< ဂလာတိ 5 >

1 ထိုကြောင့် ခရစ်တော်သည် ငါတို့ကို လွှတ်တော်မူသော လွှတ်ခြင်းအခွင့်၌တည်နေသဖြင့်၊ ကျွန်ခံရာ ထမ်းဘိုးကိုထမ်း၍ ချည်နှောင်ခြင်းကို တဖန်မခံကြနှင့်။
ખ્રીષ્ટોઽસ્મભ્યં યત્ સ્વાતન્ત્ર્યં દત્તવાન્ યૂયં તત્ર સ્થિરાસ્તિષ્ઠત દાસત્વયુગેન પુન ર્ન નિબધ્યધ્વં|
2 ငါပေါလုဆိုသည်ကား၊ သင်တို့သည် အရေဖျားလှီးခြင်းကိုခံလျှင်၊ ခရစ်တော်အားဖြင့် အဘယ်အကျိုး ကိုမျှမရနိုင်ကြ။
પશ્યતાહં પૌલો યુષ્માન્ વદામિ યદિ છિન્નત્વચો ભવથ તર્હિ ખ્રીષ્ટેન કિમપિ નોપકારિષ્યધ્વે|
3 အရေဖျားလှီးခြင်းကို ခံသောလူအပေါင်းတို့အား ငါတဖန်သက်သေခံသည်ကား၊ ထိုသို့သောသူသည် ပညတ်တရားကို အကြွင်းမဲ့ကျင့်အံ့သောငှါ ကြွေးတင်သောသူဖြစ်၏။
અપરં યઃ કશ્ચિત્ છિન્નત્વગ્ ભવતિ સ કૃત્સ્નવ્યવસ્થાયાઃ પાલનમ્ ઈશ્વરાય ધારયતીતિ પ્રમાણં દદામિ|
4 ပညတ်တရားအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သမျှသော သင်တို့သည် ခရစ်တော်နှင့်ကွာ၍ ကျေးဇူး တရား၌မတည်၊ ရွေ့လျော့ကြပြီ။
યુષ્માકં યાવન્તો લોકા વ્યવસ્થયા સપુણ્યીભવિતું ચેષ્ટન્તે તે સર્વ્વે ખ્રીષ્ટાદ્ ભ્રષ્ટા અનુગ્રહાત્ પતિતાશ્ચ|
5 ငါတို့မူကား၊ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်မည်ဟု မြော်လင့်သောကျေးဇူးတော်ကို ဝိညာဉ်တော်အားဖြင့် ငံ့လင့်၍နေကြ၏။
યતો વયમ્ આત્મના વિશ્વાસાત્ પુણ્યલાભાશાસિદ્ધં પ્રતીક્ષામહે|
6 ယေရှုခရစ်တော်၌ အရေဖျားလှီးခြင်း အကျိုးမရှိ၊ မခံဘဲနေခြင်းလည်းအကျိုးမရှိ။ မေတ္တာအားဖြင့် ပြုပြင်တတ်သော ယုံကြည်ခြင်းသာ အကျိုးရှိ၏။
ખ્રીષ્ટે યીશૌ ત્વક્છેદાત્વક્છેદયોઃ કિમપિ ગુણં નાસ્તિ કિન્તુ પ્રેમ્ના સફલો વિશ્વાસ એવ ગુણયુક્તઃ|
7 အထက်ကသင်တို့သည် ကောင်းမွန်စွာ ပြေးကြ၏။ သို့ဖြစ်၍ သမ္မာတရားကို နားမထောင်စေခြင်းငှါ အဘယ်သူဆီးတားသနည်း။
પૂર્વ્વં યૂયં સુન્દરમ્ અધાવત કિન્ત્વિદાનીં કેન બાધાં પ્રાપ્ય સત્યતાં ન ગૃહ્લીથ?
8 ယခုယူသောအယူကား၊ သင်တို့ကို ခေါ်တော်မူသော သူ၏ဩဝါဒကိုအမှီပြု၍ ယူသောအယူမဟုတ်။
યુષ્માકં સા મતિ ર્યુષ્મદાહ્વાનકારિણ ઈશ્વરાન્ન જાતા|
9 အနည်းငယ်သောတဆေးသည် မုန့်စိမ်းတပုံလုံးကို ဖေါင်းကြွစေတတ်၏။
વિકારઃ કૃત્સ્નશક્તૂનાં સ્વલ્પકિણ્વેન જસયતે|
10 ၁၀ သင်တို့သည် ကွဲပြားသောအယူရှိသမျှကို ပယ်လိမ့်မည်ဟု သခင်ဘုရားကို ငါအမှီပြု၍ စိတ်စွဲလမ်းခြင်းရှိ၏။ သင်တို့ကို နှောက်ယှက်သော သူမည်သည်ကား၊ မိမိ အပြစ်ဒဏ်ကိုခံရလိမ့်မည်။
યુષ્માકં મતિ ર્વિકારં ન ગમિષ્યતીત્યહં યુષ્માનધિ પ્રભુનાશંસે; કિન્તુ યો યુષ્માન્ વિચારલયતિ સ યઃ કશ્ચિદ્ ભવેત્ સમુચિતં દણ્ડં પ્રાપ્સ્યતિ|
11 ၁၁ တဖန်တုံ၊ ညီအစ်ကိုတို့၊ ငါသည် အရေဖျားလှီးခြင်းတရားကို ဟောပြောသေးသည်မှန်လျှင်၊ အဘယ် ကြောင့်ညှဉ်းဆဲခြင်းကို ခံရသေးသနည်း။ ထိုသို့ပြောလျှင်၊ လက်ဝါးကပ်တိုင်တော်ကို ထိမိ၍လဲစရာအကြောင်း ပယ်ရှင်းလျက်ရှိ၏။
પરન્તુ હે ભ્રાતરઃ, યદ્યહમ્ ઇદાનીમ્ અપિ ત્વક્છેદં પ્રચારયેયં તર્હિ કુત ઉપદ્રવં ભુઞ્જિય? તત્કૃતે ક્રુશં નિર્બ્બાધમ્ અભવિષ્યત્|
12 ၁၂ သင်တို့ကို မှောက်မှားစေသောသူတို့ကို ပယ်ရှားနှင်ထုတ်စေခြင်းငှါ ငါအလိုရှိ၏။
યે જના યુષ્માકં ચાઞ્ચલ્યં જનયન્તિ તેષાં છેદનમેવ મયાભિલષ્યતે|
13 ၁၃ ညီအစ်ကိုတို့၊ သင်တို့သည်လွှတ်ခြင်းအခွင့်ကို ရသောသူဖြစ်ကြ၏။ သို့သော်လည်း ဇာတိပကတိအား အခွင့်ကိုပေး၍၊ ထိုလွှတ်ခြင်းကို မသုံးကြနှင့်။ အချင်းချင်းချစ်၍ အမှုချင်းကို ဆောင်ရွက်ကြလော့။
હે ભ્રાતરઃ, યૂયં સ્વાતન્ત્ર્યાર્થમ્ આહૂતા આધ્વે કિન્તુ તત્સ્વાતન્ત્ર્યદ્વારેણ શારીરિકભાવો યુષ્માન્ ન પ્રવિશતુ| યૂયં પ્રેમ્ના પરસ્પરં પરિચર્ય્યાં કુરુધ્વં|
14 ၁၄ အကြောင်းမူကား၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ပညတ်တပါးကို ကျင့် လျှင်၊ ပညတ်တရားရှိသမျှကို အကြွင်းမဲ့ကျင့်ရာ ရောက်၏။
યસ્માત્ ત્વં સમીપવાસિનિ સ્વવત્ પ્રેમ કુર્ય્યા ઇત્યેકાજ્ઞા કૃત્સ્નાયા વ્યવસ્થાયાઃ સારસંગ્રહઃ|
15 ၁၅ သို့မဟုတ်အချင်းချင်းကိုက်စားလျှင် အချင်းချင်း ဖျက်ဆီးမည်ဟု စိုးရိမ်၍သတိရှိကြလော့။
કિન્તુ યૂયં યદિ પરસ્પરં દંદશ્યધ્વે ઽશાશ્યધ્વે ચ તર્હિ યુષ્માકમ્ એકોઽન્યેન યન્ન ગ્રસ્યતે તત્ર યુષ્માભિઃ સાવધાનૈ ર્ભવિતવ્યં|
16 ၁၆ ငါပညတ်သည်ကား၊ ဝိညာဉ်ပကတိအတိုင်း ကျင့်ကြလော့။ ထိုသို့ကျင့်လျှင် ဇာတိပကတိ၏အလိုသို့ မလိုက်ဘဲနေကြလိမ့်မည်။
અહં બ્રવીમિ યૂયમ્ આત્મિકાચારં કુરુત શારીરિકાભિલાષં મા પૂરયત|
17 ၁၇ အကြောင်းမူကား၊ ဇာတိပကတိနှင့် ဝိညာဉ် ပကတိသည် တပါးနှင့်တပါးဆန့်ကျင်သော အလိုရှိကြ၏။ တပါးနှင့်တပါး ဆန့်ကျင်ဘက်ဖြစ်၍၊ သင်တို့သည် ကျင့်ချင်သော အကျင့်ကို မကျင့်နိုင်ကြ။
યતઃ શારીરિકાભિલાષ આત્મનો વિપરીતઃ, આત્મિકાભિલાષશ્ચ શરીરસ્ય વિપરીતઃ, અનયોરુભયોઃ પરસ્પરં વિરોધો વિદ્યતે તેન યુષ્માભિ ર્યદ્ અભિલષ્યતે તન્ન કર્ત્તવ્યં|
18 ၁၈ သို့သော် ဝိညာဉ်ပကတိအလိုသို့ လိုက်လျှင် ပညတ်တရားနှင့် လွတ်ကြ၏။
યૂયં યદ્યાત્મના વિનીયધ્વે તર્હિ વ્યવસ્થાયા અધીના ન ભવથ|
19 ၁၉ ဇာတိပကတိအကျင့်တို့သည်ထင်ရှားကြ၏။ ထိုအကျင့်တို့ မူကား၊ သူ့မယားကိုပြစ်မှားခြင်း၊ မတရား သောမေထုန်၌မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာ လွန်ကျူးခြင်း၊
અપરં પરદારગમનં વેશ્યાગમનમ્ અશુચિતા કામુકતા પ્રતિમાપૂજનમ્
20 ၂၀ ရုပ်တုကိုကိုးကွယ်ခြင်း၊ သူတပါးကိုပြုစားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုန်ခြင်း၊ အချင်းချင်း ကွဲပြားခြင်း၊ သင်းခွဲခြင်း၊
ઇન્દ્રજાલં શત્રુત્વં વિવાદોઽન્તર્જ્વલનં ક્રોધઃ કલહોઽનૈક્યં
21 ၂၁ သူ့အကျိုးကိုငြူစူခြင်း၊ လူအသက်ကိုသတ်ခြင်း၊ ယစ်မျိုးကို သောက်ကြူးခြင်း၊ ပွဲလုပ်ခြင်းမှစ၍ ထိုသို့သော အကျင့်ပေတည်း။ ထိုသို့သော အကျင့်ကို ကျင့်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေ မခံကြရဟု အထက်ကငါပြောနှင့်ခဲ့ပြီးသည်အတိုင်း ယခုပင်လည်း ငါပြောနှင့်၏။
પાર્થક્યમ્ ઈર્ષ્યા વધો મત્તત્વં લમ્પટત્વમિત્યાદીનિ સ્પષ્ટત્વેન શારીરિકભાવસ્ય કર્મ્માણિ સન્તિ| પૂર્વ્વં યદ્વત્ મયા કથિતં તદ્વત્ પુનરપિ કથ્યતે યે જના એતાદૃશાનિ કર્મ્માણ્યાચરન્તિ તૈરીશ્વરસ્ય રાજ્યેઽધિકારઃ કદાચ ન લપ્સ્યતે|
22 ၂၂ ဝိညာဉ်ပကတိ၏အကျိုးမူကား၊ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူး ပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊
કિઞ્ચ પ્રેમાનન્દઃ શાન્તિશ્ચિરસહિષ્ણુતા હિતૈષિતા ભદ્રત્વં વિશ્વાસ્યતા તિતિક્ષા
23 ၂၃ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းပေတည်း။ ထိုသို့သောအကျင့်ကို အဘယ်တရားမျှ မမြစ်တား။
પરિમિતભોજિત્વમિત્યાદીન્યાત્મનઃ ફલાનિ સન્તિ તેષાં વિરુદ્ધા કાપિ વ્યવસ્થા નહિ|
24 ၂၄ ခရစ်တော်နှင့်စပ်ဆိုင်သောသူတို့သည် ဇာတိပကတိကို၎င်း၊ ဇာတိပကတိစိတ်များနှင့် အလိုဆန္ဒများ ကို၎င်း၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြပြီ။
યે તુ ખ્રીષ્ટસ્ય લોકાસ્તે રિપુભિરભિલાષૈશ્ચ સહિતં શારીરિકભાવં ક્રુશે નિહતવન્તઃ|
25 ၂၅ သို့ဖြစ်၍ ငါတို့သည်ဝိညာဉ်ပကတိကြောင့် အသက်ရှင်လျှင်၊ ဝိညာဉ်ပကတိအတိုင်းကျင့်ကြကုန်အံ့။
યદિ વયમ્ આત્મના જીવામસ્તર્હ્યાત્મિકાચારોઽસ્માભિઃ કર્ત્તવ્યઃ,
26 ၂၆ အချည်းနှီးသော ကျော်စောကိတ္တိကို တပ်မက်ခြင်း၊ အချင်းချင်းချုပ်ချယ်နှောင့်ရှက်ခြင်း၊ အချင်းချင်း ငြူစူခြင်းတို့ကို ရှောင်၍နေကြကုန်အံ့။
દર્પઃ પરસ્પરં નિર્ભર્ત્સનં દ્વેષશ્ચાસ્માભિ ર્ન કર્ત્તવ્યાનિ|

< ဂလာတိ 5 >