< ကမ္ဘာဦး 11 >
1 ၁ မြေကြီးသားအပေါင်းတို့သည် ဘာသာတမျိုးတည်း။ စကားတမျိုးတည်းရှိကြသည်ဖြစ်၍၊
Ke mutawauk ah, kain kas sefanna lun mwet faclu nufon, ac mwet uh orekmakin pusra sefanna.
2 ၂ အရှေ့မျက်နှာမှ ခရီးသွားသဖြင့်၊ ရှိနာပြည်၌ မြေညီရာအရပ် ကိုတွေ့၍ နေရာချကြ၏။
Ke elos forfor layen kutulap, elos sun sie acn tupasrpasr in acn Babylonia ac oakwuki we.
3 ၃ သူတို့ကလည်း လာကြ။ အုတ်လုပ်၍ ခိုင်မာစွာ ဖုတ်ကြကုန်အံ့ဟု၊ တယောက်ကို တယောက် ပြောကြ၏။ ထိုသို့ ကျောက်အရာ၌ အုတ်ကို၎င်း၊ သရွတ်အရာ၌ ရေညှိတမျိုးကို၎င်း ရပြီးလျှင်၊
Elos fahk nu sin sie sin sie, “Fahsru, kut in orek brick ac omunla in ku.” Ouinge elos orek brick mwe musa, ac sang tar folsani nu sie.
4 ၄ လာကြ၊ မြေကြီးတပြင်လုံး၌ အရပ်ရပ်ကွဲပြားမည်ကို စိုးရိမ်၍၊ မြို့ကို၎င်း၊ မိုဃ်းကောင်းကင်သို့မှီရသော ရဲတိုက်ကို၎င်း တည်လုပ်သဖြင့်၊ ကျော်စောကိတ္တိရှိစေခြင်းငှါ ပြုကြကုန်အံ့ဟု ပြောဆိုကြ၏။
Na elos fahk, “Inge kut ac musaela sie siti ac sie tower ma ac sun acn inkusrao, inesr in mau ku in pwengpeng, ac kut in tia musalelik nu fin faclu nufon.”
5 ၅ ထိုသို့ လူသားတို့တည်လုပ်သော မြို့နှင့် ရဲတိုက်ကို ကြည့်ရှုခြင်းငှါ၊ ထာဝရဘုရားသည် ဆင်းသက်တော် မူ၏။
Na LEUM GOD El oatula ac liye siti sac ac tower se ma mwet uh musai,
6 ၆ ထာဝရဘုရားက ကြည့်ရှုလော့။ လူတမျိုးတည်း၊ စကားတမျိုးတည်း ရှိသည်ဖြစ်၍၊ သူတို့သည် ဤအမှုကို အဦးပြုကြ၏။ ယခုကြံစည်သမျှတို့ကို အဆီးအတားမရှိ၊ သူတို့ပြုကြလိမ့်မည်။
ac El fahk, “Ingena, mwet inge ma sefanna ac elos sramsram ke kas sefanna. Tufahna pa inge mutaweyen ma elos ac mau oru uh. Ac tia paht na elos ac ku in oru kutena ma su elos ac lungse oru!
7 ၇ လာကြ၊ ဆင်းသက်ကြကုန်အံ့။ သူတို့သည် အချင်းချင်း နားမလည်စေခြင်းငှါ၊ သူတို့စကားကို ရှုပ်ထွေးကြကုန်အံ့ဟု မိန့်တော်မူ၏။
Fahsru, kut oatula ac akfohsyauk kas lalos, elos in tia kalem ke kas lun sie sin sie.”
8 ၈ ထိုသို့ထာဝရဘုရားသည် သူတို့ကို မြေကြီးတပြင်လုံး၌ အရပ်ရပ်ကွဲပြားစေတော်မူသဖြင့်၊ သူတို့သည် မြို့ကိုမတည်ပဲ နေကြ၏။
Ouinge LEUM GOD El akfahsryeloselik nu fin faclu nufon, ac elos tila musai siti sac.
9 ၉ သို့ဖြစ်၍ ထိုမြို့၌ ထာဝရဘုရားသည် မြေကြီးသားအပေါင်းတို့၏ စကားကိုရှုပ်ထွေး၍၊ သူတို့ကို မြေကြီးတပြင်လုံး၌ အရပ်ရပ် ကွဲပြားစေတော်မူသောကြောင့် ထိုမြို့သည် ဗာဗုလုံမြို့ဟူ၍ တွင်သတည်း။
Siti sac pangpang Babylon, mweyen LEUM GOD El akfohsyauk kas lun mwet nukewa we, ac akfahsryeloselik nukewa liki acn we nu fin faclu nufon.
10 ၁၀ ရှေမ၏ သားစဉ်မြေးဆက်ဟူမူကား၊ ရှေမသည် အသက်တရာရှိ၍၊ ရေလွှမ်းမိုးသောနောက်နှစ်နှစ်ကြာ သော်၊ သားအာဖာဇဒ်ကို မြင်လေ၏။
Pa inge fwilin tulik natul Shem. Yac luo tukun sronot ah, ke Shem el yac siofok matwal, oasr wen se natul, pangpang Arpachshad.
11 ၁၁ အာဖာဇဒ်ဘွားမြင်သောနောက်၊ ရှေမသည် အနှစ်ငါးရာအသက်ရှင်၍ သားသမီးများကို မြင်လေ၏။
Tukun pacl sac el sifilpa moul ke yac lumfoko, ac oasr pac tulik saya natul.
12 ၁၂ အာဖာဇဒ်သည် အသက်သုံးဆယ်ငါးနှစ်ရှိသော်၊ သားရှာလကို မြင်လေ၏။
Ke Arpachshad el yac tolngoul limekosr, oasr wen se natul pangpang Shelah.
13 ၁၃ ရှာလဘွားမြင်သောနောက်၊ အာဖာဇဒ်သည် အနှစ်လေးရာသုံး နှစ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။
Tukun pacl sac el moul ke yac angfoko tolu, ac oasr pac tulik saya natul.
14 ၁၄ ရှာလသည် အသက်သုံးဆယ်ရှိသော်၊ သားဟေဗာကို မြင်လေ၏။
Ke Shelah el yac tolngoul, oasr wen se natul pangpang Eber.
15 ၁၅ ဟေဗာဘွားမြင်သောနောက်၊ ရှာလသည် အနှစ်လေးရာသုံးနှစ် အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။
Tukun pacl sac el moul yac angfoko tolu, ac oasr pac tulik saya natul.
16 ၁၆ ဟေဗာသည် အသက်သုံးဆယ့်လေးနှစ်ရှိသော်၊ သားဖာလက်ကို မြင်လေ၏။
Ke Eber el yac tolngoul akosr, oasr wen se natul pangpang Peleg.
17 ၁၇ ဖာလက်ဘွားမြင်သောနောက်၊ ဟေဗာသည် အနှစ်လေးရာသုံးဆယ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။
Tukun pacl sac el moul yac angfoko tolngoul, ac oasr pac tulik saya natul.
18 ၁၈ ဖာလက်သည် အသက်သုံးဆယ်ရှိသော်၊ သားရာဂေါကို မြင်လေ၏။
Ke Peleg el yac tolngoul, oasr wen se natul pangpang Reu.
19 ၁၉ ရာဂေါဘွားမြင်သောနောက်၊ ဖာလက်သည် အနှစ်နှစ်ရာကိုးနှစ်အသက်ရှင်၍၊ သားသမီးများကို ဘွားမြင်လေ၏။
Tukun pacl sac el moul yac luofoko eu, ac oasr pac tulik saya natul.
20 ၂၀ ရာဂေါသည် အသက်သုံးဆယ်နှစ်နှစ်ရှိသော်၊ သားစေရောက်ကို မြင်လေ၏။
Ke Reu el yac tolngoul luo, oasr wen se natul pangpang Serug.
21 ၂၁ စေရောက်ဘွားမြင်သောနောက်၊ ရာဂေါသည် အနှစ်နှစ်ရာခုနစ်နှစ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။
Tukun pacl sac el moul yac luofoko itkosr, ac oasr pac tulik saya natul.
22 ၂၂ စေရောက်သည်အသက်သုံးဆယ်ရှိသော်၊ သားနာကိုခေါ်ကို မြင်လေ၏။
Ke Serug el yac tolngoul, oasr wen se natul pangpang Nahor.
23 ၂၃ နာခေါ်ဘွားမြင်သောနောက်၊ စေရောက်သည် အနှစ်နှစ်ရာ အသက်ရှင်၍ သားသမီးများကို မြင်လေ၏။
Tukun pacl sac el moul yac luofoko, ac oasr pac tulik saya natul.
24 ၂၄ နာခေါ်သည် အသက်နှစ်ဆယ်ကိုးနှစ်ရှိသော်၊ သားတေရကို မြင်လေ၏။
Ke Nahor el yac longoul eu, oasr wen se natul pangpang Terah.
25 ၂၅ တေရဘွားမြင်သောနောက်၊ နာခေါ်သည် အနှစ်တရာတဆယ်ကိုးနှစ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။
Tukun pacl sac el moul yac siofok singoul eu, ac oasr pac tulik saya natul.
26 ၂၆ တေရသည် အသက်ခုနစ်ဆယ်ရှိသော်၊ သားအာဗြံ၊ နာခေါ်၊ ခါရန်တို့ကိုမြင်လေ၏။
Tukun Terah el yac itngoul, el oswella Abram, Nahor ac Haran.
27 ၂၇ တေရ၏ သားစဉ်မြေးဆက်ဟူမူကား၊ တေရသည် အာဗြံ၊ နာခေါ်၊ ခါရန်တို့ကိုမြင်လေ၏။
Pa inge fwilin tulik natul Terah, su papa tumal Abram, Nahor, ac Haran. Haran pa papa tumal Lot,
28 ၂၈ ခါရန်သည်လည်း လောတကိုမြင်လေ၏။ ခါရန်သည်၊ အဘတေရမသေမှီ၊ မိမိဘွားရာအရပ်၊ ခါလဒဲပြည်သားတို့နေသော ဥရမြို့၌ သေလေ၏။
ac Haran el misa yen sel in acn Ur in Babylonia, ke papa tumal ah srakna moul.
29 ၂၉ အာဗြံနှင့် နာခေါ်သည် မယားကို ယူ၍၊ အာဗြံ၏ မယားကား၊ စာရဲအမည်ရှိ၏။ နာခေါ်၏ မယားကား၊ ခါရန်၏သမီးမိလခါ အမည်ရှိ၏။ ခါရန်သည် မိလခါနှင့် ဣသခ၏အဘဖြစ်သတည်း။
Abram el payukyak sel Sarai, ac Nahor el payukyak sel Milcah, acn natul Haran, su oayapa papa tumal Iscah.
30 ၃၀ စာရဲမူကား မြုံသော မိန်းမဖြစ်၍ သားသမီးမရှိ။
Sarai el tia ku in orek tulik.
31 ၃၁ တေရသည် သားအာဗြံကို၎င်း၊ ခါရန်၏သား ဖြစ်သောမြေး လောတကို၎င်း၊ သားအာဗြံ၏မယားဖြစ် သော မိမိ ချွေးမစာရဲကို၎င်းခေါ်၍၊ သူတို့သည် ခါနာန်ပြည်သို့ သွားခြင်းငှါ၊ ခါလဒဲပြည်သားတို့နေသော ဥရမြို့မှ ထွက်သဖြင့်၊ ခါရန်မြို့သို့ ရောက်၍နေကြ၏။
Terah el eisal Abram wen natul, ac Lot, wen natul Haran ma lel Abram, ac Sarai acn talupal, su mutan kial Abram, ac elos welul som liki siti Ur in Babylonia nu in facl Canaan. Elos som nwe sun acn Haran ac oakwuki we.
32 ၃၂ တေရသည် အသက်နှစ်ပေါင်းနှစ်ရာငါးနှစ်ရှိသော်၊ ခါရန်မြို့၌ သေလေ၏။
Terah el misa we ke el yac luofoko limekosr matwal.