< ဂလာတိ 6 >
1 ၁ ညီအစ်ကိုတို့၊ လူသည်သတိလစ်၍ တစုံတခုသော ဒုစရိုက်ကိုပြုမိလျှင်၊ ဝိညာဉ်ဆုကျေးဇူးကို ခံရ သောသင်တို့သည် အပြစ်သွေးဆောင်ခြင်းနှင့် ကိုယ်တိုင်လွတ်မည်အကြောင်း၊ ကိုယ်ကိုသတိပြုလျက် သိမ်မွေ့ နူးညံ့သောသဘောနှင့် ထိုသို့သောသူကို မစ၍၊ သူ၏ နေရာ၌တည်မြဲ တည်စေပြန်ကြလော့။
Брати, якщо хтось впаде в якийсь гріх, ви, духовно зрілі, виправляйте його в дусі лагідності. Але пильнуйте й себе, щоб ви не впали [самі] в спокусу.
2 ၂ ထမ်းရွက်စရာဝန်ချင်းတို့ကို အချင်းချင်းကူညီ၍ ထမ်းရွက်သောအားဖြင့် ခရစ်တော်၏တရားကို ကျင့်ကြလော့။
Носіть тягарі одне одного і так виконаєте Закон Христа.
3 ၃ အကြင်သူသည်ဘာမျှမဟုတ်ဘဲလျက်၊ ဤမျှလောက်ငါဖြစ်သည်ဟုစိတ်ထင်လျှင်၊ ထိုသူသည် ကိုယ်ကို လှည့်ဖြားသောသူဖြစ်၏။
Якщо хтось вважає себе [кимось важливим], хоча насправді він ніщо, той сам себе обманює.
4 ၄ လူတိုင်းကိုယ်တိုင်ပြုသောအမှုကို စစ်ကြောစေ။ သို့ပြုလျှင် သူတပါး၌မဆိုဘဲ ကိုယ်၌သာ ဝါကြွား ဝမ်းမြောက်စရာ အကြောင်းရှိလိမ့်မည်။
Нехай кожен перевірить власні дії і тоді зможе пишатися [зробленим], але тільки в собі, а не перед кимось іншим,
5 ၅ အဘယ်ကြောင့်နည်းဟူမူကား၊ လူအသီးသီးတို့သည် မိမိတို့ဝန်ကို ဆောင်ရွက်ရကြမည်။
бо кожний має нести свою ношу.
6 ၆ နှုတ်ကပတ်တရားကို သင်သောသူသည် သင်ပေးသောသူအား ကောင်းသောအရာရှိသမျှတို့ကို ဝေမျှစေ။
Той, хто отримує настанови зі Слова, повинен ділитися всяким добром зі [своїм] учителем.
7 ၇ အလွဲမယူကြနှင့်။ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကို ခံတော်မမူ။ လူသည်မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကိုရိတ်ရလိမ့်မည်။
Не обманюйтеся: Бог не може бути осміяним. Бо що людина посіє, те й пожне!
8 ၈ မိမိဇာတိပကတိ၌ မျိုးစေ့ကြဲသောသူသည် ဇာတိပကတိအားဖြင့် ပုပ်ပျက်ခြင်းအသီးအနှံကို ရိတ်ရလိမ့် မည်။ ဝိညာဉ်ပကတိ၌ မျိုးစေ့ကြဲသောသူသည် ဝိညာဉ်ပကတိအားဖြင့် ထာဝရအသက်ရှင်ခြင်း အသီးအနှံကို ရိတ်ရလိမ့်မည်။ (aiōnios )
Хто сіє, [щоб догодити] гріховним бажанням свого тіла, від тіла пожне загибель, а хто сіє, [щоб догодити] Духові, від Духа пожне життя вічне. (aiōnios )
9 ၉ ငါတို့သည်အားမလျော့၊ စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကို ကျင့်ကြကုန်အံ့။ ထိုသို့တည်ကြည်၍ ကျင့်လျှင် အချိန်တန်သောကာလ၌ အသီးအနှံကို ရိတ်ရကြလိမ့်မည်။
Не втомлюймося, роблячи добро, бо у свій час ми пожнемо, якщо не опустимо рук.
10 ၁၀ ထိုကြောင့်ငါတို့သည် အဆင်သင့်သည်အတိုင်း ယုံကြည်ခြင်း၏ အိမ်သူအိမ်သားတို့၌ အထူးသဖြင့် ကျေးဇူးပြုလျက်၊ ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုကြကုန်အံ့။
Тож, поки є можливість, робімо добро всім людям, а особливо одновірцям.
11 ၁၁ အဘယ်မျှလောက်ကြီးသောစာကို ကိုယ်လက်နှင့်သင်တို့အား ငါရေးလိုက်သည်ကို သင်တို့မြင်ကြ၏။
Подивіться, якими великими літерами я написав вам власноруч!
12 ၁၂ မိမိတို့အသွေးအဆင်း တင့်တယ်စေချင်သော သူရှိသမျှတို့သည် ခရစ်တော်၏လက်ဝါးကပ်တိုင်ကြောင့် ခံရသောညှဉ်းဆဲခြင်းနှင့် မိမိတို့ကင်းလွတ်လို၍၊ သင်တို့ကို အရေဖျားလှီးခြင်းကို ခံစေခြင်းငှါ အနိုင်အ ထက်သွေးဆောင်တတ်ကြ၏။
Ті, хто прагне справити добре враження в тілі, намагаються змусити вас прийняти обрізання. Вони роблять це лише для того, щоб уникнути переслідувань за хрест Христа.
13 ၁၃ အရေဖျားလှီးခြင်းကိုခံသောသူတို့သည် ပညတ်တရားကို ကိုယ်တိုင်မကျင့်သည်ဖြစ်၍၊ သင်တို့၏ အသွေး အဆင်းကို အမှီပြုလျက်ဝါကြွားလို၍ သင်တို့ကို အရေဖျားလှီးခြင်းကိုခံစေခြင်းငှါ အလိုရှိကြ၏။
Бо навіть ті, хто обрізаний, не дотримуються Закону, але хочуть, щоб ви прийняли обрізання, щоб вони могли похвалитися вашим тілом.
14 ၁၄ ငါဖြစ်လျှင်၊ ငါတို့သခင်ယေရှုခရစ်၏ လက်ဝါးကပ်တိုင်တော်မှတပါးဘယ်အရာ၌မျှ ဝါကြွားခြင်းမရှိ ပါစေနှင့်။ ထိုလက်ဝါးကပ်တိုင်တော်မှာ ဤလောကသည် ငါ့အဘို့ ရိုက်ထားခြင်းကိုခံလျက်ရှိ၏။ ငါသည် လည်း ဤလောကအဘို့ ရိုက်ထားခြင်းကိုခံလျက်ရှိ၏။
Я ж ніколи не хвалюся, хіба що хрестом нашого Господа Ісуса Христа, через який світ розіп’ятий для мене, а я – для світу.
15 ၁၅ အကြောင်းမူကား၊ ယေရှုခရစ်ထံ၌ အရေဖျားလှီးခြင်းအကျိုးမရှိ။ မခံဘဲနေခြင်းလည်း အကျိုးမရှိ။ သတ္တဝါသစ်ဖြစ်ခြင်းသာ အကျိုးရှိ၏။
Бо ні обрізання, ні необрізання не мають значення. Головне – бути новим творінням.
16 ၁၆ ဤနည်းဥပဒေသအတိုင်းကျင့်သော သူရှိသမျှ တို့အပေါ်၌၎င်း၊ ဘုရားသခင်၏ ဣသရေလ အမျိုး အပေါ်၌၎င်း၊ ငြိမ်သက်ခြင်းနှင့်သနားတော်မူခြင်း သက်ရောက်ပါစေသော။
Усім, хто дотримується цього правила, та Ізраїлю Божому нехай буде мир і милість.
17 ၁၇ ယခုမှစ၍ အဘယ်သူမျှငါ့ကို မနှောက်ရှက်စေနှင့်။ ငါ့ကိုယ်၌ သခင်ယေရှုဒဏ်ချက်ရာကို ငါဆောင် ၏။
Відтепер нехай ніхто не турбує мене, бо я ношу на своєму тілі рани Господа Ісуса.
18 ၁၈ ညီအစ်ကိုတို့၊ ငါတို့သခင်ယေရှု၏ ကျေးဇူးတော်သည် သင်တို့၏စိတ်နှလုံး၌ ရှိစေသတည်း။ အာမင်။
Благодать Господа нашого Ісуса Христа нехай буде з вашим духом, брати. Амінь.