< ဧ​ဇ​ရ 5 >

1 ထိုအခါ ပရောဖက်ဟဂ္ဂဲနှင့် ဣဒေါသားပရော ဖက် ဇာခရိလူတို့ သည် ယုဒပြည်သူ၊ ယေရုရှလင်မြို့သား၊ ယုဒလူတို့အား ထာဝရဘုရားအခွင့်နှင့် ဟောကြ၏။
ထိုအခါ ပရောဖက် ဟဂ္ဂဲ နှင့် ဣဒေါ သား ပရောဖက် ဇာခရိ လူတို့သည် ယုဒ ပြည်သူ၊ ယေရုရှလင် မြို့သား၊ ယုဒ လူတို့အား ထာဝရ ဘုရားအခွင့်နှင့် ဟော ကြ၏။
2 ထိုဘုရားသခင်၏ ပရောဖက်တို့သည် ဝိုင်း သဖြင့်၊ ရှာလသေလသား ဇေရုဗဗေလနှင့် ယောဗဒက် သား ယောရှုသည်ထ၍ ယေရုရှလင်မြို့၏ ဗိမာန်တော်ကို တည်စပြုပြန်ကြ၏
ထိုသို့ဘုရားသခင် ၏ပရောဖက် တို့သည် ဝိုင်းသဖြင့်၊ ရှာလသေလ သား ဇေရုဗဗေလ နှင့် ယောဇဒက် သား ယောရှု သည်ထ ၍ ယေရုရှလင် မြို့၏ဗိမာန် တော်ကို တည် စ ပြုပြန်ကြ၏
3 ထိုအခါ မြစ်အနောက်ဘက် မြို့ဝန်တာတန်နှင့် ရှေသာဗောဇနဲမှစ၍ သူတို့အပေါင်းအဘော်တို့သည် လာ၍၊ ဤအိမ်ကိုတည်ဆောက်ရမည်၊ ဤမြို့ရိုးကို ပြုပြင် ရမည်အကြောင်း အဘယ်သူမှာထားသနည်းဟူ၍၎င်း၊
ထိုအခါ မြစ် အနောက် ဘက် မြို့ဝန် တာတနဲ နှင့် ရှေသာဗောဇနဲ မှစ၍သူ တို့အပေါင်း အဘော်တို့သည် လာ ၍၊ ဤ အိမ် ကိုတည် ဆောက်ရမည်၊ ဤ မြို့ရိုး ကို ပြုပြင် ရမည်အကြောင်း အဘယ် သူမှာ ထားသနည်းဟူ၍၎င်း ၊
4 ဤအိမ်ကိုတည်ဆောက်သော သူတို့၏အမည် ကား အဘယ်သို့ နည်းဟူ၍၎င်း၊ မေးစစ်ကြသော်လည်း၊
ဤ အိမ် ကိုတည် ဆောက်သောသူတို့ ၏အမည် ကား အဘယ် သို့နည်းဟူ၍၎င်း၊ မေးစစ်ကြသော်လည်း၊
5 ဒါရိမင်း အမိန့်တော်မရောက်မှီတိုင် အလုပ် အကိုင် မပြတ်စေခြင်းငှါ၊ ဘုရားသခင်သည် ယုဒ အမျိုးသား အသက်ကြီးသူတို့ကို ထောက်ရှုတော်မူ၏။ သို့ဖြစ်၍ အထံတော်သို့ လျှောက်စာကိုပေးလိုက်ကြ၏။
ဒါရိ မင်း အမိန့် တော်မ ရောက်မှီအလုပ်အကိုင်မ ပြတ် စေခြင်းငှါ၊ ဘုရား သခင်သည် ယုဒ အမျိုးသားအသက် ကြီးသူတို့ကို ထောက်ရှုတော်မူ၏။ သို့ဖြစ်၍ အထံတော်သို့ လျှောက်စာ ကိုပေး လိုက်ကြ၏။
6 မြစ်အနောက်ဘက် မြို့ဝန်တာတနဲနှင့် ရှေသာ ဗောဇနဲမှစ၍ သူတို့အပေါင်းအဘော်၊
မြစ် အနောက် ဘက် မြို့ဝန် တာတနဲ နှင့် ရှေသာဗောဇနဲ မှစ၍သူ တို့အပေါင်း အဘော်၊
7 မြစ်အနောက်ဘက်၌နေသော အဖာသသက် လူတို့သည်၊ ဒါရိမင်းကြီးထံသို့ပေးလိုက်သော စာချက်ဟူ မူကာ၊ ဒါရိမင်းကြီး၌ အစဉ်ချမ်းသာရှိပါစေသော။
မြစ် အနောက် ဘက်၌ နေသောအဖာသသက် လူတို့သည်၊ ဒါရိ မင်းကြီး ထံ သို့ပေး လိုက်သော စာချက် ဟူမူကား၊ ဒါရိ မင်းကြီး ၌ အစဉ် ချမ်းသာ ရှိပါစေသော။
8 ကျွန်တော်တို့သည် ယုဒပြည်တွင် ကြီးမြတ်သော ဘုရားသခင်၏ အိမ်တော်သို့ရောက်၍၊ ထိုအရပ်သား တို့သည် အိမ်တော်ကို ကျောက်ကြီးနှင့်တည်လျက်၊ ကျောက်ထရံပေါ်မှာ သစ်သားကို တင်လျက်၊ အလျင် အမြန် လုပ်ဆောင်၍ အကြံထမြောက်ကြောင်းကို သိမှတ် တော်မူပါ။
ကျွန်တော်တို့သည် ယုဒ ပြည် တွင် ကြီး မြတ်သော ဘုရား သခင်၏ အိမ် တော်သို့ ရောက် ၍ ၊ ထိုအရပ်သားတို့သည် အိမ်တော်ကို ကျောက် ကြီး နှင့်တည်လုပ် လျက်၊ ကျောက်ထရံ ပေါ် မှာ သစ်သား ကို တင် လျက်၊ အလျင် အမြန် လုပ်ဆောင် ၍ အကြံထမြောက် ကြောင်းကို သိ မှတ်တော်မူပါ။
9 ဤအိမ်ကိုတည်ဆောက်ရမည်၊ ဤမြို့ရိုးကို ပြုပြင်ရမည်အကြောင်း အဘယ်သူမှာထားသနည်း ဟူ၍၎င်း၊
ဤ အိမ် ကိုတည် ဆောက်ရမည်၊ ဤ မြို့ရိုး ကို ပြုပြင် ရမည်အကြောင်း အဘယ် သူမှာ ထားသနည်း ဟူ၍၎င်း၊
10 ၁၀ သူကြီးတို့၏ အမည်များကို စာရင်းယူ၍ အထံ တော်သို့ပေးလိုက်ခြင်းငှါ၊ သူကြီးတို့၏အမည်များကို၎င်း၊ အသက်ကြီးသူတို့၌မေးမြန်းသော အခါ။
၁၀သူကြီးတို့၏ အမည် များကို စာရင်းယူ၍ အထံ တော်သို့ ပေးလိုက်ခြင်းငှါ၊ သူကြီး တို့၏အမည် များကို၎င်း၊ အသက် ကြီးသူတို့၌ မေးမြန်း သောအခါ၊
11 ၁၁ သူတို့က၊ ငါတို့သည် ကောင်းကင်နှင့်မြေကြီး အရှင် ဘုရားသခင်၏ ကျွန်တော်ဖြစ်ကြ၏။ ရှေးကာလ၌ ကြီးမြတ်သော ဣသရေလရှင်ဘုရင် တည်ထောင်တော်မူ သော အိမ်တော်ကို ယခုပြုပြင်ကြ၏။
၁၁သူ တို့က၊ ငါ တို့သည် ကောင်းကင် နှင့် မြေကြီး အရှင် ဘုရား သခင်၏ ကျွန် တော်ဖြစ်ကြ၏။ ရှေး ကာလ ၌ ကြီး မြတ်သော ဣသရေလ ရှင် ဘုရင် တည်ထောင် တော်မူသော အိမ် တော်ကို ယခုပြုပြင် ကြ၏။
12 ၁၂ ငါတို့ဘိုးဘေးတို့သည် ကောင်းကင်ဘုံ၏ အရှင် ဘုရားသခင်၏ အမျက်တော်ကိုနှိုးဆော်သောကြောင့်၊ သူတို့ကိုခါလဒဲမင်း၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ လက်သို့ အပ်တော်မူသဖြင့်၊ ထိုရှင်ဘုရင်သည် ဤအိမ် တော်ကို ဖျက်ဆီး၍၊ ပြည်သားတို့ကို ဗာဗုလုန်မြို့သို့ သိမ်း သွား၏။
၁၂ငါ တို့ဘိုးဘေး တို့သည် ကောင်းကင် ဘုံ၏ အရှင် ဘုရား သခင်၏ အမျက် တော်ကိုနှိုးဆော်သောကြောင့် ၊ သူ တို့ကိုခါလဒဲ မင်း၊ ဗာဗုလုန် ရှင် ဘုရင်နေဗုခဒ်နေဇာ လက် သို့ အပ် တော်မူသဖြင့်၊ ထိုရှင်ဘုရင်သည် ဤ အိမ် တော်ကို ဖျက်ဆီး ၍ ၊ ပြည်သား တို့ကို ဗာဗုလုန် မြို့သို့ သိမ်း သွား၏။
13 ၁၃ ဗာဗုလုန်ရှင်ဘုရင်ကုရုသည်၊ နန်းစံပဌမနှစ် တွင် ဤဗိမာန်တော်ကို ပြုပြင်ရမည်အကြောင်း မိန့်တော် မူ၏။
၁၃ဗာဗုလုန် ရှင် ဘုရင်ကုရု သည်၊ နန်းစံပဌမ နှစ် တွင် ဤ ဗိမာန် တော်ကို ပြုပြင် ရမည်အကြောင်း မိန့် တော်မူ ၏။
14 ၁၄ နေဗုခဒ်နေဇာသည် ယေရုရှလင်မြို့၏ ဗိမာန် တော်ထဲကထုတ်၍၊ ဘုရားသခင်၏အိမ်တော်နှင့် ဆိုင် သော်လည်း၊ ဗာဗုလုန်မြို့၏ ဗိမာန်သို့ ဆောင်သွားသော ရွှေတန်ဆာ၊ ငွေတန်ဆာတို့ကို ကုရုမင်းကြီးသည် ဗာဗု လုန်မြို့၏ဗိမာန်ထဲက တဖန်ထုတ်၍၊ ရှေရှဗာဇာအမည် နှင့် မြို့ဝန်အရာ၌ ခန့်ထားသောသူလက်သို့ အပ်တော် မူလျက်၊
၁၄နေဗုခဒ်နေဇာ သည် ယေရုရှလင် မြို့၏ ဗိမာန် တော်ထဲက ထုတ် ၍၊ ဘုရားသခင်၏အိမ်တော်နှင့် ဆိုင် သော်လည်း၊ ဗာဗုလုန် မြို့၏ ဗိမာန် သို့ ဆောင် သွားသော ရွှေ တန်ဆာ၊ ငွေ တန်ဆာ တို့ကို ကုရု မင်းကြီး သည် ဗာဗုလုန် မြို့၏ဗိမာန် ထဲက တဖန်ထုတ် ၍၊ ရှေရှဗာဇာ အမည် နှင့် မြို့ဝန် အရာ၌ ခန့် ထားသောသူလက်သို့ အပ် တော်မူလျက်၊
15 ၁၅ ဤတန်ဆာတို့ကိုယူ၍ ယေရုရှလင်မြို့၏ ဗိမာန် တော်သို့ ဆောင်သွားလော့။ ဘုရားသခင်၏ အိမ်တော် ကိုမိမိနေရာ၌ တည်ပြန်စေဟု မိန့်တော်မူသည်အတိုင်း၊
၁၅ဤ တန်ဆာ တို့ကိုယူ ၍ ယေရုရှလင် မြို့၏ ဗိမာန် တော်သို့ ဆောင် သွားလော့။ ဘုရား သခင်၏ အိမ် တော် ကိုမိမိ နေရာ ၌ တည် ပြန်စေဟု မိန့် တော်မူသည်အတိုင်း၊
16 ၁၆ ထိုရှေရှဗာဇာသည် လာ၍ ယေရုရှလင်မြို့၏ ဘုရားအိမ်တော်အမြစ်ကို ချထားသဖြင့်၊ ထိုအချိန်မှစ၍ ယခုတိုင်အောင် ငါတို့သည် တည်လုပ်လျက် လက်စ မသတ်သေးဟု ပြန်ပြောကြ၏။
၁၆ထို ရှေရှဗာဇာ သည် လာ ၍ ယေရုရှလင် မြို့၏ ဘုရား အိမ် တော်အမြစ် ကို ချ ထားသဖြင့်၊ ထိုအချိန်မှစ၍ ယခု တိုင်အောင် ငါတို့သည် တည် လုပ်လျက် လက်စ မ သတ်သေးဟု ပြန်ပြောကြ၏။
17 ၁၇ သို့ဖြစ်၍၊ ယေရုရှလင်မြို့၌ ဘုရား၏အိမ်တော် ကို တည်ရမည်အကြောင်း၊ ကုရုမင်းကြီးအမိန့်တော် ရှိသည် မရှိသည်ကိုသိလိုသဖြင့်၊ ဗာဗုလုန်မြို့ ဘဏ္ဍာ တော်တိုက်၌ ရှာဖွေစေခြင်းငှါ၊ အလိုတော်ရှိလျှင်၊ ရှာဖွေ စေတော်မူပါ။ နောက်တဖန် ဤအမှု၌ အလိုတော်ရှိသည် အတိုင်း ကျွန်တော်တို့ဆီသို့ အမိန့်တော်စာကို ပေးလိုက် တော်မူပါဟု လျှောက်စာ၌ ပါသတည်း။
၁၇သို့ဖြစ်၍၊ ယေရုရှလင် မြို့၌ ဘုရား ၏အိမ် တော် ကို တည် ရမည်အကြောင်း ၊ ကုရု မင်းကြီး အမိန့် တော် ရှိသည် မရှိသည်ကိုသိလိုသဖြင့်၊ ဗာဗုလုန် မြို့ ဘဏ္ဍာ တော်တိုက် ၌ ရှာဖွေစေခြင်းငှါ၊ အလိုတော်ရှိလျှင် ရှာဖွေ စေတော်မူပါ။ နောက်တဖန် ဤအမှု၌ အလိုတော်ရှိသည် အတိုင်း ကျွန်တော် တို့ဆီ သို့ အမိန့် တော်စာကို ပေး လိုက် တော်မူပါဟု လျှောက်စာ၌ ပါသတည်း။

< ဧ​ဇ​ရ 5 >