< ဧဇရ 9 >
1 ၁ ထိုအမှုပြီးမှ၊ အကြီးအကဲတို့သည် ငါ့ထံသို့ လာ၍ ယဇ်ပုရောဟိတ်၊ လေဝိသားအစရှိသော ဣသရေလ အမျိုးသားတို့သည် ဤပြည်သားရင်းတို့နှင့် ပေါင်းဘော် သဖြင့်၊ ခါနာနိလူ၊ ဟိတ္တိလူ၊ ဖေရဇိလူ၊ ယေဗုသိလူ၊ အမ္မုန်လူ၊ မောဘလူ၊ အဲဂုတ္တုလူ၊ အာမောရိလူတို့ ရွံရှာ ဘွယ်သော အကျင့်ကို ကျင့်ကြပါ၏။
Hae hmuennawk sak pacoengah, kacoehtanawk kai khaeah angzoh o, Israel kaminawk, qaima hoi Levinawk loe nihcae taengah kaom prae kaminawk hoi angkom o moe, Kanaan kami, Hit kami, Periz kami, Jebus kami, Ammon kami, Moab kami, Izip kami hoi Amor kaminawk mah sak o ih panuet thok hmuennawk to a sak o toeng.
2 ၂ အကြောင်းမူကား၊ သူတို့သမီးများကို ကိုယ်ဘို့၎င်း၊ ကိုယ်သားဘို့၎င်း၊ သိမ်းယူသဖြင့်၊ သန့်ရှင်းသော အမျိုး သည် ဤပြည်သားရင်းအမျိုးနှင့် ရောနှောလျက်ရှိ၍၊ အကြီးအကဲနှင့် မင်းအရာရှိတို့သည်၊ ဤဒုစရိုက် အမှုကို အဦးပြုကြပြီတကားဟု ကြားပြောကြ၏။
To prae ah kaom kaminawk ih canunawk to angmacae hanah lak o, a caanawk hanah doeh a lak pae o; to tiah kaciim acaeng loe kaciim ai nihcae taengah kaom kaminawk hoiah angbaeh o puk boeh; ue, zaehoikungnawk hoi ukkung angraengnawk loe hae baktih zae sakhaih bangah lu koek ah oh o boeh, tiah a thuih o.
3 ၃ ထိုစကားကို ငါကြားလျှင် အတွင်းအဝတ်၊ အပြင် အဝတ်ကို ဆုတ်၍ဆံပင်နှင့် မုတ်ဆိတ်ကို နှုတ်ပစ်လျက်၊ မိန်းမောတွေဝေလျက် ထိုင်နေ၏။
Hae lok ka thaih naah, athung hoi anui ih khukbuen to kang khringh; ka lu sam hoi pahni mui to ka phong moe, dawnraihaih hoiah kang hnut sut.
4 ၄ ထိုအခါ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား အမိန့်တော်ကို ကြောက်ရွံသောသူအပေါင်း တို့သည်၊ သိမ်းသွားခြင်းကို ခံရသောသူတို့ ပြစ်မှားသော အပြစ်ကြောင့်၊ ငါ့ထံမှာစည်းဝေး၍၊ ညဦးယံ ယဇ်ပူဇော် ချိန်တိုင်အောင် ငါသည် မိန်းမောတွေဝေလျက် နေ၏။
To naah Israel Sithaw ih lok zithaih tawn kaminawk boih, kai khaeah amkhueng o; misong ah naeh ih kaminawk mah sak ih zaehaih pongah, duembang angbawnhaih atue khoek to dawnraihaih hoiah ka oh.
5 ၅ ညဦးယံ ယဇ်ပူဇော်ချိန်တွင်၊ စိတ်ပျက်ရာမှထ၍ အတွင်းအဝတ်၊ ပြင်အဝတ်ကို ဆုတ်ပြီးလျှင်၊ ဒူးထောက်၍၊ ငါ၏ ဘုရားသခင် ထာဝရဘုရားထံတော်သို့ လက်ဝါးတို့ကို ဖြန့်လျက်၊
To pacoengah duembang angbawnhaih tue phak naah, dawnraihaih hoiah kang thawk; athung hoi a nui ih khukbuen to ka sih, khokkhu cangkrawn moe, ka Angraeng Sithaw khaeah ban payanghaih hoiah lawk ka thuih.
6 ၆ အို အကျွန်ုပ်ဘုရားသခင်၊ ကိုယ်တော်သို့ မမျှော် မကြည့်ဝံ့၊ ရှက်ကြောက်၍ မျက်နှာနီပါ၏။ အကျွန်ုပ်ဘုရား သခင်၊ အကျွန်ုပ်တို့ ပြုမိသော ဒုစရိုက်တို့သည် အကျွနုပ်တို့ ခေါင်းပေါ်မှာ အထပ်ထပ်လွှမ်းမိုး၍၊ ကြီးစွာသော အပြစ်သည် မိုဃ်းကောင်းကင်သို့ မှီပါ၏။
Aw ka Angraeng, kaicae sakpazaehaih loe kaimacae lu pongah sang kue boeh, ka zae o haih doeh vannawk to angtok boeh; to pongah ka Sithaw, na mikhmai khet hanah ka zat sut boeh.
7 ၇ ဘိုးဘေးလက်ထက်မှစ၍ ယနေ့တိုင်အောင်၊ အလွန်ပြစ်မှားပါပြီ။ ကိုယ်အပြစ်ကြောင့် ရှင်ဘုရင်နှင့် ယဇ်ပုရောဟိတ်မှစ၍၊ အကျွန်ုပ်တို့သည် ယနေ့တိုင်အောင် ခံသကဲ့သို့၊ တပါးအမျိုးသားရှင်ဘုရင်လက်သို့ အပ်ခြင်း၊ အသေသတ်ခြင်း၊ သိမ်းသွားခြင်း၊ လုယက်ခြင်း၊ မျက်နှာ ပျက်ခြင်းကို ခံရပါ၏။
Kam panawk dung hoi kamtong vaihni ni khoek to, paroeai kalen zaehaih ka sak o boeh; kaimacae zaehaih pongah, siangpahrangnawk, qaimanawk hoi kaicae loe vaihni ni khoek to, acaeng kalah siangpahrang ban ah paekhaih, sumsen hoi humhaih, misong ah ohhaih, anghmat angtaahaih hoi mikhmai sethaihnawk ka tongh o boeh.
8 ၈ ယခုခဏတွင်၊ အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ အကျွန်ုပ်တို့ကို ဘေးမဲ့လွှတ်၍ ကျန် ကြွင်းစေလျက်၊ သန့်ရှင်းသော ဌာနတော်၌ စွဲထားသော တံစို့ကို ပေးတော်မူသော ကျေးဇူးတော်ကြီးလှပါ၏။ အကျွန်ုပ်တို့ဘုရားသခင်သည် အကျွန်ုပ်တို့ မျက်စိကို လင်းစေ၍၊ အကျွန်ုပ်တို့ ကျွန်ခံနေရာ၌ အသက်ရှုပြန်ရ သော အခွင့်ကို ပေးတော်မူပြီ။
Toe vaihi atue setta thungah, kaicae Angraeng Sithaw mah a tahmenhaih amtuengsak pongah, kanghmat kaicae hae ang loisak moe, a hmuenciim ah sumdik baktih kacak ohhaih ahmuen to ang paek; kaicae ih Sithaw mah mik amtuengsak moe, misong angtanghaih thung hoi kaloih hinghaih to ang paek let.
9 ၉ အကျွန်ုပ်တို့သည် ကျွန်ခံလျက်နေရပါ၏။ ထိုသို့ ကျွန်ခံလျက် နေရသော်လည်း၊ အကျွန်ုပ်တို့၏ ဘုရား သခင်သည် စွန့်ပစ်တော်မမူ။ အကျွန်ုပ်တို့ အသက်လွတ် ခြင်းငှါ၎င်း၊ အကျွန်ုပ်တို့ ဘုရားသခင်၏အိမ်ထောင်ကို ထူထောင်၍၊ ပြိုပျက်ရာတို့ကို ပြုပြင်ခြင်းငှါ၎င်း၊ ယုဒပြည် ယေရုရှလင်မြို့၌ ခိုလှုံရာအရပ်ကို အကျွန်ုပ်အား ပေးခြင်း ငှါ၎င်း၊ ပေရသိရှင်ဘုရင်တို့သည် အကျွန်ုပ်တို့၌ ကျေးဇူး ပြုချင်သော စေတနာစိတ်ကို ပေးသနားတော်မူပြီ။
Kaicae loe misong ah ka oh o; misong ah ka oh o cadoeh, kaimacae ih Sithaw mah na caeh taak ai; kaimacae Sithaw ih im to ka sak o let moe, hinghaih kangtha paek hanah, kamro hmuen to pakhraih let moe, Judah hoi Jerusalem ah sipae kaom abuephaih ang paek hanah, a tahmenhaih to Persia siangpahrang hmaa ah amtuengsak boeh.
10 ၁၀ ယခုလည်း အိုအကျွန်ုပ်တို့၏ ဘုရားသခင်၊ ဤသို့ ပြုမိပြီးမှ၊
Vaihiah, Aw kaicae ih Sithaw, nang paek ih lok to ka pahnawt o sut boeh pongah, hae pacoengah timaw ka thuih o han vop?
11 ၁၁ အဘယ်သို့ လျှောက်ရပါမည်နည်း။
Na tamna tahmaanawk patohhaih rang hoiah, Na caeh moe, na toep o han ih prae loe, to ah khosah kamhnong kaminawk pongah, prae doeh panuet thoh boeh, prae boih a sak o ih panuet thok hmuen hoiah koi o sak boeh.
12 ၁၂ ကိုယ်တော်က၊ သင်တို့သွား၍ သိမ်းယူလတံ့ သောပြည်သည်၊ ပြည်သူပြည်သားတို့ အညစ်အကြေး ကြောင့် ညစ်ညှုးသော ပြည်ဖြစ်၏။ တပြည်လုံးကို ရွံရှာဘွယ်အမှုတို့နှင့် ပြည့်စုံစေကြပြီ။ သို့ဖြစ်၍ သင်တို့ သမီးကို သူတို့သားအား မပေးစားကြနှင့်။ သူတို့၏သမီး ကို သင်တို့သားနှင့် မစုံဘက်စေကြနှင့်။ သူတို့ချမ်းသာနှင့် သူတို့စည်းစိမ်ကို အလျှင်းမပြုစုကြနှင့်။ သင်တို့သည် ခွန်အားကြီး၍ မြေအသီးအနှံကို စားရသောအခွင့်၊ ထိုမြေ ကို ကိုယ်သားမြေးတို့၌ နစ္စအမွေဖြစ်စေ၍၊ အပ်ရသော အခွင့်ရှိစေခြင်းငှါ၊ ထိုသို့ကျင့်၍ နေကြလော့ဟု ကိုယ် တော် ကျွန်၊ ပရောဖက်တို့အားဖြင့် မှာထားတော်မူသော ပညတ်စကားတော်ကို အကျွန်ုပ်တို့သည် နားမထောင်ပါ တကား။
To pongah, na canunawk to nihcae capanawk hanah paek o hmah loe, nichae ih canunawk doeh na capanawk hanah zu ah la pae o hmah; natuek naah doeh nihcae hoi ampui angkomhaih sah o hmah loe, nihcae angraenghaih doeh pakrong o hmah; to tiah na oh o nahaeloe tha na cak o tih; prae thung ih kahoih hmuen to na caa o ueloe, na caanawk mah dungzan khoek to qawk ah toep o tih, tiah lok na thuih.
13 ၁၃ အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရား တည်းဟူသော ကိုယ်တော်သည် အကျွန်ုပ်တို့ခံထိုက်သမျှ သော အပြစ်ဒဏ်ကို ပေးတော်မမူသော်လည်း၊ အကျွန်ုပ် တို့သည် ကိုယ်တိုင်ပြုမိသော ဒုစရိုက်အမှု၊ ကြီးစွာသော လွန်ကျူးခြင်းအပြစ်ကြောင့်၊ ဤမျှလောက် ခံရပြီးမှ၎င်း၊ ကိုယ်တော်သည် ဤမျှလောက် ချမ်းသာပေးတော်မူပြီး မှ၎င်း၊
Kaicae nuiah kapha hmuen loe ka sak o ih sethaih hoi kalen parai sakpazaehaih atho ah ni oh boeh; toe kaicae ih Sithaw, kaicae mah tongh han koi zaehaih baktiah dan nang paek ai moe, hae tiah nang loisak.
14 ၁၄ အကျွန်ုပ်တို့သည် ပညတ်တရားတော်တို့ကို တဖန်လွန်ကျူး၍၊ ဤရွံရှာဘွယ်အမှုတို့ကို ပြုတတ်သော လူမျိုးနှင့်ပေါင်းဘော်လျှင် တယောက်မျှမလွတ်၊ မကျန် ကြွင်းစေခြင်းငှါ၊ အမျက်တော်ထွက်၍ အကျွန်ုပ်တို့ကို ဖျက်ဆီးတော်မူမည်မဟုတ်လော။
Nang paek ih loknawk to ka aek o moe, panuet thok hmuen sah kaminawk hoiah kam zok o let nahaeloe, kami maeto doeh pathlung ai ah tamit boih hanah, kaicae nuiah palung na phui mak ai maw?
15 ၁၅ အို ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရ ဘုရား၊ ကိုယ်တော်သည် ဖြောင့်မတ်တော်မူ၏။ အကျွန်ုပ် တို့သည် ယနေ့အသက်လွတ်၍ ကျန်ကြွင်းသေးသောသူ ဖြစ်ပါ၏။ ကိုယ်အပြစ်များကို ရှေ့တော်၌ တောင်းပန် ပါ၏။ ထိုအပြစ်ကြောင့်၊ ရှေ့တော်၌ နေရာမရနိုင်ပါဟု တောင်းလျှောက်လေ၏။
Aw Israel Angraeng Sithaw, nang loe na toeng! Vaihniah kaicae loe anghmat kami ah ka oh o pongah, khenah, ka zaehaih na hmaa ah kang taphong o; hae baktih zaehaih pongah na hmaa ah mi doeh kang doe o thai ai boeh, tiah lawk ka thuih.