< ဧဇရ 4 >
1 ၁ သိမ်းသွားခြင်းကိုခံရသော အမျိုးသားတို့သည်၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားအဘို့ ဗိမာန်တော်ကို တည်ကြသည်ဟု ယုဒအမျိုးနှင့် ဗင်္ယာမိန်အမျိုး၏ ရန်သူတို့သည် ကြားလျှင်၊
A kad èuše neprijatelji Judini i Venijaminovi da oni koji se vratiše iz ropstva zidaju crkvu Gospodu Bogu Izrailjevu,
2 ၂ ဇေရုဗဗေလနှင့် အဆွေအမျိုး သူကြီးတို့ထံသို့ လာ၍၊ ငါတို့သည် သင်တို့ထံ၌ တည်းခိုပါရစေ။ သင်တို့၏ ဘုရားသခင်ကို သင်တို့ရှာသကဲ့သို့ ငါတို့လည်း ရှာကြ၏။ ငါတို့ကို ဤပြည်သို့ဆောင်ခဲ့သော အာရှုရိရှင်ဘုရင် ဧသရဟဒ္ဒုန်လက်ထက်မှ၍ ထိုဘုရားသခင်အား ယဇ် ပူဇော်ကြသည်ဟု ဆိုကြသော်၊
Doðoše k Zorovavelju i ka glavarima domova otaèkih, i rekoše im: da i mi zidamo s vama, jer æemo kao i vi tražiti Boga vašega, i njemu prinosimo žrtve od vremena Esaradona cara Asirskoga, koji nas je doveo ovamo.
3 ၃ ဇေရုဗဗေလနှင့် ယောရှုအစရှိသော ဣသ ရေလအဆွေအမျိုး သူကြီးတို့က၊ ငါတို့၏ဘုရားသခင် အဘို့ ဗိမာန်တော်တည်ခြင်းအမှုကို၊ သင်တို့သည် ငါတို့နှင့် ဝိုင်း၍ မလုပ်ရ။ ပေရသိရှင်ဘုရင်ကုရုမင်းကြီး အမိန့် တော်အတိုင်း၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရ ဘုရားအဘို့ ငါတို့သည် ကိုယ်တိုင်တည်ရမည်ဟု ပြန်ပြော ကြ၏။
A Zorovavelj i Isus i ostali glavari domova otaèkih u Izrailju rekoše im: ne možete vi s nama zidati doma Bogu našemu, nego æemo mi sami zidati Gospodu Bogu Izrailjevu, kako nam je zapovjedio Kir car Persijski.
4 ၄ ထိုအခါ ပြည်သားတို့သည် ယုဒအမျိုးတို့ကို လက်အားလျော့စေ၍၊ တည်ဆောက်ခြင်းအမှုကို နှောင့်ရှက်ကြ၏။
Tada narod zemaljski dosaðivaše narodu Judinu i smetaše ih u zidanju;
5 ၅ ယုဒအမျိုးသားတို့၏ အကြံကိုဖျက်ဆီးခြင်းငှါ၊ ပေရသိရှင်ဘုရင် ကုရုလက်ထက်ကာလပတ်လုံးမှသည်၊ ပေရသိရှင်ဘုရင် ဒါရိလက်ထက်တိုင် အောင်၊ ရှေ့နေ တို့ကို ငှါး၍ထားကြ၏။
I naimahu savjetnike suprot njima da rasipaju namjeru njihovu svega vremena Kira cara Persijskoga do vlade Darija cara Persijskoga.
6 ၆ အာရွှေရုနန်းထိုင်စက ယုဒပြည်သူ၊ ယေရုရှလင် မြို့သားတို့၌ အပြစ်တင်သောလွှာစာကို ပေးလိုက်ကြ၏။
A kad se zacari Asvir, u poèetku njegova carovanja napisaše tužbu na stanovnike Judejske i Jerusalimske.
7 ၇ အာတဇေရဇ်လက်ထက်၌ ဗိရှလံ၊ မိသရေဒတ်၊ တဗေလနှင့် အခြားသောအေပေါင်းအဘော်တို့သည်၊ ရှုရိဘာသာစကားနှင့် ရေးသော လွှာစာကို၊ ပေရသိ ရှင်ဘုရင် အာတဇေရဇ်ထံသို့ ပေးလိုက်ကြ၏။
I za vremena Artakserksova pisa Vislam, Mitredat, Taveilo i ostali drugovi njegovi Artakserksu caru Persijskom; a knjiga bješe pisana Sirskim pismom i Sirskim jezikom.
8 ၈ စာတိုက်စိုးရေဟုံနှင့် မြို့စာရေးရှိမရှဲတို့သည်၊ ယေရုရှလင်မြို့ကို ရန်ဘက်ပြုလျက်၊ အာတဇေရဇ် မင်းကြီးထံသို့ စာပေးလိုက်၍၊
Reum starješina u vijeæu i Simsaj pisar napisaše jednu knjigu protiv Jerusalima caru Artakserksu ovako:
9 ၉ စာတိုက်စိုးရေဟုံ၊ မြို့စာရေးရှိမရှဲနှင့် အခြားသော အပေါင်းအဘော်၊ ဒိနဲပြည်သား၊ အဖာသသက်ပြည်သား၊ တာပေလပြည်သား၊ အဖာရသပြည်သား၊ အာခေဝပြည် သား၊ ဗာဗုလုန်ပြည်သား၊ ရှုရှနက်ပြည်သား၊ ဒေဟဝ ပြည်သား၊ ဧလံပြည်သား အစရှိသော၊
Reum starješina u vijeæu i Simsaj pisar i ostali drugovi njihovi, Dinjani, Afarsašani, Tarfaljani, Afaršani, Arhevljani, Vavilonjani, Susanašani, Deavljani, Elamljani,
10 ၁၀ ကြီးမြတ်သောမင်း အာသနပ္ပါးဆောင်ခဲ့၍၊ ရှမာရိမြို့ရွာတို့၌ နေရာချသော သူများနှင့်၊ မြစ်နောက် ဘက်၌နေသော အခြားသူများတို့သည်၊ ဤမည်သော နေ့ရက်ကာလတွင်၊
I ostali narodi koje preseli veliki i slavni Asenafar i naseli po gradovima Samarijskim, i ostali s ove strane rijeke, tada i tada.
11 ၁၁ အာတဇေရဇ် မင်းကြီးထံသို့ပေးလိုက်သော စာဟူမူကား၊ မြစ်အနောက်ဘက်၌နေသော ကိုယ်တော် ကျွန်တို့သည်၊ ဤမည်သောနေ့ ရက်ကာလတွင် လျှောက် ပါ၏။
Ovo je prijepis od knjige koju mu poslaše: Caru Artakserksu. Sluge tvoje, ljudi s ove strane rijeke, tada i tada.
12 ၁၂ အထံတော်မှ ကျွန်တော်တို့ရှိရာသို့ ရောက်လာသော ယုဒလူတို့သည် ဆိုးညစ်၍၊ ပုန်ကန်တတ်သော ယေရု ရှလင်မြို့ကို တည်လျက်၊ မြို့ရိုးအမြစ်ကိုချ၍ လက်စသတ် လုသည်ကို သိမှတ်တော်မူပါ။
Da je na znanje caru da Judejci koji poðoše od tebe k nama, doðoše u Jerusalim, i grad odmetnièki i opaki zidaju, zidove opravljaju i iz temelja podižu.
13 ၁၃ ထိုမြို့ကိုတည်ပြန်၍ မြို့ရိုးကိုလက်စသတ်လျှင်၊ ငွေတော်ခွဲခြင်းကိုမခံ၊ အခွန်တော်အကောက်တော်ကို မပေးဘဲနေ၍၊ နိုင်ငံတော်အကျိုးနည်းပါလိမ့်မည်ကို သိမှတ်တော်မူပါ။
Nego da je na znanje caru: ako se ovaj grad sazida i zidovi oprave, oni neæe davati danka ni poreze ni carine, te æe biti šteta riznici carskoj.
14 ၁၄ ကျွန်တော်တို့သည် ကျေးဇူးတော်အားဖြင့် အသက်မွေးရသော သူဖြစ်သည်နှင့်အညီ၊ ကိုယ်တော်၌ ဘုန်းတော်လျော့ကြောင်းကို ကြည့်၍မ နေသင့်သော ကြောင့်၊ ဘိုးတော်ဘေးတော်တို့၏မှတ်စာကို စစ်ကြော တော်မူမည်အကြောင်း ဤလျှောက်စာကို ပေးလိုက်ပါ၏။
Što dakle platu od dvora primamo, te nam ne prilièi da gledamo štetu carevu, toga radi šaljemo i javljamo caru,
15 ၁၅ ယေရုရှလင်မြို့သည် ပုန်ကန်တတ်သောမြို့၊ ရှင်ဘုရင်အကျိုးနှင့် နိုင်ငံတော်အကျိုးစီးပွားကို ဖျက်ဆီး တတ်သောမြို့ဖြစ်ဘူး၍၊ ရှေးကာလ၌ မြို့ထဲမှာ ပုန်ကန် သောအကြံကို အစဉ်ပြုစုသောကြောင့်၊ အတိုက်အဖျက်ခံ ရပါသည် အကြောင်းအရာများကို ထိုမှတ်စာ၌ တွေ့၍ သိတော်မူပါလိမ့်မည်။
Da se potraži u knjizi dnevnika otaca tvojih, pa æeš naæi u knjizi dnevnika i doznati da je ovaj grad odmetnièki i da je na štetu carevima i zemljama i da su se u njemu dizale bune od davnina, te zato bi raskopan ovaj grad.
16 ၁၆ ထိုမြို့ကိုတည်ပြန်၍ မြို့ရိုးကို လက်စသတ်လျှင်၊ ကိုယ်တော်သည် မြစ်အနောက်ဘက်၌ အစိုးရတော်မမူ ကြောင်းကို ကျွန်တော်တို့ လျှောက်ထားပါသည်ဟု စာ၌ ပါသတည်း။
Dajemo na znanje caru: ako se ovaj grad sazida i zidovi se njegovi oprave, onda ovaj dio preko rijeke neæe više biti tvoj.
17 ၁၇ ရှင်ဘုရင်သည် စာတိုက်စိုးရေဟုံနှင့်မြို့စာရေး ရှိမရှဲမှစ၍၊ ရှမာရိမြို့၌နေသော ထိုသူတို့၏ အပေါင်း အဘော်များ၊ မြစ်အနောက်ဘက်၌နေသော အခြား သူများတို့ ရှိရာသို့ ပြန်ပေးလိုက်သော စာဟူမူကား၊
Tada car posla odgovor Reumu starješini u vijeæu i Simsaju pisaru i ostalijem drugovima njihovijem koji seðahu u Samariji i ostalijem s onu stranu rijeke: Pozdravlje, tada i tada.
18 ၁၈ ဤမည်သောနေ့ရက်ကာလတွင်၊ ငါရေး၍ သင်တို့ချမ်းသာပါစေ။ ငါ့ထံသို့သင်တို့ ပေးလိုက်သောစာကို ငါ့ရှေ့မှာ အနက်ပြန်၍ဘတ်ပြီ။
Knjiga koju nam poslaste razgovijetno bi proèitana preda mnom.
19 ၁၉ ငါမှာထားသည်အတိုင်း စစ်ကြောကြသောအခါ၊ ထိုမြို့သည် ရှေးကာလ၌ ရှင်ဘုရင်တို့ကို ပုန်ကန်ကြောင်း၊ မကောင်းသောအကြံကို ကြံတတ်သောမြို့၊ ပုန်ကန်တတ် သော မြို့ဖြစ်ကြောင်း၊
I zapovjedih te potražiše i naðoše da je taj grad od davnina ustajao na careve i da su u njemu bivali odmeti i bune,
20 ၂၀ ငွေတော်ကိုခွဲလျက်၊ အခွန်တော်အကောက် တော်ကိုခံလျက်၊ မြစ်အနောက်ဘက် တရှောက်လုံးကို အစိုးရ၍ တန်ခိုးကြီးသော ရှင်ဘုရင်တို့သည် ယေရုရှလင် မြို့၌နေဘူးကြောင်းများကို သိရ၏။
I da su silni carevi bivali u Jerusalimu, koji vladahu svijem što je preko rijeke, i davahu im se danci i poreze i carine.
21 ၂၁ သို့ဖြစ်၍ ငါသည်အခွင့်မပေးမှီတိုင်အောင်၊ ထိုသူတို့သည် မြို့ကို မတည်ဘဲနေစေမည်အကြောင်း အမိန့်တော်ကိုဆင့်ဆိုကြလော့။
Zato naredite da se zabrani onijem ljudima da se onaj grad ne zida dokle ja ne zapovjedim.
22 ၂၂ နိုင်ငံတော်အကျိုးမပျက်စီးစေခြင်းငှါ သတိပြု၍ ဤအမှုကို စေ့စေ့ကြည့်ရှုကြလော့ဟု မိန့်တော်မူ၏။
I pazite da ne pogriješite u tom. Jer zašto bi zlo raslo na štetu carevima?
23 ၂၃ အာတဇေရဇ်မင်းကြီးစာကို ရေဟုံနှင့်မြို့စာရေး ရှိမရှဲ အစရှိသော သူတို့အပေါင်းအဘော်ရှေ့မှာ ဘတ်ပြီး လျှင်၊ သူတို့သည် ယေရုရှလင်မြို့၊ ယုဒလူတို့ရှိရာသို့ အလျင်အမြန်သွား၍ ယုဒလူတို့၏ အလုပ်အကိုင်ကို အနိုင်အထက်ဆီးတားကြ၏။
A kad se prijepis od knjige cara Artakserksa proèita pred Reumom i Simsajem pisarem i pred drugovima njihovijem, oni brže otidoše u Jerusalim k Judejcima, te im zabraniše oružanom silom.
24 ၂၄ ထိုသို့ ယေရုရှလင်မြို့၏ ဗိမာန်တော် တည်ခြင်း အမှုပြတ်၍၊ ပေရသိရှင်ဘုရင် ဒါရိနန်းစံ နှစ်နှစ်တိုင် အောင် လက်စမသတ်ဘဲနေလေ၏။
Tada stade posao oko doma Božijega u Jerusalimu, i staja do druge godine carovanja Darija cara Persijskoga.