< ကမ္ဘာ​ဦး 13 >

1 အာဗြံသမီးမောင်နှံတို့သည်လည်း၊ လောတနှင့် တကွ မိမိတို့၌ ရှိသမျှသော ဥစ္စာကိုယူ၍၊ အဲဂုတ္တုပြည်မှ ထွက်သွားသဖြင့်၊ ခါနာန်ပြည်တောင်ပိုင်းသို့ ရောက်ကြ၏။
အာဗြံ သမီး မောင်နှံတို့သည်လည်း ၊ လောတ နှင့်တကွ မိမိ တို့၌ ရှိသမျှ သော ဥစ္စာကိုယူ၍၊ အဲဂုတ္တု ပြည်မှ ထွက်သွား သဖြင့် ၊ ခါနာန်ပြည်တောင် ပိုင်းသို့ ရောက်ကြ၏။
2 ထိုအခါ အာဗြံသည်၊ သိုး၊ နွားစသည်တို့ကို၎င်း၊ ရွှေငွေကို၎င်း အလွန်ရတတ်၏။
ထိုအခါ အာဗြံ သည်၊ သိုး ၊ နွားစသည်တို့ကို၎င်း၊ ရွှေ ငွေ ကို ၎င်း အလွန် ရ တတ်၏။
3 တဖန်တောင်ပိုင်းမှ ခရီးသွား၍၊ ဗေသလနယ်အတွင်း၊ ဗေသလမြို့၊ အာဣမြို့စပ်ကြား၌၊ အထက်က တဲကိုဆောက်၍၊
တဖန် တောင် ပိုင်းမှ ခရီး သွား ၍ ၊ ဗေသလ နယ် အတွင်း ၊ ဗေသလ မြို့၊ အာဣ မြို့စပ်ကြား ၌ ၊ အထက် က တဲ ကိုဆောက်၍၊
4 ယဇ်ပလ္လင်ကိုတည်ခဲ့ဘူးသော အရပ်သို့ ရောက်ပြန်လျှင်၊ ထိုအရပ်တွင် ထာဝရဘုရား၏ နာမတော်ကို ပဌနာပြု၏။
ယဇ် ပလ္လင်ကိုတည် ခဲ့ဘူးသော အရပ် သို့ ရောက်ပြန်လျှင်၊ ထို အရပ်တွင် ထာဝရဘုရား ၏ နာမ တော်ကို ပဌနာ ပြု၏။
5 အာဗြံနှင့်အတူ လိုက်လာသော လောတသည်လည်း သိုး၊ နွားများနှင့် တဲအများရှိသဖြင့်၊
အာဗြံ နှင့်အတူ လိုက် လာသောလောတ သည်လည်း သိုး ၊ နွား များနှင့် တဲ အများရှိ သဖြင့်၊
6 ထိုလူနှစ်ဦးတို့သည် အတူနေခြင်းငှါ ထိုမြေ မဆံ့နိုင်။ ဥစ္စာများလွန်း၍၊ သူတို့သည် တရပ်တည်း မနေနိုင်ကြ။
ထိုလူနှစ်ဦးတို့သည် အတူ နေ ခြင်းငှါ ထိုမြေ မ ဆံ့ နိုင်။ ဥစ္စာ များ လွန်း၍ ၊ သူ တို့သည် တ ရပ်တည်း မ နေ နိုင် ကြ။
7 အာဗြံ၏ နွား ကျောင်းသား၊ လောတ၏ နွားကျောင်းသားတို့သည်လည်း ခိုက်ရန်ပြုကြ၏။ ထိုအခါ၊ ခါနာန်အမျိုးသား၊ ဖေရဇိအမျိုးသားတို့သည် ထိုပြည်၌ နေကြသတည်း။
အာဗြံ ၏ နွား ကျောင်းသား၊ လောတ ၏ နွား ကျောင်းသားတို့သည်လည်း ခိုက်ရန် ပြုကြ၏။ ထိုအခါ ၊ ခါနာန် အမျိုးသား၊ ဖေရဇိ အမျိုးသားတို့သည် ထိုပြည် ၌ နေ ကြသတည်း။
8 အာဗြံကလည်း၊ ငါတို့သည် ညီအစ်ကိုချင်းဖြစ်လျက်၊ ငါနှင့် သင်၌၎င်း၊ ငါ့နွားကျောင်းသားတို့နှင့်၊ သင့်နွားကျောင်းသားတို့၌၎င်း၊ ခိုက်ရန်မရှိပါစေနှင့်။
အာဗြံ ကလည်း ၊ ငါ တို့သည် ညီအစ်ကို ချင်းဖြစ်လျက်၊ ငါ နှင့် သင် ၌ ၎င်း၊ ငါ့ နွား ကျောင်းသားတို့နှင့် ၊ သင့် နွား ကျောင်းသားတို့၌ ၎င်း၊ ခိုက်ရန် မ ရှိ ပါစေနှင့်။
9 မြေတပြင်လုံးသည် သင့်ရှေ့မှာရှိသည် မဟုတ်လော့။ ငါနှင့် ခွာ၍နေပါလော့။ သင်သည် လက်ဝဲဘက်သို့ သွားလျှင်၊ ငါသည် လက်ျာဘက်သို့သွားမည်။ သင်သည် လက်ျာဘက်သို့ သွားလျှင်၊ ငါသည် လက်ဝဲဘက်သို့ သွားမည်ဟု ဆို၏။
မြေ တပြင်လုံး သည် သင့် ရှေ့ မှာရှိသည် မ ဟုတ်လော့။ ငါ နှင့် ခွာ ၍နေပါလော့။ သင်သည် လက်ဝဲ ဘက်သို့ သွားလျှင် ၊ ငါသည် လက်ျာ ဘက်သို့သွားမည်။ သင်သည် လက်ျာ ဘက်သို့ သွားလျှင် ၊ ငါသည် လက်ဝဲ ဘက်သို့ သွားမည်ဟု ဆို၏။
10 ၁၀ ထိုကာလအခါ၊ သောဒုံမြို့နှင့် ဂေါမောရမြို့ကို ထာဝရဘုရား ဖျက်ဆီးတော်မမူမှီ၊ ဇောရမြို့သို့ သွားသောလမ်း၊ ယော်ဒန်မြစ် ပတ်ဝန်းကျင်အရပ်ရပ်၌ ရေများ၍ ထာဝရဘုရား၏ ဥယျာဉ်တော်ကဲ့သို့၎င်း အဲဂုတ္တုပြည် ကဲ့သို့၎င်းဖြစ်သည်ကို၊ လောတမြော်ကြည့်၍ မြင်လျှင်၊
၁၀ထိုကာလအခါ၊ သောဒုံ မြို့နှင့် ဂေါမောရ မြို့ကို ထာဝရဘုရား ဖျက်ဆီး တော်မ မူမှီ၊ ဇောရ မြို့သို့ သွား သောလမ်း၊ ယော်ဒန် မြစ် ပတ်ဝန်းကျင် အရပ်ရပ် ၌ ရေ များ၍ ထာဝရဘုရား ၏ ဥယျာဉ် တော်ကဲ့သို့ ၎င်း အဲဂုတ္တု ပြည် ကဲ့သို့ ၎င်း ဖြစ်သည်ကို၊ လောတ မြော် ကြည့် ၍ မြင် လျှင်၊
11 ၁၁ ယော်ဒန်ချိုင့် တရှောက်လုံးကို ရွေးချယ်၍၊ အရှေ့သို့ ပြောင်းသွားသဖြင့်၊ အချင်းချင်း တဦးနှင့် တဦး ကွဲပြားကြ၏။
၁၁ယော်ဒန် ချိုင့် တရှောက်လုံး ကို ရွေးချယ် ၍ ၊ အရှေ့ သို့ ပြောင်း သွားသဖြင့် ၊ အချင်းချင်း တ ဦးနှင့် တဦးကွဲပြား ကြ၏။
12 ၁၂ အာဗြံသည် ခါနာန်ပြည်၌ နေလေ၏။ လောတ မူကား၊ မြစ်ပတ်ဝန်းကျင်မြို့တို့တွင်နေ၍၊ သောဒုံမြို့ နားမှာ တဲကို ဆောက်လေ၏။
၁၂အာဗြံ သည် ခါနာန် ပြည် ၌ နေ လေ၏။ လောတ မူကား ၊ မြစ် ပတ်ဝန်းကျင်မြို့ တို့တွင် နေ ၍ ၊ သောဒုံ မြို့ နား မှာ တဲ ကို ဆောက်လေ၏။
13 ၁၃ သောဒုံမြို့သားတို့သည် ဆိုးသောသူ၊ ထာဝရဘုရားရှေ့၌၊ အလွန်အပြစ်များသောသူ ဖြစ်ကြသတည်း။
၁၃သောဒုံ မြို့သား တို့သည် ဆိုး သောသူ၊ ထာဝရဘုရား ရှေ့ ၌၊ အလွန် အပြစ် များသောသူဖြစ် ကြသတည်း။
14 ၁၄ လောတသည် အာဗြံနှင့်ခွါ၍ သွားပြီးမှ၊ ထာဝရဘုရားသည် အာဗြံကိုခေါ်၍၊ သင်ရှိသောအရပ်က၊ တောင်၊ မြောက်၊ အရှေ့၊ အနောက်သို့ မြော်ကြည့်လော့။
၁၄လောတ သည် အာဗြံ နှင့် ခွါ ၍ သွားပြီးမှ ၊ ထာဝရဘုရား သည် အာဗြံကိုခေါ်၍၊ သင် ရှိသော အရပ် က၊ တောင် ၊ မြောက် ၊ အရှေ့ ၊ အနောက် သို့ မြော် ကြည့် လော့။
15 ၁၅ သင်မြင်သော မြေတပြင်လုံးကို၊ သင်နှင့်သင်၏ အမျိုးအနွယ်အား၊ ငါသည်ကာလအစဉ်အမြဲပေးမည်။
၁၅သင် မြင် သော မြေ တပြင်လုံး ကို၊ သင် နှင့် သင် ၏ အမျိုး အနွယ်အား ၊ ငါသည်ကာလ အစဉ်အမြဲပေး မည်။
16 ၁၆ သင်၏အမျိုးအနွယ်ကို မြေမှုန့်ကဲ့သို့ ငါများပြားစေမည်။ သို့ဖြစ်၍ လူသည်မြေမှုန့်ကို ရေတွက်နိုင်လျှင်၊ သင်၏ အမျိုးအနွယ်ကို ရေတွက်နိုင်ကြလိမ့်မည်။
၁၆သင် ၏အမျိုး အနွယ်ကို မြေ မှုန့် ကဲ့သို့ ငါများပြားစေမည်။ သို့ဖြစ်၍ လူ သည်မြေ မှုန့် ကို ရေတွက် နိုင် လျှင် ၊ သင် ၏ အမျိုး အနွယ်ကို ရေတွက် နိုင်ကြလိမ့်မည်။
17 ၁၇ သင်ထ၍မြေကို အလျားအားဖြင့်၎င်း၊ အနံအားဖြင့်၎င်း ရှောက်သွားလော့။ သင်အား ငါပေးမည်ဟု မိန့်တော်မူ၏။
၁၇သင်ထ ၍မြေ ကို အလျား အားဖြင့် ၎င်း ၊ အနံ အားဖြင့် ၎င်း ရှောက် သွားလော့။ သင် အား ငါပေး မည်ဟု မိန့် တော်မူ၏။
18 ၁၈ တဖန်အာဗြံသည် တဲကိုပြောင်း၍၊ ဟေဗြုန်မြို့၊ မံရေသပိတ်တောသို့ ရောက်မှ နေရာကျ၍ ထာဝရဘုရား အဘို့ ယဇ်ပလ္လင်ကို တည်လေ၏။
၁၈တဖန် အာဗြံ သည် တဲ ကိုပြောင်း၍ ၊ ဟေဗြုန် မြို့၊ မံရေ သပိတ်တော သို့ ရောက် မှ နေရာ ကျ၍ ထာဝရဘုရား အဘို့ ယဇ် ပလ္လင်ကို တည် လေ၏။

< ကမ္ဘာ​ဦး 13 >