< ကမ္ဘာဦး 13 >
1 ၁ အာဗြံသမီးမောင်နှံတို့သည်လည်း၊ လောတနှင့် တကွ မိမိတို့၌ ရှိသမျှသော ဥစ္စာကိုယူ၍၊ အဲဂုတ္တုပြည်မှ ထွက်သွားသဖြင့်၊ ခါနာန်ပြည်တောင်ပိုင်းသို့ ရောက်ကြ၏။
Vstoupil tedy Abram z Egypta on i žena jeho i všecko, což měl, a Lot s ním, ku poledni.
2 ၂ ထိုအခါ အာဗြံသည်၊ သိုး၊ နွားစသည်တို့ကို၎င်း၊ ရွှေငွေကို၎င်း အလွန်ရတတ်၏။
(Byl pak Abram bohatý velmi na dobytek, na stříbro i na zlato.)
3 ၃ တဖန်တောင်ပိုင်းမှ ခရီးသွား၍၊ ဗေသလနယ်အတွင်း၊ ဗေသလမြို့၊ အာဣမြို့စပ်ကြား၌၊ အထက်က တဲကိုဆောက်၍၊
A šel cestami svými od poledne až do Bethel, až k místu tomu, kdež prvé byl stánek jeho, mezi Bethel a Hai,
4 ၄ ယဇ်ပလ္လင်ကိုတည်ခဲ့ဘူးသော အရပ်သို့ ရောက်ပြန်လျှင်၊ ထိုအရပ်တွင် ထာဝရဘုရား၏ နာမတော်ကို ပဌနာပြု၏။
K místu oltáře, kterýž tam byl prvé vzdělal, kdežto vzýval Abram jméno Hospodinovo.
5 ၅ အာဗြံနှင့်အတူ လိုက်လာသော လောတသည်လည်း သိုး၊ နွားများနှင့် တဲအများရှိသဖြင့်၊
Také i Lot, kterýž s Abramem chodil, měl ovce a voly i stany.
6 ၆ ထိုလူနှစ်ဦးတို့သည် အတူနေခြင်းငှါ ထိုမြေ မဆံ့နိုင်။ ဥစ္စာများလွန်း၍၊ သူတို့သည် တရပ်တည်း မနေနိုင်ကြ။
A nemohla jim země postačovati, aby spolu bydlili, proto že zboží jich bylo veliké, tak že nemohli spolu bydliti.
7 ၇ အာဗြံ၏ နွား ကျောင်းသား၊ လောတ၏ နွားကျောင်းသားတို့သည်လည်း ခိုက်ရန်ပြုကြ၏။ ထိုအခါ၊ ခါနာန်အမျိုးသား၊ ဖေရဇိအမျိုးသားတို့သည် ထိုပြည်၌ နေကြသတည်း။
Odkudž vznikla nesnáz mezi pastýři stáda Abramova a mezi pastýři stáda Lotova; nebo Kananejští a Ferezejští tehdáž bydlili v zemi té.
8 ၈ အာဗြံကလည်း၊ ငါတို့သည် ညီအစ်ကိုချင်းဖြစ်လျက်၊ ငါနှင့် သင်၌၎င်း၊ ငါ့နွားကျောင်းသားတို့နှင့်၊ သင့်နွားကျောင်းသားတို့၌၎င်း၊ ခိုက်ရန်မရှိပါစေနှင့်။
Řekl tedy Abram k Lotovi: Nechžť, prosím, není nesnáze mezi mnou a tebou, a mezi pastýři mými a pastýři tvými, poněvadž muži bratří jsme.
9 ၉ မြေတပြင်လုံးသည် သင့်ရှေ့မှာရှိသည် မဟုတ်လော့။ ငါနှင့် ခွာ၍နေပါလော့။ သင်သည် လက်ဝဲဘက်သို့ သွားလျှင်၊ ငါသည် လက်ျာဘက်သို့သွားမည်။ သင်သည် လက်ျာဘက်သို့ သွားလျှင်၊ ငါသည် လက်ဝဲဘက်သို့ သွားမည်ဟု ဆို၏။
Zdaliž není před tebou všecka země? Odděl se, prosím, ode mne. Půjdeš-li na levo, já na pravo se držeti budu; pakli půjdeš na pravo, na levo se držeti budu.
10 ၁၀ ထိုကာလအခါ၊ သောဒုံမြို့နှင့် ဂေါမောရမြို့ကို ထာဝရဘုရား ဖျက်ဆီးတော်မမူမှီ၊ ဇောရမြို့သို့ သွားသောလမ်း၊ ယော်ဒန်မြစ် ပတ်ဝန်းကျင်အရပ်ရပ်၌ ရေများ၍ ထာဝရဘုရား၏ ဥယျာဉ်တော်ကဲ့သို့၎င်း အဲဂုတ္တုပြည် ကဲ့သို့၎င်းဖြစ်သည်ကို၊ လောတမြော်ကြည့်၍ မြင်လျှင်၊
Pozdvih tedy Lot očí svých, spatřil všecku rovinu vůkol Jordánu, kteráž před tím, než Hospodin zkazil Sodomu a Gomoru, všecka až k Ségor svlažována byla, jako zahrada Hospodinova, a jako země Egyptská.
11 ၁၁ ယော်ဒန်ချိုင့် တရှောက်လုံးကို ရွေးချယ်၍၊ အရှေ့သို့ ပြောင်းသွားသဖြင့်၊ အချင်းချင်း တဦးနှင့် တဦး ကွဲပြားကြ၏။
I zvolil sobě Lot všecku rovinu Jordánskou, a bral se k východu; a tak oddělili se jeden od druhého.
12 ၁၂ အာဗြံသည် ခါနာန်ပြည်၌ နေလေ၏။ လောတ မူကား၊ မြစ်ပတ်ဝန်းကျင်မြို့တို့တွင်နေ၍၊ သောဒုံမြို့ နားမှာ တဲကို ဆောက်လေ၏။
Abram bydlil v zemi Kananejské, ale Lot přebýval v městech té roviny, podav stanů až k Sodomě.
13 ၁၃ သောဒုံမြို့သားတို့သည် ဆိုးသောသူ၊ ထာဝရဘုရားရှေ့၌၊ အလွန်အပြစ်များသောသူ ဖြစ်ကြသတည်း။
Lidé pak Sodomští byli zlí, a hříšníci před Hospodinem velicí.
14 ၁၄ လောတသည် အာဗြံနှင့်ခွါ၍ သွားပြီးမှ၊ ထာဝရဘုရားသည် အာဗြံကိုခေါ်၍၊ သင်ရှိသောအရပ်က၊ တောင်၊ မြောက်၊ အရှေ့၊ အနောက်သို့ မြော်ကြည့်လော့။
I řekl Hospodin Abramovi, když se oddělil od něho Lot: Pozdvihni nyní očí svých, a pohleď z místa, na němž jsi, na půlnoci a na poledne, i na východ a na západ.
15 ၁၅ သင်မြင်သော မြေတပြင်လုံးကို၊ သင်နှင့်သင်၏ အမျိုးအနွယ်အား၊ ငါသည်ကာလအစဉ်အမြဲပေးမည်။
Nebo všecku zemi, kterouž vidíš, tobě dám a semeni tvému až na věky.
16 ၁၆ သင်၏အမျိုးအနွယ်ကို မြေမှုန့်ကဲ့သို့ ငါများပြားစေမည်။ သို့ဖြစ်၍ လူသည်မြေမှုန့်ကို ရေတွက်နိုင်လျှင်၊ သင်၏ အမျိုးအနွယ်ကို ရေတွက်နိုင်ကြလိမ့်မည်။
A rozmnožím símě tvé jako prach země; nebo jestliže kdo bude moci sčísti prach země, tedy i símě tvé sečteno bude.
17 ၁၇ သင်ထ၍မြေကို အလျားအားဖြင့်၎င်း၊ အနံအားဖြင့်၎င်း ရှောက်သွားလော့။ သင်အား ငါပေးမည်ဟု မိန့်တော်မူ၏။
Vstaň, projdi tu zemi na dýl i na šíř její; nebo tobě ji dám.
18 ၁၈ တဖန်အာဗြံသည် တဲကိုပြောင်း၍၊ ဟေဗြုန်မြို့၊ မံရေသပိတ်တောသို့ ရောက်မှ နေရာကျ၍ ထာဝရဘုရား အဘို့ ယဇ်ပလ္လင်ကို တည်လေ၏။
Tedy Abram hnuv se s stanem, přišel a bydlil v rovinách Mamre, kteréž jsou při Hebronu, kdežto vzdělal oltář Hospodinu.