< ကမ္ဘာဦး 19 >
1 ၁ ကောင်းကင်တမန်နှစ်ပါးတို့သည် ညဦးအချိန်၌ သောဒုံမြို့သို့ ရောက်လာ၏။ လောတသည် မြို့တံခါးဝ၌ ထိုင်လျက် သူတို့ကိုမြင်လျှင်၊ ခရီးဦးကြိုပြုခြင်းငှါ ထ၍ မြေ၌ ဦးညွှတ်ချလျက်၊
E vieram os dois anjos a Sodoma á tarde, e estava Lot assentado á porta de Sodoma; e vendo-os Lot, levantou-se ao seu encontro, e inclinou-se com o rosto á terra;
2 ၂ အကျွန်ုပ်သခင်တို့၊ ကိုယ်တော်တို့ ကျွန်၏အိမ်သို့ ဝင်၍ တညဉ့်လုံးနေကြပါ။ ခြေကိုဆေးကြပါ။ နံနက် စောစောထ၍ ကြွသွားကြပါလော့ဟု ဆိုလေ၏။ ကောင်းကင်တမန်တို့က၊ ငါတို့သည်မဝင်၊ တညဉ့်လုံးလမ်း၌ နေတော့မည်ဟု ဆိုသော်လည်း၊
E disse: Eis agora, meus senhores, entrae, peço-vos, em casa de vosso servo, e passae n'ella a noite, e lavae os vossos pés; e de madrugada vos levantareis, e ireis vosso caminho. E elles disseram: Não, antes na rua passaremos a noite.
3 ၃ ကျပ်ကျပ်သွေးဆောင်သောကြောင့် တဖန် လောတနောသို့ လှည့်၍ သူ၏အိမ်သို့ဝင်ကြ၏။ လောတ လည်း သူတို့အဘို့ ပွဲလုပ်၍ တဆေးမပါသော မုန့်ကို ပေါင်းပြီးမှ သူတို့သည်စားကြ၏။
E porfiou com elles muito, e vieram com elle, e entraram em sua casa: e fez-lhes banquete, e cozeu bolos sem levadura, e comeram.
4 ၄ ထိုသူတို့သည် မအိပ်မှီ သောဒုံမြို့သား ယောက်ျားအကြီးအငယ်၊ အရပ်ရပ်ကလာသော သူအပေါင်း တို့သည် အိမ်ကို ဝိုင်း၍၊
E antes que se deitassem, cercaram a casa, os varões d'aquella cidade, os varões de Sodoma, desde o moço até ao velho; todo o povo de todos os bairros.
5 ၅ လောတကို ဟစ်ခေါ်လျက် ယနေ့ညမှာ သင့် အိမ်သို့ ဝင်သော လူတို့သည် အဘယ်မှာရှိသနည်း။ ထိုသူတို့နှင့်ငါတို့သည် ဆက်ဆံလိုသည် ဖြစ်၍ ငါတို့ထံသို့ ထွက်စေလော့ဟု ဆိုကြ၏။
E chamaram a Lot, e disseram-lhe: Onde estão os varões que a ti vieram n'esta noite? Tral-os fóra a nós, para que os conheçamos.
6 ၆ လောတသည်လည်း၊ တံခါးပြင်မှာ သူတို့ထံသို့ ထွက်၍၊ မိမိနောက်၌ တံခါးကို ပိတ်ပြီးလျှင်၊
Então saiu Lot a elles á porta, e fechou a porta atraz de si,
7 ၇ ညီအစ်ကိုတို့၊ အဓမ္မအမှုကို ဤမျှလောက် မပြုကြပါနှင့်။
E disse: Meus irmãos, rogo-vos que não façaes mal:
8 ၈ အကျွန်ုပ်၌ ယောက်ျားနှင့် မဆက်ဆံသော သမီးနှစ်ယောက်ရှိပါ၏။ သူတို့ကို သင်တို့ထံသို့ထုတ်ရသော အခွင့်ကိုပေးကြပါလော့။ သူတို့၌ ပြုချင်သမျှပြုကြပါလော့။ ဤလူတို့၌ အလျှင်မပြုကြပါနှင့်။ အကြောင်းမူကား၊ သူတို့သည် အကျွန်ုပ်အိမ်မိုးအရိပ်ကို ခိုနေပါ၏ဟု တောင်းပန်သော်လည်း၊
Eis aqui, duas filhas tenho, que ainda não conheceram varão; fora vol-as trarei, e fareis d'ellas como bom fôr nos vossos olhos; sómente nada façaes a estes varões, porque por isso vieram á sombra do meu telhado.
9 ၉ သူတို့က ဆုတ်လော့ဟုဆိုကြ၏။ တဖန်ကား၊ သင်သည် တည်းခိုးခြင်းငှာ သာရော်ကလာသည်နှင့် တရားသူကြီးလုပ်ရမည်လော။ ယခုမှာ ထိုသူတို့၌ ပြုသည်ထက်၊ သင်၌သာ၍ဆိုးသောအမှုကိုပြုမည်ဟုဆိုလျက်၊ လောတကို ကျပ်ကျပ်ဖိ၍ တံခါးကိုလည်း ပေါက်ခွဲချိုးဖဲ့ ခြင်းငှါ ချဉ်းလာကြ၏။
Elles porém disseram: Sae d'ali. Disseram mais: Como estrangeiro este individuo veiu aqui habitar, e quereria ser juiz em tudo? Agora te faremos mais mal a ti do que a elles. E arremessaram-se sobre o varão, sobre Lot, e approximaram-se para arrombar a porta.
10 ၁၀ ထိုအခါ ကောင်းကင်တမန်တို့သည် လက်ကိုဆန့်၍ လောတကို မိမိတို့နေရာအိမ်အတွင်းသို့ ဆွဲသွင်း ပြီးလျှင် တံခါးကို ပိတ်ကြ၏။
Aquelles varões porém estenderam a sua mão, e fizeram entrar a Lot comsigo na casa, e fecharam a porta;
11 ၁၁ အိမ်တံခါးနားမှာ ရှိသောသူအကြီးအငယ်တို့ကို မျက်စိကန်းစေခြင်းငှါ ဒဏ်ခတ်သဖြင့် သူတို့သည် တံခါး ကိုရှာ၍ ပင်ပန်းခြင်းသို့ ရောက်ကြ၏။
E feriram de cegueira os varões que estavam á porta da casa, desde o menor até ao maior, de maneira que se cançaram para achar a porta.
12 ၁၂ ကောင်းကင်တမန်တို့ကလည်း၊ ဤအရပ်၌ သင်နှင့်ဆိုင်သောသူ ရှိသေးသလော။ သားသမီး၊ သမက်၊ မြို့ထဲမှာ သင်၌ရှိသမျှကို ဤအရပ်က ထုတ်ဆောင် လော့။
Então disseram aquelles varões a Lot: Tens alguem mais aqui? teu genro, e teus filhos, e tuas filhas, e todos quantos tens n'esta cidade, tira-os fóra d'este logar;
13 ၁၃ ဤအရပ်ကို ငါတို့သည် ဖျက်ဆီးရမည်။ အကြောင်းမူကား၊ အရပ်သားတို့သည် ထာဝရဘုရား ရှေ့တော်မှာ အလွန်ကြွေးကြော်ခြင်းရှိသည်ဖြစ်၍၊ ဖျက်ဆီးစေခြင်းငှါ ထာဝရဘုရားသည် ငါတို့ကို စေလွှတ် တော်မူပြီဟု လောတအား ပြောဆိုကြ၏။
Porque nós vamos destruir este logar, porque o seu clamor tem engrossado diante da face do Senhor, e o Senhor nos enviou a destruil-o.
14 ၁၄ လောတထွက်၍ သမီးနှင့်စုံဘက်သောသူ၊ မိမိ သမက်တို့အား ထကြ၊ ဤအရပ်မှ ထွက်သွားကြ၊ ဤမြို့ကို ထာဝရဘုရား ဖျက်ဆီးတော်မူမည်ဟုဆိုသော်လည်း၊ ကျီးစားဟန်သည်ဟု သမက်တို့ ထင်ကြ၏။
Então saiu Lot, e fallou a seus genros, aos que haviam de tomar as suas filhas, e disse: Levantae-vos, sahi d'este logar; porque o Senhor ha de destruir a cidade. Foi tido porém por zombador aos olhos de seus genros.
15 ၁၅ မိုဃ်းသောက်သောအခါ၊ ကောင်းကင်တမန် တို့သည် လောတကို ဆော်လျက်၊ သင်သည်ထ၍ ဤအရပ်၌ရှိသော မယားနှင့်သမီး နှစ်ယောက်တို့ကို ယူသွားလော့။ သို့မဟုတ်၊ မြို့၏အပြစ်၌ဆုံးခြင်းသို့ ရောက်လိမ့်မည်ဟု ဆိုသော်လည်း၊
E ao amanhecer os anjos apertaram com Lot, dizendo: Levanta-te, toma tua mulher, e tuas duas filhas que aqui estão, para que não pereças na injustiça d'esta cidade.
16 ၁၆ သူသည်ဖင့်နွှဲသောခါ ထာဝရဘုရားသနား တော်မူသောကြောင့် ကောင်းတမန်တို့သည် သူနှင့်သူ၏ မယား၊ သူ၏သမီးနှစ်ယောက်တို့ကို လက်ဆွဲ၍ မြို့ပြင်သို့ ထုတ်ဆောင်ကြ၏။
Elle porém demorava-se, e aquelles varões lhe pegaram pela mão, e pela mão de sua mulher, e pela mão de suas duas filhas, sendo-lhe o Senhor misericordioso, e tiraram-o, e puzeram-o fóra da cidade.
17 ၁၇ ပြင်သို့ရောက်သောအခါ၊ သင်သည် အသက် ချမ်းသာရခြင်းငှါ ပြေးလော့။ နောက်သို့လှည့်၍ မကြည့် နှင့် မြေညီသောအရပ်၌ အလျှင်းမနေနှင့်။ တောင်ပေါ်သို့ ပြေးလော့။ သို့မဟုတ်ဆုံးလိမ့်မည်ဟု ဆိုလေ၏။
E aconteceu que, tirando-os fóra, disse: Escapa-te por tua vida; não olhes para traz de ti, e não pares em toda esta campina; escapa lá para o monte, para que não pereças.
18 ၁၈ လောတ ကလည်း၊ အကျွန်ုပ်သခင် ထိုသို့မဆိုပါနှင့်။
E Lot disse-lhe: Ora não, Senhor!
19 ၁၉ ယခုမှာ ကိုယ်တော်ကျွန်သည် ရှေ့တော်၌ မျက်နှာရပါပြီ။ အကျွန်ုပ်အသက်ချမ်းသာစေသဖြင့်၊ အကျွန်ုပ်၌ ပြုတော်မူသောကရုဏာ ကျေးဇူးများပြားလှပါ၏။ ဘေးလွတ်၍ တောင်ပေါ်သို့ မပြေးနိုင်ပါ။ ဘေးတစုံ တခုတွေ့၍ သေမည်ကို စိုးရိမ်ပါ၏။
Eis que agora o teu servo tem achado graça aos teus olhos, e engrandeceste a tua misericordia que a mim me fizeste, para guardar a minha alma em vida: e eu não posso escapar no monte, para que porventura não me apanhe este mal, e eu morra.
20 ၂၀ ကြည့်ပါ။ ထိုမြို့နီးပါ၏ ပြေးသာပါ၏။ ငယ် သောမြို့လည်း ဖြစ်ပါ၏။ ဘေးလွတ်၍ ထိုအရပ်သို့ ပြေးပါရစေ။ ထိုမြို့သည် ငယ်သောမြို့ မဟုတ်လော။ သို့ပြေးလျှင် အသက်ချမ်းသာရပါမည်ဟု လျှောက်ဆို၏။
Eis que agora esta cidade está perto, para fugir para lá, e é pequena: ora para ali me escaparei (não é pequena?), para que minha alma viva
21 ၂၁ ထိုသူကလည်း၊ ကြည့်ပါ။ ဤအမူအရာ၌လည်း သင်၏ စကားကို ငါနားထောင်စေခြင်းငှါ ထိုမြို့အတွက် တောင်းပန်သောကြောင့် ငါမဖျက်ဆီး။
E disse-lhe: Eis aqui, tenho-te acceitado tambem n'este negocio, para não derribar esta cidade, de que fallaste:
22 ၂၂ ဘေးလွတ်ခြင်းငှါ ထိုမြို့သို့ အလျင်အမြန်ပြေး လော့။ ထိုမြို့သို့ မရောက်မှီ ငါသည် အဘယ်အမှုကိုမျှ မပြုနိုင်ဟုဆိုလေ၏။ ထိုကြောင့် ထိုမြို့ကို ဇောရမြို့ဟု သမုတ်ကြ၏။
Apressa-te, escapa-te para ali; porque nada poderei fazer, emquanto não tiveres ali chegado. Por isso se chamou o nome da cidade Zoar.
23 ၂၃ လောတသည် ဇောရမြို့သို့ ဝင်သောအခါ၊ မြေကြီးပေါ်မှာ နေထွက်ချိန်ဖြစ်သတည်း။
Saiu o sol sobre a terra, quando Lot entrou em Zoar.
24 ၂၄ ထိုအခါ ထာဝရဘုရားသည် ကောင်းကင်ထက်၊ အထံတော်မှ သောဒုံမြို့နှင့် ဂေါမောရမြို့အပေါ်သို့ ကန့်နှင့် မီးမိုဃ်းကို ရွာစေတော်မူ၏။
Então o Senhor fez chover enxofre e fogo, do Senhor desde os céus, sobre Sodoma e Gomorrah;
25 ၂၅ ထိုမြို့တို့ကို၎င်း၊ ချိုင့်အရပ် တရှောက်လုံးကို၎င်း၊ မြို့သားအပေါင်းတို့ကို၎င်း မြေ၌ ပေါက်သမျှကို၎င်း၊ မှောက်လဲတော်မူ၏။
E derribou aquellas cidades, e toda aquella campina, e todos os moradores d'aquellas cidades, e o que nascia da terra.
26 ၂၆ လောတ၏ မယားမူကား နောက်သို့ လှည့်ကြည့် ၍ ဆားတိုင်ဖြစ်လေ၏။
E a mulher de Lot olhou para traz d'elle, e ficou convertida n'uma estatua de sal.
27 ၂၇ နံနက်စောစော အာဗြဟံသည် ထ၍၊ ထာဝရ ဘုရားရှေ့တော်၌ ရပ်နေသော အရပ်သို့ သွားပြီးလျှင်၊
E Abrahão levantou-se aquella mesma manhã, de madrugada, e foi para aquelle logar onde estivera diante da face do Senhor;
28 ၂၈ သောဒုံမြို့နှင့် ဂေါမောရမြို့မှ စသောချိုင့် အရပ်တရှောက်လုံးကို ကြည့်ရှု၍၊ မီးဖို၌ အခိုးကဲ့သို့၊ တပြည်လုံးအခိုးတက်သည်ကို မြင်လေ၏။
E olhou para Sodoma e Gomorrah, e para toda a terra da campina; e viu, e eis que o fumo da terra subia, como o fumo d'uma fornalha.
29 ၂၉ ထိုသို့ဘုရားသခင်သည် ချိုင့်ထဲမှာ ရှိသောမြို့ တို့ကို ဖျက်ဆီးသောအခါ အာဗြံဟံကို အောက်မေ့တော် မူ၏။ လောတနေသော မြို့တို့ကို မှောက်လှဲသောအခါ မောက်လှဲထဲကလောတကို လွှတ်လိုက်တော်မူ၏။
E aconteceu que, destruindo Deus as cidades da campina, Deus se lembrou de Abrahão, e tirou a Lot do meio da destruição, derribando aquellas cidades em que Lot habitara.
30 ၃၀ လောတသည် ဇောရမြို့မှ ထွက်၍၊ သမီး နှစ်ယောက်နှင့်တကွ တောင်ပေါ်မှာနေ၏။ ဇောရမြို့၌ မနေဝံ့၍၊ သမီးနှစ်ယောက်နှင့်တကွ ဥမှင်၌ နေ၏။
E subiu Lot de Zoar, e habitou no monte, e as suas duas filhas com elle; porque temia de habitar em Zoar; e habitou n'uma caverna, elle e as suas duas filhas.
31 ၃၁ သမီးအကြီးက၊ ငါတို့အဘ အိုပြီး မြေကြီးသား အပေါင်းတို့၏ ဘာသာအတိုင်း ငါတို့ထံသို့ ဝင်ရသော ယောက်ျားတယောက်မျှ မြေပေါ်မှာ မရှိ။
Então a primogenita disse á menor: Nosso pae é já velho, e não ha varão na terra que entre a nós, segundo o costume de toda a terra;
32 ၃၂ လာကြ။ ငါတို့အဘကိုစပျစ်ရည်တိုက်ကြစို့။ ငါတို့အဘ၏ အမျိုးအနွယ်ကို စောင့်မ၍ သူနှင့်အိပ်ကြ စို့ဟု ညီမကိုပြောဆို၏။
Vem, demos de beber vinho a nosso pae, e deitemo-nos com elle, para que em vida conservemos semente de nosso pae.
33 ၃၃ ထိုနေ့ညမှာ သူတို့သည် အဘကို စပျစ်ရည် တိုက်ပြီးလျှင်၊ သမီးအကြီးသည် ဝင်၍ အဘနှင့် အိပ်လေ ၏။ သူအိပ်ကြောင်းကို၎င်း၊ ထကြောင်းကို၎င်း အဘ မသိ။
E deram de beber vinho a seu pae n'aquella noite; e veiu a primogenita, e deitou-se com seu pae, e não sentiu elle quando ella se deitou, nem quando se levantou.
34 ၃၄ နက်ဖြန်နေ့တွင် အကြီးကလည်း မနေ့ညမှာ ငါသည် အဘနှင့် အိပ်လေပြီ။ ယနေ့ညတဖန်သူ့ကို စပျစ် ရည်တိုက်ကြစို့။ သင်သည်ဝင်၍ အဘ၏အမျိုးအနွယ်ကို စောင့်မခြင်းငှါ၊ သူနှင့်အိပ်လော့ဟု ညီမကို ပြောဆို၏။
E succedeu, no outro dia, que a primogenita disse á menor: Vês aqui, eu já hontem á noite me deitei com meu pae: demos-lhe de beber vinho tambem esta noite, e então entra tu, deita-te com elle, para que em vida conservemos semente de nosso pae.
35 ၃၅ ထိုနေ့ည၌လည်း သူတို့သည် အဘကို စပျစ်ရည် တိုက်ပြီးလျှင်၊ အငယ်သည်ဝင်၍အဘနှင့် အိပ်လေ၏။ အိပ်ကြောင်းကို၎င်း၊ တကြောင်းကို၎င်း အဘမသိ။
E deram de beber vinho a seu pae, tambem n'aquella noite; e levantou-se a menor, e deitou-se com elle; e não sentiu elle quando ella se deitou, nem quando se levantou.
36 ၃၆ ထိုသို့လောတ၏ သမီးနှစ်ယောက်တို့သည်၊ မိမိအဘအားဖြင့် ပဋိသန္ဓေစွဲနေ၏။
E conceberam as duas filhas de Lot de seu pae.
37 ၃၇ သမီးအကြီးသည် သားကို ဘွား၍မောဘအမည် ဖြင့် မှည့်လေ၏။ ထိုသူသည် ယနေ့တိုင်အောင်ရှိသော မောဘအမျိုးသားတို့၏ အဘဖြစ်သတည်း။
E pariu a primogenita um filho, e chamou o seu nome Moab; este é o pae dos moabitas, até ao dia d'hoje.
38 ၃၈ သမီးအငယ်သည်လည်း သားကိုဘွား၍ ဗေနမ္မိ အမည်ဖြင့် မှည့်လေ၏။ ထိုသူသည် ယနေ့တိုင်အောင် ရှိသော အမ္မုန်အမျိုးသားတို့၏ အဘဖြစ်သတည်း။
E a menor tambem pariu um filho, e chamou o seu nome Benammi; este é o pae dos filhos de Ammon, até o dia d'hoje.