< ဧဇရ 3 >
1 ၁ သတ္တမလရောက်မှ မြို့ရွာအရပ်ရပ်၌ နေသော ဣသရေလအမျိုးသားလူအပေါင်းတို့သည်၊ ယေရုရှလင် မြို့သို့ တညီတညွတ်တည်းလာ၍ စုဝေးကြ၏။
Đến tháng bảy, khi dân Y-sơ-ra-ên đã ở trong bổn thành mình rồi, thì dân sự hiệp lại như một người ở tại Giê-ru-sa-lem.
2 ၂ ထိုအခါ ယောဇဒက်သားယောရှုနှင့် သူ၏ညီအစ်ကို ယဇ်ပုရောဟိတ်များ၊ ရှာလသေလသား ဇေရုဗ ဗေလနှင့် သူ၏ညီအစ်ကိုများတို့သည်ထ၍ ဘုရားသခင် ၏လူ မောရှေရေးထားသော ပညတ္တိကျမ်းစာ၌ ပါသည် အတိုင်း၊ မီးရှို့ရာ ယဇ်တို့ကိုပူဇော်လိုသောငှါ၊ ဣသရေလ အမျိုး၏ ဘုရားသခင့်ယဇ်ပလ္လင်ကိုတည်ကြ၏။
Bấy giờ, Giê-sua, con trai của Giô-sa-đác, và các anh em người, là thầy tế lễ, luôn với Xô-rô-ba-bên, con trai Sa-anh-thi-ên, và các anh em người, đều chổi dậy xây cất bàn thờ Đức Chúa Trời của Y-sơ-ra-ên, đặng dâng của lễ thiêu tại đó, theo như đã chép trong luật pháp Môi-se, người của Đức chúa Trời.
3 ၃ ထိုပြည်အရပ်ရပ်၌ နေသောသူတို့ကို ကြောက်သော်လည်း၊ ယဇ်ပလ္လင်ကို မိမိဘိနပ်ပေါ်မှာ တည်ထား ၍၊ နံနက်ညဦးမပြတ်မီးရှို့ရာယဇ်တို့ကို ထာဝရဘုရား အား ပူဇော်ကြ၏။
Chúng sợ hãi dân của xứ, nên lập lại bàn thờ trên nền cũ nó, và dâng tại đó của lễ thiêu cho Đức Giê-hô-va, tức là của lễ thiêu buổi sớm và buổi chiều.
4 ၄ ကျမ်းစာလာသည်အတိုင်း၊ သကေနေပွဲကိုလည်းခံ၍ တရားနှင့်အညီ နေ့တိုင်းပြုသင့်သော ဝတ်ကိုပြုလျက်၊ နေ့တိုင်းမီးရှို့ရာယဇ်တို့ကို အရေအတွက်နှင့် ပူဇော်ကြ၏။
Chúng cũng giữ lễ lều tạm, y như đã chép, và dâng những của lễ thiêu ngày nầy kế ngày kia, theo số đã định cho mỗi ngày.
5 ၅ ထိုနောက်မှ အမြဲပူဇော်ရသောယဇ်၊ လဆန်းနေ့ ၌၎င်း၊ ထာဝရဘုရားအဘို့ သန့်ရှင်းစေသော ဓမ္မပွဲနေ့ ၌၎င်း၊ ပူဇော်ရသောယဇ်၊ ထာဝရဘုရားအား အလိုလိုပူဇော်သက္ကာကို ဆောင်ခဲ့သောသူ အသီးအသီးအဘို့ ပူဇော်ရသော ယဇ်တို့ကို ပူဇော်လျက်နေကြ၏။
Sau ấy, chúng dâng những của lễ thiêu hằng hiến, luôn những của lễ về lễ trăng non và về các ngày lễ trọng thể biệt ra thánh cho Đức Giê-hô-va; lại dâng các của lễ của mỗi người lạc ý dâng cho Đức Giê-hô-va.
6 ၆ ဗိမာန်တော် တိုက်မြစ်ကိုမချသေးသော်လည်း၊ သတ္တမလတရက်နေ့မှစ၍ မီးရှို့ရာယဇ်တို့ကို ထာဝရ ဘုရားအား ပူဇော်ကြ၏။
Từ ngày mồng một tháng bảy, chúng khởi dâng những của lễ thiêu cho Đức Giê-hô-va; nhưng chưa có xây nền đền thờ của Đức Giê-hô-va.
7 ၇ ပန်ရန်သမားနှင့် လက်သမားတို့အားလည်း ငွေကိုပေးကြ၏။ ပေရသိရှင်ဘုရင်ကုရု အခွင့်ပေးတော်မူ သည်အတိုင်း၊ အာရဇ်သစ်သားကို လေဗနုန်တောင်မှ ယုပ္ပေဆိပ်သို့ ဆောင်စေခြင်းငှါ၊ ဇိဒုန်မြို့သားနှင့် တုရှ မြို့သားတို့အား၊ စားစရိတ်နှင့် ဆီများကိုပေးကြ၏။
Chúng phân cấp tiền bạc cho thợ đẽo đá và cho thợ mộc, luôn những lương thực, rượu, và dầu cho dân Si-đôn và dân Ty-rơ, đặng sai họ đem gỗ bá hương từ Li-ban đến biển Gia-phô, tùy theo chiếu của Si-ru, vua Phe-rơ-sơ.
8 ၈ ယေရုရှလင်မြို့ ဗိမာန်တော်သို့ရောက်သော ဒုတိယနှစ်၊ ဒုတိယလတွင် ရှာလသေလသား ဇေရုဗ ဗေလ၊ ယောဇဒတ်သားယောရှု၊ ကျန်ကြွင်းသော ညီ အစ်ကို၊ ယဇ်ပုရောဟိတ်၊ လေဝိသားများ၊ အချုပ်ခံရ သော လူစုထဲကထွက်၍၊ ယေရုရှလင်မြို့သို့လာသော လူများအပေါင်းတို့သည် ထ၍ ဗိမာန်တော်တည်ဆောက် ခြင်းအမှုကို နှိုးဆော်စိမ့်သောငှါ လေဝိသားတို့ကို ခန့်ထားကြ၏။
Năm thứ hai tháng hai, sau khi chúng đến đền của Đức Chúa Trời tại Giê-ru-sa-lem, Xô-rô-ba-bên, con trai của Sa-anh-thi-ên, và Giê-sua, con của Giô-xa-đác, với các anh em khác của họ, là những thầy tế lễ, người Lê-vi, cùng hết thảy những người bị bắt làm phu tù được trở về Giê-ru-sa-lem, đều khởi làm công việc xây cất đền thờ; chúng đặt người Lê-vi, từ hai mươi tuổi sắp lên, đặng cai quản công việc xây cất đền thờ của Đức Giê-hô-va.
9 ၉ ထိုအခါယုဒအမျိုး၊ ယောရှုနှင့်သူ၏သားညီများ၊ ကပ်မျေလနှင့်သူ၏သားများ၊ လေဝိအမျိုးဟေနဒဒ်သား များ၊ သူတို့သားနှင့် ညီများတို့သည်၊ ဗိမာန်တော်ကို တည်ဆောက်လုပ်ဆောင်သော သူတို့ကိုနှိုးဆော်ခြင်းငှါ ထကြ၏။
Bấy giờ, Giê-sua, các con trai người và anh em người, Cát-mi-ên và các con trai người, con cháu Hô-đa-via và con cháu Hê-na-đát, là người Lê-vi, với con trai và anh em của họ, đều chổi dậy đồng hiệp nhau như một, mà quản đốc những người làm việc trong nhà của Đức Chúa Trời.
10 ၁၀ လုပ်ဆောင်သောသူတို့သည် ထာဝရဘုရား၏ ဗိမာန်တော်တိုက်မြစ်ကိုချသောအခါ၊ ဣသရေလ ရှင်ဘုရင် ဒါဝိဒ်စီရင်သည်အတိုင်း၊ ထာဝရဘုရား၏ ဂုဏ်တော်ကိုချီးမွမ်းစေခြင်းငှါ၊ တံပိုးကိုင်သော ယဇ် ပုရောဟိတ်များ၊ ခွက်ကွင်းကိုင်သောလေဝိအမျိုး၊ အာသပ်သားများတို့ကို ခန့်ထားကြ၏။
Khi các thợ xây nền đền của Đức Giê-hô-va, thì có những thầy tế lễ đứng đó mặc áo lễ và cầm kèn, còn những người Lê-vi, con cháu A-sáp, đều cầm chập chỏa, đặng ngợi khen Đức Giê-hô-va y như các lễ-phép của Đa-vít, vua Y-sơ-ra-ên, đã lập ra.
11 ၁၁ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၏။ ဣသရေလအမျိုး၌ ပြတော်မူသော ကရုဏာတော် အစဉ်အမြဲ တည်ပါသည်ဟူ၍ ဂုဏ်တော်ကို ချီးမွမ်းလျက်၊ ကျေးဇူတော်ကို ဝန်ခံလျက်၊ အသံပြိုင်၍ အလှည့်လှည့်သီ ချင်းဆိုကြ၏။ ဗိမာန်တော်တိုက်မြစ်ကို ချရသောကြောင့်၊ လူအပေါင်းတို့သည် ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းလျက်၊ ကြီးသောအသံနှင့် ကြွေးကြော်ကြ၏။
Chúng ca hát đối đáp mà ngợi khen cảm tạ Đức Giê-hô-va rằng: Đáng ngợi khen Đức Giê-hô-va, vì Ngài là tốt lành, lòng thương xót của Ngài đối với Y-sơ-ra-ên còn đến đời đời! Cả dân sự đều kêu reo tiếng lớn, ngợi khen Đức Giê-hô-va, bởi vì người ta xây nền đền thờ của Đức Giê-hô-va.
12 ၁၂ သို့ရာတွင်အသက်ကြီး၍ အရင်ဗိမာန်တော်ကို မြင်ဘူးသော ယဇ်ပုရောဟိတ်၊ လေဝိသား၊ အဆွေအမျိုး သူကြီးအများတို့သည်၊ နောက်ဗိမာန်တော်တိုက်မြစ်ကျ လျက်ရှိသည်ကို မြင်သောအခါ၊ ကြီးစွာသော အသံနှင့် ငိုကြွေးကြ၏။ လူအများတို့သည်လည်း ဝမ်းမြောက်သော စိတ်နှင့် ကြွေးကြော်ကြ၏။
Nhiều thầy tế lễ, người Lê-vi, trưởng tộc, tức là những người già cả đã thấy đền thờ trước, bèn khóc tiếng lớn trong khi người ta xây nền của đền mới tại trước mặt mình. Cũng có nhiều người khác lại la tiếng lớn vui mừng hớn hở;
13 ၁၃ ထိုသို့ပြုသော ကြွေးကြော်သံနှင့်ငိုကြွေးသံကို ကြားသော သူတို့သည် ပိုင်းခြား၍ မသိနိုင်ကြ။ လူများ တို့သည် ကြီးစွာသောအသံနှင့် ကြွေးကြော်သောကြောင့်၊ ဝေးသောအရပ်၌ ကြားရလေ၏။
nên người ta khó phân biệt tiếng vui mừng với tiếng khóc lóc; vì dân sự la lớn tiếng lên, và tiếng ấy vẳng vẳng nghe xa.