< ဧ​ဇ​ရ 8 >

1 အာတဇေရဇ်မင်းကြီးလက်ထက်၌၊ ငါနှင့်အတူ ဗာဗုလုန်မြို့မှ ထွက်သွားသောသူ အဆွေအမျိုးသူကြီးတို့ ၏ သားစဉ်မြေးဆက်စာရင်းဟူမူကား။
အာ​တ​ဇေ​ရဇ်​ဧ​က​ရာဇ်​မင်း​လက်​ထက်​၌​ဗာ​ဗု လုန်​မြို့​တွင် ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ယေ​ရု​ရှ​လင် မြို့​သို့​ပြန်​လာ​ကြ​သော သား​ချင်း​စု​ခေါင်း​ဆောင် များ​၏​အ​မည်​စာ​ရင်း​မှာ​အောက်​ပါ​အ​တိုင်း ဖြစ်​၏။
2 ဖိနဟတ်မျိုး ဂေရရှုံ၊ ဣသမာအမျိုး ဒံယေလ၊ ဒါဝိဒ်အမျိုး ဟတ္တုတ်၊
ဖိ​န​ဟတ်​သား​ချင်း​စု​မှ​ဂေ​ရ​ရှုံ​ဣ​သ​မာ သား​ချင်း​စု​မှ​ဒံ​ယေ​လ ဒါ​ဝိဒ်​သား​ချင်း​စု​မှ​ရှေ​ခ​နိတ်​သား​ဟတ္တုတ် ဖာ​ရုတ်​၏​သား​ချင်း​စု​မှ​ဇာ​ခ​ရိ​နှင့်​သူ​၏ အ​နွယ်​ဝင်​ယောကျာ်း ၁၅၀ (သူ​တို့​အိမ်​ထောင်​စု မှတ်​တမ်း​များ​ရှိ​သည်။) ပါ​ဟတ်​မော​ဘ​သား​ချင်း​စု​မှ​ဇေ​ရာ​ယ ၏​သား ဧ​လျော​နဲ​နှင့်​ယောကျာ်း ၂၀၀ ဇတ္တု​သား​ချင်း​စု​မှ​ယ​ဟာ​ဇေ​လ​၏​သား ရှေ​ခ​နိ​နှင့်​ယောကျာ်း ၃၀၀ အာ​ဒိန်​သား​ချင်း​စု​မှ​ယော​န​သန်​၏​သား ဧ​ဗက်​နှင့်​ယောကျာ်း ၅၀ ဧ​လံ​သား​ချင်း​စု​မှ​အာ​သ​လိ​၏​သား ယေ​ရှာ​ယ​နှင့်​ယောကျာ်း ၇၀ ရှေ​ဖ​တိ​သား​ချင်း​စု​မှ​မိက္ခေ​လ​၏​သား ဇေ​ဗ​ဒိ​နှင့်​ယောကျာ်း ၈၀ ယွာ​ဘ​သား​ချင်း​စု​မှ​ယေ​ဟေ​လ​၏​သား သြ​ဗ​ဒိ​နှင့်​ယောကျာ်း ၂၁၈ ဗာ​နိ​သား​ချင်း​စု​မှ​ယော​သိ​ဖိ​၏​သား ရှေ​လော​မိတ်​နှင့်​ယောကျာ်း ၁၆၀ ဗေ​ဗဲ​သား​ချင်း​စု​မှ​ဗေ​ဗဲ​၏​သား ဇာ​ခ​ရိ​နှင့်​ယောကျာ်း ၂၈ အာ​ဇ​ဂဒ်​သား​ချင်း​စု​မှ​ဟက္က​တန်​၏​သား ယော​ဟ​နန်​နှင့်​ယောကျာ်း ၁၁၀ အ​ဒေါ​နိ​ကံ​သား​ချင်း​စု​မှ​ဧ​လိ​ဖ​လက်၊ ယေ​ယေ​လ၊ ရှေ​မာ​ယ​နှင့်​ယောကျာ်း ၆၀ (သူ​တို့​သည်​နောက်​မှ​လိုက်​လာ​ကြ​သူ​များ ဖြစ်​၏။) ဗိ​ဂ​ဝဲ​သား​ချင်း​စု​မှ​ဥ​သဲ၊ဇဗ္ဗုဒ်​နှင့်​ယောကျာ်း ၇၀
3 ရှေခနိအမျိုး ဖာရုတ်အနွှယ်ထဲက ဇာခရိနှင့် စာရင်းဝင်သူ ယောက်ျားပေါင်းတရာငါးကျိပ်။
4 ပါဟတ်မောဘအမျိုး၊ ဇေရာယသားဧလျောနဲ နှင့် ယောက်ျားပေါင်းနှစ်ရာ၊
5 ရှေခနိအမျိုး ယဟာဇေလသားနှင့် ယောက်ျား ပေါင်းသုံးရာ၊
6 အာဒိန်အမျိုး ယောနသန်သား ဧဗက်နှင့် ယောက်ျားပေါင်းငါးကျိပ်၊
7 ဧလံအမျိုး၊ အာသလိသား ယေရှာယနှင့် ယောက်ျားပေါင်းခုနစ်ကျိပ်
8 ရှေဖတိအမျိုး မိက္ခေလသား ဇေဗဒိနှင့် ယောက်ျားပေါင်းရှစ်ကျိပ်၊
9 ယွာဘအမျိုး ယေဟေလသား ဩဗဒိနှင့် ယောက်ျားပေါင်းနှစ်ရာတကျိပ်ရှစ်ယောက်၊
10 ၁၀ ရှေလောမိတ်အမျိုး၊ ယောသိဖိသားနှင့် ယောက်ျားပေါင်းတရာခြောက်ကျိပ်၊
၁၀
11 ၁၁ ဗေဗဲအမျိုး၊ ဗေဗဲသားဇာခရိနှင့် ယောက်ျား ပေါင်းနှစ်ကျိပ် ရှစ်ယောက်၊
၁၁
12 ၁၂ အာဇဂဒ်အမျိုး၊ ဟက္ကတန်သား ယောဟနန်နှင့် ယောက်ျားပေါင်းတရာတကျိပ်၊
၁၂
13 ၁၃ အဒေါနိကံအမျိုးသားတို့တွင်၊ နောက်ကျသော သူ၊ ဧလိဖလက်၊ ယေယေလ၊ ရှေမာယနှင့် ယောက်ျား ပေါင်းခြောက်ကျိပ်၊
၁၃
14 ၁၄ ဗိဂဝဲအမျိုးသားဥသဲ၊ ဇဗ္ဗုဒ်နှင့် ယောက်ျား ပေါင်းခုနစ်ကျိပ်တည်း။
၁၄
15 ၁၅ ထိုလူများတို့ကို အဟာဝမြို့သို့စီးသော မြစ်နား မှာ ငါစုဝေးစေ၍၊ သုံးရက်ပတ်လုံးတဲ၌ နေကြ၏။ လူများ နှင့် ယဇ်ပုရောဟိတ်များတို့ကို ငါစစ်ဆေး၍၊ လေဝိသား တယောက်ကိုမျှ မတွေ့သောအခါ၊
၁၅ငါ​သည်​ထို​သူ​အ​ပေါင်း​တို့​ကို​အ​ဟာ​ဝ​မြို့ သို့​စီး​သော​တူး​မြောင်း​အ​နီး​တွင်​စု​ဝေး​စေ​၍ ထို​အ​ရပ်​တွင်​ငါ​တို့​သုံး​ရက်​မျှ​စ​ခန်း​ချ ကြ​၏။ ထို​လူ​စု​တွင်​ယဇ်​ပု​ရော​ဟိတ်​များ ပါ​ရှိ​သော်​လည်း လေ​ဝိ​အ​နွယ်​ဝင်​များ​ကို မ​တွေ့​သ​ဖြင့်၊-
16 ၁၆ လူကြီးဧလျေဇာ၊ အရေလ၊ ရှေမာယ၊ နာသန်၊ ဇာခရိ၊ မေရှုလံ၊ ပညာရှိယာရိပ်၊ ဧလနာသန်တို့ကို ခေါ်၍၊
၁၆ငါ​သည်​ခေါင်း​ဆောင်​ကိုး​ဦး​ဖြစ်​ကြ​သော ဧ​လျေ​ဇာ၊ အ​ရေ​လ၊ ရှေ​မာ​ယ၊ နာ​သန်၊ ယာ​ရိမ်၊ ဧ​လ​နာ​သန်၊ ဇာ​ခ​ရိ​နှင့်​မေ​ရှု​လံ​တို့​ကို​လည်း ကောင်း၊ ပ​ညာ​ရှိ​နှစ်​ဦး​ဖြစ်​ကြ​သော​ယွာ​ရိပ် နှင့် ဧ​လ​နာ​သန်​တို့​ကို​လည်း​ကောင်း​ခေါ်​ပြီး လျှင်၊-
17 ၁၇ ကသိဖိမြို့သူကြီး ဣဒေါထံသို့ မှာစာနှင့် စေ လွှတ်လျက်၊ ဣဒေါနှင့် ကသိဖိမြို့မှာ နေသောသူ၏ ညီအစ်ကိုဘုရားကျွန်တို့သည်၊ ငါတို့ဘုရား သခင့် အိမ်တော်အမှုစောင့်များကို ပေးစေခြင်းငှါ၊ သူတို့အား အဘယ်သို့ ပြောဆိုရမည်ကို ငါမှာလိုက်၏။
၁၇က​သိ​ဖိ​မြို့​သူ​ကြီး​ဣ​ဒေါ​ထံ​သို့​စေ​လွှတ်​၍ ဣ​ဒေါ​နှင့်​သူ​၏​အ​ပေါင်း​အ​ဖော်​ဗိ​မာန်​တော် အ​လုပ်​သ​မား​များ​အား``ဘု​ရား​သ​ခင်​၏ ဗိ​မာန်​တော်​တွင် အ​မှု​တော်​ဆောင်​ရန်​လူ​များ ကို​ငါ​တို့​ထံ​သို့​စေ​လွှတ်​ပေး​ပါ'' ဟု​ပြော ကြား​စေ​၏။-
18 ၁၈ ထိုသူတို့သည် ငါတို့၏ဘုရားသခင့်တန်ခိုး ကျေးဇူးတော်ကြောင့်၊ ဣသရေလသားလေဝိ၏သား မဟာလိအမျိုးသား၊ ပညာရှိတယောက်၊ ရှေရဘိနှင့် သူ၏ပေါက်ဘော်တကျိပ်ရှစ်ယောက်၊
၁၈ထို​သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကြောင့် မ​ဟာ​လိ​သား​ချင်း​စု​မှ​လေ​ဝိ​အ​နွယ် ဝင်၊ အ​ရည်​အ​ချင်း​ကောင်း​မွန်​သူ​ရှေ​ရ​ဘိ​ကို ငါ​တို့​ထံ​သို့​စေ​လွှတ်​လေ​သည်။ သူ​၏​သား​နှင့် ညီ​အစ်​ကို​တစ်​ဆယ့်​ရှစ်​ယောက်​တို့​သည်​လည်း အ​တူ​လိုက်​ပါ​လာ​ကြ​၏။-
19 ၁၉ ဟာရှဘိနှင့် မေရာရိအမျိုး ယေရှာယနှင့်သူ၏ ပေါက်ဘော်နှစ်ကျိပ်၊
၁၉ဣ​ဒေါ​နှင့်​သူ​၏​အ​ပေါင်း​အ​ဖော်​တို့​သည် မေ ရာ​ရိ​သား​ချင်း​စု​ဟာ​ရှ​ဘိ​နှင့်​ယေ​ရှာ​ယ တို့​ကို​လည်း​ကောင်း သူ​တို့​ဆွေ​မျိုး​သား​ချင်း နှစ်​ဆယ်​နှင့်​အ​တူ​စေ​လွှတ်​၏။-
20 ၂၀ လေဝိသားအမှုကိုဆောင်ရွက်စေခြင်းငှါ၊ ဒါဝိဒ် နှင့်မှူးတော်မတ် တော်ခန့်ထားသော ဘုရားကျွန်များ၊ စာရင်းဝင်သည်အတိုင်း၊ နှစ်ရာနှစ်ကျိပ်တို့ကို ခေါ်ခဲ့ ကြ၏။
၂၀ထို့​ပြင်​လေ​ဝိ​အ​နွယ်​ဝင်​များ​ကို​ကူ​ညီ​ရန် ဒါ​ဝိဒ်​မင်း​နှင့်​မှူး​မတ်​တော်​များ​စီ​မံ​ခဲ့​သည့် ဗိ​မာန်​တော်​အ​လုပ်​သ​မား​နှစ်​ရာ့​နှစ်​ဆယ် တို့​လည်း​ပါ​လာ​လေ​သည်။ သူ​တို့​အား​လုံး ၏​နာ​မည်​များ​ကို​စာ​ရင်း​သွင်း​ထား​သ​တည်း။
21 ၂၁ ထိုအခါ ဥစ္စာများမှစ၍ သူငယ်များနှင့်တကွ၊ ငါတို့သွားစရာ မှန်သောလမ်းကို ဘုရားသခင်၌ရှာ၍၊ ရှေ့တော်မှာခြိုးခြံစွာ ကျင့်ခြင်းငှါ၊ အဟာဝမြစ်နားတွင်၊ အစာရှောင်ရာအချိန်ကို ငါကြော်ငြာ၏။
၂၁ဘု​ရား​သ​ခင်​သည်​ငါ​တို့​ခ​ရီး​ပြု​ရာ​တွင် ရှေ့​ဆောင်​လမ်း​ပြ​တော်​မူ​၍​ငါ​တို့​နှင့်​တ​ကွ သား​သ​မီး​များ​နှင့်​ပစ္စည်း​ဥစ္စာ​များ​ကို​ကာ​ကွယ် စောင့်​ရှောက်​တော်​မူ​စိမ့်​သော​ငှာ ငါ​တို့​ရှိ​သ​မျှ သည်​ကိုယ်​တော်​၏​ရှေ့​တော်​၌​စိတ်​နှ​လုံး​နှိမ့်​ချ လျက် အ​စာ​ရှောင်​ကြ​ရန်​ထို​အ​ဟာ​ဝ​တူး မြောင်း​အ​နီး​တွင် ငါ​အ​မိန့်​ထုတ်​ပြန်​ခဲ့​၏။-
22 ၂၂ အကြောင်းမူကား၊ ကျွန်တော်တို့ ဘုရားသခင် ကို ရှာသောသူအပေါင်းတို့သည်၊ တန်ခိုးကျေးဇူတော်ကို ခံရကြလိမ့်မည်။ ကိုယ်တော်ကို စွန့်သောသူအပေါင်း တို့ကို၊ တန်ခိုးတော်ဆီးတား၍ အမျက်တော်သက်ရောက် လိမ့်မည်ဟု ငါတို့သည်ရှင်ဘုရင်အား လျှောက်ထားသော ကြောင့်၊ လမ်းတွင် ရန်သူလက်နှင့်လွတ်စေခြင်းငှါ၊ လိုက်ပို့ ရသောစစ်သူရဲ၊ မြင်းစီးသူရဲ၊ တတပ်ကိုရှင်ဘုရင်၌ မတောင်းဝံ့၊ ရှက်ကြ၏။
၂၂ငါ​တို့​၏​ဘု​ရား​သ​ခင်​သည်​ကိုယ်​တော်​အား ယုံ​ကြည်​ကိုး​စား​ကြ​သူ​အ​ပေါင်း​တို့​ကို ကောင်း​ချီး​ပေး​တော်​မူ​၍ ကိုယ်​တော်​အား ကျော​ခိုင်း​ကြ​သူ​တို့​ကို​မူ​နှစ်​သက်​တော် မ​မူ​ဘဲ အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​တတ်​ကြောင်း မင်း​ကြီး​အား​လျှောက်​ထား​ခဲ့​၏။ သို့​ဖြစ်​၍ ငါ​သည်​ခ​ရီး​လမ်း​တွင် ရန်​သူ​များ​၏​ဘေး မှ​ကာ​ကွယ်​စောင့်​ရှောက်​ရန်​အ​တွက် သူ​၏ ထံ​မှ​မြင်း​တပ်​အ​ကူ​အ​ညီ​ကို​တောင်း​ခံ ရ​မည်​မှာ​ရှက်​စ​ရာ​ပင်​ဖြစ်​ပေ​သည်။-
23 ၂၃ ထိုအမှုကြောင့်၊ ငါတို့သည်အစာရှောင်၍၊ ငါတို့ ဘုရားသခင်ကို ဆုတောင်းလျက်နေကြ၏။ ဘုရားသခင် လည်း နားထောင်တော်မူ၏။
၂၃ထို့​ကြောင့်​ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​ကာ​ကွယ် စောင့်​ရှောက်​မှု​ကို​ခံ​ယူ​ရ​ရှိ​ကြ​စေ​ရန် အ​စာ ရှောင်​လျက်​အ​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ ပြု​ကြ​ရ​၏။ ကိုယ်​တော်​သည်​ငါ​တို့​၏​ဆု တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​၏။
24 ၂၄ ထိုအခါ ယဇ်ပုရောဟိတ်အကြီး တကျိပ်နှစ်ပါး၊ ရှေရဘိ၊ ဟာရှဘိနှင့် သူတို့ညီအစ်ကို တကျိပ်ကို ငါရွေး ထားပြီးလျှင်၊
၂၄ငါ​သည်​ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ အ​နက် ရှေ​ရ​ဘိ၊ ဟာ​ရှ​ဘိ​နှင့်​အ​ခြား​ဆယ် ဦး​တို့​ကို​ရွေး​ချယ်​ပြီး​လျှင်၊-
25 ၂၅ ရှင်ဘုရင်မှစ၍ အတွင်းဝန်၊ မှူးတော်မတ်တော်၊ စည်းဝေးသော ဣသရေလအမျိုးသားအပေါင်းတို့သည်၊ ငါတို့၏ဘုရားသခင့် အိမ်တော်အဘို့ လှူသောပူဇော် သက္ကာ၊ ရွှေ၊ ငွေ၊ တန်ဆာတည်းဟူသော၊
၂၅ဗိ​မာန်​တော်​တွင်​အ​သုံး​ပြု​ရန်​မင်း​ကြီး​နှင့် သူ​၏​အ​တိုင်​ပင်​ခံ​အ​မတ်​များ၊ အ​ရာ​ရှိ များ​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ပေး လှူ​ကြ​သော​ရွှေ​ငွေ​နှင့်​အ​သုံး​အ​ဆောင် များ​ကို​ချိန်​တွယ်​၍ ထို​ယဇ်​ပု​ရော​ဟိတ်​တို့ အား​ပေး​အပ်​လိုက်​၏။-
26 ၂၆ ငွေအခွက်ခြောက်ထောင်ငါးပိဿာ၊ ငွေတန်ဆာအခွက်တတေထောင်၊ ရွှေအခွက်တထောင်။
၂၆ငါ​ပေး​အပ်​သည့်​ပစ္စည်း​များ​မှာ​အောက်​ပါ အ​တိုင်း​ဖြစ်​သည်။ ငွေ ၂၅ တန်၊ ငွေ​အ​သုံး​အ​ဆောင် ၁၀၀ ငွေ​သား​ပေါင် ၁၅၀ ရွှေ​ပေါင် ၇၅၀၀ ရွှေ​ဖ​လား၂၀ ခွက် ရွှေ​ချိန် ၂၇၀ အောင်​စ။ ရွှေ​ဖ​လား​နှင့်​တန်​ဖိုး​ညီ​မျှ​သည့်​ကြေး​ဝါ​စစ် ဖ​လား ၂ လုံး
27 ၂၇ ရွှေဒင်္ဂါးတထောင်အချိန်ရှိသော ရွှေအင်တုံ နှစ်ဆယ်၊ ရွှေနှင့်အမျှမြတ်သော ရွှေကြေးဝါစစ် ဖလား နှစ်လုံးတို့ကို ငါချိန်၍အပ်လျက်၊
၂၇
28 ၂၈ သင်တို့သည် ထာဝရဘုရားအဘို့ သန့်ရှင်း ကြ၏။ ဤတန်ဆာတို့သည်လည်း သန့်ရှင်းသောတန်ဆာ ဖြစ်ကြ၏။ ဤငွေနှင့် ဤရွှေသည်လည်း၊ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားအား ကြည်ညိုသော စိတ်နှင့် လှူသောရွှေငွေဖြစ်၏။
၂၈ငါ​သည်​ယဇ်​ပု​ရော​ဟိတ်​တို့​အား``သင်​တို့​သည် ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အ​ဖို့ သီး​သန့်​သူ​များ​ဖြစ်​ကြ​သ​ကဲ့​သို့ ကိုယ် တော်​အား​စေ​တ​နာ​အ​လျောက် ပေး​လှူ​သော ရွှေ​ငွေ​အ​သုံး​အ​ဆောင်​များ​သည်​လည်း သီး သန့်​သော​ဝတ္ထု​ပစ္စည်း​ဖြစ်​သည်။-
29 ၂၉ ယေရုရှလင်မြို့၊ ထာဝရဘုရား၏အိမ်တော် အခန်းတို့တွင် ယဇ်ပုရောဟိတ်အကြီး၊ လေဝိသား၊ ဣသ ရေလအဆွေအမျိုး သူကြီးတို့ရှေ့မှာ မချိန်မှီတိုင်အောင် ကြည့်ရှုစောင့်ရှောက်ကြလော့ဟု မှာထား၏။
၂၉သင်​တို့​သည်​ဗိ​မာန်​တော်​သို့​မ​ရောက်​မ​ချင်း ထို​ပစ္စည်း​များ​ကို​စောင့်​ထိန်း​လျက် ဗိ​မာန်​တော် ရှိ​ယဇ်​ပု​ရော​ဟိတ်​တို့​၏​အ​ခန်း​များ​တွင် ချိန်​တွယ်​၍ ယဇ်​ပု​ရော​ဟိတ်​ခေါင်း​ဆောင်​များ၊ လေ​ဝိ​အနွယ်​ဝင်​ခေါင်း​ဆောင်​များ၊ ယေ​ရု​ရှ​လင် မြို့​ရှိ​ဣ​သ​ရေ​လ​ပြည်​သူ​တို့​၏​ခေါင်း​ဆောင် များ​လက်​သို့​ပေး​အပ်​ကြ​လော့'' ဟု​မှာ ထား​၏။-
30 ၃၀ ထိုအချိန်သော ရွှေ၊ ငွေတန်ဆာတို့ကို ယေရု ရှလင်မြို့။ ငါတို့
၃၀သို့​ဖြစ်​၍​ယဇ်​ပု​ရော​ဟိတ်​များ​နှင့် လေ​ဝိ အ​နွယ်​ဝင်​များ​သည်​ရွှေ​ငွေ​နှင့်​အ​သုံး အ​ဆောင်​တို့​ကို ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော် သို့​ပို့​ဆောင်​ရန်​တာ​ဝန်​ယူ​ကြ​လေ​သည်။
31 ၃၁ ပဌမလတဆယ်နှစ်ရက်နေ့တွင်၊ ငါတို့သည် အဟာငမြစ်မှ ထွက်၍၊ ယေရုရှလင်မြို့သို့ ခရီးသွားကြ၏။ လမ်းနား၌ ချောင်း၍နေသော ရန်သူလက်မှ၊ ငါတို့၏ ဘုရားသခင့် တန်ခိုးတော်ကြောင့် လွတ်လျက်၊
၃၁ပ​ထ​မ​လ​တစ်​ဆယ့်​နှစ်​ရက်​နေ့​၌ ငါ​တို့​သည် အ​ဟာ​ဝ​တူး​မြောင်း​မှ ယေ​ရု​ရှ​လင်​မြို့​သို့ ထွက်​ခွာ​လာ​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​၍ ငါ​တို့​အား ရန်​သူ့​ဘေး​မှ​လည်း​ကောင်း၊ ခြုံ​ခို​တိုက်​ခိုက် မှု​မှ​လည်း​ကောင်း​ကာ​ကွယ်​စောင့်​ရှောက် တော်​မူ​၏။-
32 ၃၂ ယေရုရှလင်မြို့သို့ ရောက်၍ သုံးရက်နေကြ၏။
၃၂ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​သော​အ​ခါ​ငါ​တို့ သည် သုံး​ရက်​တိုင်​တိုင်​နား​နေ​ကြ​၏။-
33 ၃၃ စတုတ္ထနေ့တွင် ငါတို့ ဘုရားသခင်၏ အိမ်တော်၌၊ ဖိနဟတ်သားဧလာဇာနှင့် လေဝိအမျိုးယောရှုသား ယောဇ ဗဒ်၊ ဗိနွိသားနောဒိတို့သည် ဝိုင်း၍ကြည့်ရှုလျက်၊
၃၃ထို​နောက်​စ​တုတ္ထ​နေ့​၌​ဗိ​မာန်​တော်​သို့​သွား​၍ ရွှေ​ငွေ​နှင့်​အ​သုံး​အ​ဆောင်​များ​ကို​ချိန်​တွယ် ကာ ဥ​ရိ​ယ​၏​သား​ယဇ်​ပု​ရော​ဟိတ်​မေ​ရ​မုတ် လက်​သို့​ပေး​အပ်​ကြ​၏။ သူ​နှင့်​အ​တူ​ဖိ​န​ဟတ် ၏​သား ဧ​လာ​ဇာ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​နှစ်​ဦး ဖြစ်​ကြ​သော ယော​ရှု​၏​သား​ယော​ဇ​ဗဒ်​နှင့် ဗိ​နွိ​၏​သား​နော​ဒိ​တို့​လည်း​ရှိ​ကြ​၏။-
34 ၃၄ ဥရိသား ယဇ်ပုရောဟိတ် မေရမုတ်သည် ထိုရွှေငွေတန်ဆာရှိသမျှတို့ကို ရေတွက်ချိန်တွယ်၍ တနေ့ခြင်း တွင် အချိန်ပေါင်းကို မှတ်သားလေ၏။
၃၄ငါ​တို့​သည်​ပစ္စည်း​ရှိ​သ​မျှ​ကို​ရေ​တွက်​ချိန် တွယ်​ကြ​၏။ တစ်​ချိန်​တည်း​မှာ​ပင်​စာ​ရင်း​မှတ် ယူ​ကြ​၏။
35 ၃၅ သိမ်းသွားခြင်းကိုခံရသော လူစုထဲက ထွက်လာ သော သူတို့သည်လည်း၊ ဣသရေလအမျိုးများတို့အဘို့ နွားတဆယ်နှစ်ကောင်၊ သိုးထီးကိုးဆယ်ခြောက်ကောင်၊ သိုးသငယ်ခုနစ်ဆယ်ခုနစ်ကောင်၊ အပြစ်ဖြေရာယဇ်ဘို့ ဆိတ် တဆယ်နှစ်ကောင်တို့ကို၊ ဣသရေလအမျိုး၏ ဘုရား သခင်ထာဝရဘုရားအား မီးရှို့ရာယဇ်ကို ပူဇော်ကြ၏။
၃၅ထို​နောက်​ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​သူ အ​ပေါင်း​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်​အား​မီး​ရှို့​ဆက်​သ​ရန် ပူ​ဇော် သကာ​များ​ကို​ယူ​လာ​ကြ​၏။ ဣ​သ​ရေ​လ အ​မျိုး​သား​တစ်​ရပ်​လုံး​အ​တွက် နွား​တစ်​ဆယ့် နှစ်​ကောင်၊ သိုး​ထီး​ကိုး​ဆယ့်​ခြောက်​ကောင်၊ သိုး သား​ငယ်​ခု​နစ်​ဆယ့်​ခု​နစ်​ကောင်​ကို​ပူ​ဇော် ကြ​၏။ ဆိတ်​တစ်​ဆယ့်​နှစ်​ကောင်​ကို​လည်း အ​ပြစ် ဖြေ​ရာ​ယဇ်​အ​ဖြစ်​ပူ​ဇော်​ကြ​၏။ ဤ​တိ​ရစ္ဆာန် အား​လုံး​ကို​ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​ရာ သကာ​အ​ဖြစ်​ပူ​ဇော်​ကြ​လေ​သည်။-
36 ၃၆ ရှင်ဘုရင် အမိန့်တော်အမှာတော်တို့ကို ကိုယ်စား တော်မင်း၊ မြစ်အနောက်ဘက် မြို့ဝန်တို့၌အပ်၍၊ သူတို့ သည် ဣသရေလအမျိုးနှင့် ဘုရားသခင့် အိမ်တော်ကို ပြုစုကြ၏။ ဘုရားသခင်အိမ်တော်သို့ ပို့တောင်ခြင်းငှါ ယဇ်ပုရော ဟိတ်နှင့်လေဝိသားတို့သည် ခံယူကြ၏။
၃၆လူ​တို့​သည်​မိ​မိ​တို့​အား​မင်း​ကြီး​ပေး​အပ် လိုက်​သည့်​အ​မိန့်​တော်​စာ​ကို ဥ​ဖ​ရတ်​မြစ်​ကြီး အ​နောက်​ဘက်​ပြည်​နယ် ဘု​ရင်​ခံ​များ​နှင့် အ​ရာ​ရှိ​များ​အား​ပေး​အပ်​ကြ​သော​အ​ခါ သူ​တို့​သည်​ပြည်​သူ​များ​နှင့်​ဗိ​မာန်​တော် ဝတ်​ပြု​ကိုး​ကွယ်​မှု​ကို​အား​ပေး​ကူ​ညီ​ကြ ကုန်​၏။

< ဧ​ဇ​ရ 8 >