
9 အာဗြဟံကိုလည်း အဘိမလက်ခေါ်၍၊ သင် သည် ငါတို့၌ အဘယ်သို့ ပြုသနည်း။ သင့်ကိုငါတို့သည် အဘယ်သို့ပြစ်မှားသောကြောင့်၊ သင်သည် ငါ၌၎င်း ငါ့နိုင်ငံ၌၎င်း၊ ကြီးစွာသော အပြစ်ကိုရောက်စေသနည်း။ သင်သည် မပြုအပ်သောအမှုကို ငါ၌ပြုပါသည်တကားဟု ဆိုလေ၏။
然後阿彼默肋客叫了亞巴郎來,對他說:「你對我們作的是什麼事﹖我在什麼事上得罪了你,竟給我和我的王國招來了這樣大的罪過﹖你對我作了不應該作的事。」
10 ၁၀ တဖန်အဘိမလက်က၊ သင်သည် အဘယ်အမှုကို မြင်၍ ဤသို့ပြုသနည်းဟု အာဗြဟံကိုမေးလျှင်၊
阿彼默肋客繼而對亞巴郎說:「你作這事,究有什麼意思﹖」
11 ၁၁ အာဗြဟံက၊ ဤအရပ်သားတို့သည် ဘုရား သခင်ကို မကြောက်၊ အကျွန်ုပ်၏မယားအတွက် အကျွန်ုပ်ကို သတ်ကြလိမ့်မည်ဟု အကျွန်ုပ်ထင်သောကြောင့်၊ ထိုသို့ပြုမိ ပါပြီ။
亞巴郎答說:「我以為在這地方一定沒有人敬畏天主,人會為了我妻子的緣故殺害我。
12 ၁၂ သို့သော်လည်း သူသည်အကျွန်ုပ် နှမမှန်ပါ ၏။ အကျွန်ုပ် အဘ၏သမီးဖြစ်၏။ အမိ၏သမီးမဟုတ်။ အကျွန်ုပ်မယားလည်း ဖြစ်ပါ၏။
何況她實在是我的妹妹,雖不是我母親的女兒,卻是我父親的女兒;後來做了我的妻子。
13 ၁၃ ဘုရားသခင်သည် အကျွန်ုပ်ကိုအဘ၏ အိမ်မှ ခေါ်၍ လည်စေတော်မူသောအခါ၊ အကျွန်ုပ်က၊ သင်သည် ငါ၌ပြုရသောကျေးဇူးဟူမူကား၊ ငါသည် သင်၏မောင် ဖြစ်ကြောင်းကို ရောက်လေရာရာ၌ ပြောရမည်ဟု၊ မယားကိုမှာထားပါသည်ဟု ပြန်ပြောလေ၏။
當天主叫我離開父家,在外飄流的時候,我對她說:我們無論到什麼地方,你要說我是你的哥哥,這就我是你待我的大恩。」
14 ၁၄ ထိုအခါ အဘိမလက်သည်၊ သိုး၊ နွား၊ ကျွန် ယောက်ျား၊ ကျွန်မိန်းမတို့ကိုယူ၍ အာဗြဟံအား ပေးလေ ၏။ မယားစာရာကိုလည်း ပြန်ပေး၏။
阿彼默肋客把些牛羊奴婢,送給了亞巴郎,也將他的妻子撒辣歸還了他;
15 ၁၅ အဘိမလက်ကလည်း၊ ငါ့မြေသည် သင့်ရှေ့မှာ ရှိ၏။ အလိုရှိသည်အတိုင်း နေပါဟု အမိန့်ရှိ၏။
然後對他說:「看,我的土地盡在你面前,你願住在那裏,就住在那裏。」
16 ၁၆ စာရာကိုလည်း သင်နှင့်သင့်အပေါင်းအဘော်တို့ အဘို့ မျက်နှာဖုံးများကို ဝယ်စရာဖို့ သင်၏မောင်အား ငွေတထောင်ကို ငါပေးပြီဟု အမိန့်ရှိသဖြင့် သူသည် လည်း အရာရာ၌ အဆုံးအမခံရ၏။
繼而對撒辣說:「看,我給了你哥哥一千銀子,作為你在闔家人前的遮羞錢;這樣,各方面無可指摘。」
17 ၁၇ အာဗြဟံသည်လည်း၊ ဘုရားသခင်ကို ဆုတောင်း၍၊ ဘုရားသခင်သည် အဘိမလက်နှင့်သူ၏ မယား၊ သူ၏ကျွန်မတို့ကို အနာပျောက်စေတော်မူသဖြင့်၊ သူတို့သည် သားကိုဘွားကြ၏။
亞巴郎懇求了天主,天主就醫好了阿彼默肋客,他的妻子和他的眾婢女,使她們都能生育,
18 ၁၈ အထက်က အာဗြံဟံ၏ မယားစာရာကြောင့် ထာဝရဘုရားသည် အဘိမလက်၏အိမ်သူ၊ မိန်းမ တယောက်မျှ ပဋိသန္ဓေမယူစေခြင်းငှါ စစီရင်တော်မူသတည်း။
因為上主為了亞巴郎妻子撒辣的事,關閉了阿彼默肋客家中所有婦女的子宮。

< ကမ္ဘာ​ဦး 20 >