< ကမ္ဘာဦး 17 >
1 ၁ ထိုနောက်၊ အာဗြံသည် အသက်ကိုးဆယ်ကိုးနှစ်ရှိသောအခါ၊ ထာဝရဘုရားသည် အာဗြံအားထင်ရှား တော်မူ၍၊ ငါသည် အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်၏။ ငါ့ရှေ့မှာ သွားလာ၍ စုံလင်ခြင်းရှိလော့။
Hathnukkhu, Abram teh kum 99 a pha navah, BAWIPA ni Abram koe a kamnue teh, kai teh Athakasaipounge Cathut doeh ka hmalah toun hane kawi kaawm hoeh lah awm haw.
2 ၂ ငါ၏ ပဋိညာဉ်ကို သင်နှင့် ငါပြုမည်။ သင့်ကို ငါအလွန်များပြားစေမည်ဟု မိန့်တော်မူ၏။
Kaie lawkkamnae nang hoi ka sak vaiteh moikapap na pungdaw sak han telah atipouh.
3 ၃ အာဗြံသည်လည်း ပြပ်ဝပ်လျင်၊ ဘုရားသခင်က၊
Abram ni a tabo teh Cathut ni,
4 ၄ ငါပြုသော ပဋိညာဉ်သည် သင်၌ရှိ၏။ သင်သည် လူမျိုးအများတို့၏ အဘဖြစ်လိမ့်မည်။
Thai haw kaie lawkkamnae teh nang koe ao. Nang teh miphun moikapap e a na pa lah na o han.
5 ၅ နောက်တဖန်သင်၏ အမည်ကို အာဗြံဟုမခေါ်ရ။ သင်၏အမည်ကို အာဗြံဟံဟုခေါ်ရ၏။ အကြောင်းမူကား၊ ငါသည် သင့်ကို များစွာသော လူအမျိုးတို့၏ အဘအရာ၌ ခန့်ထားပြီ။
Nange na min hai Abram telah na kaw mahoeh toe. Abraham telah na kaw han toe, bangkongtetpawiteh nang teh miphun moikapap e na pa lah na coung han.
6 ၆ ငါသည် သင့်ကို အလွန်ပွားများစေမည်။ သင်အားဖြင့် လူအမျိုးမျိုးတို့ကို ဖြစ်စေမည်။ သင်၏ အမျိုး အနွှယ်၌လည်း ရှင်ဘုရင်ဖြစ်ရကြလိမ့်မည်။
Kai ni moikapap na pungdaw sak han. Nang lahoi miphunnaw ka pung sak vaiteh, nang dawk hoi siangpahrang a tâco han.
7 ၇ ငါသည်သင်၏ဘုရား၊ သင့်နောက်၌ သင့်အမျိုးအနွယ်၏ ဘုရားဖြစ်မည်ဟု၊ သင်နှင့်သင်၏ အမျိုးအနွှယ် အစဉ်အဆက်တို့၌၊ ငါ့ပဋိညာဉ်ကို ထာဝရပဋိညာဉ် ဖြစ်စေမည်။
Ka lawkkamnae ka caksak vaiteh nang hoi kai rahak, na canaw hoi patuen e na catoun rahak vah a yungyoe e lawkkam lah ao han. Kai teh nang hoi na ca catounnaw e Cathut lah ka o han.
8 ၈ သင်သည် ယခုဧည့်သည်ဖြစ်၍နေသော ပြည်တည်းဟူသော၊ ခါနာန်ပြည်တရှောက်လုံးကို၊ သင်အား၎င်း၊ သင့်နောက်၌သင်၏အမျိုးအနွယ်အား၎င်း၊ အစဉ်အမြဲ အပိုင်ပေးမည်။ သူတို့၏ ဘုရားလည်း ငါဖြစ်မည်ဟု မိန့်မြွက်တော်မူ၏။
Atu imyin lah na onae ram, Kanaan ram pueng nang hoi na ca catounnaw koe a yungyoe e râw lah na poe han. Kai teh ahnimae Cathut lah ka o han.
9 ၉ တဖန်ဘုရားသခင်က၊ သို့ဖြစ်၍ သင်နှင့်တကွသင့်နောက်၌ သင်၏အမျိုးအနွယ် အစဉ်အဆက်တို့သည်၊ ငါ၏ပဋိညာဉ် ကို စောင့်ရှောက် ရကြမည်။
Hathnukkhu, Cathut ni Abraham koevah nang hoi na ca catounnaw pueng ni ka lawkkam heh na tarawi awh han.
10 ၁၀ သင်နှင့်တကွသင့်နောက်၌ သင်၏အမျိုးအနွယ်သည်၊ ငါ့ရှေ့မှာ စောင့်ရှောက်ရသော ငါ၏ ပဋိညာဉ်ဟူမူကား၊ သင်တို့တွင် သားယောက်ျားတိုင်း အရေဖျားလှီးမင်္ဂလာကို ခံရမည်။
Hete teh kai hoi nange na ca catounnaw ni a tarawi hane lawkkam doeh. Tongpa pueng vuensoma pouh han.
11 ၁၁ အရေဖျားလှီးမင်္ဂလာသည်၊ ငါနှင့်သင်တို့ပြုသော ပဋိညာဉ်၏ လက္ခဏာသက်သေဖြစ်ရလိမ့်မည်။
Hatdawkvah, vuensom na a e tak teh kai hoi nang rahak mitnoutnae lawkkam lah ao han.
12 ၁၂ သင်တို့ အမျိုးအစဉ်အဆက်တို့၌ သားယောက်ျားတိုင်း၊ ကိုယ်အိမ်၌ဘွားသောသူဖြစ်စေ၊ ကိုယ့် အမျိုးမဟုတ်။ တပါးအမျိုးသား၌ ငွေနှင့်ဝယ်သောသူ ဖြစ်စေ၊ အသက်ရှစ်ရက်မြောက်လျှင်၊ အရေဖျားလှီး မင်္ဂလာကို ခံရမည်။
Nangmouh dawkvah, na ca catounnaw totouh, ca tongpa pueng. Im dawk ka khe e thoseh, mae miphun nahoeh eiteh, alouke miphunnaw koe tangka hoi ran e hai thoseh, hnin 8 nah vuensom na a pouh han.
13 ၁၃ ကိုယ်အိမ်၌ ဘွားသောသူ၊ ကိုယ်ငွေနှင့်ဝယ် သောသူသည်၊ အရေဖျားလှီးမင်္ဂလာကို ခံရမည်။ ငါ့ ပဋိညာဉ်လည်း သင်တို့၏အသား၌ ထာဝရပဋိညာဉ် ဖြစ်လိမ့်မည်။
Na im dawk ka khe e hoi tangka hoi ran e tami ni vuensoma roeroe vaiteh ka lawkkam teh tak dawk yungyoe ka cak e lawkkam lah ao han.
14 ၁၄ အရေဖျားမလှီး၊ အရေဖျားလှီးမင်္ဂလာကို မခံသောသားယောက်ျားကို သူ၏ အမျိုးမှပယ်ရှင်းရ၏။ ထိုသူသည် ငါ့ပဋိညာဉ်ကို ဖျက်လေပြီဟု အာဗြံဟံအား မိန့်တော်မူ၏။
Hatei vuensom ka a hoeh e tongpa a tak dawk e vuengsom ka a hoeh e tami teh ka miphun dawk hoi takhoe lah ao han telah atipouh. Ahni teh kaie lawkkam a raphoe toe.
15 ၁၅ တဖန်ဘုရားသခင်က၊ သင်၏မယားစာရဲကို မူကား၊ စာရဲဟူသော အမည်ဖြင့်မခေါ်ရ၊ စာရာဟူသော အမည်ဖြင့်ခေါ်ရ၏။
Cathut ni Abraham koevah Na yu Sarai hah, Sarai telah na kaw mahoeh, Sarah telah na kaw han toe.
16 ၁၆ သူ့ကိုငါကောင်းကြီးပေး၍၊ သူ့အားဖြင့်လည်း သင်အား သားကိုပေးမည်။ အကယ်စင်စစ်သူ့ကို ကောင်း ကြီးပေး၍၊ သူသည် လူအမျိုးမျိုးဖြစ်လိမ့်မည်။ သူ၏အမျိုးအနွယ်၌လည်း အပြည်ပြည်သော ရှင်ဘုရင်ဖြစ်ကြ လိမ့်မည်ဟု၊ အာဗြဟံအား မိန့်တော်မူ၏။
Ahni hah yawhawinae ka poe vaiteh ahni lahoi nang hai ca tongpa na poe han. Yawhawinae ka poe vaiteh miphun moikapap e manu lah ao han. Athung hoi miphunnaw hane siangpahrang a tâco han.
17 ၁၇ ထိုအခါအာဗြဟံသည် ပြပ်ဝပ်လျက် အသက် တရာရှိသော သူသည် သားကို ရလိမ့်မည်လော။ အသက် ကိုးဆယ်ရှိသော စာရာသည် သားကိုဘွားလိမ့်မည်လော ဟု ရယ်လျက်၊ စိတ်နှလုံးထဲမှာ အောက်မေ့ပြီးလျှင်၊
Hat torei teh, Abraham ni a minhmai hoi a tabo teh a panui. Kum 100 touh e ni ca khe han namaw. Kum 90 touh e Sarah ni ca a khe han rah maw telah ati.
18 ၁၈ ဣရှမေလသည် ရှေ့တော်၌ အသက်ရှင်ပါစေ သောဟု၊ ဘုရားသခင်ကို လျှောက်သောအခါ၊
Hatdawkvah, Abraham ni Cathut koe, na hmalah Ishmael mah hring yawkaw seh telah atipouh.
19 ၁၉ ဘုရားသခင်က၊ သင်၏မယားစာရာသည် သင်အားသားကိုဘွားလိမ့်မည်။ ထိုသားကိုလည်း ဣဇာက်အမည်ဖြင့် မှည့်ရမည်။ သူ၌၎င်း သူ့နောက်မှ သူ၏ အမျိုးအနွယ်၌၎င်း ငါ၏ပဋိညာဉ်ကို ထာဝရ ပဋိညာဉ် ဖြစ်စေမည်။
Hatei Cathut ni telah nahoeh, na yu Sarah ni capa na khe pouh vaiteh, Isak telah a min na phung han. Ka lawkkam ka cak e lawkkam lah ao han.
20 ၂၀ ဣရှမေလအမှု၌ကား၊ သင်၏စကားကို ငါနားထောင်၏။ သူ့ကို ငါကောင်းကြီးပေး၏။ သူ့အနွှယ်ကို တိုးပွားစေ၍ သူ့ကို အလွှန်များပြားစေမည်။ သူသည် မင်းသားဆယ်နှစ်ပါးတို့၏အဘ ဖြစ်လိမ့်မည်။ ကြီးသော လူမျိုးဖြစ်စေခြင်းငှါလည်း ငါပြုမည်။
Ishmael e kong dawk teh kai ni ka thai toe. Ahni yawhawinae ka poe toe. A ca catoun ka pungdaw sak vaiteh moikapap sak han. Ahni teh khobawi 12 touh e a na pa lah ao han. Miphun kalen poung lah ka sak han.
21 ၂၁ သို့သော်လည်း၊ နောင်နှစ်၊ ချိန်းချက်သောအချိန်တွင်၊ စာရာသည် သင်အားဘွားလတံ့သော သားဣဇာက်၌၊ ငါ၏ပဋိညာဉ်ကို ငါတည်စေမည်ဟု မိန့်တော်မူပြီးလျှင်၊
Hateiteh palawng atu e tueng navah, Sarah ni na khe pouh hane Isak dawk ka lawkkam ka caksak han telah atipouh.
22 ၂၂ မိန့်မြွက်တော်မူသံငြိမ်း၍ ဘုရားသခင်သည် အာဗြံဟံမှ တက်ကြွတော်မူ၏။
Hottelah Abraham hoi lawk a kâpato hnukkhu Cathut teh a luen.
23 ၂၃ အာဗြဟံသည်လည်း၊ သားဣမေလမှစ၍၊ ကိုယ်အိမ်၌ ဘွားသော သူအပေါင်း၊ ကိုယ်ငွေနှင့် ဝယ်သော သူအပေါင်းတည်းဟူသော၊ အာဗြဟံအိမ်နှင့်ဆိုင်သော ယောက်ျားအပေါင်းတို့ကို ယူ၍၊ ဘုရားသခင် မိန့်တော်မူ သည်အတိုင်း၊ တနေ့ခြင်းတွင် အရေဖျားလှီးမင်္ဂလာကို ပေးလေ၏။
Hatdawkvah, Abraham ni a capa Ishmael hoi a im dawk ka khe e pueng, tangka hoi a ran e pueng Abraham imthung dawk e tongpa pueng a ceikhai teh Cathut ni ahni koe a dei pouh tangcoung e patetlah hnin touh dawkvah vuensom koung a a pouh.
24 ၂၄ အာဗြဟံသည် ကိုယ်တိုင်အရေဖျားလှီးမင်္ဂလာကို ခံသောအခါ၊ အသက်ကိုးဆယ်ကိုးနှစ်ရှိ၏။
Amae vuensom a a nah Abraham teh kum 99 touh a pha toe.
25 ၂၅ သားဣရှမေလသည် အရေဖျားလှီး မင်္ဂလာကို ခံသောအခါ၊ အသက်တဆယ်သုံးနှစ်ရှိ၏။
Capa Ishmael, vuensom a a nah kum 13 touh a pha.
26 ၂၆ တနေ့ခြင်းတွင် အာဗြဟံနှင့်သား ဣရှမေလ သည် အရေဖျားလှီးမင်္ဂလာကို ခံလေ၏။
Hnin touh dawk, Abraham hoi a capa Ishmael teh vuensom rei rei a a roi.
27 ၂၇ သူ၏အိမ်၌ ဘွားသောသူ တပါးအမျိုးသား၌ သူ၏ငွေနှင့် ဝယ်သောသူ၊ သူ၏အိမ်နှင့်ဆိုင်သော ယောက်ျားအပေါင်းတို့သည်၊ သူနှင့်အတူ အရေဖျားလှီး မင်္ဂလာကို ခံကြလေ၏။
Amae im dawk kaawm e tongpa pueng a im dawk ka khe e, miphun alouke koe tangka hoi a ran e tongpa pueng teh, ama hoi cungtalah vuensom a a awh.