< ဧဇရ 1 >
1 ၁ ယေရမိဆင့်ဆိုသော ထာဝရဘုရား၏ အမိန့် တော်ကို ပြည့်စုံ စေခြင်းငှါ၊ ပေရသိရှင်ဘုရင် ကုရုနန်းစံ ပဌမနှစ်တွင်၊ ထာဝရဘုရား နှိုးဆော်တော်မူသော အားဖြင့်၊ ထိုရှင်ဘုရင်သည် အမိန့်တော်စာကို ထုတ်ပြီး လျှင်၊ ပေရသိနိုင်ငံအရပ်ရပ်တို့၌ ကြော်ငြာစေ၍၊
၁ယေရမိ ဆင့်ဆိုသော ထာဝရဘုရား ၏ အမိန့် တော်ကို ပြည့်စုံ စေခြင်းငှါ ၊ ပေရသိ ရှင်ဘုရင် ကုရု နန်းစံပဌမ နှစ် တွင် ၊ ထာဝရဘုရား နှိုးဆော် တော်မူသော အားဖြင့်၊ ထိုရှင်ဘုရင်သည် အမိန့်တော်စာ ကို ထုတ်ပြီးလျှင်၊ ပေရသိနိုင်ငံအရပ်ရပ် တို့၌ ကြော်ငြာ စေ၍၊
2 ၂ ပေရသိရှင်ဘုရင် ကုရုမင်းမိန့်တော်မူသည် ကား၊ ကောင်းကင်ဘုံ၏အရှင် ဘုရားသခင် ထာဝရ ဘုရားသည်၊ မြေကြီးပေါ်မှာ တိုင်းနိုင်ငံရှိသမျှတို့ကို ငါ့အားပေးတော်မူသည်ဖြစ်၍၊ ယုဒပြည်ယေရုရှလင်မြို့၌ အိမ်တော်ကို ငါတည်ဆောက်ရမည်အကြောင်း မှာထား တော်မူပြီ။
၂ပေရသိ ရှင်ဘုရင် ကုရု မင်းမိန့် တော်မူသည် ကား၊ ကောင်းကင် ဘုံ၏အရှင် ဘုရား သခင်ထာဝရဘုရား သည်၊ မြေကြီး ပေါ်မှာ တိုင်း နိုင်ငံရှိသမျှ တို့ကို ငါ့ အား ပေး တော်မူသည်ဖြစ်၍၊ ယုဒ ပြည်ယေရုရှလင် မြို့၌ အိမ် တော်ကို ငါ တည် ဆောက်ရမည်အကြောင်း မှာ ထား တော်မူပြီ။
3 ၃ သင်တို့တွင် အဘယ်သူသည် ဘုရားသခင်၏ လူဖြစ်သနည်း။ ထိုသူနှင့်အတူ ဘုရားသခင်ရှိတော်မူ ပါစေသော။ ယုဒပြည်ယေရုရှလင်မြို့သို့ သွား၍ ဣသ ရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ အိမ်တော် ကို တည်ဆောက်စေ။ ယေရုရှလင်မြို့၌ ရှိတော်မူသော ဘုရားသည် ဘုရားသခင်ဖြစ်တော်မူ၏။
၃သင် တို့တွင် အဘယ်သူ သည် ဘုရား သခင်၏ လူ ဖြစ်သနည်း။ ထိုသူ နှင့်အတူ ဘုရား သခင်ရှိ တော်မူပါစေသော။ ယုဒ ပြည်ယေရုရှလင် မြို့သို့ သွား ၍ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ၏ အိမ် တော် ကို တည် ဆောက်စေ။ ယေရုရှလင် မြို့၌ ရှိတော်မူသော ဘုရားသည် ဘုရား သခင်ဖြစ်တော်မူ၏။
4 ၄ ဘုရားသခင်၏လူ တည်းခိုရာ အရပ်ရပ်၌ နေသောသူတို့သည်၊ ယေရုရှလင်မြို့မှာ ရှိတော်မူသော ဘုရားသခင်၏ အိမ်တော်အဘို့ အလိုလိုလှူသော အလှူမှတပါး၊ ရွှေ၊ ငွေ၊ ဥစ္စာ၊ တိရစ္ဆာန်နှင့် မစစေဟု မိန့်တော်မူ၏။
၄ဘုရားသခင်၏လူ တည်းခို ရာ အရပ်ရပ် ၌ နေ သောသူတို့သည်၊ ယေရုရှလင် မြို့မှာ ရှိတော်မူသော ဘုရား သခင်၏ အိမ် တော်အဘို့ အလိုလို လှူသော အလှူမှတပါး၊ ရွှေ ၊ ငွေ ၊ ဥစ္စာ ၊ တိရစ္ဆာန် နှင့် မစ စေဟု မိန့်တော်မူ၏။
5 ၅ ထိုအခါ ယုဒအဆွေအမျိုးနှင့် ဗင်္ယာမိန် အဆွေ အမျိုး သူကြီးများ၊ ယဇ်ပုရောဟိတ်၊ လေဝိသားများနှင့် တကွ၊ ဘုရားသခင် နှိုးဆော်တော်မူသောသူ အပေါင်းတို့ သည်၊ ယေရုရှလင်မြို့၌ ရှိတော်မူသော ထာဝရဘုရား၏ အိမ်တော်ကို တည်ဆောက်ခြင်းငှါ ထကြ၏။
၅ထိုအခါ ယုဒ အဆွေအမျိုးနှင့် ဗင်္ယာမိန် အဆွေအမျိုးသူကြီး များ၊ ယဇ်ပုရောဟိတ် ၊ လေဝိ သားများနှင့်တကွ ၊ ဘုရား သခင်နှိုးဆော် တော်မူသောသူ အပေါင်း တို့ သည်၊ ယေရုရှလင် မြို့၌ ရှိတော်မူသော ထာဝရဘုရား ၏ အိမ် တော်ကို တည် ဆောက်ခြင်းငှါထ ကြ၏။
6 ၆ အိမ်နီးချင်း ရှိသမျှတို့သည်၊ အလိုလိုလှူသော အလှူမှတပါး၊ ငွေတန်ဆာနှင့်ရွှေ အစရှိသော ဥစ္စာများ၊ တိရစ္ဆာန်များ၊ အဘိုးထိုက်သော အရာတို့နှင့် မစကြ၏။
၆အိမ်နီးချင်း ရှိသမျှ တို့သည်၊ အလိုလိုလှူ သော အလှူမှတပါး၊ ငွေ တန်ဆာ နှင့် ရွှေ အစရှိသော ဥစ္စာ များ၊ တိရစ္ဆာန် များ၊ အဘိုး ထိုက်သော အရာတို့နှင့် မစ ကြ၏။
7 ၇ ထိုမှတပါး၊ ယေရုရှလင်မြို့မှ နေဗုခဒ်နေဇာ သိမ်းသွား၍၊ မိမိဘုရားတို့ဗိမာန်၌ သွင်းထားသော ဗိမာန် တော်တန်ဆာတို့ကို၊
၇ထိုမှတပါး၊ ယေရုရှလင် မြို့မှ နေဗုခဒ်နေဇာ သိမ်း သွား၍၊ မိမိ ဘုရား တို့ဗိမာန် ၌ သွင်း ထားသော ဗိမာန် တော်တန်ဆာ တို့ကို၊
8 ၈ ပေရသိရှင်ဘုရင် ကုရုသည် ရွှေတိုက်စိုး မိသရေ ဒတ်လက်ဖြင့် ထုတ်၍၊ ယုဒမင်းရှေရှဗာဇာ၌ ရေတွက် လျက် အပ်တော်မူ၏။
၈ပေရသိ ရှင်ဘုရင် ကုရု သည် ရွှေတိုက် စိုး မိသရေဒတ် လက် ဖြင့် ထုတ် ၍ ၊ ယုဒ မင်း ရှေရှဗာဇာ ၌ ရေတွက် လျက် အပ်တော်မူ၏။
9 ၉ ဗိမာန်တော် တန်ဆာစာရင်းဟူမူကား၊ ရွှေ ဖလားသုံးဆယ်၊ ငွေဖလားတထောင်၊ ထားနှစ်ဆယ် ကိုးစင်း၊
၉ဗိမာန်တော် တန်ဆာစာရင်း ဟူမူကား၊ ရွှေ ဖလား သုံး ဆယ်၊ ငွေ ဖလား တ ထောင်၊ ထား နှစ် ဆယ်ကိုး စင်း၊
10 ၁၀ ရွှေအိုးသုံးဆယ်၊ ခြားနားသောငွေအိုး လေးရာ တဆယ်၊ အခြားသောတန်ဆာတထောင်၊
၁၀ရွှေ အိုး သုံး ဆယ်၊ ခြားနားသောငွေ အိုး လေး ရာ တ ဆယ်၊ အခြား သောတန်ဆာ တ ထောင်၊
11 ၁၁ ရွှေတန်ဆာ၊ ငွေတန်ဆာအရေအတွက် ပေါင်း ကာ၊ ငါးထောင်လေးရာတည်း။ ထိုတန်ဆာများကို ရှေရှ ဗာဇာသည် ယူ၍၊ အချုပ်ခံရသော လူစုထဲက၊ ဗာဗုလုန် မြို့မှ ယေရုရှလင်မြို့သို့ ခေါ်သွားသော သူတို့နှင့်အတူ ဆောင်ခဲ့၏။
၁၁ရွှေ တန်ဆာ ၊ ငွေ တန်ဆာအရေအတွက်ပေါင်း ကား၊ ငါး ထောင် လေး ရာ တည်း။ ထိုတန်ဆာများကို ရှေရှဗာဇာ သည် ယူ၍၊ အချုပ် ခံရသောလူစုထဲက၊ ဗာဗုလုန် မြို့မှ ယေရုရှလင် မြို့သို့ ခေါ် သွားသောသူတို့ နှင့်အတူ ဆောင် ခဲ့၏။