< ကမ္ဘာဦး 15 >
1 ၁ ထိုနောက်မှ ဗျာဒိတ်တော်အားဖြင့်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် အာဗြံသို့ရောက်၍၊ အချင်းအာဗြံ၊ မစိုးရိမ်နှင့်။ ငါသည် သင်၏ အကွယ်အကာဖြစ်၏။ သင်၏အကျိုးသည် အလွန်ကြီးလှ၏ဟု မိန့်တော်မူလျှင်၊
这事以后,耶和华在异象中有话对亚伯兰说:“亚伯兰,你不要惧怕!我是你的盾牌,必大大地赏赐你。”
2 ၂ အာဗြံက၊ အရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် သားမရှိဘဲ သွားရပါ၏။ ဤဒမာသက်မြို့သား ဧလျာဇာ သည် အကျွန်ုပ်၏ အမွေခံဖြစ်ရပါ၏။ သို့ဖြစ်၍ အဘယ်ကျေးဇူးကို ပြုတော်မူပါမည်နည်းဟု လျှောက်ဆို၏။
亚伯兰说:“主耶和华啊,我既无子,你还赐我什么呢?并且要承受我家业的是大马士革人以利以谢。”
3 ၃ တဖန်အာဗြံက အကျွန်ုပ်အား အမျိုးအနွယ်ကို ပေးတော်မမူပါ။ အကျွန်ုပ်၏ အိမ်၌ ဘွားသောသူသည် အကျွန်ုပ်၏ အမွေခံဖြစ်ရပါသည်တကားဟု လျှောက်ဆို၏။
亚伯兰又说:“你没有给我儿子;那生在我家中的人就是我的后嗣。”
4 ၄ တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော် ရောက်လာသည်ကား၊ ဤသူသည် သင်၏အမွေခံ မဖြစ်ရ။ သင်၏ ကိုယ်ထဲက ထွက်သောသူသည် သင်၏ အမွေခံဖြစ်လိမ့်မည်ဟု မိန့်တော်မူပြီးလျှင်၊
耶和华又有话对他说:“这人必不成为你的后嗣;你本身所生的才成为你的后嗣。”
5 ၅ အာဗြံကိုပြင်သို့ ထုတ်ဆောင်တော်မူ၍၊ မိုဃ်းကောင်းကင်ကို မြော်ကြည့်လော့။ ကြယ်များကို ရေတွက် နိုင်လျှင် ရေတွက်လော့။ သင်၏အမျိုးအနွယ်သည်ထိုသို့ ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။
于是领他走到外边,说:“你向天观看,数算众星,能数得过来吗?”又对他说:“你的后裔将要如此。”
6 ၆ အာဗြံသည် ထာဝရဘုရားကို ယုံကြည်သည် ဖြစ်၍၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။
亚伯兰信耶和华,耶和华就以此为他的义。
7 ၇ တဖန်၊ငါသည် ဤပြည်ကို သင်အမွေခံစရာဘို့၊ သင်အားပေးလိုသောငှါ၊ ခါလဒဲပြည်သားတို့နေသော ဥရမြို့မှ သင့်ကို ထုတ်ဆောင်သော ထာဝရဘုရား ဖြစ်သည်ဟု မိန့်တော်မူလျှင်၊
耶和华又对他说:“我是耶和华,曾领你出了迦勒底的吾珥,为要将这地赐你为业。”
8 ၈ အရှင်ထာဝရဘုရား၊ ဤပြည်ကို အကျွန်ုပ် အမွေခံရမည်ကို အဘယ်သို့ သိရပါအံ့နည်းဟု မေးလျှောက်လေ၏။
亚伯兰说:“主耶和华啊,我怎能知道必得这地为业呢?”
9 ၉ ထာဝရဘုရားကလည်း၊ သုံးနှစ်အသက်ရှိသော နွားမတကောင်၊ သုံးနှစ်အသက်ရှိသော ဆိတ်တကောင်၊ သုံးနှစ်အသက်ရှိသော သိုးထီးတကောင်၊ ချိုးတကောင်၊ ခိုသငယ်တကောင်တို့ကို ငါဘို့ယူလော့ဟု မိန့်တော်မူသည်အတိုင်း၊
他说:“你为我取一只三年的母牛,一只三年的母山羊,一只三年的公绵羊,一只斑鸠,一只雏鸽。”
10 ၁၀ ထိုတိရစ္ဆာန်အပေါင်းတို့ကို ယူ၍၊ တကောင် တကောင်ကို ထက်ဝက်စီ ခွဲပြီးလျှင်၊ ခွဲသောအသားတို့ကို အဘက်တချက်၌ ထားလေ၏။ ငှက်ကောင်တို့ကို မခွဲ။
亚伯兰就取了这些来,每样劈开,分成两半,一半对着一半地摆列,只有鸟没有劈开。
11 ၁၁ ငှက်ရဲတို့သည် အသေကောင်တို့ အပေါ်သို့ ဆင်းလာသောအခါ၊ အာဗြံသည် နှင်လေ၏။
有鸷鸟下来,落在那死畜的肉上,亚伯兰就把它吓飞了。
12 ၁၂ နေဝင်သောအခါ၊ အာဗြံသည် ကြီးသော အိပ်ခြင်းဖြင့် အိပ်ပျော်လျက်၊ ထူသောမှောင်မိုက်နှင့်တွေ့၍၊ ထိတ်လန့် ခြင်းသို့ ရောက်လေ၏။
日头正落的时候,亚伯兰沉沉地睡了;忽然有惊人的大黑暗落在他身上。
13 ၁၃ ထာဝရဘုရားကလည်း၊ သင်၏ အမျိုးအနွယ်သည်၊ သူတပါးပိုင်သောပြည်၌ ဧည့်သည်ဖြစ်ကြသဖြင့်၊ သူတပါးတို့၌ ကျွန်ခံခြင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းကို အနှစ်လေးရာပတ်လုံးခံရကြလိမ့်မည်ကို အမှန်သိမှတ်လော့။
耶和华对亚伯兰说:“你要的确知道,你的后裔必寄居别人的地,又服事那地的人;那地的人要苦待他们四百年。
14 ၁၄ သူတို့ကို စေခိုင်းသော လူမျိုးကိုလည်း ငါစီရင်မည်။ ထိုနောက်မှ၊ သူတို့သည် များစွာသောဥစ္စာနှင့် ထွက်ကြလိမ့်မည်။
并且他们所要服事的那国,我要惩罚,后来他们必带着许多财物从那里出来。
15 ၁၅ သင်သည်ဘိုးဘေးတို့ထံသို့ ငြိမ်ဝပ်စွာ သွားရလိမ့်မည်။ အသက်ကြီးရင့်လျက် သင်္ဂြိုဟ်ခြင်းကို ခံရလိမ့် မည်။
但你要享大寿数,平平安安地归到你列祖那里,被人埋葬。
16 ၁၆ လူမျိုးလေးဆက်လွန်သောအခါ၊ သူတို့သည် ဤပြည်သို့ ပြန်လာကြလိမ့်မည်။ အာမောရိ အမျိုးသား တို့၏ ဒုစရိုက်အပြစ်သည် မစုံလင်သေးဟု အာဗြံအား မိန့်တော်မူ၏။
到了第四代,他们必回到此地,因为亚摩利人的罪孽还没有满盈。”
17 ၁၇ တဖန် နေဝင်၍ မိုက်သောအခါ၊ ခွဲထားသော အသားအလယ်၌၊ မီးခိုးထွက်သောမီးဖို၊ မီးထွန်းလင်း သော မီးခွက်သည် ထင်ရှားစွာ ရှောက်သွားလေ၏။
日落天黑,不料有冒烟的炉并烧着的火把从那些肉块中经过。
18 ၁၈ ထိုနေ့၌ ထာဝရဘုရားသည် အာဗြံနှင့် ပဋိညာဉ်ပြုတော်မူလျက်၊ အဲဂုတ္တု မြစ်မှစ၍ မြစ်ကြီး တည်းဟူသော၊ ဥဖရတ်မြစ်တိုင်အောင်၊ ဤပြည်ကို ၎င်း၊
当那日,耶和华与亚伯兰立约,说:“我已赐给你的后裔,从埃及河直到幼发拉底大河之地,
19 ၁၉ ကေနိလူ၊ ကေနဇိလူ၊ ကာဒမောနိလူ၊
就是基尼人、基尼洗人、甲摩尼人、
20 ၂၀ ဟိတ္တိလူ၊ ဖေရဇိလူ၊ ရေဖိမ်လူ၊ အာမောရိလူ၊ ခါနနိလူ၊ ဂိရဂါရှိလူ၊ ယေဗုသိလူတို့ကို၎င်း၊
赫人、比利洗人、利乏音人、
21 ၂၁ သင်၏ အမျိုးအနွယ်အား ငါအပ်ပေးပြီဟု မိန့်တော်မူ၏။
亚摩利人、迦南人、革迦撒人、耶布斯人之地。”