< ကမ္ဘာဦး 14 >
1 ၁ ထိုရောအခါ၊ ရှိနာမင်းကြီး အံရဖေလ၊ ဧလာသာမင်းကြီးအာရုတ်၊ ဧလံမင်းကြီးခေဒေါရလောမာ၊ ဂေါအိမ်မင်းကြီးတိဒလတို့သည်၊
Ní àsìkò yìí ni Amrafeli ọba Ṣinari, Arioku ọba Ellasari, Kedorlaomeri ọba Elamu àti Tidali ọba Goyimu
2 ၂ သောဒုံမင်းကြီးဗေရ၊ ဂေါမောရမင်းကြီး ဗိရရှ၊ အာဓမာမင်းကြီးရှိနပ်၊ ဇေဘိုင်မင်းကြီး ရှေမဘာ၊ ဗေလာမင်းကြီးတို့နှင့် စစ်တိုက်ကြ၏။ ဗေလပြည်ကား၊ ဇောရအမည်လည်းရှိသတည်း။
jáde lọ láti bá Bera ọba Sodomu, Birṣa ọba Gomorra, Ṣenabu ọba Adma, Ṣemeberi ọba Seboimu àti ọba Bela (èyí ni Soari) jagun.
3 ၃ ထိုပြည်ရှိသမျှတို့သည်၊ သောဒုံအိုင်ဖြစ်သော စိဒ္ဒိမ်ချိုင့်တွင် နီးစပ်လျက်ရှိကြ၏။
Gbogbo àwọn ọba wọ̀nyí ni ó kó ogun wọn jọ pọ̀ sí àfonífojì Siddimu (ti o túmọ̀ sí Òkun Iyọ̀).
4 ၄ တဆယ်နှစ်နှစ်ပတ်လုံး ခေဒေါရလောမာမင်းကြီးထံ ကျွန်ခံပြီးလျှင်၊ တဆယ်သုံးနှစ်မြောက်သောအခါ ပုန်ကန်ကြ၏။
Fún ọdún méjìlá gbáko ni wọ́n ti ń sin Kedorlaomeri bí ẹrú. Ṣùgbọ́n nígbà tí ó di ọdún kẹtàlá wọ́n ṣọ̀tẹ̀ sí i.
5 ၅ တဆယ်လေးနှစ်မြောက်လျှင်၊ ခေဒေါရလောမာမင်းသည်၊ မိမိဘက်ကနေသော မင်းကြီးတို့နှင့် တကွလာ၍၊ အာရှတရုတ်ကာနိမ်မြို့၌၊ ရေဖိမ်လူများကို၎င်း၊ ဟာမမြို့၌ ဇူဇိမ်လူ များကို၎င်း၊ ကိရယသိမ်ချိုင့်၌ ဧမိမ်လူများကို၎င်း၊
Ní ọdún kẹrìnlá, ni Kedorlaomeri àti àwọn ọba tí wọ́n ti jọ ni májẹ̀mú àṣepọ̀ wá, wọ́n ṣígun, wọ́n sì ṣẹ́gun ará Refaimu ní Aṣteroti-Karnaimu, àwọn ará Susimu ni Hamu, àwọn ará Emimu ní pẹ̀tẹ́lẹ̀ Kiriataimu,
6 ၆ စိရတောင်ပေါ်မှာဟောရိလူများကို၎င်း လုပ်ကြံ၍၊ တောနားမှာရှိသော ဧလပါရန်မြို့တိုင်အောင် လိုက်ကြ၏။
àti àwọn ará Hori ní orí òkè wọ̀n-ọn-nì Seiri, títí ó fi dé Eli-Parani ní etí ijù.
7 ၇ တဖန်ပြန်လာ၍၊ ကာဒေရှပြည်၊ အင်မိရှပတ်မြို့သို့ ရောက်ပြီးလျှင်၊ အာမလက်ပြည်ရှိသမျှကို၎င်း၊ ဟာဇဇုန္တမာမြို့၌နေသော အာမောရိလူများကို၎င်း လုပ်ကြံကြ၏။
Wọ́n sì tún yípadà lọ sí En-Miṣpati (ti o túmọ̀ sí Kadeṣi), wọ́n sì ṣẹ́gun gbogbo ilẹ̀ àwọn Amaleki, àti àwọn ará Amori tí ó tẹ̀dó sí Hasason Tamari pẹ̀lú.
8 ၈ ထိုအခါ သောဒုံမင်းကြီး၊ ဂေါမောရ မင်းကြီး၊ အာဓမာမင်းကြီး၊ ဇေဘိုင်မင်းကြီး၊ ဇောရတည်း ဟူသော ဗေလာမင်းကြီးတို့သည် ချီထွက်၍ စိဒ္ဒိမ်ချိုင့်၌ စစ်ပြိုင်ကြ၏။
Nígbà náà ni ọba Sodomu, ọba Gomorra, ọba Adma, ọba Seboimu àti ọba Bela (èyí ni Soari), kó àwọn ọmọ-ogun wọn, wọ́n sì pa ibùdó ogun wọn sí Àfonífojì Siddimu,
9 ၉ ထိုသို့ ဧလံမင်းကြီး ခေဒေါရလောမာ၊ ဂေါအိမ် မင်းကြီးတိဒလ၊ ရှိနာမင်းကြီး အံရဖေလ၊ ဧလာသာ မင်းကြီး အာရုတ်တည်းဟူသော၊ မင်းကြီးလေးပါးနှင့်၊ မင်းကြီးငါးပါးတို့သည် စစ်ပြိုင်ကြ၏။
láti kojú ìjà sí Kedorlaomeri ọba Elamu, Tidali ọba Goyimu, Amrafeli ọba Ṣinari àti Arioku ọba Ellasari (ọba mẹ́rin kọjú ìjà sí ọba márùn-ún).
10 ၁၀ စိဒ္ဒိမ်ချိုင့်၌ ရေညှိအကျိအချွဲနှင့် ပြည့်သော တွင်းများ ရှိ၏။ သောဒုံမင်းကြီး၊ဂေါမောရမင်းကြီးတို့သည် ပြေး၍ ထိုတွင်းများ၌ ကျလေ၏။ ကြွင်းသောသူတို့သည် တောင်သို့ပြေးကြ၏။
Àfonífojì Siddimu sì kún fún kòtò ọ̀dà ilẹ̀, nígbà tí ọba Sodomu àti ọba Gomorra sì sá, díẹ̀ nínú àwọn ọkùnrin ogun náà ṣubú sínú àwọn kòtò náà, àwọn tókù sì sálọ sì orí òkè.
11 ၁၁ အောင်သောမင်းတို့သည်၊ သောဒုံမြို့နှင့် ဂေါမောရမြို့၌ ရှိသမျှသော ဥစ္စာနှင့် မြို့ရိက္ခာ ရှိသမျှတို့ကို ယူ၍သွားကြ၏။
Àwọn ọba mẹ́rẹ̀ẹ̀rin náà sì kó gbogbo ẹrù Sodomu àti Gomorra àti oúnjẹ wọn; wọ́n sì lọ.
12 ၁၂ သောဒုံမြို့၌နေသော အာဗြံအစ်ကိုသား လောတနှင် သူ၏ဥစ္စာတို့ကိုလည်း သိမ်းယူ၍သွား၏။
Wọ́n sì mú Lọti ọmọ arákùnrin Abramu tí ń gbé ní Sodomu àti gbogbo ohun ìní rẹ̀.
13 ၁၃ ထိုဘေးမှ လွတ်၍ ပြေးသော သူတယောက်သည်၊ ဟေဗြဲလူ အာဗြံနှင့်မိဿဟာယဖွဲ့သောသူ၊ ဧရှ ကောလနှင့် အာနေရ၏အစ်ကို အာမောရိလူမံရေ၏ သပိတ်တောနားမှာ နေသော အာဗြံထံသို့ ရောက်၍၊ သိတင်းကြားပြောလေ၏။
Ẹnìkan tí ó sá àsálà sì wá ròyìn fún Abramu, ará Heberu ni. Abramu sá ti tẹ̀dó sí ẹ̀gbẹ́ igi ńlá igbó Mamre ará Amori, arákùnrin Eṣkolu àti Aneri: àwọn ẹni tí ó ń bá Abramu ní àṣepọ̀.
14 ၁၄ အာဗြံသည် မိမိ အစ်ကိုသားကို ဘမ်းသွား ကြောင်းကိုကြားလျှင်၊ မိမိအိမ်၌ ဘွား၍ သွန်သင်သော လူသုံးရာတဆယ်ရှစ်ယောက်တို့ကို စီရင်၍၊ ဒန်မြို့ တိုင်အောင်လိုက်လေ၏။
Nígbà tí Abramu gbọ́ wí pé, a di Lọti ní ìgbèkùn, ó kó àwọn ọmọ ọ̀dọ̀ rẹ̀ tí a bí sí ilẹ̀ rẹ̀ tí ó sì ti kọ́ ni ogun jíjà jáde, wọ́n jẹ́ okòó lé lọ́ọ̀dúnrún ó dín méjì ènìyàn, ó sì lépa wọn títí dé Dani.
15 ၁၅ ညဉ့်အခါ၊ မိမိလူတို့ကိုခွဲ၍ တိုက်စေသဖြင့်၊ လုပ်ကြံပြီးလျှင်၊ ဒမာသက်မြို့မြောက်ဘက် ဟောဘမြို့ တိုင်အောင်လိုက်ပြန်လေ၏။
Ní ọ̀gànjọ́ òru, Abramu pín àwọn ọmọ-ogun rẹ̀ sí méjì, ó sì kọlù wọ́n, ó sì ṣẹ́gun wọn, ó sì lé wọn títí dé Hoba tí ó wà ní apá òsì Damasku.
16 ၁၆ ရန်သူတို့သိမ်းသွားသော ဥစ္စာရှိသမျှကို၎င်း၊ မိမိအစ်ကိုသား လောတနှင့် သူ၏ဥစ္စာကို၎င်း၊ မိန်းမများ နှင့် လူများကို၎င်း၊ တဖန်ဆောင်ယူခဲ့လေ၏။
Gbogbo ìkógun ni ó rí gbà padà àti ọmọ arákùnrin rẹ̀, Lọti pẹ̀lú ohun ìní rẹ̀, àti àwọn obìnrin pẹ̀lú àwọn ènìyàn tókù.
17 ၁၇ ခေဒေါရ လောမာနှင့်၊ သူ့ဘက်ကနေသော မင်းကြီးတို့ကို လုပ်ကြံရာမှ အာဗြံပြန်လာသောအခါ၊ သောဒုံမင်းကြီးသည် ခရီးဦးကြိုပြုခြင်းငှါ ရှာဝေချိုင့် တည်းဟူသော မင်းကြီးချိုင့်သို့ ထွက်သွား၏။
Nígbà tí Abramu ti ṣẹ́gun Kedorlaomeri àti àwọn ọba tí ó pẹ̀lú rẹ̀, ọba Sodomu lọ pàdé rẹ̀ ní àfonífojì Ṣafe (èyí ni àfonífojì Ọba).
18 ၁၈ အမြင့်ဆုံးသော ဘုရားသခင်၏ ယဇ်ပုရောဟိတ်ဖြစ်သော၊ ရှာလင်မင်းကြီး မေလခိဇေဒက်သည်လည်း၊ မုန့်နှင့် စပျစ်ရည်ကို ဆောင်ခဲ့ပြီးလျှင်၊
Melkisedeki ọba Salẹmu sì mú oúnjẹ àti ọtí wáìnì jáde wá. Òun ni àlùfáà Ọlọ́run Ọ̀gá-ògo.
19 ၁၉ ကောင်းကင်မြေကြီးရှင်၊ အမြင့်ဆုံးသော ဘုရားသခင်သည် အာဗြံအား ကောင်းကြီးပေးတော်မူပါစေ သောဟု၊ အာဗြံကို ကောင်းကြီးပေး၍၊
Ó sì súre fún Abramu, wí pé, “Ìbùkún ni fún Abramu ti Ọlọ́run Ọ̀gá-ògo, Ẹni tí ó dá ọ̀run òun ayé.
20 ၂၀ သင်၏ ရန်သူတို့ကို သင်၏လက်၌ အပ်နှံတော်မူသော အမြင့်ဆုံးသော ဘုရားသခင်လည်း မင်္ဂလာ ရှိတော်မူစေသတည်းဟု မြွက်ဆို၏။ အာဗြံသည်လည်း ဥစ္စာရှိသမျှတို့ကို၊ ထိုမင်းအား ဆယ်ဘို့ထဘို့ လှူလေ၏။
Ìbùkún sì ni fún Ọlọ́run Ọ̀gá-ògo jùlọ, tí ó fi àwọn ọ̀tá rẹ lé ọ lọ́wọ́.” Abramu sì fún un ní ìdámẹ́wàá ohun gbogbo.
21 ၂၁ သောဒုံမင်းကြီးကလည်း၊ လူတို့ကို ကျွန်ုပ်အား ပြန်ပေးပါ၊ ဥစ္စာတို့ကိုကား၊ ကိုယ်တိုင်ယူပါလော့ဟု အာဗြံအား ပြောလိုလျှင်၊
Ọba Sodomu sì wí fún Abramu pé, “Kó àwọn ènìyàn mi fún mi, ṣùgbọ́n mú àwọn ẹrù fún ara rẹ.”
22 ၂၂ အာဗြံက၊ မင်းကြီးသည် အာဗြံကို ငါရတတ်စေပြီဟု ပြောစရာမရှိစေခြင်းငှါ လုလင်တို့သည် စားပြီး သော အရာကို၎င်း၊ ကျွန်ုပ်နှင့်အတူ လိုက်လာသောသူ၊ အာနေရ၊ ဧရှကောလ၊ မံရေတို့သည် မိမိတို့ အဘို့ကို ယူစေခြင်းငှါ အခွင့်ပေးသဖြင့်၊ သူတို့ယူသော အဘို့ကို၎င်း၊ ထား၍၊ မင်းကြီး၏ဥစ္စာ၊ အပ်ခြည်တမျှင်ဖြစ်စေ ခြေနင်းကြိုးတပင်ဖြစ်စေ၊ တစုံတခုကိုမျှ ငါမယူဟု ကောင်းကင်မြေကြီးရှင်၊ အမြင့်ဆုံးသော ဘုရားသခင် ထာဝရဘုရားရှေ့တော်၌၊ ကျွန်ုပ်သည်လက်ကိုချီ၍ အဓိဌာန်ပြုပါပြီဟု၊ သောဒုံမင်းကြီးအားပြောဆိုလေ၏။
Ṣùgbọ́n Abramu dá ọba Sodomu lóhùn pé, “Mo ti búra fún Olúwa, Ọlọ́run Ọ̀gá-ògo, tí ó dá ọ̀run àti ayé, mo sì ti gbọ́wọ́ sókè,
pé, èmi kì yóò mú láti fọ́nrán òwú títí dé okùn bàtà, àti pé, èmi kí yóò mú ohun kan tí ṣe tìrẹ, kí ìwọ kí ó má ba à wí pé, ‘Mo sọ Abramu di ọlọ́rọ̀.’
Èmi kì yóò gba ohunkóhun yàtọ̀ sí ohun tí àwọn ọkùnrin mi ti jẹ́, ṣùgbọ́n fi ìpín fún àwọn ọkùnrin tí ó bá mi lọ, Aneri, Eṣkolu àti Mamre. Jẹ́ kí wọn kí ó gba ìpín wọn.”