< ကမ္ဘာ​ဦး 10 >

1 ရေလွှမ်းမိုးသောနောက်၊ နောဧသား ရှေမ၊ ဟာမ၊ ယာဖက်တို့မှ ဆင်းသက်သော သားစဉ်မြေးဆက် တို့ကို ဆိုပေအံ့။
These are the generations of the sonnes of Noe: of Sem Ham and Iapheth which begat them children after the floude.
2 ယာဖက်၏သားကား ဂေါမာ၊ မာဂေါဂ၊ မာဒဲ၊ ယာဝန်၊ တုဗလ၊ မေရှက်၊ ထိုက်တည်း။
The sonnes of Iapheth were: Gomyr Magog Madai Iauan Tuball Mesech and Thyras.
3 ဂေါမသားကား၊ အာရှေကနတ်၊ ရိဖတ် တော်ဂမတည်း။
And the sonnes of Gomyr were: Ascenas Riphat and Togarina.
4 ယာဝန်သားကား၊ ဧလိရှား၊ တာရှု၊ ကိတ္တိမ်၊ ဒေါဒနိမ်တည်း။
And the sonnes of Iauan were: Elisa Tharsis Cithun and Dodanim.
5 ဤသူတို့သည် လူအမျိုးမျိုး တကျွန်းတနိုင်ငံ မြေနယ်တို့ကို ဘာသာအသီးအသီး၊ အမျိုးအနွယ် အသီးသီးရှိသည့်အတိုင်း၊ အချင်းချင်း ခွဲဝေကြ၏။
Of these came the Iles of the gentylls in there contres every man in his speach kynred and nation.
6 ဟာမသားကား၊ ကုရှ၊ မိဇရိမ်၊ ဇုတ၊ ခါနာန်တည်း။
The sonnes of Ham were: Chus Misraim Phut and Canaan.
7 ကုရှသားကား၊ သေဘ၊ ဟာဝိလ၊ သာဘတ၊ ရာဂမ၊ သတ္တေခါတည်း။ ရာဂမသားကား၊ ရှေဘ၊ ဒေဒန်တည်း။
The sonnes of Chus: were Seba Hevila Sabta Rayma and Sabtema. And the sonnes of Rayma were: Sheba and Dedan.
8 ကုရှသည် သားနိမ်ရောဒကိုလည်း ရသေး၏။ ထိုသားသည် မြေကြီးပေါ်မှာ အဦးစွမ်းနိုင်သော သူဖြစ်၏။
Chus also begot Nemrod which bega to be myghtye in the erth.
9 ထာဝရဘုရားရှေ့မှာ အားကြီးသော မုဆိုးဖြစ်၏။ ထိုကြောင့် စကားပုံ၌ကား၊ ဘုရားရှေ့နိမ်ရောဒ၊ အားကြီးမုဆိုး၊ ပြုလုပ်သည်လိုဟု စပ်ဆိုသတည်း။
He was a myghtie hunter in the syghte of the LORde: Where of came the proverbe: he is as Nemrod that myghtie hunter in the syghte of the LORde.
10 ၁၀ သူ၏ နိုင်ငံအဦးကား၊ ရှိနာပြည်၌ ဗာဗုလုန်မြို့၊ ဧရက်မြို့၊ အက္ကမြို့ကာလနေမြို့တည်း။
And the begynnynge of hys kyngdome was Babell Erech Achad and Chalne in the lande of Synear:
11 ၁၁ ထိုပြည်မှာအာရှရိပြည်သို့သွား၍ နိနေဝမြို့၊ ရဟောဘုတ်မြို့ ကာလမြို့ကို၎င်း၊
Out of that lande came Assur and buylded Ninyue and the cyte rehoboth and Calah
12 ၁၂ နိနေဝေမြို့နှင့်၊ ကာလမြို့စပ်ကြားမှာ ကြီးစွာသော မြို့တည်းဟူသော ရေသင်မြို့ကို၎င်း တည်ဆောက် လေ၏။
And Ressen betwene Ninyue ad Chalah. That is a grete cyte.
13 ၁၃ မိဇရိမ်သားကား၊ လုဒိမ်လူ၊ အာနမိမ်လူ၊ လဟာဗိမ်လူ၊ နတ္တုဟိမ်လူ၊
And Mizraim begat Iudun Enamim Leabim Naphtuhim
14 ၁၄ ပါသရူသိမ်လူ၊ ကာသလုဟိမ်လူ၊ ကတ္တောရိမ် လူတည်း။ ကာသလုဟိမ်အမျိုးထဲက ဖိလိတ္တိလူဖြစ် သတည်း။
Pathrusim and Castuhim: from whence came the Philystyns and the Capthiherynes.
15 ၁၅ ခါနာန်သား အကြီးကား၊ ဇိဒုန်။ ထိုနောက် ဟေသ။
Canaan also begat zidon his eldest sonne and Heth
16 ၁၆ ထိုနောက် ယေဗုသိလူ၊ အာမောရိလူ။ ဂိရဂါရှိ လူ၊
Iebusi Emori Girgosi
17 ၁၇ ဟိဝိ လူ၊ အာကိလူ၊ သိနိလူ၊
Hiui Arki Sini
18 ၁၈ အာဝဒိ လူ၊ ဇေမရိလူ၊ ဟာမသိ လူတည်း။ ထိုနောက်ခါနာန် အမျိုးသားအသီးသီးတို့သည် နှံ့ပြားကြ လေ၏။
Aruadi Zemari and hamari. And afterward sprange the kynreds of the Canaanytes
19 ၁၉ ခါနာန်အမျိုးသား နေရာပြည်နယ်သည် ဇိဒုန်မြို့မှဂေရာမြို့၊ ဂါဇမြို့တိုင်အောင်၎င်း တဖန်သောဒုမြို့၊ ဂေါမာရမြို့၊ အာဒမာမြို့ ဇောဘိုင်မြို့ကိုလွန်၍ လာရှမြို့ တိုင်အောင်၎င်း ရှိသတည်း။
And the costes of the Canaanytes were fro Sydon tyll thou come to Gerara and to Asa and tyll thou come to Sodoma Gomorra Adama Zeboim: eve vnto Lasa.
20 ၂၀ ဤသူတို့သည် သီးခြားသော အမျိုးအနွယ်၊ သီးခြားသော ဘာသာအလိုက်၊ အပြည်အပြည် အတိုင်းတိုင်း၌ နေသော ဟာမသားများ ဖြစ်သတည်း။
These were the chyldre of Ham in there kynreddes tonges landes and nations.
21 ၂၁ ယာဖက်ညီ၊ ဟေဗြဲလူအပေါင်းတို့၏ အဘ၊ ရှေမသည်လည်း သားများကိုမြင်လေ၏။
And Sem the father of all ye childre of Eber and the eldest brother of Iapheth begat children also.
22 ၂၂ ရှေမသားကား၊ ဧလံ၊ အာရှရ၊ အာဖါဇဒ်၊ လုဒ၊ အာရံတည်း။
And his sonnes were: Elam Assur Arphachsad Lud ad Aram.
23 ၂၃ အာရံသားကား၊ ဥဇ၊ ဟုလ၊ ဂေသာ၊ မာရှတည်း။
And ye childree of Aram were: Vz Hul Gether and Mas
24 ၂၄ အာဖာဇ်သားရှာလ၊ ရှာလသားဟေဗာတည်း။
And Arphachsad begat Sala and Sala begat Eber.
25 ၂၅ ဟေဗာသည်လည်း သားနှစ်ယောက်ကို မြင်လေ၏။ သားတယောက်ကား၊ ဖာလက်အမည်ရှိ၏။ အကြောင်းမူကား၊ သူ့လက်ထက်၌ မြေကြီးကို ခွဲဝေကြ၏။ သူ၏ညီကား၊ ယုတ္တန် အမည်ရှိ၏။
And Eber begat. ij. sonnes. The name of the one was Peleg for in his tyme the erth was devyded. And the name of his brother was Iaketanr
26 ၂၆ ယုတ္တန်သားကား၊ အာလမောဒဒ်၊ ရှေလပ်၊ ဟာဇာမာဝက်၊ ယေရ၊
Iaketan begat Almodad Saleph Hyzarmoneth Iarah
27 ၂၇ ဟဒေါရံ၊ ဥဇလ၊ ဒိကာလ၊
Hadoram Vsal Dikela
28 ၂၈ ဩဗလအဘိမေလ၊ ရှေဘ၊
Obal Abimach Seba
29 ၂၉ ဩဖိရဟဝိလ၊ ယောဗပ်၊ ဤသူအပေါင်းတို့ သည် ယုတ္တန်သားဖြစ်သတည်း။
Ophir Heuila and Iobab. All these are the sonnes of Iaketan.
30 ၃၀ သူတို့နေရာမူကား၊ မေရှမြို့မှသည် အရှေ့ မျက်နှာ၌သေဖာတောင်တိုင်အောင် ရှိသတည်း။
And the dwellynge of them was from Mesa vntill thou come vnto Sephara a mountayne of the easte lande.
31 ၃၁ ဤသူတို့သည် သီးခြားသော အမျိုးအနွယ်၊ သီးခြားသော ဘာသာအလိုက်၊ အပြည်ပြည်အတိုင်းတိုင်း တို့၌နေသော ရှေမသားများဖြစ်သတည်း။
These are the sonnes o Sem in their kynreddes languages contrees and nations.
32 ၃၂ ဤရွှေ့ကား မိမိတို့အမျိုးအနွယ် အသီးသီး အလိုက်မှတ်သားထားသော နောဧသား ဆွေစဉ် မျိုးဆက်စာရင်းပေးသတည်း။ ထိုသူတို့သည် ရေလွှမ်းမိုးသောနောက်၊ မြေကြီးပေါ်မှာ သီးခြားသော တိုင်းပြည် တို့ကိုတည်ထောင်ကြလေ၏။
These are the kynreddes of the sonnes of Noe in their generations and nations. And of these came the people that were in the world after the floude.

< ကမ္ဘာ​ဦး 10 >